Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, August 1, 2011

ဧည့်သည်

လာတုန်းကလည်း တစ်ယောက်တည်းနော့၊

လက်တွဲခေါ်ကာ အဖော်မပါဘူး၊
 
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
လိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ“ဧည့်သည်”ပါတကား။

(ကဗျာဆရာဗန်းမော်ရွေညို)
 
 

******သံဝေဂသံစဉ်*****

ငါလည်းတစ်နေ့
ဒီခရီး ကို ဒီလမ်းကနေ
ဘယ်လို ဘယ်သို့ သွားရမည်ပင်
မသိပါလား။

တစ်နေ့ တစ်ည တစ်နေ၀င်တိုင်း
သေနယ်တိုင်းသို့ တစ်ခါကူးတဲ့လမ်းခရီးကြား
မရပ်မနား ယူကာသွားမဲ့ ရိတ်ခါထုတ်တွေ
ဘယ်မှာရှာလို့ ဘယ်မှာသိမ်းမည်
မထင်တထင် မရေမရာ
ရေးရေးလေးတော့ ရှိနေသည် ။.

အဖေါ်မပါ ဒီတစ်ကိုယ်တည်း
လာလမ်းကနေ ပြန်လမ်းအထိ
တွေ့ဆုံကြုံကွဲ လွဲဖူးသူတိုင်း မေတ္တာသက်ဝင်
သနားကြင်နာ မလိုမုန်းထားကင်းရှင်းစွာနဲ့
သူလည်းငါ့လိုသေတော့မည့်သူ အာရုံသွင်းပြီး
သနားစိတ်နဲ့ ချစ်တတ်ပါသည်။

အတ္တမာန်တွေ ၀င့်ဝင့်တက်လို့
 သူလိုကိုယ်လိုသူတွေကိုလည်း
မေတ္တာ ဂရုဏာ ဥပက္ခာနဲ့ ငါဆိုတဲ့ မာန
ခ၀ါချရင်း အေးမြလှသော ချစ်ခြင်းတရား
လူသားတိုင်းကို မေတ္တာရှေ့ထား နားလည်ပေးရင်း
ချစ်တတ်ဖို့တော့ ကျင့်သားရခဲ့ပါပြီလေ။

             ( မီးမီးမယ်လ်)

Template by : kendhin x-template.blogspot.com