Tuesday, August 9, 2011

အင်္ဂလိပ်ဝါကျစီကုံးဖွဲ့နွှဲ့ခြင်း(ဦးမြကြိုင်)

BASIC SENTENCES  (5)


1.Subject + verb    (s+v)
2.Subject  + verb +complement  (s+v+c)
3.Subject  +verb  + object  (s+v+o)
4.Subject + verb + Indirect object / Direct  (s+v+I.O+D.O)
5.Subject  +verb  +object +complement   (s+v+o+c)


AND THEN / AFTER THAT
He washed the car and then/after that (he) polished it.
ကားကို သူရေဆေးပြီး အရောင်တင်သည်။

BUT / YET
He washed the car but /yet didn’t polish it.
ကားကိုရေဆေးသည်။သို့သော် အရောင်မတင်ပါ။

NOR
He is not a teacher, nor am I.
       သူကျောင်းဆရာမဟုတ်ပါ။ ကျတော်လည်း မဟုတ်ပါ။
OR
         It wasn’t cold or wet.
အဲဒါမအေးပါ။ သို့မဟုတ် မစိုပါ။
                                                                                                                               

PHRASES

 Phrase သည် မြန်မာလိုစကားစုသာ ဖြစ်ပါသည်။ Phrase (3) မျိုးရှိပါသည်။

1.Noun Phrase
2.Adjective Phrase
3.Adverb Phrase

NOUN PHRASE

Noun Phrase သည် ၀ါကျ၏ ကတ္တား(s)၊ ကံ (o)၊ အဖြည့်ခံပုဒ် (c) ၊နေရာတွင် ရှိနေတတ်သည်။ S နေရာတွင် “သည်”  O နေ၇ာတွင် “ကို ၊ c နေ၇ာတွင် “ သည်” တို့ဖြင့် အနက်ပေးရသည်။   

S နေ၇ာတွင်၇ှိသော  N Phrase
ဥပမာ……
The girl
The pretty girl                                                    is my sister.
The pretty girl in the corner
The pretty girl who is standing in the corner.

အထက်ပါဝါကျများတွင် (S) နေရာတွင်ရှိနေသော စကားစုများဖြစ်သောကြောင့် သည်- ဟု အနက်ပေးရသည်။
မိန်ကလေးသည်
လှပသော မိန်းကလေးသည်            ကျွန်ုပ်၏ညီမ ဖြစ်သည်။
အခန်းထောင့်တွင်ရှိသော လှပသောမိန်းကလေးသည်
အခန်းထောင့်တွင် ရပ်နေသော လှပသောမိန်းကလေးသည်။

Noun Phrase ထဲတွင် pretty (adj) in the corner (propostional phrase တစ်နည်းအားဖြင့် adj (သို့) adv phrase) who is standing (adj clause) တို့ ရောနှောပါဝင်သည်ကို သတိထားမိပါလိမ့်မည်။
.
Who, what,how, whether စသည့်  wh စကားများဖြင့် ရှိနေသော Noun Phrase
I don’t know who to go to for advice.
အကြံဥာဏ်ရဖို့ ဘယ်သူ့ဆီသွားရမည်ဆိုတာ ငါမသိ။
ဤ၀ါကျ၌ know ၏ ကံပုဒ်သည် who to go to for advice ဖြစ်သည်။ ကံပုဒ်နေရာတွင် Noun သာရှိနိုင်သည်။ ထိုစကားစုသည် Noun အလုပ်ကိုလုပ်သောကြောင့် Noun Phrase ဖြစ်သည်။
She couldn’t think what to do next.                                                                                                                 
နောက် ဘာဆက်လုပ်ရမည်ကို သူ မစဉ်းစားနိုင်ပါ။
I will ask how to get there.
ထိုနေရာကို ဘယ်လိုရောက်နိုင်မည်ဆိုတာကို ငါမေးရမည်။
    Phrase ပါသောဝါကျတွင် Phrase ကစ၍ အနက်ပေးရသည်ကို သတိပြုည်ရမည်။
    အလားတူပင်

Have you decided where to go for your holiday.
You must learn when to give advice and when to be silent.
*(မှတ်ချက်။  Phrase ၂ခု ၃ခုပါလာလျှင် နောက်ဆုံး Phrase မှစ၍ အနက်ပေး)
How to do it is my problem.
အဲဒါကို ဘယ်လိုလုပ်ရမည်ဆိုသည် ငါ့ပြဿနာပါ။


