Sunday, October 31, 2010

ဗုဒ္ဒဘာသာနှင့်လွတ်လပ်စွာတွေးခေါ်သူများ

Buddhism and the free thinkers ဆိုတဲ့လက်ကမ်းစာအုပ်အသေးလေးကတော့ သီရိ
လင်္ကာနိုင်ဖွား မလေးရှားမှာ သီတင်းသုံးသာသနာပြုသွားတဲ့ Ven. Dr Ksri Dhammananda ရဲ့ လက်ရာတစ်ခုပဲ့ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်ပြီး ကြိုက်သွား
တာနဲ့ သူများတွေကိုလဲ သိစေချင်လို့ တတ်သလောက်မှတ်သလောက်ဘာသာပြန်ပြီး တင်ပေးလိုက်တာပါ။ သိသင့်သိထိုက်တာတွေလဲ အများကြီးပါတယ်လေ။

   Many so-called free thinkers are actually not ''free'' thinkers,but they are lazy to think. Just because they do not want to think seriously and ponder about the meaning of their existence they say they are free thinkers. There is no room for these kinds of thinkers in Buddhism. Buddhism encourages people to think freely but deeply and without bias.
   မိမိတို့ကိုယ်ကို မိမိ လွတ်လပ်စွာတွေးခေါ်သူများဟု အမည်တပ်ထားသူများစွာဟာ တကယ်တော့ လွတ်လပ်စွာ တွေးခေါ်တတ်သူများ မဟုတ်ပါဘူး။ တွေးတောဖို့ရန် ပျင်းရိသူများသာဖြစ်တယ်။ သူတို့ဟာ သူတို့ရဲ့ဘ၀အဓိပါယ်နဲ့ပတ်သက်ပြီး လေးလေးနက်နက် မတွေးခေါ်ချင်တဲ့အတွက်ကြောင့် သူတို့ကိုယ် သူတို့ လွတ်လပ်စွာ
တွေးခေါ်သူများလို့ အမည်တပ်ခြင်းမျှသာ ဖြစ်တယ်။ ဗုဒဘာသာမှာတော့ ဒီလိုပုဂ္ဂိုလ်တွေအတွက် နေရာမရှိပါဘူး။ ဗုဒဘာသာကတော့ ဘက်လိုက်မှုမရှိဘဲ လွတ်လွတ်လပ်လပ်နဲ့ လေးလေးနက်နက်တွေးခေါ်ဖို့ လူတွေကို အားပေးထားပါတယ်။

Immediately after gaining Enlightenment, when there were many disciples, the Buddha said, '' Monks, now you and I are free from human and divine bondages.'' Here, we can find a clue to what a free thinker is.
Usually, people try to introduce their religious concepts and beliefs and practices by imposing divine bondages and appealing divine messages. The Buddha has rejected such concepts. He said he and his Disciples are free from divine and human bondage.
    သဗညုတညာဏ်တော်ကို ရပြီးသည်နှင်တပြိုင်နက် တပည့်သာဝကများစွာရဲ့ရှေ့
မှာ မြတ်စွာဘုရားက ရဟန်းတို့၊ အနှောင်အဖွဲ့အားလုံးကနေလွတ်ပြီလို့ မိန့်ဆိုတော်မူခဲ့
ပါတယ်။ ဒီနေရာမှာ လွတ်လပ်စွာတွေးခေါ်သူဆိုတာ ဘာလဲဆိုတာကို သဲလွန်စတွေ့
နိုင်တယ်။ ပုံမှန်အနေနဲ့တော့ သူတို့ရဲ့ဘာသာရေးယုံကြည်မှုတွေ၊အကျင့်တရားတွေကို
သဘာဝလွန်နှောင်ဖွဲ့မှု၊ သဘာဝလွန်ပုဂ္ဂိုလ်တွေရဲ့ သတင်းစကားတွေနဲ့ မိတ်ဆက်ပေး
တတ်ပါတယ်။ (ဥပမာ= ကောင်းကင်ဘုံမှ ထာဝရဘုရားသခင်ရဲ့ မိန့်မှာချက် စသည်ဖြင့်ပေါ့) မြတ်စွာဘုရားကတော့ ဒီလို အယူအဆတွေကို ပယ်မြစ်ပါတယ်။ လက်လည်းမခံပါဘူး။ ဒီလိုဟာတွေကနေ လွတ်မြောက်ပြီလို့ သူကိုယ်တိုင် မိန့်ဟခဲ့တာလေ။

What are these bondages? They are various kinds of beliefs, cravings, attachments, concepts, traditions and customs created in the name of reli
gion by exploiting fear and suspicion. People who are enslaved by such beliefs and practices are in bondage. In what way was the Buddha a free thinker or how can we claim that Buddhism is a religion of freedom and reason?

ဒီအနှောင်အဖွဲ့တွေဆိုတာက ဘာတွေလဲ။ အကြောက်တရားတွေ၊ ဥပါဒါန်အစွဲတွေနဲ့ အသုံးချထားခြင်းခံရတဲ့ ယုံကြည်မှု၊ တွယ်တာမှု၊ တပ်မက်မှု၊ အယူအဆ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေရယ်လို့ အများကြီးပါပဲ့။ ဒါတွေကို ဘာသာရေးဆိုတဲ့
ခေါင်းစဉ်အောက်မှာ သူတို့ ဖန်တီးထားခဲ့တာလေ။ ဒီလိုအယူအဆအောက်မှာ ကျွန်ပြု
ခံနေရတဲ့လူတွေကို အနှောင်အဖွဲ့မိသူတွေလို့ ဆိုရမှာပေါ့။ ကဲ ဒီတော့ မြတ်စွာဘုရား
ကို ဒါမှမဟုတ် ဗုဒဘာသာကို အကြောင်းအကျိုးဆီလျော်ပြီး လွတ်လွတ်လပ်လပ်
တွေးခေါ်သူ၊ လွတ်လွတ်လပ်လပ်တွေးခေါ်တဲ့ ဘာသာတရားတစ်ခုအဖြစ် ခိုင်ခိုင်မာ
မာ မဆိုနိုင်ဘူးလား။

