Showing posts with label ပြန်တူးမိသောအတိတ်များ. Show all posts
Showing posts with label ပြန်တူးမိသောအတိတ်များ. Show all posts

Wednesday, September 15, 2010

နွေရာသီပညာဒါနသင်တန်း(၂)

အထက်ပါသင်တန်းလေးဖွင့်ဖြစ်တာနဲ့စပ်ပြီး တွေးမိတွေးရာလေးတွေပါ။ သူတို့ကို သင်ကြားပေးရင်းနဲ့ သူတို့ဆီက ဦးဇင်းသင်ခွင့်ရလိုက်တာလဲ အများကြီးလေ။ သူတို့ ဘ၀လေးတွေရဲ့ သနားစရာအဖြစ်အပျက်များစွာကို ပြန်သင်ယူခွင့်ရလိုက်လို့ တသက် စာအမှတ်တရလေး တွေထဲ ဒီအမှတ်တရလေးကလဲ ထိပ်ဆုံးမှာ ပါနေမှာ ပါလေ။ သင်တန်းပို့ချရင်းနဲ့ သူတို့ကို အပျော်တမ်းဗွီဒီယို တည်းဖြတ်နည်းပြချင်လို့ ဗွီဒီယို ရိုက်ဖြစ်ခဲ့တယ်လေ။ အဲဒီဗွီဒီယိုဖိုင်လေးတွေကို ဒီဘလော့မှာ အကုန်ရှယ်ယာ လုပ် မယ်စိတ်ကူးထားတယ်။ အခုလဲ အဲဒီသင်တန်းကာလတုန်းက သူတို့ကို တည်းဖြတ် ပြထားတဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးရင်းနဲ့ စပ်မိစပ်ရာ ပြောမိတာပါ။ ပေး သလောက် မရခဲ့ရှာတဲ့သူတို့လေးတွေကို မပေးရဘဲနဲ့ ရသွားတဲ့သူတို့ဘ၀လေးတွေကို ဦးဇင်းတွေးကြည့်ရင်းနဲ့ဝမ်းသာကြည်နူးမိပါတယ်လေ။ ဖြစ်နိုင်ရင် တတ်သလောက် မှတ်သလောက် အကုန်ပေးချင်ပါတယ်။ ဒါပေမဲ့ ဘ၀အခြေအနေအရ အခုတော့ အဝေးမှာလေ။ သူတို့ကိုလဲ ဦးဇင်း သင်တန်းမစခင်ကတည်းက ပြောခဲ့ပါတယ်လေ။ အခုဖွင့်မှ နှစ်လသင်တန်းက အသုံးလုံးသင်တန်းပါလို့။ အင်တာနက်ခေတ်ကြီးမှာ အင်္ဂလိပ်စာသင်လို့အခွင့်အလမ်းရှာတဲ့ခေတ်ကြီးမှာ ညီငယ် ညီမငယ်တို့ကို အသုံးလုံး သင်တန်းလာပြပေးတာပါလို့ ပြောပြဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စာကိုလဲ Four skillနဲ့ တတ်သလောက်မှတ် သလောက် သင်ပေးခဲ့ပါတယ်လေ။  အခုဆို ဦးဇင်းသင်ပေးခဲ့ တဲ့ကျောင်းသားတွေထဲကတချို့ဆို နိုင်ငံရပ်ခြားအလုပ်သွား လုပ်ဖို့ကြိုးစားနေကြပြီ ကြားရလို့လဲ အထူးဝမ်းသာမိပါတယ်လေ။ အရင်ကတော့ ကိုယ့်ဇာတိမဟုတ်တဲ့ တခြားနယ်တွေမှာပဲ့ သွားသွားသင်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ဇာတိကိုယ်ကျတော့ အရသာ ပိုထူးတယ်ဗျ။ သူတို့လေးတွေ ဘ၀မှာ ကြယ်တွေစုံတဲ့ညလေးတွေ ဖြစ်လာစေဖို့ ကြိုးစားပေးမိရုံလေးတင်ပါဗျာ။

Template by : kendhin x-template.blogspot.com