Adjective Phrase

Noun ၏နောက်နဲ့ complement နေရာတွင် တွေ့နိုင်သည့် Noun ၏နောက်တွင် ရှိခြင်းမှာ Noun ကိုအထူးပြုရန်ဖြစ်ပြီး c နေရာတွင် ရှိခြင်းမှာ ထိုနေရာတွင် noun  မရှိသော်လည်း အသံကြောင့်နဲ့ အဓိပ္ပါယ်ကြောင့် တစ်လုံးချင်း adj ကို adj phrase ပြောင်းရခြင်းဖြစ်သည်။  C နေ၇ာတွင်ရှိသော adj phrase
My mother is healthy.(adj)
My mother is in good health.(adj phrase)
It is important. (adj)
It is of vital importance. (adj phrase)


Adverb Phrase

ကြိယာ၏ အရှေ့နဲ့ အနောက် ၀ါကျ ၏ အရှေ့ဆုံးနဲ့ အနောက်ဆုံးနေရာ၊ နာမ၀ိသေသန၏ အနောက်နေရာတွင် ရှိနိုင်သည်။ ကြိယာဝိသေသနအလုပ်ကို လုပ်သည်။ adv phrase သည် အမျိုးမျိုးရှိနေသဖြင့် ၄င်း၏ဆောင်ရွက်ပုံကိုကြည့်၍ အနက်ကောက်ရသည်။
ပုံသဏ္ဍာန်မှာ Preposition နှင့် Noun ပေါင်းစပ်သောပုံစံနှင့် preposition နှင့် verb ပေါင်းစပ်သောပုံစံတို့ ရှိနေသည်။

Adv Phrase အမျိုးအစားများ

Direction        - လားရာပြပုဒ်စု   (D)
Manner        - အမုအရာပြပုဒ်စု (M)
Place        - နေရာပြပုဒ်စု    (P)
Time        - အချိန်ပြပုဒ်စု   (T)
Reason (or)    - အကြောင်းပြချက် သို့မဟုတ်
Perpore               ရည်ရွယ်ချက်ပြပုဒ်စု  (R or P)
ဥပမာ……………
    He went up to the counter.(D)
    ကောင်တာဆီသို့ သွားခဲ့သည်။
    They play in happiness.(M)
    ပျော်ရွှင်စွာ သူတို့ ကစားကြသည်။
    It is warm in the house.(P)
    အိမ်ထဲမှာ နွေးသည်။
    He gets up at six o’ clock. (T)
    6 နာရီမှာ သူ အိပ်ရာက ထသည်။
    He lives to work. (R or P)
    အလုပ်လုပ်ဖို့/ ရန် သူအသက်ရှင်နေသည်။

    Simple sentence တွင် adv phrase တွင် adv phrase က စတင်အနက်ကောက်ရသည်။ adv phrase ရှိနေပါက နောက်ဆုံး adv phrase  မှစတင်၍ အနက်ကောက်ရသည်။  ဥကမာ 
    He goes to school on foot in Sanchaung in the morning to study his lesson.
                         D            M           P                           T                           R or P
    သူ၏ သင်ခန်းစာများကိုလေ့လာရန် နံနက်တွင် စမ်းချောင်းမှ ခြေကျင် ကျောင်းသို့သွားသည်။
 

***(မှတ်ချက်)

၁.  D,M ,P, T, R or P အစီအစဉ်ကိုမှတ်သား၍ အနောက်မှစ အနက်ပေး။

၂.  Adj ph နဲ့ Adv ph များ ရောနှောပါနေပါက နောက်ဆုံးကသာ စ၍ အနက်ပေးပါ။   
ဥပမာ…..  He goes to school in Sanchanung.
              Adv Phrase               Adj Phrase

ဤ၀ါကျ၌ in Sanchanung သည် ၄င်းရှေ့ရှိ school (n) ကို အထူးပြုသဖြင့် Adj Phrase ဖြစ်ပြီး (သော) ဖြင့် အနက်ကောက်သဖြင့် စမ်းချောင်းတွင်ရှိသော ကျောင်းသို့သူသွားသည် ဟူ၍ ကောက်ရသည်။

NOTE*** To + v သည် Noun Phrase နှင့် Adv Phrase လို အလုပ်လုပ်နိုင်သည်။အဓိပ္ပါယ်ကွဲပါသည်။
 Noun Phrase ဖြစ်လျှင် ခြင်း   နှင့်ကောက်။   Adv Phrase  ဖြစ်လျှင်  ရန်/ ဖို့ရန်  ကောက်။
ဥပမာ…..  My aim was to help you.( N Phrase)
ခင်ဗျားကို ကူညီခြင်းသည် ကျတော့ ရည်ရွယ်ချက် ဖြစ်သည်။
He goes to shool to study lessons. (Adv Phrase)
သင်ခန်းစာလေ့လာရန် သူ ကျောင်းသွားသည်။
ဒုတိယ၀ါကျတွင် အကြောင်းပြချက်ဖြစ်၍ Adv Phrase  ဖြစ်ပြီး ပထမ၀ါကျတွင် ကြီယာ၏အဖြည့်ခံပုဒ် သို့မဟုတ် ကံပုဒ် (o) ဖြစ်သည်။
ဥပမာ…I like to read.         စာဖတ်ခြင်းကို ငါ နှစ်သက်သည်။
ဤ၀ါကျတွင် to read သည် like ၏ ကံပုဒ် (O) ဖြစ်သဖြင့် N Phrase ဖြစ်သည်။
အခြားဥပမာများ  Is it easy for a rich window to find a handsome husband?( Adv P)
ယောက်ျားချောရှာဖွေဖို့ရန် ချမ်းသာသောမုဆိုးမအဖို့ လွယ်သလား။
It was hard for him to live on his small pension.
ပင်စင်လစာအနည်းငယ်နဲ့ အသက်မွေးဖို့ရန် သူ့အတွက် ခက်ခဲသည်။


