Blog Archive
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Showing posts with label video. Show all posts
Showing posts with label video. Show all posts
Tuesday, August 2, 2011
Wednesday, July 13, 2011
အဲဒီနေ့က အမေငိုတာကို စိမ်ပြေနပြေ ထိုင်ကြည့်ပစ်လိုက်တယ်။
အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့တာ မဟုတ်ပေမဲ့
အသိအမှတ်ပြုလာတဲ့အခါ
ပုထုဇဉ်သဘာဝကြည်နူးမိတဲ့ အတိတ်တချိန်က....
ယနေ့အတွက် လွမ်းမောစရာ အပိုင်းအစလေးတခုပါ။
ပြန်ဆွဲထုတ်ကြည့်မိတော့လဲ မနေ့ကလိုပါပဲ့လား။
ပြန်လိုချင်သေးတယ် ဒီချိုမြိန်မှုလေးတွေကို။
ဒီအချိန်လေးထက်
ဒီအခွေလေးကို အမေ့ကို ပြန်ပြခွင့်ရတဲ့အချိန်လေးက
ပိုကြည်နူးစရာကောင်းတယ်ဗျာ။
အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့နေတဲ့မြင်ကွင်းကို
အခုအချိန်ထိ မမေ့နိုင်သေးဘူး။
အဲဒီနေ့က အမေငိုနေတာကို စိမ်ပြေနပြေ ထိုင်ကြည့်ပစ်လိုက်တယ်။
ဒီတခါပြန်ရင်ရော အမေဘာကြောင့် ငိုအုံးမယ်ဆိုတာ
သားသိနေတယ်အမေ။
ဒီတခါတော့ သားလဲ အတူလိုက်ငိုမယ်လေ
ဘ၀ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရမယ်ဆို
ဘယ် သင်္ခါရလို့ အမည်တပ်ပါအုံးမလဲ
အကောင်းဆုံးကြိုးပမ်းခြင်းက
အနာဂတ်သစ်တွေ့နိုင်တယ်တဲ့
လဲရာက ထ၊ ကျရာက တက်နိုင်ခဲ့သေးရင်....
လဲရာက ထ၊ ကျရာက တက်နိုင်ခဲ့သေးရင်....
ရပ်နားလို့ မဖြစ်သေးတဲ့ ဒီပြေးလမ်းမှာ
ခလုတ်ရှိရင် ချော်လဲမယ်။
အင်အားရှိသေးရင် ပြန်ထနိုင်မယ်။
ဒီလိုနဲ့ ဒီကမ္ဘာကြီး
အခုချိန် အသက်ရှိနေသေးတာ မဟုတ်လားအမေ။
Posted by
အလင်းနယ်
at
7:06 AM
0
comments
Labels: video
Saturday, June 18, 2011
Sunday, May 15, 2011
Tuesday, April 19, 2011
Friday, January 28, 2011
Tuesday, September 21, 2010
Wednesday, September 15, 2010
နွေရာသီပညာဒါနသင်တန်း(၄)
ဒီဖိုင်မှာပါတဲ့ အင်္ဂလိပ်သီချင်းလေးက သူတို့လဲ လူငယ်သဘာဝ အပျင်းပြေစေ၊ အင်္ဂ လိပ်စာလဲ ရစေဆိုတဲ့ရည်ရွယ်ချက်နဲ့ တစ်နေ့ကို အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ကို ဘာ
သာပြန်ပြ၊ လိုက်ဆိုခိုင်း၊အရကျက်ခိုင်းနဲ့ သင်ပေးခဲ့ပါတယ်။ အပျော်တမ်းဗွီဒီယိုတည်း
ဖြတ်နည်းသင်ပြတော့ သူတို့ရုပ်နောက်ခံနဲ့ သင်ပေးထားတဲ့သီချင်းတွေထဲက သူတို့အ
