Tuesday, September 21, 2010

လှမ်းခဲ့ထားဝယ်မြေ

Monday, September 20, 2010

အင်္ဂလိပ်စာသင်တန်းကျောင်း

http://www.englishpage.com/

အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ

 အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ

အလင်းတန်း: ဗြိတိရှလိုင်းကားများပေါ်မှ ဘာသာရေးစစ်ပွဲ

အလင်းတန်း: ဗြိတိရှလိုင်းကားများပေါ်မှ ဘာသာရေးစစ်ပွဲ

အလင်းတန်း: အိုင်စတိုင်းရဲ့ဗုဒ္ဓဘာသာအမြင်

အလင်းတန်း: အိုင်စတိုင်းရဲ့ဗုဒ္ဓဘာသာအမြင်

သိမ်ငယ်စိတ်

သိမ်ငယ်စိတ်


Inferiority Complex ခေါ် သိမ်ငယ်စိတ်သည် လူအတော်များများမှာရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တစ်ခုဖြစ်သည်။ လူသည် သဘာဝအားဖြင့် အားငယ်တတ်သော သတ္တ၀ါတစ်မျိုးဟု ဆိုကြသည်။ ထို့ကြောင့်ပင် စိတ်သက်သာရာ ရလိုရငြား အားကိုးရာရှာသောအားဖြင့် ကိုးကွယ်ဆည်းကပ်မှုတွေကို နီးစပ်ရာပြုကြသည်။ သို့သော် ထိုသိမ်ငယ်စိတ်သည် လူသားမျိုးနွယ်စုကြီး တစ်ခုလုံးနှင့်ဆိုင်သော ပြဿနာကြီးတည်။ ဒီနေရာမှာ ကျနော် ယင်းပြဿနာကြီးကို ဆွေးနွေးမည်မဟုတ်ပါ။ ကျနော်အပါအ၀င် ကျနော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်ကြားသိနေရသော သိမ်ငယ်စိတ်ရှိသူများနှင့် ၎င်းတို့၏တုန့်ပြန်မှုများကို ကျနော်နားလည်မိသလို ခံစားမိသလို ရေးသားတင်ပြခြင်းမျှကိုသာ ပြုချင်ပါသည်။

လူသားတိုင်းမှာဟု မဆိုသာသည့်တိုင် လူတိုင်းလောက်နီးနီးမှာ ရှိတတ်သောယင်းသိမ်ငယ်စိတ်သည် အကြောင်းမဲ့သက်သက် ပေါ်လာသည်ကားမဟုတ်။ သိမ်ငယ်စိတ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်း တစ်ခုရှိသည်။ ယင်းမှာ Comparison ခေါ် နှိုင်းယှဉ်မှုပင်တည်း။ ထိုနှိုင်းယှဉ်မှုကြောင့် သိမ်ငယ်စိတ်သာမဟုတ်၊ Superiority Complex ခေါ် ဘွင်မြင့်စိတ်လဲ ဖြစ်ပေါ်တတ်သည်။ သိမ်ငယ်စိတ်၊ ဘွင်မြင့်စိတ် နှစ်မျိုးလုံးသည် နှိုင်းယှဉ်မှုကို အခြေပြု၍ ဖြစ်ပေါ်လာတတ်ကြောင်း အနောက်တိုင်းစိတ်ပညာရှင်များက ဆိုကြသည်။ ဗုဒ္ဓစာပေများ၌မူ ယင်းစိတ်မျိုးကို မာနဟုခေါ်သည်။ မာနသည် နှိုင်းယှဉ်မှုကို ပြုတတ်သော သဘောတရားတစ်မျိုးတည်း။