CLAUSE
ဝါကျ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကတ္တား ကြိယာတို့ပါဝင်သော်လည်း အဓိပ္ပါယ်မပြည့်စုံသော စကားစုကို Clause ဟုခေါ်သည်။ အမျိုးအစား သုံးမျိုးရှိသည်။
1.Noun Clause
2.Adj Clause
3.Adv Clause

Noun Clause
Who, that, how, what, when, where စသည့်ကဲ့သို့သော စကားဆက်တစ်ခု ၀ါကျ၏ထိပ်တွင်ရှိသည်။ Noun  ၏နေရာဖြစ်သော ကတ္တား ၊ ကံ ၊ အဖြည့်ခံပုဒ် (c) ၊နေရာနှင့် Adj နောက်တွင်ရှိသည်။  သည် ကို ဆိုတာ ဆိုတာကို တာ စသည်တို့နှင့် အနက်ကောက်နိုင်သည်။

ဥပမာ…

That the match will be cancelled is now certain.
ပြိုင်ပွဲပယ်ဖျက်မည်ဆိုတာ အခုသေချာပြီ။

အထက်ပါဝါကျတွင် Noun Clause သည် ကတ္တားနေရာတွင် ရှိသည်။
I know that the match will be cencelled.
ပြိုင်ပွဲပယ်ဖျက်မယ်ဆိုတာ ငါသိတယ်။
  
အထက်ဝါကျတွင် that ပါသော Clause ၏ရှေ့တွင် ကံလိုသောကြိယာ (V.T) know ရှိသည်။ that clause သည် ကံပုဒ် O နေ၇ာတွင်ရှိသည်။ သို့ဖြစ်၍ that clause သည် Noun Clause ဖြစ်သည်။

မှတ်ချက်*** တစ်ခါတစ်ရံ that what တို့ကို မြုပ်ထားတတ်သည်။
ဥပမာ…I know the match will be cencelled. ပြိုင်ပွဲပယ်ဖျက်မယ်ဆိုတာ ငါသိတယ်။
I know သည် ၀ါကျတစ်ခု၊
         the match will be cencelled သည် ၀ါကျတစ်ခု
        ဘာမှအဆက်အစပ်မထားလျှင် မြုပ်ထားကြောင်းသိပါ။

        It is obvious that money does not grow on tree.
        ငွေဟာ သစ်ပင်က သီးလာတာမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။

       အထက်ပါဝါကျတွင် ရှင်းနေတာပဲ (It is obvious) ဆိုရုံနဲ့ ၀ါကျဖြစ်သော်လည်း ဘာရှင်းထားမှန်းမသိ၍ အဓိပ္ပါယ်မပြည့်စုံ။ သို့ဖြစ်၍ ပြည့်စုံကြရန် အဖြည့်ပုဒ် (c) ဖြစ်သော that clause ပါရမည်။

      I am afraid that we’ ve sold out of tickets.
      လက်မှတ်တွေ ငါတို့ရောင်းကုန်ပါ့မလားဆိုတာ စိုးရိမ်တယ်။

    ခံစားမှု adj ဖြစ်သော afraid, glad, happy, pleased, sorry တို့နောက်မှာ Noun Clause များရှိနိုင်သည်။

   မှတ်ချက်***စကားဆက်ကဲ့သို့ အလုပ်လုပ်သော prepositional phrases များနောက်တွင် the fact that နဲ့စသော Noun Clause များလိုက်နိုင်သည်။
     ဥပမာ…..His love of literature was due to the fact that his mother read poetry to him when he was a child.
   သူငယ်ငယ်တုန်းက  သူ့အမေက ကဗျာတွေဖတ်ပြသည့်အကြောင်းကြောင့် သူ စာပေကို မြတ်နိုးတတ်ခြင်းဖြစ်သည်။