Wednesday, October 27, 2010

မျက်ကန်းမယုံကြည်ပါနဲ့

ဒီနေ့ခေတ်ကာလမှာ လူသားတို့ရဲ့ ကိုးကွယ်ရာအနေနဲ့ ဘာသာတရားပေါင်းစုံကို မိမိတို့
ဆိုင်ရာ ဆိုင်ရာ အယူအဆအသီးသီးနဲ့ ကိုးကွယ်ဆည်းကပ်လျှက်ရှိပါတယ်။ ယင်းဘာ
သာတရားတို့ဟာ ကောင်းမွန်မှုအသီးသီးနဲ့ ရပ်တည်နေကြတာပါ။ 
အဲ ဒါပေမဲ့ ဘာသာတရားတိုင်းထက်ထူးတဲ့ ဦးဇင်းတို့ ဗုဒဘာသာရဲ့ ထူးခြားချက်တစ်ခု
ကို ဒီနေ့တင်ပြချင်ပါတယ်။ အဲဒါကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပါပဲ့။ ကမ္ဘာ့ပညာရှင်
ကြီး တော်တော်များ(အိုင်စတိုင်း၊ ဘာထရန်ရပ်ဆယ်တို့အပါအ၀င်)ကလည်း ဒီအချက်
ကြောင့်ပဲ့ ဦးဇင်းတို့ ဘာသာကို ကြိုက်သွားကြတာပါ။ တခြားဘာသာမှာကျတော့ မေး
မြန်းစုံစမ်းခွင့်မရှိဘဲနဲ့ သူတို့ကိုးကွယ်ရာရဲ့ စကားတော်များကို အကြွင်းမဲ့ယုံကြည်ပေးရ
တယ်လေ။ အဲ ဦးဇင်းတို့ဘာသာမှာကျတော့ ဘုရားရှင်ကိုယ်တော်တိုင်က သူမိန့်မြွက်
တော်မူခဲ့တဲ့ ဒေသနာတွေကို မှန်မမှန် စစ်ဆေးပြီးမှ ယုံကြည်လက်ဖို့ အားပေးတော်မူခဲ့
တယ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် ဗုဒရဲ့ ဒီမိုကရေစီနည်းကျ ကိုးကွယ်ပိုင်ခွင့်ပြဌာန်း
ချက်ကို ကြည်ညိုရပါတယ်။ ဘယ်လောက်အံ့သြစရာကောင်းလဲဗျာ။ ငါ့စကားနွားရ
မလုပ်တတ်တဲ့ ဦးဇင်းတို့ ဘုရားရဲ့ သဘောထားကြီးမြတ်မှုတွေကို။ ဧဟိပဿိကော=
(ငါဘုရားဟောထားတဲ့ ဒေသနာတွေကို)လာပါ၊ ရှုပါ၊စုံစမ်းလှည့်ပါဆိုပြီး ဖိတ်ခေါ်ထား
တယ်လေ။ ဒါကြောင့်လဲ ဦးဇင်းတို့ဘာသာဟာ ဘယ်လိုပဲ့ အချိန်ပြောင်းသွား၊ ပြောင်းသွား၊ ဘယ်လိုပညာရှင်ကပဲ့ လာစစ်ဆေး၊ လာစစ်ဆေး၊ အမြဲတမ်းအမှန်တရား
အဖြစ်ကနေ တပြားသားမျှ လျော့မသွားခဲ့ဘူးလေ။ ဒါကြောင့်ပြောတာပေါ့ Timeless Teachings ပါလို့။မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတွေကို သေသေချာချာနားမလည် ဘဲနဲ့ တချို့က ဘာသာပြောင်းသွားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘာ
သာပြောင်းကြတယ်လို့ ပြောလို့ရပေမဲ့ တကယ်ကောက်ချက်ဆွဲရင်တော့ ကိုယ့်ဘာသာအကြောင်းကိုယ် သေသေချာချာနားမလည်လို့ ပြောလို့ရပါတယ်။ 
    
   အခုတင်ပြမဲ့ ဒေသနာမှာဆိုလို့ရှိရင် မြတ်စွာဘုရားဟာ လူသားတွေရဲ့ ဦးနှောက်ကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ ထူးဆန်းအံ့သြဖွယ်ရာ တွေ့ရှိရပါလိမ့်မယ်။ အရာရာကို ကိုယ်ဦးပိုင်ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ဖို့ နည်းပေးလမ်းညွှန်ပြသခဲ့ပါတယ်
ဘယ်လောက်အထိလဲဆိုရင် သူကိုယ်တိုင်ဟောထားတဲ့တရားတွေကိုတောင် မှန်လား
မမှန်လားဆိုတာ မစုံစမ်း မစစ်ဆေးဘဲနဲ့ မျက်ကန်းမယုံကြည်ပါနဲ့တဲ့။ အမှားအမှန်ကို ကွဲပြားစွာ သိရှိမှ လက်ခံယုံကြည်ပါတဲ့။