အမှန်အားဖြင့် လူဟူသော သတ္တ၀ါသည်၊ အထူးသဖြင့် ပုထုဇဉ်ဟုခေါ်သော သာမန်လူသား (နတ်၊ ဗြဟ္မာလည်းပါဝင်သည်) များသည် မာနကို အခြေပြုကာ ဘ၀ကို တည်ဆောက်ကြကြောင်း ပါဠိစာပေများက ဆိုသည်။ ထို့ကြောင့်မာနခေါ် နှိုင်းယှဉ်ကြောင်းတရားတစ်မျိုးသည် ပုထုဇဉ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ လူသည် နှိုင်းယှဉ်မှုတစ်စုံတစ်ရာကို ပြုသောအခါ သူကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ၊ သူ့ပတ်ဝန်းကျင်ကို သိစေ၍ဖြစ်စေ၊ မသိစေပဲဖြစ်စေ ပြုတတ်သည်။ သူကိုယ်တိုင်သိခြင်း၊ မသိခြင်း၊ သူ့ပတ်ဝန်းကျင်ကို မသိစေခြင်းတို့ကြောင့် ဖြစ်ပေါ်သောမာနသည် ပြဿနာမဖြစ်တတ်သေး။ မိမိသန္တာန်မှာ ဖြစ်ပေါ်လာသော မာနကို သူ့ပတ်ဝန်းကျင်ကို သိစေသောအခါ ပြဿနာဖြစ်တတ်ကြောင်း တွေ့ရ၊ တွေ့နိုင်သည်။

စာပေများ၌ မာနအမျိုးအစားကို အောက်ပါအတိုင်းခွဲခြားသည်။
(၁) သေယျမာန = Superiority Complex (ဘွင်မြင့်စိတ်)
(၂) သဒိသမာန = Equality Complex (တန်းတူပြုစိတ်)
(၃) ဟီနမာန = Inferiority Complex (သိမ်ငယ်စိတ်) တို့ဖြစ်သည်။

“ဇာတိ ပုည၊ ဂုဏ်မာန”ဟူသော စကားအတိုင်း လူသည် အမျိုးဇာတ်ကြီးကျယ်မှုကြောင့်ဖြစ်စေ၊ ဘုန်းတန်ခိုးအာဏာပါဝါကြီးထွားမှုကြောင့်ဖြစ်စေ၊ ရာထူးဌာန္တရနှင့် ဥစ္စာ၊ ပညာဂုဏ်တို့များပြားမှုကြောင့်ဖြစ်စေ ကိုယ့်ကိုယ်ကို ကိုယ့်အောက်နိပ်ကျသူများနှင့် နှိုင်းယှဉ်ကာ ဘွင်မြင့်စိတ်ဖြစ်ပေါ်တတ်သည်။ ထိုဘွင်မြင့်စိတ်ကြောင့် သူတပါးအပေါ်အထင်သေး၊ အမြင်သေးမှုများဖြစ်ပေါ်လာသည်။ တစ်ဘက်သားအပေါ်အထင်သေးခြင်းသည် အထက်ပါအချင်းအရာတို့ဖြင့် နှိုင်းယှဉ်မှုတစ်စုံတစ်ရာ မပြုမချင်း မဖြစ်ပေါ်တတ်သေး။ နှိုင်းယှဉ်မှုကို ပြုလိုက်သည်နှင့် တပြိုင်နက် အထင်သေးစိတ်ဖြစ်ပေါ်သည်။ ယင်းအထင်သေးစိတ်သည် မာနကို အခြေခံ၍ဖြစ်ပေါ်သော လောဘတစ်မျိုးတည်း။

အဘယ်သို့လျှင် အထင်သေးစိတ်သည် လောဘဖြစ်ရသနည်း?
သူတစ်ပါးကို အထင်သေးခြင်းသည် မိမိမှာရှိသော ဂုဏ်တစ်မျိုးမျိုးကို မှားမှားယွင်းယွင်းမြတ်နိုးတန်ဖိုးထားခြင်းဟူသော လိုချင်မှုပင်ဖြစ်သည်။ ထိုလိုချင်မှုသည် သူတစ်ပါးထက် မိမိက သာသည်ဟူသော အထင်ကိုရောက်စေရကား ယင်းထင်မြင်ချက်နှင့်အတူ အထင်သေးစိတ်လဲ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် အထင်သေးစိတ်သည် လောဘတစ်မျိုးဖြစ်ကြောင်း နားလည်အပ်သည်။ တစ်နည်းအားဖြင့်မူ အထင်သေးစိတ်သည် ဘွင်မြင့်စိတ်တစ်မျိုးပင် ဖြစ်တော့သည်။