           စကားဆက်အဖြစ်သုံးသော ၀ိဘတ်စကားစု  prepositional phrase အချို့မှာ……
  
          Accordind to         အလိုအရ
          Along with             အတူတကွ
          Apart from            ဒါ့အပြင်
          As a result of         အကြောင်းကြောင့်
          By means of          ဤနည်းအားဖြင့်
         In addition to          ထပ်လောင်းပြောရလျှင်
        An account of          အကြောင်းကြောင့်
        Oh behalf  of           ကိုယ်စားပြု၍
        With reference         ရည်ညွှန်းလျက်



 အခြား Noun  Clause နမူနာများ

      Whether he has signed the contract doesn’t matter.        (s) whether စကားဆက် (လား…မလား)
    စာချုပ်မှာ သူလက်မှတ်ထိုးပြီးပြီလား၊ မထိုးပြီးပြီလားဆိုတာ အရေးမကြီးပါ/ ပြဿနာ မဟုတ်ပါ။

   I want to know whether /if he has signed the contract.
  စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား၊ မထိုးရသေးဘူးလားဆိုတာကို ငါသိချင်တယ်။

  When he did it is a mystery.    (s)
  ဘယ်အချိန်မှာ အဲဒါကို သူ လုပ်ခဲ့မယ်ဆိုတာ သိဖို့ ခက်ခဲမယ့်ကိစ္စဖြစ်တယ်။

He said that  he was a student.(S)
သူ ကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာ သူ ပြောတယ်။

I wonder when he did it.  
   အဲဒါကို သူ ဘယ်အချိန်လုပ်မယ်ဆိုတာ   ငါ  သိချင်တယ်။

I  know who you are.   (O)  
     မင်း ဘယ်သူဆိုတာ  ငါ သိတယ်။

When he comes depend on your decision.(S)
ဘယ်တော့ သူလာရမယ်ဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တယ်။

I don’t know where he lives.(o) 
 သူဘယ်မှာနေလဲဆိုတာ ငါမသိဘူး။

Let me know how he comes back.
ဘယ်လိုပြန်လာမလဲဆိုတာ ငါသိပါရစေ။


NOTE
Direct, Indirect, speech တွင် အသုံးပြုသည့် verb များဖြစ်သော ask, tell, say, wonder တို့၏နောက်တွင် Noun Clause လိုက်သည်။
I don’t know what to do.
                    (  Noun Phrase)
ဘာလုပ်မယ်ဆိုတာ ငါ မသိ။
I don’t know what he is.(Noun Clause)
  သူ ဘယ်သူလဲဆိုတာ ငါ မသိ။

မှတ်ချက်*       clause တွင် ကတ္တားပါပြီး      phrase တွင် ကတ္တားမပါသည်ကိုသတိပြုပါ။

Adjective Clause

      Who, that, which, whose ကဲ့သို့သော  relative စကားဆက် Conjuction များကို ရှေ့မှာထားသည်။ နာမ၀ိသေသန Adj ကဲ့သို့အလုပ်လုပ်သည်။ ‘သော’ ဖြင့် အနက်ကောက်ရသည်။ များသောအားဖြင့် Noun ၏ နောက်တွင် ရှိသည်။

     The government which promises to cut taxes will be popular.
     အခွန်လျှော့ချရန် ကတိပြုသော အစိုးရ လူကြိုက်များလိမ့်မည်။

     ဤတွင်  the government (N)ကို Adj ကဲ့သို့အထူးပြုသော Clause ဖြစ်၍ Adj Clause ဖြစ်သည်။
     He is the man who/that lives next door.(n)
ကပ်လျက်အခန်းမှာ နေသောလူသည် သူ ဖြစ်သည်။

     This is the photo which/that shows my house.(n)
     ကျွန်ုပ်၏ အိမ်ကိုပြသော ဓာတ်ပုံသည် ဒါဖြစ်သည်။

     He is the man whose car was stolen.(n) 
ကားအခိုးခံရသော    လူသည် သူဖြစ်သည်။

     The doctor examined the astronauts who returned from space today.
     ယနေ့ အာကာသမှ ပြန်လားသော လေသူရဲကို ဆရာဝန်က စစ်ဆေးသည်။

     This is the house where the windows were broken.
     မှန်တွေကွဲသွားသော အိမ်သည် ဤဟာ ဖြစ်သည်။

     တစ်ခါတစ်ရံ whose နေရာတွင် of which ကို သုံးသည်။ သော ဖြင့်သာ အနက်ကောက်သည်။

     It was an agreement the details of which could not be altered.
    အပြောင်းအလဲ လုပ်၍မရသော စာချုပ်အသေးစိပ်သည် ဒါပဲ ဖြစ်သည်။

     The millionaire whose son ran away from home a week ago has made a public appeal.
    လွန်ခဲ့သော တပတ်လောက်က သူ့သား အိမ်မှထွက်ပြေးသွားခြင်းခံရသော သန်းကြွယ်သူဌေးက ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။