  ကဲ အဲဒီဒေသနာတော်လေးကို ကြည်ညိုရအောင်။ မူရင်းသုတ်ကတော့ နိကာယ်ငါး
ရပ်ထဲက အင်္ဂုတ္တရနိကာယ်မှာ ပါပါတယ်။ ကာလာမသတိုးသားတွေကို ဟောကြားတဲ့
သုတ်ဖြစ်တဲ့အတွက်ကြောင့် ကာလာမသုတ်လို့ ထင်ရှားပါတယ်။ ဒါပေမဲ့ မူရင်းသုတ်
နာမည်က ကေသမုတ္တိသုတ်ပါ။ ကေသမုတ္တိနိဂုံးကို ရောက်လာတဲ့ ဘာသာရေးဆရာကြီးတွေဟာ သူတို့ဝါဒကို လက်ခံဖို့ အမျိုးမျိုး၊ အကြိမ်ကြိမ် လာပြောကြတဲ့အတွက် ဘယ်ဘာသာကို လက်ခံယုံကြည်ရမလဲဘုရားလို့ ကာလာမသတိုးသားတွေက မြတ်စွာဘုရားရှင်ကို လျှောက်တဲ့အခါ မြတ်စွာဘုရားက ကိုးကွယ်ရာဘာသာရွေးချယ်တတ်စေရန် အောက်မှာ ဖေါ်ပြမဲ့ အကြောင်းအရာများကို ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီသုတ်တော်ပါ ဟောကြားချက်များကို အင်္ဂလိ
ပ်၊ မြန်မာနှစ်ဘာသာနဲ့ တင်ပြပေးပါ့မယ်။

=   Do not believe in any thing simply because you have heard it.
      ကြားဖူးရုံမျှဖြင့်လည်း မယုံကြည်ပါနဲ့။
     =   Do not believe in any thing simply because it's spoken and             rumored       by many.
      ပြောရုံမျှနဲ့ ၊ ကောလဟလမျှနဲ့ မယုံကြည်ပါနဲ့။

=   Do not believe in any thing simply because it's found written in your   religious books.
     မိမိတို့ဘာသာရေးနဲ့ဆိုင်တဲ့ စာအုပ်စာပေတွေထဲမှာ ရေးထားတာကိုမျှနဲ့ မယုံကြည်နဲ့။
=Do not believe in any thing merely on the authority of your teachers and elders.
ဆရာ့ပြောစကား၊ သက်ကြီးရွယ်အိုပြောစကားမျှနဲ့လည်း မယုံကြည်ပါနဲ့။
=Do not believe in traditions because they have been handed down for many generations.
မျိုးဆက် အဆက်ဆက်သယ်ဆောင်လာတဲ့ ရိုးရာယဉ်ကျေးမှုမျှနဲ့လည်း မယုံကြည်နဲ့။
= But after observation and analysis when you find that any thing agrees with reason and is conductive to the good and benefit of one and all, then accept it and live up to it.
  ဒါပေမဲ့ မိမိသူတပါးနှစ်ဦးသားတို့အတွက် အကျိုးရှိသလား၊ မရှိသလား၊ အကြောင်း(အကျိုး)နှင့်ကော ညီညွတ်ရဲ့လားလို့ သေသေချာချာနှိုင်းယှဉ်လေ့လာ
စုံစမ်းပြီးတဲ့နောက်မှ လက်ခံယုံကြည်ပြီး ဘ၀အတွက် အသုံးချပါ တဲ့။

  ကဲ ဒါကို ကြည့်ခြင်းအားဖြင့် ဦးဇင်းတို့ဗုဒဘာသာဟာ ဘယ်လောက်အထိ လွတ်လပ်ပွင့်လင်းမှုရှိသလဲဆိုတာ သဘောကျပါ။ ဒါနဲ့ဆိုင်စွာပဲ့ မြတ်စွာဘုရားရှင်ရဲ့
နောက်သဘောထားရေးရာတစ်ခုကို တင်ပြပါအုံးမယ်။ သီဟစစ်သူကြီးဟာ သူ့ရဲ့ မူရင်းကိုးကွယ်ရာ ဘာသာတရားကို စွန့်ပြီး ဗုဒဘာသာကို ကိုးကွယ်တော့မဲ့အကြောင်း
မြတ်စွာဘုရားကို လျှောက်ထားတော့ မြတ်စွာဘုရားက အေးကွာ ကိုးကွယ်စေ လို့ တန်းမိန့်လိုက်တယ်ထင်လား။ မဟုတ်ရပါဘူး။ အေးကွာတဲ့။ မင်းလို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ရင် ပိုကောင်းတယ်တဲ့။ အဲဒီလို မိန့်တော်မူတာဗျ။ ဘယ်လောက်အထိ အံ့သြဖို့ကောင်းသလဲ။ မိမိတို့လို သာမာန်ပုထုဇဉ်စိတ်နဲ့ နှိုင်းယှဉ်ပြီး တွေးကြည့်ပါ။ ကိုယ့်ဘက်ကို ခိုဝင်လာမဲ့ နာမည်ကြီးတစ်ယောက်ကို ဘာလို့ အားရ၀မ်းသာချက်ခြင်းလက်ခံမကြိုဆိုဘဲ ဘာလို့ အင်တိအင်တင်လုပ်နေရတာလဲ။ ဒါပဲ့ ကွာသွားပြီ။ မြတ်စွာဘုရားရဲ့ လူသားတွေရဲ့ ဦးနှောက်အပေါ် လေးစားမှုကတော့
အံ့သြမကုန်နိုင်ဖွယ် မဟုတ်ပါလားဗျာ။ ဒီတော့ ကိုယ် ကိုးကွယ်နေတဲ့ ဘာသာအကြောင်းကို ပယ်ပယ်နယ်နယ်လေ့လာပြီး အမြတ်တနိုးတန်ဖိုးထားကြပါလို့ပဲ့ တိုက်တွန်းချင်ပါတယ်။

