Showing posts with label ဂါထာ. Show all posts
Showing posts with label ဂါထာ. Show all posts

Saturday, December 18, 2010

သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊

ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊

နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

 

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊

အနန္တာ နိဗ္ဗုတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊

အာဒရေနံ နမာမဟံ။

ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို လည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း၊ အကျွန်ုပ်ရိုသေစွာ ရှိခိုးပါ၏။

 

နမက္ကာရာ နုဘာဝေန၊

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။

အနေက အန္တရာယာဝိ၊

ဝိနဿန္တု အသေသတော။

ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာကြောင့် ခပ်သိမ်းသောရန်တို့ကို ပယ်ပျောက်ပြီး တစ်ပါးမက များပြားလှသည့် အန္တရာယ်ဟူမျှတို့ အကြွေးကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။

သက်ရှည်ကျန်းမာ လေးဂါထာ

သက်တော်ရှည်စံကင်းဆရာတော်၏ သက်ရှည်ကျန်းမာ လေးဂါထာ

ပထမ –

အဋ္ဌာန မေတံ ဘိက္ခဝေ အန၀ကာသော ၊ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

ရဟန်းတို့ သူတစ်ပါး၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်။ (လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်ဟု ဆိုလို)

 ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန်ဝင်စံကြကုန်၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အားအမြဲတမ်း ကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ။

 

ဒုတိယ-

ဒိဝါ တပတိ အာဒိစ္စော၊  ရတ္တိမာ ဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟောရတ္တိ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။ နမက္ကာရာနုဘာဝေန၊

သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

နေမင်းသည် နေ့အခါသာလျှင် တင့်တယ်၏။

လမင်းသည် ညအခါ၌သာလျှင် တင့်တယ်၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာဆင်ယင်သောအခါ၌သာလျှင် တင့်တယ်၏။

ရဟန္တာပုဂ္ဂိုလ်သည် ဈာန်သမာပတ်ဝင်စားသော အခါ၌သာလျှင် တင့်တယ်သပ္ပါယ်၏။

ဘုရားရှင်သည် သီလ၊ သမာဓိ၊ ပညာ၊ ပုည၊ ဓမ္မဟူသော တရားငါးမျိုးတို့ဖြင့် နေ့ရော ညပါ အမြဲတန်းတင့်တယ်၏။ ထိုသို့ တန်ခိုးတော် အနန္တ နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။

ဤသို့၇ှိခိုးရသော တန်ခိုးတဇော်အာနုဘော်ကြောင့် အကြံအစည်မှန်သမျှ အလုံးစုံပြည့်ဝရပါလို၏။

 

တတိယ -

နမော တေ ပုရိသာဇည၊ နမော တေ ပုရိသုတ္တမ။

နမော တေ တိဏသံသာရ၊ နမော တေ အမတံ ဒဒ။

အာဇာနည်ယောကျာ်းဖြစ်တော်မှုသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

မြင့်မြတ်သော်ယောကျာ်းဖြစ်တော်မှုသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

သတ္တ၀ါတို့ကို သံသရာမှ ကူးမြောက်ကယ်တင်တတ်သော  မြတ်စွာဘုရားအား ရှိခိုးပါ၏။

မသေရာ နိဗ္ဗာန်ကို ပေးတော်မူတတ်သော  မြတ်စွာဘုရားအား ရှိခိုးပါ၏။

 

စတုတ္ထ -

ယေ စ ဗုဒ္ဓါ အတီတာ စ၊ ယေ စ ဗုဒ္ဓါ အနာဂတာ။

ပစ္စုပ္ပန္နာ စ ယေ ဗုဒ္ဓါ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။

ပွင့်တော်မူပြီးသမျှသော ဘုရားရှင်အားလုံးတို့အားလည်းကောင်း၊ ပွင့်တော်မှုလတ္တံ့သော ဘုရားရှင်အားလုံးတို့အားလည်းကောင်း၊ ပွင့်တော်မူဆဲ ဘုရားရှင်အားလုံးတို့အား လည်းကောင်း၊ တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏။

အညွှန်း။ အရှူံးမရှိသော ဒဿန စာအုပ်။ မေတ္တာရိပ်ဘလော့။

Template by : kendhin x-template.blogspot.com