NOTE***

စကားဆက်ရှေ့ကNoun သည် စကားဆက်၏နောက်က verb ဖြင့် ပြန်ချိန်ကြည့်သောအခါ
ကံပုဒ် O ဖြစ်နေလျှင် စကားဆက်ကို ဖြုတ်ထားနိုင်သည်။ သော ဖြင့် အနက်ကောက်ရသည်။
   ဥပမာ…This is the photo that/which I took.  
ငါရိုက်သောဓာတ်ပုံသည် ဤဟာဖြစ်သည်။

   ဤ၀ါကျ၌ စကားဆက်ဖြစ်သော that/which ၏ရှေ့တွင် ရှိသော the photo (n) သည် စကားဆက်၏နောက်ရှိ  took (v) ၏ကံပုဒ် O ဖြစ်သဖြင့် စကားဆက်ကိုဖြုတ်ပြီး ဤသို့ရေးနိုင်သည်။
   This s the photo I took.
   The photo နှင့် I  အကြား that/which မြုပ်ထားသည်ကိုမမေ့ပါနှင့်။

   This the cat that/which I photographed.
   ငါဓာတ်ပုံရိုက်သောကြောင်သည် ဒါပဲဖြစ်ပါသည်။

   Adj Clause များတွင် preposition များလည်း တွဲပါနိုင်သည်။ ‘သော’ ဖြင့်ပင် အနက်ကောက်မည်။
   ဥပမာ…The person to whom I complainted is the manager.
   ကျွန်တော် မကျေနပ်ကြောင်းသွားပြောသော ပုဂ္ဂိုလ်သည် မန်နေဂျာဖြစ်သည်။

   This is the pan in which I boiled the milk. 
   ကျွန်တော် နို့ကျိုသောအိုးသည် ဤဟာပဲဖြစ်သည်။

   The agency from which we bought our tickets is bankrupt.
   ကျွန်တော်တို့လက်မှတ်ဝယ်သော ကိုယ်စားလှယ်ဌာနသည် မွဲသွားပြီ။
   The Aung Travel Agency, with which our company has been dealing for several years, has









(အင်္ဂလိပ်စာအခက်အခဲရှိသည့် သူငယ်ချင်းများအတွက် ရည်ရွယ်သည်။ စာရိုက်ပေးသည် ကိုဇော(မြိတ်)အား
ကျေးဇူးအထူးတင်ပါသည်။ ဆက်လက်တင်ပေးပါမည်။)


       

Sunday, August 7, 2011

လင်္ကာကျွန်းမှ မြင့်မိုရ်တောင်

သက်တန်းရှည်ကြာပြီဖြစ်တဲ့ လင်္ကာကျွန်းလေးဟာ တောတောင်ထူထပ်ပြီး သဘာဝရှုခင်းတွေ ပေါများတဲ့ နေချင်စဖွယ် ကျွန်းနိုင်ငံလေး တစ်ခု ပါ။ နှစ်ပေါင်းနှစ်ထောင်ကျော်က ကျောင်းတော်ရာများ၊ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထား ရာဖြစ်သော စေတီရုပ်ပွားဆင်းတုတော်များ၊ ဘီစီသုံးရာစုက စိုက်ပျိုးခဲ့သည့် မဟာဗောဓိပင်တို့တည်ရှိရာ ကျွန်းလေးတစ်ကျွန်းဖြစ်ပါသည်။ ယခု လင်္ကာကျွန်း၏ အလှတစ်ခုဖြစ်သော “ စရီပါဒ ( စေတီပါဒ ) ” တောင်တန်းကြီးရဲ့ အလှကို ဦးဆုံး ခံစားကြည့်ကြပါစို့။

မြို့တော်ကိုလံဘိုမှ စရီပါဒ ( စေတီပါဒ ) တောင်သို့ အတိုဆုံး အလွယ်ဆုံးလမ်းမှသွားလျှင် ကီလိုမီတာ ( ၁၅၀ ) သာဝေးပါသည်။ ဒါမှမဟုတ် မြန်မာနိုင်ငံရှိ ပြင်ဦးလွင်နှင့် ရာသီဥတု၊ သမိုင်းနောက်ခံတူသော နုဝရေလိယ ( Nuware Eliya ) မြို့မှ တဆင့်သွားမည်ဆိုလျှင် ကီလိုမီတာ ( ၁၈၀ ) ဝေးပါသည်။ စရီပါဒ ( စေတီပါဒ ) တောင်တန်းကြီးအကြောင်း မတင်ပြသေးမီ နုဝရေလိယမြို့အကြောင်း ခဏဆက်လိုက်ပါဦးမည်။ ထို နုဝရေလိယမြို့ဆိုသည်မှာ ကိုလိုနီခေတ်က အင်္ဂလိပ်တို့ သဘောကျနှစ်ခြိုက်ခဲ့သည့် တောင်ပေါ်အပန်းဖြေမြို့လေးတစ်မြို့ဖြစ်ခဲ့၏။ ဂေါက်ကွင်းများ၊ မြင်းပြိုင်ကွင်းများ၊ အင်္ဂလိပ်တို့၏ ပုံဟန်အတိုင်း ဆောက်လုပ်ထားသည့် အိမ်များ၊ ရုံးများဖြင့် အင်္ဂလန်နိုင်ငံမှ ရွာလေးတစ်ရွာနှင့် တူအောင် ပုံသွင်းခဲ့သည်ဟု ဆိုပါသည်။ ဤမြို့ကလေး၌ နိုင်ငံခြားသား အတော်များများ လာရောက် အခြေချနေထိုင်ကြကြောင်း သိရ၏။ နုဝရေလိယမြို့သည် သဘာဝအလှဖြင့် နာမည်ကျော်ရုံမျှ မဟုတ်သေးပဲ စီးပွားဖြစ် လက်ဖက်စိုက်ခင်းများဖြင့် နာမည်ကျော်သော မြို့တစ်မြို့ဖြစ်နေပါသေးသည်။