ကြိုက်ဆုံးသီချင်းတွေကို ရွေးပြီးတော့ တည်းဖြတ်ပေးခဲ့ပါတယ်။ သင်တန်းပြီးဆုံးတဲ့နေ့
မှာတော့ စီဒီတစ်ခွေစာ ဗွီဒီိယိုတည်းဖြတ်ပြီး တစ်ယောက်တစ်ခွေစီဝေငှခဲ့ပါတယ်။
Posted by
အလင်းနယ်
at
11:25 PM
0
comments
Labels: video
နွေရာသီပညာဒါနသင်တန်း
မနှစ်က နွေရာသီကျောင်းပိတ်ရက်မှာ အားလပ်နေတာနဲ့ အင်္ဂလိပ်စာနဲ့ကွန်ပျူတာ ပညာသင်တန်းဖွင့်ဖြစ်ပါတယ်။ မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့။ သင်တန်းသူ
သင်တန်းသား ၁၃၀ကျော်လောက် လာတက်ကြပါတယ်။ ကိုးတန်းကနေ တက္ကသိုလ်
ဘွဲ့တွေပါတယ်လေ။ ကျောင်းသားတွေက။ အားလုံးက စိတ်ဝင်တစားနဲ့ သင်ယူကြပါ
တယ်။ ဒါပေမဲ့ တခုခက်တာက အထက်တန်းကျောင်းသားတွေ၊တက္ကသိုလ်ကျောင်းသားဘွဲ့ရတွေဆိုတော့ အင်္ဂလိပ်စာ
ကို အလယ်ခါးဖြတ်ကနေ သင်ရမလားစိတ်ကူးတယ်။ မဟုတ်ဘူးဗျ။ တကယ်ကို အောက်ခြေကနေ ဆင်းသင်ရတာပါ။ အေဘီစီဒီကို သရနဲ့ဗျည်းခွဲတာကနေ စသင်တာ
ကို ပြောတာပါ။ ဦးဇင်းကျက်ခိုင်းတဲ့ဟာမှန်သမျှကို မရအရကို ကျက်ကြတာ
သူတို့လေးတွေက သွေးရင် သွေးသလောက် ထက်လာကြမဲ့ ဓားလေးတွေပါ။
အဲ ကွန်ပျူတာဆိုရင်လဲ ဒါက ကီးဘုတ်၊ဒါက မောင့်စ်၊ဒါက စစ်စတန်ယူနစ်၊ ဒါက မောနီတာနော်၊ တီဗွီပုံးမဟုတ်ဘူး၊ ဒီလိုတောင် ပြောပြရတယ်။ ဘယ်နှယ်လဲဗျာ။ ဘွဲ့
ရပညာတတ်တွေလို့ အမည်ခံထားတဲ့ ကျောင်းသားတွေက ဘယ်လိုဖြစ်ကြတာလဲ။
ဦးဇင်းလဲ တတ်သလောက်မှတ်သလောက်လေးတွေကို အဆင်ပြေသလို သင်ပေးခဲ့ပါ
တယ်လေ။ အခြေခံစာစီစာရိုက်နည်းပေါ့။ နောက်ကွန်ပျူတာရဲ့သဘောတရားတွေ။
လူ၁၃၀လောက်ကို သင်ပေးတဲ့ကွန်ပျူတာက လေးလုံးပဲ့ဆိုတော့ အားတော့မရဘူးပေါ့
ဗျာ။ ဒါပေမဲ့ မှောင်နေတာကို ထိုင်ငိုညည်းနေကြမဲ့အစား တတ်နိုင်တဲ့နေရာကနေ ဖယောင်းတိုင်လေး ထွန်းညှိပေးရုံပါ။ တစ်ကွက်စာလေး လင်းလဲ မဆိုးဘူးပေါ့။ အင်တာနက်သုံးနည်းကအစ သင်ပေးခဲ့တော့ အခုဆို သူတို့လေးတွေ ဦးဇင်းဆီကို
ဂျီတော့ကနေ ဆက်သွယ်ပြီး ကျေးဇူးစကားအကြိမ်ကြိမ်လာပြောကြတော့ ၀မ်းသာ
ကြည်နူးရပါတယ်။ နောက်ဆို ဦးဇင်းလဲ တတ်သလောက် မှတ်သလောက်လေးနဲ့
အဆင်ပြေသလို မန်းမှုတ်ပေးသွားပါ့မယ်လေ။ ကမ္မဿကာပေါ့ မောင်ကျောင်းသားတို့
ရေ။
Posted by
အလင်းနယ်
at
1:21 AM
0
comments
Labels: video
Subscribe to:
Posts (Atom)