BASIC SENTENCES (5)
2.Subject + verb +complement (s+v+c)
3.Subject +verb + object (s+v+o)
4.Subject + verb + Indirect object / Direct (s+v+I.O+D.O)
5.Subject +verb +object +complement (s+v+o+c)
AND THEN / AFTER THAT
He washed the car and then/after that (he) polished it.
ကားကို သူရေဆေးပြီး အရောင်တင်သည်။
BUT / YET
He washed the car but /yet didn’t polish it.
ကားကိုရေဆေးသည်။သို့သော် အရောင်မတင်ပါ။
NOR
He is not a teacher, nor am I.
သူကျောင်းဆရာမဟုတ်ပါ။ ကျတော်လည်း မဟုတ်ပါ။
OR
It wasn’t cold or wet.
အဲဒါမအေးပါ။ သို့မဟုတ် မစိုပါ။
PHRASES
1.Noun Phrase
2.Adjective Phrase
3.Adverb Phrase
NOUN PHRASE
S နေ၇ာတွင်၇ှိသော N Phrase
ဥပမာ……
The girl
The pretty girl is my sister.
The pretty girl in the corner
The pretty girl who is standing in the corner.
အထက်ပါဝါကျများတွင် (S) နေရာတွင်ရှိနေသော စကားစုများဖြစ်သောကြောင့် သည်- ဟု အနက်ပေးရသည်။
မိန်ကလေးသည်
လှပသော မိန်းကလေးသည် ကျွန်ုပ်၏ညီမ ဖြစ်သည်။
အခန်းထောင့်တွင်ရှိသော လှပသောမိန်းကလေးသည်
အခန်းထောင့်တွင် ရပ်နေသော လှပသောမိန်းကလေးသည်။
Noun Phrase ထဲတွင် pretty (adj) in the corner (propostional phrase တစ်နည်းအားဖြင့် adj (သို့) adv phrase) who is standing (adj clause) တို့ ရောနှောပါဝင်သည်ကို သတိထားမိပါလိမ့်မည်။
.
Who, what,how, whether စသည့် wh စကားများဖြင့် ရှိနေသော Noun Phrase
I don’t know who to go to for advice.
အကြံဥာဏ်ရဖို့ ဘယ်သူ့ဆီသွားရမည်ဆိုတာ ငါမသိ။
ဤ၀ါကျ၌ know ၏ ကံပုဒ်သည် who to go to for advice ဖြစ်သည်။ ကံပုဒ်နေရာတွင် Noun သာရှိနိုင်သည်။ ထိုစကားစုသည် Noun အလုပ်ကိုလုပ်သောကြောင့် Noun Phrase ဖြစ်သည်။
She couldn’t think what to do next.
နောက် ဘာဆက်လုပ်ရမည်ကို သူ မစဉ်းစားနိုင်ပါ။
I will ask how to get there.
ထိုနေရာကို ဘယ်လိုရောက်နိုင်မည်ဆိုတာကို ငါမေးရမည်။
Phrase ပါသောဝါကျတွင် Phrase ကစ၍ အနက်ပေးရသည်ကို သတိပြုည်ရမည်။
အလားတူပင်
Have you decided where to go for your holiday.
You must learn when to give advice and when to be silent.
*(မှတ်ချက်။ Phrase ၂ခု ၃ခုပါလာလျှင် နောက်ဆုံး Phrase မှစ၍ အနက်ပေး)
How to do it is my problem.