လက်ဖက်ခင်း၊ဂေါက်ကွင်း၊အဆောက်အဦး၊သဘာဝအလှများဖြင့် လှချင်တိုင်းလှနေသော နုဝရေလိယ




ထို နုဝရေလိယမှ တဆင့် တောတောင်ချိုင့်ဝှမ်းများကို ဖြတ်ကျော်ကာ သွားသည့်ခရီးလမ်းတွင်တော့ စရီပါဒ ( စေတီပါဒ ) တောင်တန်းကြီးကို ပေါ်လိုက် ပြောက်လိုက်ဖြင့် တွေ့နေရပါမည်။ ၃ နာရီကျော်ကျော်လောက် သွားမိလျှင် စရီပါဒ ( စေတီပါဒ ) တောင်တန်းကြီးနားရောက်ခါနီးတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရာ ဆည်ကြီးနှင့် ထင်ရှူးတောတန်းတို့ကာ မြူခိုးတွေ ဝေစွာဖြင့်တွေ့နိုင်ပါ၏။ ထိုသို့ရေအားလျှပ်စစ် ထုတ်လုပ်မှုမှ ထွက်ပေါ်လာသောရေသည် တစ်ကျွန်းလုံးအတွက် သောက်သုံးရေအဖြစ်လည်း ဆက်လက်ရပ်တည်နေမည်မှာ မလွဲပါပေ။ ပင်လယ်သမုဒ္ဒရာတို့ ပတ်လည်ဝိုင်းနေသော ကျွန်းနိုင်ငံတစ်ခုတွင် ရေချိုအတွက် တောင်ကျရေကို အားကိုးအားထားပြုနေသော နေရာတစ်ခုဖြစ်ကြောင်း သတိထားမိလိုက်ပါသေးသည်။ ထိုထင်းရှူးတော့တန်းကြီးကို လွန်သောအခါ သဘာဝအလှတို့ စုဝေနေသော စရိပါဒတောင်ကြီးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရပါတော့သည်။

ထို နုဝရေလိယမှ တဆင့် တောတောင်ချိုင့်ဝှမ်းများကို ဖြတ်ကျော်ကာ သွားသည့်ခရီးလမ်းတွင်တော့ စရီပါဒ ( စေတီပါဒ ) တောင်တန်းကြီးကို ပေါ်လိုက် ပြောက်လိုက်ဖြင့် တွေ့နေရပါမည်။ ၃ နာရီကျော်ကျော်လောက် သွားမိလျှင် စရီပါဒ ( စေတီပါဒ ) တောင်တန်းကြီးနားရောက်ခါနီးတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရာ ဆည်ကြီးနှင့် ထင်ရှူးတောတန်းတို့ကာ မြူခိုးတွေ ဝေစွာဖြင့်တွေ့နိုင်ပါ၏။ ထိုသို့ရေအားလျှပ်စစ် ထုတ်လုပ်မှုမှ ထွက်ပေါ်လာသောရေသည် တစ်ကျွန်းလုံးအတွက် သောက်သုံးရေအဖြစ်လည်း ဆက်လက်ရပ်တည်နေမည်မှာ မလွဲပါပေ။ ပင်လယ်သမုဒ္ဒရာတို့ ပတ်လည်ဝိုင်းနေသော ကျွန်းနိုင်ငံတစ်ခုတွင် ရေချိုအတွက် တောင်ကျရေကို အားကိုးအားထားပြုနေသော နေရာတစ်ခုဖြစ်ကြောင်း သတိထားမိလိုက်ပါသေးသည်။ ထိုထင်းရှူးတော့တန်းကြီးကို လွန်သောအခါ သဘာဝအလှတို့ စုဝေနေသော စရိပါဒတောင်ကြီးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရပါတော့သည်။