အချို့အချို့သော ပုဂ္ဂိုလ်များသည် မိမိမှာရှိသော/မရှိသော ဂုဏ်များကို ထိုနည်းတူ ဂုဏ်ရှိသော/မရှိသောပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်မှုပြုကြသည်။ ဂုဏ်ရှိသူများသည် “ငါ့မှာလဲ ဒီဂုဏ်ရှိတယ်၊ သူ့မှာလဲ ဒီဂုဏ်ရှိတယ်၊ ဘာ ဂရုစိုက်ဖို့လိုသလဲ” ဟု၎င်း၊ ပြောပလောက်အောင် ဂုဏ်မရှိသူများကမူ ကြံကြံဖန်ဖန် “လူလူချင်းပဲ ဘာမှ ဂရုစိုက်စရာမလိုဘူး၊ သူလဲ ထမင်းစားပြီး အသက်ရှင်တယ်၊ ငါလဲထမင်းစားပြီး အသက်ရှင်တယ်”ဟု၎င်း၊ မိမိ၏ မြင့်သော/နိပ်သောအဆင့်အတန်းကို သူတစ်ပါး၏ မြင့်သော/နိပ်သောအဆင့်အတန်းနှင့် တန်းတူပြုကာ နှိုင်းယှဉ်သည်။ ယင်းနှိုင်းယှဉ်မှုသည် တစ်ဘက်သားအပေါ် အထင်သေးခြင်းကို၎င်း၊ အထင်ကြီးခြင်းကို၎င်း မဖြစ်စေသည်ကားမှန်၏။ သို့သော် ယင်းသို့သော နှိုင်းယှဉ်မှုကြောင့် အချင်းချင်းမလေးစားမှုခေါ် (အညမညအဂါရ၀) Mutual Disrespect ကို ဖြစ်ပေါ်လာစေသည်။

ဂုဏ်မရှိသူများ၊ ဂုဏ်ငယ်သူများသည်ကား ဂုဏ်ရှိသူများ၊ ဂုဏ်ကြီးသူများကို မိမိတို့မှာ ရှိသော/မရှိသော ဂုဏ်များဖြင့် နှိုင်းယှဉ်ကာ “သူက အဲဒီလို ရာထူး၊ ဂုဏ်သိက်၊ စည်းစိမ်ရှိတော့ရော ငါက ဘာဂရုစိုက်ဖို့သလဲ၊ ငါက သူ့ထမင်း တောင်းစားနေတာမှ မဟုတ်ပဲ၊ ကိုယ့်ထမင်းကိုယ်စားပြီး အသက်ရှင်နေတာ၊ ဒီလိုတော့ လာမကြောနဲ့” စသည်ဖြင့် မာန၀င်တတ်ကြသည်။ ယင်းမာနကြောင့် ထိုသူ၏သန္တာန်၌ လေးစားသင့် လေးစားထိုက်သောဂုဏ်ရှိသူများ၊ အသက်သိက္ခာကြီးသူများအပေါ် မရိုမသေပြုမှုများ၊ ဆက်ဆံမှုများ ဖြစ်ပေါ်လာရတော့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသန္တာန်မှာ ဖြစ်ပေါ်လာသော မာနသည် နိပ်ကျနေသော မိမိ၏အခြေအနေကို မှားယွင်းစွာသုံးသပ်ခြင်းကြောင့် ဟီနမာနဖြစ်ပေါ်ရသတည်း။