အဲဒါကို ဘယ်လိုလုပ်ရမည်ဆိုသည် ငါ့ပြဿနာပါ။
Adjective Phrase
My mother is healthy.(adj)
My mother is in good health.(adj phrase)
It is important. (adj)
It is of vital importance. (adj phrase)
Adverb Phrase
ကြိယာ၏ အရှေ့နဲ့ အနောက် ၀ါကျ ၏ အရှေ့ဆုံးနဲ့ အနောက်ဆုံးနေရာ၊ နာမ၀ိသေသန၏ အနောက်နေရာတွင် ရှိနိုင်သည်။ ကြိယာဝိသေသနအလုပ်ကို လုပ်သည်။ adv phrase သည် အမျိုးမျိုးရှိနေသဖြင့် ၄င်း၏ဆောင်ရွက်ပုံကိုကြည့်၍ အနက်ကောက်ရသည်။
ပုံသဏ္ဍာန်မှာ Preposition နှင့် Noun ပေါင်းစပ်သောပုံစံနှင့် preposition နှင့် verb ပေါင်းစပ်သောပုံစံတို့ ရှိနေသည်။
Adv Phrase အမျိုးအစားများ
Direction - လားရာပြပုဒ်စု (D)
Manner - အမုအရာပြပုဒ်စု (M)
Place - နေရာပြပုဒ်စု (P)
Time - အချိန်ပြပုဒ်စု (T)
Reason (or) - အကြောင်းပြချက် သို့မဟုတ်
Perpore ရည်ရွယ်ချက်ပြပုဒ်စု (R or P)
ဥပမာ……………
He went up to the counter.(D)
ကောင်တာဆီသို့ သွားခဲ့သည်။
They play in happiness.(M)
ပျော်ရွှင်စွာ သူတို့ ကစားကြသည်။
It is warm in the house.(P)
အိမ်ထဲမှာ နွေးသည်။
He gets up at six o’ clock. (T)
6 နာရီမှာ သူ အိပ်ရာက ထသည်။
He lives to work. (R or P)
အလုပ်လုပ်ဖို့/ ရန် သူအသက်ရှင်နေသည်။
Simple sentence တွင် adv phrase တွင် adv phrase က စတင်အနက်ကောက်ရသည်။ adv phrase ရှိနေပါက နောက်ဆုံး adv phrase မှစတင်၍ အနက်ကောက်ရသည်။ ဥကမာ
He goes to school on foot in Sanchaung in the morning to study his lesson.
D M P T R or P
သူ၏ သင်ခန်းစာများကိုလေ့လာရန် နံနက်တွင် စမ်းချောင်းမှ ခြေကျင် ကျောင်းသို့သွားသည်။
***(မှတ်ချက်)
၁. D,M ,P, T, R or P အစီအစဉ်ကိုမှတ်သား၍ အနောက်မှစ အနက်ပေး။
၂. Adj ph နဲ့ Adv ph များ ရောနှောပါနေပါက နောက်ဆုံးကသာ စ၍ အနက်ပေးပါ။
ဥပမာ….. He goes to school in Sanchanung.
Adv Phrase Adj Phrase
ဤ၀ါကျ၌ in Sanchanung သည် ၄င်းရှေ့ရှိ school (n) ကို အထူးပြုသဖြင့် Adj Phrase ဖြစ်ပြီး (သော) ဖြင့် အနက်ကောက်သဖြင့် စမ်းချောင်းတွင်ရှိသော ကျောင်းသို့သူသွားသည် ဟူ၍ ကောက်ရသည်။
NOTE*** To + v သည် Noun Phrase နှင့် Adv Phrase လို အလုပ်လုပ်နိုင်သည်။အဓိပ္ပါယ်ကွဲပါသည်။
Noun Phrase ဖြစ်လျှင် ခြင်း နှင့်ကောက်။ Adv Phrase ဖြစ်လျှင် ရန်/ ဖို့ရန် ကောက်။
ဥပမာ….. My aim was to help you.( N Phrase)
ခင်ဗျားကို ကူညီခြင်းသည် ကျတော့ ရည်ရွယ်ချက် ဖြစ်သည်။
He goes to shool to study lessons. (Adv Phrase)
သင်ခန်းစာလေ့လာရန် သူ ကျောင်းသွားသည်။
ဒုတိယ၀ါကျတွင် အကြောင်းပြချက်ဖြစ်၍ Adv Phrase ဖြစ်ပြီး ပထမ၀ါကျတွင် ကြီယာ၏အဖြည့်ခံပုဒ် သို့မဟုတ် ကံပုဒ် (o) ဖြစ်သည်။
ဥပမာ…I like to read. စာဖတ်ခြင်းကို ငါ နှစ်သက်သည်။
ဤ၀ါကျတွင် to read သည် like ၏ ကံပုဒ် (O) ဖြစ်သဖြင့် N Phrase ဖြစ်သည်။
အခြားဥပမာများ Is it easy for a rich window to find a handsome husband?( Adv P)
ယောက်ျားချောရှာဖွေဖို့ရန် ချမ်းသာသောမုဆိုးမအဖို့ လွယ်သလား။
It was hard for him to live on his small pension.