လင်္ကာကျွန်းမှ မြင့်မိုရ်တောင်


စရီပါဒတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ( ၇၃၆၀ ) ရှိပြီး သီရိလင်္ကာနိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးတောင်တစ်တောင်ပါ။ ဤတောင်ကြီးရဲ ထူးခြားချက်ကတော့ ဘာသာကြီးလေးရပ်လုံး သူ့နည်းသူ့ဟန်နဲ့ တလေးတစား တန်ဖိုးထားကြတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တို့က တောင်ထွဋ်ပေါ်မှာရှိတဲ့ ခြေတော်ရာကို မြတ်စွာဘုရားရှင်ရဲ့ ဝဲဘက်ခြေတော်ရာဟု ယုံကြည်ပြီး ဦးခိုက်ကြပါတယ်။ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးတွေက ဤခြေရာကို ဟိန္ဒူနတ်ဘုရား “ ရှိဝ ” ရဲ့ခြေတော်ရာပါတဲ့။ ခရစ်ယာန်ဘာသာဝင်ပေါ်တူဂီတွေကတော့ ခရစ်ယာန်သူတော်စင် “ စိန့်သောမက်စ် ” ရဲ့ ခြေရာလို့ ဆိုပြန်ပါရော။ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အဆိုအရ ဤစရီပါဒတောင်ပေါ်ကနေဆိုရင် ကောင်းကင်ဘုံသို့ မိုင် ၄၀ သာဝေးကွာတော့သည်ဟု ထပ်ပြီးယုံကြည်ကြပြန်ပါတယ်။ တဖန် မွတ်စလင်ဘာသာဝင်တို့ကမူ ထိုတောင်ပေါ်တွင် ရှိသော ခြေရာသည် အေဒင်ဥယျာဉ်မှ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပြင်ပေါ် ပထမဆုံးခြေချခဲ့သည့် “ အာဒမ် ” ၏ ခြေရာဖြစ်ကြောင်း ဆိုကြသည်။
ဝိုင်းဝန်းဝန်းပုံသဏ္ဍာန်ဖြင့် ဖူးတွေ့ရသော ခြေတော်ရာ

ဘုရားဖူးရာသီ
စရီပါဒ ဘုရားဖူးရာသီမှာ ဒီဇင်ဘာလလယ်ခန့်မှစ၍ မေလအလယ်ခန့်တွင် ဆုံးပါသည်။ ထိုဘုရားဖူးရာသီတွင် လင်္ကာကျွန်းမှ ပြည်သူပြည်သားများသာမက ကမ္ဘာလှည့်များလည်း လာရောက်ကြသည်ကို တွေ့နိုင်ပါသည်။ ထိုဘုရားဖူးရာသီသို့ ရောက်လာလျှင် ခန့်မှန်းခြေအားဖြင့် တစ်လကို နှစ်သိန်းငါးသောင်းခန့်ရှိပြီး တောင်ထိပ်ရှိ အဆောက်အဦးများတွင် အမြဲလူပြည့်လျှက်ရှိနေတတ်သည်။ မြန်မာပြည်ရှိ ကျိုက်ထီးရိုးဘုရားဖူးခရီးနှင့် အလားတူပင်ဖြစ်သည်ဟု ဆိုရမည်။ ဤဘုရားဖူးရာသီအတွင်း တောင်ပေါ်တက်ရာ လမ်းတစ်လျှောက် လျှပ်စစ်မီးများ ထွန်းပေးထားပါသည်။ အဝေးကကြည့်မိလျှင် အလွန်ပင်လှသော ရှုကွင်းရှုကွက် တစ်ခုဖြစ်နေသည်ကို တွေ့နိုင်ပါလိမ့်မည်။

ဘုရားဖူးရာသီ မဟုတ်သော ကျန်အချိန်အခါများတွင်လည်း စရီပါဒသို့ တက်ရောက်နိုင်ပါသည်။ သို့သော် လျှပ်စစ်မီးထွန်းပေးထားမည် မဟုတ်ပဲ လက်နှိပ်ဓာတ်မီးကိုင်ပြီး တက်ရမည်သာဖြစ်သည်။ ဘုရားဖူးရာသီမဟုတ်သော အချိန်များ၌ နေ့ခင်းပိုင်းမှ စပြီး မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသဖြင့် စရီပါဒတောင်ထိပ်မှာ တိမ်တိုက်တို့ဖြင့် မသဲမကွဲ မဲမှောင်နေလေ့ရှိသည်။ ထိုသို့သောအချိန်အခါသည် မိုးသည်းထန်စွာ ရွာတတ်သောကြောင့် ဘုရားဖူးခရီးထွက်ရန် မသင့်တော်တော့ပေ။



                                                                                                                  အရှင်မေဓာနန္ဒ (သီရိလင်္ကာ)
                                                                                                                        မှ စုစည်းတင်ပြသည်။