 တဆက်တည်းမှာပဲ့ အီတလီဆရာတော်ကြီး ဦးလောကနာထရဲ့စကားကို အမှတ်ရလိုက်ပါသေးတယ်။ ဆရာတော်ကြီးက မြန်မာဗုဒဘာသာတွေကို ကြည့်ပြီးတော့ ဘယ်လို ဥပမာပေးလဲဆိုတော့ မိရိုးဖလာဗုဒဘာသာတွေက အိမ်ရှေ့မင်းသားကနေ တန်းပြီး ဘုရင်ဖြစ်သွားတဲ့သူနဲ့တူတယ်တဲ့။ သူတို့လို ဘာသာခြားကနေ ဗုဒဘာသာဖြစ်လာသူတွေက သူတောင်စားဘ၀ကနေ ရှင်ဘုရင် ဖြစ်လာသူနဲ့ တူတယ်တဲ့။ ဟုတ်ပါတယ်။ သူတောင်စားဘ၀ကနေ ရှင်ဘုရင်ဖြစ်လာသူဟာ ဘုရင်တစ်ပါးဖြစ်ဖို့ ဘယ်လောက်ခက်ခဲကြမ်းတမ်းတယ်ဆို
တာကို အပြည့်အ၀နားလည်သဘောပေါက်ပြီး တန်ဖိုးထားတတ်တယ်လေ။ အိမ်ရှေ့မင်းသားဘုရင်ဖြစ်လာတာတော့ လုပ်ရိုးလုပ်စဉ်အတိုင်း၊ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုတော့ သိပ်ပြီး တန်ဖိုးမသိလှဘူးလေ။ ဒါပါပဲ့ တန်ဖိုးဆိုတာ အခြေအနေအပေါ်လဲ မူတည်ပါသေးတယ်။

Sunday, October 24, 2010

ကလေးတို့အတွက်ဗုဒ္ဓ၀င်အကျဉ်း(၁)

မနေ့က(၂၃၊၁၀၊၂၀၁၀) ဒေလီကနေ အလည်လာတဲ့ သူငယ်ချင်းရဟန်းတော်ဦးနန္ဒမာလာတို့ကို  လိုက်ပို့ရင်းနဲ့ သာသနာနဲ့ပတ်သက်တဲ့ စာအုပ်အရောင်းဆိုင်တစ်ခုကို
ရောက်ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာစာအုပ်တွေကတော့ အစုံပါပဲ့။ သူတို့ဘာသာနဲ့
ရေးထားတဲ့စာအုပ်ရော၊ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေရော အစုံပါပဲ့။ အဲဒါနဲ့
လူငယ်တွေအတွက်အသုံးဝင်နိုင်တဲ့ ဗုဒ္ဓ၀င်အကျဉ်းစာအုပ်လေးတွေလဲ အတွဲလိုက် စာအုပ်လေးအုပ်ကို ၀ယ်ခဲ့ပါတယ်။ စာအုပ်နာမည်က life of The Buddha တဲ့။ Level 1,2,3,4 ဆိုပြီး လေးအုပ်ရှိပါတယ်။ လူငယ်တွေအတွက်တော့ အင်္ဂလိပ်စာလဲ လေ့လာ ရင်း ဘာသာရေးအသိအမြင်တွေလဲ ဆည်းပူးနိုင်တယ်လေ။ ဒီတော့ ဒီစာအုပ်လေးကို
အင်္ဂလိပ်တစ်ချက်၊ မြန်မာတစ်ချက်ဘာသာပြန်လေးနဲ့ တင်ဆက်ပေးပါ့မယ်။ အဲ မေ့သွားလို့ သွားဖြစ်ခဲ့တဲ့ စာအုပ်ဆိုင်ရဲ့ နာမည်က BCC ( Buddhist Cultural Centre)တဲ့။ဘုန်းတော်ကြီးတစ်ပါး တည်ထောင်ထားတာပါ။အရမ်းကောင်းတာပဲ့။ မြန်မာနိုင်ငံမှာလဲ ဒီလို နေရာမျိုးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဦးဇင်း ရန်ကုန်မှာ ရှိစဉ်က ဆူးလေဘုရားနား ဟော်လန်စုံတွဲတစ်တွဲက လာမေးတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အပြည့်အစုံဆုံးလေ့လာလို့ရနိုင်မဲ့ နေရာတစ်ခုကို ညွှန်ပေးပါလားတဲ့။ ဦးဇင်းစဉ်းစားရကြပ်သွားတယ်။ ဘယ်ကို ညွှန်ရမလဲပေါ့။ Meditation Centre သွားမလားဆိုတော့လဲ အခုမှ စလေ့လာမယ်ကြံတုန်းဆိုတော့ မသွားချင်သေးဘူးတဲ့။ စာအုပ်ပဲ့ ဖတ်ချင်တာတဲ့။ အမှန်အတိုင်းပြောရရင် ဒီလိုမျိုးနိုင်ငံခြားသားတွေအတွက်ရော၊ ပြည်တွင်းသားတွေအတွက်ပါ လေ့လာလို့ရနိုင်တဲ့ studyဌာနမျိုး မတွေ့ဖူးဘူးလားလို့။ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သာသနာရေးမှာတောင် ပိဋကသုံးပုံစာအုပ်ကို စက္ကူအကြမ်းစားနဲ့ ထုတ်နေတုန်းလေ။ ဘယ်လိုလုပ် ဂုဏ်ယူဝင့်ကြွားစွာ ပြသမလဲ။ ဒီတော့ နီးစပ်ရာစာအုပ်ဆိုင်လေးကိုပဲ့ ခေါ်သွားပြီး ဒေါက်တာဝါပိုလ ရာဟုလာရေးတဲ့ What the Buddha taughtစာအုပ်လေးကိုပဲ့ ၀ယ်ပေးလိုက်နိုင်တယ်။ ဒါနဲ့မဆိုင်စွာပဲ့ ဒီနိုင်ငံက ဘာသာရေးစာအုပ်တွေကတော့ ရှယ်မှရှယ်။ ကလေးတွေအတွက် ပြဌာန်းတဲ့စာအုပ်တွေကအစ စက္ကူအကောင်းစားနဲ့၊ အပြင်အဆင်အမွမ်းအမံလှလှပပနဲ့။ ဖတ်ချင်စဖွယ်ဖြစ်အောင်ကို လုပ်ထားတာ။ ဟုတ်ပါ့ဗျာ။ တန်ဖိုးဆိုတာ မြတ်နိုးတတ်သူရဲ့စေတနာကို လိုက်ပြီး ကွဲပြားတတ်တာပါလား။
 Chapter(1)
The Queen's Dream
မိဖုရားရဲ့အိပ်မက်
A long time ago in India, there lived a king named Suddhodana and a queen name Maha Maya. 
ရှေးနှစ်ပေါင်းများစွာက အိန္ဒိယနိုင်ငံမှာ သုဒ္ဓေါဓနလို့အမည်ရတဲ့ ဘုရင်တစ်ပါးနဲ့ မဟာမာယာလို့ အမည်ရတဲ့ မိဖုရားတစ်ပါးတို့ ရှိခဲ့ကြပါတယ်။
They were both good and kind people.
သူတို့နှစ်ဦးစလုံးဟာ အကြင်နာတရားရှိတဲ့သူများဖြစ်တယ်။
One full moon night, the Queen dreamt of four Devas.
လပြည့်ညတစ်ညမှာတော့ မိဖုရားဟာ နတ်သားလေးပါးကို အိပ်မက်မက်တယ်။
They carried her to a lake, to rest on a soft bed.
အဲဒီနတ်သားလေးပါးဟာ သာယာငြိမ့်ညောင်းတဲ့အိပ်ယာပေါ်မှာ အိပ်စက်အနားယူစေဖို့ရန် မိဖုရားကို ရေကန်တစ်ကန်ဆီ ခေါ်သွားခဲ့ပါတယ်။
A white elephant carrying a lotus flowers went round her three times and disappeared into her.
ကြာပန်းတွေကို သယ်ဆောင်ထားတဲ့ ဆင်ဖြူကြီးတစ်ကောင်ဟာ သုံးကြိမ်တိုင်တိုင် မိဖုရားဘေးမှာ လှည့်ပတ်ပြီးတော့ မိဖုရားရဲ့ ကိုယ်အတွင်း ၀င်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ 
1.A white elephant went round her three times.
2.It is carrying a lotus flowers.
=A white elephant (which is) carrying a lotus flowers went round her three times.
Wise men explained that the Queen was going to give birth to a prince.
(ဒါကို နားထောင်ပြီးတော့) ပညာရှိတွေက မိဖုရားဟာ မင်းသားတစ်ပါးမွေးဖွားတော့မယ်လို့ နိမိတ်ဖတ်ကြတယ်။