ပင်စင်လစာအနည်းငယ်နဲ့ အသက်မွေးဖို့ရန် သူ့အတွက် ခက်ခဲသည်။
CLAUSE
ဝါကျ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကတ္တား ကြိယာတို့ပါဝင်သော်လည်း အဓိပ္ပါယ်မပြည့်စုံသော စကားစုကို Clause ဟုခေါ်သည်။ အမျိုးအစား သုံးမျိုးရှိသည်။1.Noun Clause
2.Adj Clause
3.Adv Clause
Noun Clause
Who, that, how, what, when, where စသည့်ကဲ့သို့သော စကားဆက်တစ်ခု ၀ါကျ၏ထိပ်တွင်ရှိသည်။ Noun ၏နေရာဖြစ်သော ကတ္တား ၊ ကံ ၊ အဖြည့်ခံပုဒ် (c) ၊နေရာနှင့် Adj နောက်တွင်ရှိသည်။ သည် ကို ဆိုတာ ဆိုတာကို တာ စသည်တို့နှင့် အနက်ကောက်နိုင်သည်။
ဥပမာ…
That the match will be cancelled is now certain.
ပြိုင်ပွဲပယ်ဖျက်မည်ဆိုတာ အခုသေချာပြီ။
အထက်ပါဝါကျတွင် Noun Clause သည် ကတ္တားနေရာတွင် ရှိသည်။
I know that the match will be cencelled.
ပြိုင်ပွဲပယ်ဖျက်မယ်ဆိုတာ ငါသိတယ်။
အထက်ဝါကျတွင် that ပါသော Clause ၏ရှေ့တွင် ကံလိုသောကြိယာ (V.T) know ရှိသည်။ that clause သည် ကံပုဒ် O နေ၇ာတွင်ရှိသည်။ သို့ဖြစ်၍ that clause သည် Noun Clause ဖြစ်သည်။
မှတ်ချက်*** တစ်ခါတစ်ရံ that what တို့ကို မြုပ်ထားတတ်သည်။
ဥပမာ…I know the match will be cencelled. ပြိုင်ပွဲပယ်ဖျက်မယ်ဆိုတာ ငါသိတယ်။
I know သည် ၀ါကျတစ်ခု၊
the match will be cencelled သည် ၀ါကျတစ်ခု
ဘာမှအဆက်အစပ်မထားလျှင် မြုပ်ထားကြောင်းသိပါ။
It is obvious that money does not grow on tree.
ငွေဟာ သစ်ပင်က သီးလာတာမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။
အထက်ပါဝါကျတွင် ရှင်းနေတာပဲ (It is obvious) ဆိုရုံနဲ့ ၀ါကျဖြစ်သော်လည်း ဘာရှင်းထားမှန်းမသိ၍ အဓိပ္ပါယ်မပြည့်စုံ။ သို့ဖြစ်၍ ပြည့်စုံကြရန် အဖြည့်ပုဒ် (c) ဖြစ်သော that clause ပါရမည်။
I am afraid that we’ ve sold out of tickets.