သြ၀ါဒကထာ









သီလ၊ သမာဓိ၊ ပညာ

ရာဂပါးမှ တရားမြင်သည်။
ဒေါသပါးမှ သနားကြင်သည်
မောဟပါးမှ အမှားမြင်သည်။
ထိုသုံးပါး မနားမနေနှင့်...
(က၀ိဗန္ဓနကထာ)
***************
မလွှတ်ကာမ၊ မရသတိ၊
မရှိဆရာ၊ မပါအင်အား၊
မထားလုံ့လ၊ ဤငါးဝ၊
တရားမရကြောင်းတည်း...
(က၀ိဗန္ဓနကထာ)
***************
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ...
(လယ်တီ)
***************
အို-နာ-သေ ဤသုံးဝ၊ ပူမီးကြွဖြစ်အင်။
ခန္ဓာစဉ် ဉာဏ်သက်ရောက်၊ ထွက်ပေါက်ကိုတဲ့ ပြင်ဆင်။
အစစမာန်ဝင်၊ တဏှာလျှင် မြစ်ဖျား။
ဇွဲလုံ့လ အမြန်ယှဉ်မှ၊ သံသာပြင် ဖင်မမြုပ်၊
ဆုံးချုပ်တရား...
(က၀ိဗန္ဓနကထာ)
***************
ပုဂ္ဂိုလ်တွင်မည် ခေါ်ကြသည်ကား ဖွေနည်ရင်းမြစ် ရှာ၍စစ်သော် ဖြစ်လျှင်ပျက်ငြား ခန္ဓာငါးတည်း။
တရားထင်မှု မူရင်းရှုက နှစ်ခုဧကန် ရုပ်နှင့်နာမ်တည်း ဖေါက်ပြန်တတ်လှ သင်္ခါရမို့ နိစ္စကြည်ခိုင် မြဲမတည်သည်...
ပျက်မည်မုချ ပါတကား...(လယ်တီ)
***************
ကျွန်လူ့ဘောင်၊ တရားသံဝေဆောင်လို့၊
မီးသုံးရောင် အမြန်ငြိမ်းကာပ၊
ဒုက္ခာကို၊ ဆုတ်ခွာတိမ်းလို့ရယ်၊
သိမ်းစို့ဇာတ်လမ်း...

Tuesday, August 2, 2011

ရွာအလွမ်းပြေ

Monday, August 1, 2011

ဧည့်သည်

လာတုန်းကလည်း တစ်ယောက်တည်းနော့၊

လက်တွဲခေါ်ကာ အဖော်မပါဘူး၊
 
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။

လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ခက်နွယ် နှောင်ကြိုးသွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
လိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊

ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ“ဧည့်သည်”ပါတကား။

(ကဗျာဆရာဗန်းမော်ရွေညို)
 
 

******သံဝေဂသံစဉ်*****

ငါလည်းတစ်နေ့
ဒီခရီး ကို ဒီလမ်းကနေ
ဘယ်လို ဘယ်သို့ သွားရမည်ပင်
မသိပါလား။

တစ်နေ့ တစ်ည တစ်နေ၀င်တိုင်း
သေနယ်တိုင်းသို့ တစ်ခါကူးတဲ့လမ်းခရီးကြား
မရပ်မနား ယူကာသွားမဲ့ ရိတ်ခါထုတ်တွေ
ဘယ်မှာရှာလို့ ဘယ်မှာသိမ်းမည်
မထင်တထင် မရေမရာ
ရေးရေးလေးတော့ ရှိနေသည် ။.

အဖေါ်မပါ ဒီတစ်ကိုယ်တည်း
လာလမ်းကနေ ပြန်လမ်းအထိ
တွေ့ဆုံကြုံကွဲ လွဲဖူးသူတိုင်း မေတ္တာသက်ဝင်
သနားကြင်နာ မလိုမုန်းထားကင်းရှင်းစွာနဲ့
သူလည်းငါ့လိုသေတော့မည့်သူ အာရုံသွင်းပြီး
သနားစိတ်နဲ့ ချစ်တတ်ပါသည်။

အတ္တမာန်တွေ ၀င့်ဝင့်တက်လို့
 သူလိုကိုယ်လိုသူတွေကိုလည်း
မေတ္တာ ဂရုဏာ ဥပက္ခာနဲ့ ငါဆိုတဲ့ မာန
ခ၀ါချရင်း အေးမြလှသော ချစ်ခြင်းတရား
လူသားတိုင်းကို မေတ္တာရှေ့ထား နားလည်ပေးရင်း
ချစ်တတ်ဖို့တော့ ကျင့်သားရခဲ့ပါပြီလေ။

             ( မီးမီးမယ်လ်)

Template by : kendhin x-template.blogspot.com