Chapter 2
Birth of Prince Siddhattha  
When the time came for the baby to be born, Queen Maha Maya left the palace with the attendants to go back to her parents' home to give birth to the baby.
ကလေးမွေးဖွားချိန်ရောက်တော့ မဟာမာယာမိဖုရားဟာ ကလေးမွေးဖွားဖို့ မိဘတွေအိမ်ကို ပြန်ချင်တာကြောင့် နန်းတော်ကနေ ထွက်လာခဲ့တယ်။ အလုပ်အကျွေးတွေနဲ့အတူပေါ့။
On the way, they passed by a beautiful park called Lumbini Garden.
လမ်းမှာ သူတို့ဟာ လုမိနီအမည်ရှိတဲ့ဥယျာဉ်တစ်ခုကို ဖြတ်လာကြတယ်။
Queen Maha Maya took a rest in the garden.
ဘုရင်မ မဟာမာယာဟာ အဲဒီဥယျာဉ်မှာ ခေတ္တခဏအနားယူခဲ့တယ်။

While she was standing up and holding on to a tree, she gave birth to the baby.
သူမဟာ မတ်တပ်ရပ်လို့ (အင်းကြင်း)ကိုင်းတစ်ခုကို ဆွဲကိုင်ထားစဉ်မှာပဲ့ ကလေးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။
Immediately the baby walked seven steps.
ရုတ်တရက် ကလေးလေးဟာ ခြေလှမ်းခုနစ်လှမ်း လှမ်းလိုက်ပါတယ်။
At each step he walked, a lotus flower appeared.
ခြေလှမ်းတိုင်းခြေလှမ်းတိုင်းမှာလဲ ကြားပန်းလေးတွေပေါ်လာပြီး (အောက်ကနေ ခံပေးတာပေါ့)
The birth took place on the fifth month of Vesakha, on a full moon day in 623 BC.
ဒီမင်းသားလေးမွေးဖွားမှုဟာ ဝေသာခလ ဆယ့်ငါးရက်မှာ ဖြစ်ခဲ့တာလေ။ ဘီစီ ၆၂၃က လပြည့်နေ့မှာပေါ့။(မြန်မာလနဲ့ဆို ကဆုန်လပြည့်နေ့ပေါ့)
We call it Vesak Day.
အဲဒါကို ၀ိစက်ဒေး(ဗုဒ္ဓနေ့)လို့ ခေါ်တယ်လေ။(ကုလသမဂ္ဂကလဲ ဒီနေ့ကို တရားဝင်နေ့တနေ့အဖြစ် အသိအမှတ်ပြုပေးထားတယ်လေ။)
Queen Maha Maya then returned to the palace with her baby prince.
နောက်တော့ ဘုရင်မ မဟာမာယာဟာ မင်းသားငယ်လေးနဲ့အတူ နန်းတော်ပြန်ခဲ့တော့တယ်လေ။
King Suddhodana was very happy and celebrated the birth of the baby with his people all over the country.
ဘုရင်သုဒ္ဓေါဓနကလဲ ပျော်ရွှင်စွာနဲ့ သားတော်လေးရဲ့ မွေးနေ့ပျော်ပွဲရွှင်ပွဲတွေကို တိုင်းပြည်အနှံ့ ကျင်းပပေးခဲ့တယ်လေ။