လက်မှတ်တွေ ငါတို့ရောင်းကုန်ပါ့မလားဆိုတာ စိုးရိမ်တယ်။
ခံစားမှု adj ဖြစ်သော afraid, glad, happy, pleased, sorry တို့နောက်မှာ Noun Clause များရှိနိုင်သည်။
မှတ်ချက်***စကားဆက်ကဲ့သို့ အလုပ်လုပ်သော prepositional phrases များနောက်တွင် the fact that နဲ့စသော Noun Clause များလိုက်နိုင်သည်။
ဥပမာ…..His love of literature was due to the fact that his mother read poetry to him when he was a child.
သူငယ်ငယ်တုန်းက သူ့အမေက ကဗျာတွေဖတ်ပြသည့်အကြောင်းကြောင့် သူ စာပေကို မြတ်နိုးတတ်ခြင်းဖြစ်သည်။
စကားဆက်အဖြစ်သုံးသော ၀ိဘတ်စကားစု prepositional phrase အချို့မှာ……
Accordind to အလိုအရ
Along with အတူတကွ
Apart from ဒါ့အပြင်
As a result of အကြောင်းကြောင့်
By means of ဤနည်းအားဖြင့်
In addition to ထပ်လောင်းပြောရလျှင်
An account of အကြောင်းကြောင့်
Oh behalf of ကိုယ်စားပြု၍
With reference ရည်ညွှန်းလျက်
အခြား Noun Clause နမူနာများ
Whether he has signed the contract doesn’t matter. (s) whether စကားဆက် (လား…မလား)
စာချုပ်မှာ သူလက်မှတ်ထိုးပြီးပြီလား၊ မထိုးပြီးပြီလားဆိုတာ အရေးမကြီးပါ/ ပြဿနာ မဟုတ်ပါ။
I want to know whether /if he has signed the contract.
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား၊ မထိုးရသေးဘူးလားဆိုတာကို ငါသိချင်တယ်။
When he did it is a mystery. (s)
ဘယ်အချိန်မှာ အဲဒါကို သူ လုပ်ခဲ့မယ်ဆိုတာ သိဖို့ ခက်ခဲမယ့်ကိစ္စဖြစ်တယ်။
He said that he was a student.(S)
သူ ကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာ သူ ပြောတယ်။
I wonder when he did it.
အဲဒါကို သူ ဘယ်အချိန်လုပ်မယ်ဆိုတာ ငါ သိချင်တယ်။
I know who you are. (O)
မင်း ဘယ်သူဆိုတာ ငါ သိတယ်။
When he comes depend on your decision.(S)
ဘယ်တော့ သူလာရမယ်ဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်။
I don’t know where he lives.(o)
သူဘယ်မှာနေလဲဆိုတာ ငါမသိဘူး။
Let me know how he comes back.
ဘယ်လိုပြန်လာမလဲဆိုတာ ငါသိပါရစေ။
NOTE
Direct, Indirect, speech တွင် အသုံးပြုသည့် verb များဖြစ်သော ask, tell, say, wonder တို့၏နောက်တွင် Noun Clause လိုက်သည်။
I don’t know what to do.
( Noun Phrase)
ဘာလုပ်မယ်ဆိုတာ ငါ မသိ။
I don’t know what he is.(Noun Clause)
သူ ဘယ်သူလဲဆိုတာ ငါ မသိ။
မှတ်ချက်* clause တွင် ကတ္တားပါပြီး phrase တွင် ကတ္တားမပါသည်ကိုသတိပြုပါ။
Adjective Clause
Who, that, which, whose ကဲ့သို့သော relative စကားဆက် Conjuction များကို ရှေ့မှာထားသည်။ နာမ၀ိသေသန Adj ကဲ့သို့အလုပ်လုပ်သည်။ ‘သော’ ဖြင့် အနက်ကောက်ရသည်။ များသောအားဖြင့် Noun ၏ နောက်တွင် ရှိသည်။The government which promises to cut taxes will be popular.