chapter (3)
Naming ceremony
အမည်ပေးကင်ပွန်းတပ်ပွဲ
Five days after the birth of the Prince, many wise men were invited to the palace for the Naming Ceremony.
အလောင်းတော်ကလေးမွေးဖွားပြီး ငါးရက်အကြာမှာတော့  အမည်ပေးကင်ပွန်းတပ်မင်္ဂလာပြုလုပ်ဖို့အတွက် ပညာရှိများကို နန်းတော်ကို ဖိတ်တယ်လေ။
They looked at the marks on the child's body.
ပညာရှိတွေဟာ အလောင်းတော်ကလေးရဲ့ကိုယ်ပေါ်မှာ ရှိတဲ့အမှတ်အသားတွေကို ကြည့်ကြတယ်။
Seven wise men raised two fingers and said that the Prince would either become a Great King or a Buddha.
ပညာရှိခုနစ်ယောက်က လက်ညှိုးနှစ်ချောင်းထောင်ပြီး ဒီမင်းသားလေးဟာ စကြာဝတေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လာလိမ့်မယ်လို့ ပြောကြတယ်။
The youngest, Kondanna, raised only one finger and said that the Prince would become a Buddha.
(ပညာရှိတွေထဲက)အငယ်ဆုံးဖြစ်တဲ့ ကောဏ္ဍညလေးကတော့ လက်ညှိုးတစ်ချောင်းသာထောင်ပြီး ဘုရားဧကန်ဖြစ်လိမ့်မယ်လို့ ရဲရဲရင့်ရင့်ဆိုတယ်လေ။
The Prince was then given the name "Siddhattha" by the wise man, which meant ''Wish-fulfilled''.
ပြီးတော့ ပညာရှိတွေက မင်းသားလေးကို ပြီးပြည့်စုံလိုသူလို့ အမည်ရတဲ့ သိဒ္ဓတ္ထဆိုတဲ့ နာမည်ကို ပေးခဲ့တယ်လေ။
Seven days after the birth of her child, Queen Maha Maya passed away.
ကလေးမွေးပြီးခုနစ်ရက်အကြာမှာတော့ ဘုရင်မ မဟာမာယာဟာ ကွယ်လွန်သွားခဲ့ပါတယ်။
Pajapati Gotami, her younger sister, who was also married to King Suddhodana, brought up the Prince as her own son.
မဟာမာယာရဲ့ညီမငယ်ဖြစ်တဲ့ မဟာပဇာပတိဂေါတမီက အလောင်းတော်မင်းသားလေးကို သားအရင်းလို ပြုစုစောင့်ရှောက်ခဲ့တယ်လေ။  မဟာပဇာပတိဂေါတမီဟာလဲ သုဒ္ဓေါဓနမင်းနဲ့ လက်ထပ်ထားတယ်လေ။( နောက်မိဖုရားတစ်ပါးပေါ့)

Chapter(4)
The Wounded Swan
ဒဏ်ရာရ ငန်းကလေး
One day, Prince Siddhattha and his cousin, Devadatta, were walking in the woods.
တစ်နေ့တော့ အလောင်းတော်မင်းသားလေးနဲ့ သူရဲ့ညီဝမ်းကွဲ ဒေ၀ဒတ်တို့ဟာ သစ်တောလေးတစ်ခုမှာ လမ်းလျှောက်နေခဲ့တယ်လေ။
They saw a swan flying in the sky. Devadatta shot it with his arrow.
ကောင်းကင်ပေါ်ပျံသန်းနေတဲ့ ငန်းလေးတစ်ကောင်ကိုတွေ့တော့ ဒေ၀ဒတ်က သူ့မြားနဲ့ ပစ်ချလိုက်တယ်လေ။
Prince Siddhattha rushed to the swan and picked up the wounded bird. He pulled out the arrow from the swan.
အလောင်းတော်မင်းသားလေးဟာ (ကျလာတဲ့)ငန်းကလေးဆီ တဟုန်ထိုးပြေးသွားပြီး ဒဏ်ရာရနေတဲ့ငန်းကလေးကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ စူးဝင်နေတဲ့ မြှားကို ဆွဲနှုတ်ပစ်လိုက်တယ်။
Devadatta was very angry and asked for the swan to be given back to him.
ဒေ၀ဒတ်မင်းသားလေးက အရမ်းစိတ်ဆိုးသွားပြီးတော့ သူ့ကို ငန်းကလေး ပြန်ပေးဖို့ပြောတယ်။
The Prince did not allow his cousin to have it.
အလောင်းတော်မင်းသားလေးက မပေးတော့ဘူးလေ။(သူတော်ကောင်းနဲ့ မသူတော် ဒီနေရာမှာ ကွဲပြားတော့တာပဲ့နော်။ သူတော်ကောင်းက သူများအပေါ်သနားကြင်နာစိတ်ရှိတယ်။ ကိုယ်ချင်းစာတရားရှိတယ်။ သူယုတ်မာက သူတပါးကို ဖျက်ဆီးနှိပ်စက်သတ်ဖြတ်လိုတယ်နော်။ အဲဒါ သတိထား။)
Both of them went to see the wise man.
သူတို့နှစ်ယောက်လုံးဟာ (စီရင်ဆုံးဖြတ်စေဖို့) ပညာရှိတစ်ဦးဆီ သွားခဲ့တယ်လေ။
The wise man listened and said the Prince should have the swan because he saved its life.
ပညာရှိဟာ သူတို့ပြောတာကို နားထောင်ပြီး သူတပါးအသက်ဆိုတာ ကယ်ကောင်းတယ်လို့ဆိုပြီး အလောင်းတော်ကလေးက ငန်းကို ပိုင်သင့်တယ်လို့ အဆုံးအဖြတ်ပေးလိုက်တယ်လေ။ 
The Prince took care of the wounded swan until it became well again.
အလောင်းတော်လေးဟာ ဒဏ်ရာရနေတဲ့ ငန်းကလေးကို ပြန်လည်သန်စွမ်းကျန်းမာလာတဲ့အထိ ပြုစုပေးတယ်လေ။
He then set it free.
ပြီးတော့ အဲဒီငန်းကလေးကို ဘေးမဲ့လွှတ်ပေးလိုက်တယ်လေ။
Set+obj+free= ဘေးမဲ့ပေးသည်။