အခွန်လျှော့ချရန် ကတိပြုသော အစိုးရ လူကြိုက်များလိမ့်မည်။
ဤတွင် the government (N)ကို Adj ကဲ့သို့အထူးပြုသော Clause ဖြစ်၍ Adj Clause ဖြစ်သည်။
He is the man who/that lives next door.(n)
ကပ်လျက်အခန်းမှာ နေသောလူသည် သူ ဖြစ်သည်။
This is the photo which/that shows my house.(n)
ကျွန်ုပ်၏ အိမ်ကိုပြသော ဓာတ်ပုံသည် ဒါဖြစ်သည်။
He is the man whose car was stolen.(n)
ကားအခိုးခံရသော လူသည် သူဖြစ်သည်။
The doctor examined the astronauts who returned from space today.
ယနေ့ အာကာသမှ ပြန်လားသော လေသူရဲကို ဆရာဝန်က စစ်ဆေးသည်။
This is the house where the windows were broken.
မှန်တွေကွဲသွားသော အိမ်သည် ဤဟာ ဖြစ်သည်။
တစ်ခါတစ်ရံ whose နေရာတွင် of which ကို သုံးသည်။ သော ဖြင့်သာ အနက်ကောက်သည်။
It was an agreement the details of which could not be altered.
အပြောင်းအလဲ လုပ်၍မရသော စာချုပ်အသေးစိပ်သည် ဒါပဲ ဖြစ်သည်။
The millionaire whose son ran away from home a week ago has made a public appeal.
လွန်ခဲ့သော တပတ်လောက်က သူ့သား အိမ်မှထွက်ပြေးသွားခြင်းခံရသော သန်းကြွယ်သူဌေးက ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။
NOTE***
စကားဆက်ရှေ့ကNoun သည် စကားဆက်၏နောက်က verb ဖြင့် ပြန်ချိန်ကြည့်သောအခါ
ကံပုဒ် O ဖြစ်နေလျှင် စကားဆက်ကို ဖြုတ်ထားနိုင်သည်။ သော ဖြင့် အနက်ကောက်ရသည်။
ဥပမာ…This is the photo that/which I took.
ငါရိုက်သောဓာတ်ပုံသည် ဤဟာဖြစ်သည်။
ဤ၀ါကျ၌ စကားဆက်ဖြစ်သော that/which ၏ရှေ့တွင် ရှိသော the photo (n) သည် စကားဆက်၏နောက်ရှိ took (v) ၏ကံပုဒ် O ဖြစ်သဖြင့် စကားဆက်ကိုဖြုတ်ပြီး ဤသို့ရေးနိုင်သည်။
This s the photo I took.
The photo နှင့် I အကြား that/which မြုပ်ထားသည်ကိုမမေ့ပါနှင့်။
This the cat that/which I photographed.
ငါဓာတ်ပုံရိုက်သောကြောင်သည် ဒါပဲဖြစ်ပါသည်။
Adj Clause များတွင် preposition များလည်း တွဲပါနိုင်သည်။ ‘သော’ ဖြင့်ပင် အနက်ကောက်မည်။
ဥပမာ…The person to whom I complainted is the manager.
ကျွန်တော် မကျေနပ်ကြောင်းသွားပြောသော ပုဂ္ဂိုလ်သည် မန်နေဂျာဖြစ်သည်။
This is the pan in which I boiled the milk.
ကျွန်တော် နို့ကျိုသောအိုးသည် ဤဟာပဲဖြစ်သည်။
The agency from which we bought our tickets is bankrupt.
ကျွန်တော်တို့လက်မှတ်ဝယ်သော ကိုယ်စားလှယ်ဌာနသည် မွဲသွားပြီ။
The Aung Travel Agency, with which our company has been dealing for several years, has
(အင်္ဂလိပ်စာအခက်အခဲရှိသည့် သူငယ်ချင်းများအတွက် ရည်ရွယ်သည်။ စာရိုက်ပေးသည် ကိုဇော(မြိတ်)အား
ကျေးဇူးအထူးတင်ပါသည်။ ဆက်လက်တင်ပေးပါမည်။)