chapter (5) 
Marriage and Yasodhara
ယသော်ဓရာနှင့်အိမ်ထောင်ပြုခြင်း
Prince Siddhattha lived a very good life.His father, King Suddhodana built him three palaces to make him happy, one for the winter, one for the summer and one for the rainy season.
မင်းသားလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ရှေ့ဆက်ခဲ့ပါတယ်။ ခမည်းတော်ဘုရင်ကလည်း သူ့အတွက်ဆိုပြီးတော့ နန်းတော်သုံးဆောင်ကို တည်ဆောက်ပေးခဲ့တယ်လေ။ ဆောင်းရာသီမှာ စံမြန်ဖို့ နန်းတော်တစ်ဆောင်ရယ်၊နွေရာသီမှာ စံမြန်းဖို့ နန်းတစ်ဆောင်ရယ်၊ မိုးရာသီမှာ စံမြန်းဖို့ နန်းတော်တစ်ဆောင်ရယ်ပေါ့။
The King also wanted to give him a wife so that he would not leave the palace to become a 
monk.
ခမည်းတော်ဘုရင်ကလဲ သူရဟန်းပြုမသွားစေရန်အတွက် အိမ်ထောင်ချပေးချင်နေခဲ့တယ်။
All the beautiful girls in the country came to the palace for the Prince to choose.
အတိုင်းအတိုင်း အပြည်ပြည်က မိန်းမချောလေးတွေကလဲ မင်းသားလေးများ သဘောကျမလားဆိုပြီး လာရောက်အရွေးခံကြတယ်လေ။
He gave each of them a gift, but to the princess named Yasodhara, the prince gave a ring from his finger.
မင်းသားလေးဟာ အဲဒီမိန်းမချောလေးတွေကိုယ်စီကို လက်ဆောင်ပေးခဲ့တယ်လေ။ ယသော်ဓရာတော့ မပါဘူးပေါ့။ (ယသော်ဓရာအတွက်က သီးသန့်ရှိတယ်လေ။) ယသော်ဓရာကိုတော့ သူ့လက်ချောင်းကနေ လက်စွပ်လေး ချွတ်ပြီးတော့ ပေးခဲ့တယ်လေ။( ဘာကို ရည်ရွယ်တယ်ဆိုတာကို ကလေးတို့ သဘောပေါက်ရောပေါ့နော်။)
The King was very happy that the Prince married Princess Yasodhara.
ခမည်းတော်ဘုရင်က အရမ်းကျေနပ်သွားပြီး မင်းသားလေးကို ယသော်ဓရာမင်းသမီးလေးနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်တယ်လေ။

Chapter (6)
The Four Signts
နိမိတ်ကြီးလေးပါး
After sometime, the Prince was not happy living in the palace. He wanted to go out to see how other people lived.
နည်းနည်းကြာတော့ မင်းသားလေးဟာ နန်းတော်ထဲမှာ နေရတာကို မပျော်မရွှင်ဖြစ်လာတယ်လေ။ (နန်းတော်ပြင်ပက အခြားသူတွေ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို မြင်ချင်စိတ်တွေပေါက်လာခဲ့တယ်။
He went out with his horseman, Channa. They left the palace four times.
သူဟာ မြင်းလှည်းမောင်းသမား ဆန္နနဲ့အတူ နန်းတော်ပြင်ပကို လေးကြိမ်တိုင်တိုင် ထွက်လည်ခဲ့တယ်လေ။
1. On the first trip, the Prince saw an old man. He came to know that everyone had to grow old.
ပထမအကြိမ်ခရီးမှာတော့ သူဟာ အိုမင်းနေတဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်လေ။ (ဒါကို မြင်ပြီးတော့) သူဟာ အော် လူတိုင်း အိုရမှာပါလားရယ်လို့ နားလည်သဘောပေါက်ခဲ့တယ်လေ။

2. On the second trip, the Prince saw a sick man. He came to know that everyone could get sick any time.
ဒုတိယအကြိမ်ခရီးမှာတော့ မင်းသားလေးဟာ နာမကျန်းဖြစ်နေတဲ့လူတစ်ယောက်ကို တွေ့ခဲ့တယ်လေ။ (ဒါကိုမြင်ပြီးတော့) သူဟာ အော် လူတိုင်း ဘယ်အချိန်မဆို နာမကျန်းဖြစ်နိုင်ပါလားရယ်လို့ နားလည်သဘောပေါက်ခဲ့တယ်လေ။
3. On the third trip, he saw a dead body. He knew that everyone would have to die one day.
တတိယအကြိမ်ခရီးမှာတော့ သူဟာ သေဆုံးပြီးတဲ့ အလောင်းကောင်တစ်ကောင်ကို တွေ့ခဲ့ရတယ်လေ။
(ဒါကိုမြင်ပြီးတော့) သူဟာ အော်... လူတိုင်းဟာ တစ်နေ့ကျရင် သေရမှာပါလားရယ်လို့ နားလည်သဘောပေါက်ခဲ့တယ်လေ။
4. On the fourth trip, the Prince saw a monk who was happy and calm.
စတုတ္ထအကြိမ်ခရီးစဉ်မှာတော့ သူဟာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ရဟန်းတော်တစ်ပါးကို တွေ့မြင်ခဲ့ရတယ်လေ။
He made up his mind to leave home so that he could help people to find peace and happiness.
လူတွေ ပျော်ရွှင်ငြိမ်းချမ်းမှုကို ရှာဖွေတဲ့နေရာမှာ ကူညီနိုင်ဖို့ မင်းသားလေးဟာ တောထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
 Chapter (7) ဆက်ရန်
 

Thursday, October 7, 2010

ဒိုင်ယာလော့(၃)

ဒိုင်ယာလော့(၁)

အင်္ဂလိပ်စာသင်ကြားရေး(၁)

Wednesday, October 6, 2010

အင်္ဂလိပ်လို နှုတ်ဆက်ကျေးဇူးတင်စကားပြောပုံလေးပါ

ဒီတပတ် အင်္ဂလိပ်စာသင်ကြားရေး ၀က်ဆိုက်လေးတွေ လိုက်ရှာရင်းနဲ့ အရမ်းကောင်းတဲ့ အင်္ဂလိပ်စာသင်ကြားရေးဝက်ဆိုက်တစ်ခုတွေ့ခဲ့ပါတယ်။ အရင်ကလဲအင်္ဂလိပ်စာသင်ကြားရေး ၀က်ဆိုက်တော်တော်များများကို ၀င်ကြည့်တာပါပဲ့။ အစပိုင်းမှာတော့ အခမဲ့သင်ပေးပြီး နောက်ပိုင်းကျတော့ ပိုက်ဆံတောင်းလာကြတာများတယ်လေ။ အခုဝက်ဆိုက်ကျတော့ လုံးဝကို အခမဲ့ သင်ပေးတဲ့ ဆိုက်ပါ။ဖိုင်တွေက ယူလို့ကို မကုန်ပါဘူး။ Second language သမားတွေအတွက် တော်တော်အသုံးတည့်မှာပါ။ four skill ပါတယ်လေ။ ဒီဝက်ဆိုက်နဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းကိုလဲ ကျေးဇူးတင်ပါတယ်။ အခုတော့ တော်တော်အကြိုက်တွေ့နေပါတယ်။အဲဒီဝက်ဆိုက်နာမည်ကတော့ www.engvid.com ဖြစ်ပါတယ်။ အဲဒီဝက်ဆိုက်ကို ၀င်ပြီးတာနဲ့ ကိုယ့်ကြိုက်တဲ့ဆရာနာမည်ကို ရွေးပေးပြီး သူသင်ကြားပို့ချထားသမျှ ဗွီဒီယိုဖိုင်တွေကို တိုက်ရိုက်ဖွင့်ကြည့်လို့ရတယ်လေ။ ကွန်နက်ရှင်နှေးတဲ့နေရာမှာဆိုရင်တော့ ဒေါင်းလုပ်ဆွဲပြီး နားထောင်ရင် ပိုကောင်းလိမ့်ထင်တယ်။ ဦးဇင်းတော့ ဆရာတစ်ယောက်ချင်းစီရဲ့ ဖိုင်တွေကို ဆိုင်ရာအလိုက် ဒေါင်းလုပ်ဆွဲပစ်လိုက်တယ်။ သဘောကျလွန်းတာနဲ့ ဟာ့ဒစ်ထဲမှာ သိမ်းထားလိုက်တယ်။ နောင်တချိန် ပြန်လည်အသုံးချလို့ ရတာပေါ့။ တော်တော်ကောင်းတဲ့ ဆိုက်ဗျ။ အကုန်လုံးက ဖရီးတွေချည်းပဲ့။ နေးတစ်တွေဆီကနေ အလကား အင်္ဂလိပ်စာသင်ခွင့်ရတာ နည်းတဲ့အခွင့်အရေးလားလို့။ အင်္ဂလိပ်စာစိတ်ဝင်စားရင် အဲဒီဆိုက်လေးကို သွားကြည့်လိုက်နော်။ ဗမာတွေအတွက်ကတော့ တော်တော်အဆင်ပြေမယ်ထင်တယ်။ အခုက အင်္ဂလိပ်နှုတ်ဆက်ပုံလေးနဲ့ ကျေးဇူးတင်စကားပြောကြားပုံလေးတွေကို သင်ကြားထားတဲ့ နမူနာဗွီဒီယိုဖိုင်လေးတွေကို တင်ပေးလိုက်ပါတယ်။

Template by : kendhin x-template.blogspot.com