လူတစ်ယောက်၏ သန္တာန်၌ ဟီနမာနဖြစ်ပေါ်လာရုံနှင့် သိမ်ငယ်စိတ်ကား မဖြစ်ပေါ်တတ်သေး။ သိပ်ငယ်စိတ်သည် အထင်သေးမှု၏ ဆန့်ကျင်ဘက်ဖြစ်သော စိတ်တစ်မျိုးဖြစ်သည်။ မိမိ၏ အားနည်းချက်၊ သူတစ်ပါး၏ အားသာချက်များကို ပြိုင်တူနှိုင်းယှဉ်မိရာမှ ပေါ်လာတတ်သည်။ လူသည် ယင်းသိမ်ငယ်စိတ်ကို အကြောင်းပြုပြီး အချင်းချင်းမလေးစားမှုများနှင့် အသက်ဂုဏ်ဝါကြီးသူများကို မလေးစားမှုများကိုကား တိုက်ရိုက်အားဖြင့် ပြုလုပ်လေ့မရှိ။ မသိမသာ သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေခြင်းမျိုးသာတည်း။ ယင်းသိမ်ငယ်စိတ်သည် လောဘ+ဒေါသရောနှောပါဝင်နေသော စိတ်ဖြစ်သည်။ မိမိ၏အားနည်းချက်အပေါ်မကျေမနပ်ဖြစ်သောအခါ ဒေါသဖြစ်၍ သူများမှာရှိသောဂုဏ်တစ်မျိုးမျိုးကို “ငါ့မှာလဲ သူ့လိုဂုဏ်ရှိရင် ကောင်းမှာပဲ”ဟု တောင်းတမိသောအခါ လောဘဖြစ်သည်။

အမှန်အားဖြင့် သိမ်ငယ်စိတ်ဟူသည် မိမိမှာမရှိသော ဂုဏ်တစ်ခုခုကို တောင်းတပြီး မိမိ၏အားနည်းချက်ကို မုန်းတီးနေခြင်းမျိုးသာတည်း။ သို့သော် သူတစ်ပါးက သူမုန်းတီးနေသော၊ သူမလိုလားပဲ သူ့မှာရှိနေသော အားနည်းချက်တစ်ခုခုကို ဖေါ်၍ဖြစ်စေ၊ ထိပါး၍ဖြစ်စေ ကိုယ်အမူအယာဖြင့်သော်၎င်း၊ နှုတ်အမူအယာဖြင့်သော်၎င်း ပြုမိ၊ ပြောမိသောအခါ သိမ်ငယ်စိတ်သည် ဒေါသအဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားတတ်သည်။

ယင်းသို့ သိမ်ငယ်စိတ်သည် ဒေါသစိတ်အဖြစ်သို့ပြောင်းလဲ သွားသောအခါ ဟီနမာနခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုတစ်မျိုးသည် ချက်ချင်းကပ်ပါလာတတ်ပြီး “န ဟိ ဒုဋ္ဌော ကိဥ္စိ ဂရုံ ကရောတိ=ဒေါသထွက်နေသူသည် အဘယ်အရာကိုမှ ဂရုမစိုက်” ဟူသောစကားအတိုင်း သင့်၏/မသင့်၏ နှိုင်းချိန် စဉ်းစားမှုမပြုနိုင်တော့ပဲ မိမိစိတ်ထဲပေါ်လာရာကို ပြောဆို၊ ပြုမူမိတတ်သည်။ ဒေါသနှင့်တုန့်ပြန်သောကြောင့် မှန်သည်ဟူ၍ကားမရှိ။ ကောင်းကျိုးတစ်စုံတစ်ခုကိုလဲ မဖြစ်ပေါ်စေ။ မိတ်ပျက်ခြင်း-စသော မကောင်းကျိုးတစ်မျိုးမျိုးကိုသာ ဖြစ်ပေါ်စေတတ်သည်။ ထို့ကြောင့် မိမိသန္တာန်မှာ သိမ်ငယ်စိတ် အတတ်နိုင်ဆုံးမရှိအောင် ကြိုးစားသင့်သည်။

ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေသော သိမ်ငယ်စိတ်ခေါ် အောက်တမ်းစားနှိုင်းယှဉ်မှုကို ဖယ်ရှားလိုပါလျှင် အရေးကြီးဆုံး မွေးမြူရမည့် စိတ်ထားတစ်မျိုးမှာ “ယောနိသောမနသီကာရ” ခေါ် နှလုံးသွင်းကောင်းအောင်ထားခြင်းပင်တည်း။ ထို့နောက် ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ဂုဏ်ကို အခြားမည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်မိစေဖို့ အရေးကြီးသည်။ မိမိပတ်ဝန်းကျင်တွင် မည်သည့်အခြေအနေမျိုးနှင့်ပင် တွေ့ကြုံဆုံစည်းရစေကာမူ သင့်အောင်တော်အောင် နှလုံးသွင်းပြီး တစ်နည်းအားဖြင့် အကောင်းဘက်က ကြည့်ရှုပြီး ယင်းအခြေအနေနှင့် ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါက သိမ်ငယ်စိတ်မဖြစ်ပေါ်ရုံမျှမက ဖြစ်ပေါ်နေပြီးဖြစ်သော သိမ်ငယ်စိတ်သည်လည်း ပြန်လည်ပျောက်ကွယ်သွားနိုင်ကြောင်း တင်ပြလိုက်ပါသည်။

Friday, September 17, 2010

Buddhism; in the eyes of intellectuals

The Buddha's Greatness
I cannot myself feel that either in the matter of wisdom or in the matter of virtue Christ stands quite as high as some other people known to history- I think I should put Buddhism above him in those respects.
                               Bertrand Russell,'Why I am not a Christian'

Buddha's Method
If any question has to be considered, it has to be considered peacefully and democratically in the way taught by the Buddha.
                                                                                       Neru

A cosmic religion
The religion of the future will be a cosmic religion. It should transcend a personal God and avoid dogmas and theology. Covering both the natural and the spiritual, It should be based on a religious sense arising from the experience of all things, natural and spiritual, as a meaningful unity. Buddhism answers this descriptions.
                                                                              -Albert Einstein

Persecution
Of the great religions of history, I prefer Buddhism, especially in its earliest forms, because it has had the smallest element of persecution.
                                                                              -Bertrand Russel


Human destiny
Over great areas of the world it still survives. It is possible that in contact with Western science and inspired by the spirit of history, the original teaching of Gotama, revived and purified, may yet play a large part in the direction of human destiny.
                                                                               -H.G Wells

Buddhism and Modern Science
' I have often said, and I shall say again and again, that between Buddhism and modern Science there exists a close intellectual bond.'
                                                                               -Sir Edwin Arnold

Buddhism copes with Science
If there is any religion that would cope with modern scientific needs it would be Buddhism.
                                                                              -Albert Einstein


(Dr K sri Dhammanandaဧ။်  Buddhism;in the eyes of intellectuals စာအုပ်မှ ကူးယူဖေါ်ပြသည်။)

Wednesday, September 15, 2010

နွေရာသီပညာဒါနသင်တန်း(၅)

နွေရာသီပညာဒါနသင်တန်း(၄)

ဒီဖိုင်မှာပါတဲ့ အင်္ဂလိပ်သီချင်းလေးက သူတို့လဲ လူငယ်သဘာဝ အပျင်းပြေစေ၊ အင်္ဂ လိပ်စာလဲ ရစေဆိုတဲ့ရည်ရွယ်ချက်နဲ့ တစ်နေ့ကို အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ကို ဘာ
သာပြန်ပြ၊ လိုက်ဆိုခိုင်း၊အရကျက်ခိုင်းနဲ့ သင်ပေးခဲ့ပါတယ်။ အပျော်တမ်းဗွီဒီယိုတည်း
ဖြတ်နည်းသင်ပြတော့ သူတို့ရုပ်နောက်ခံနဲ့ သင်ပေးထားတဲ့သီချင်းတွေထဲက သူတို့အ
ကြိုက်ဆုံးသီချင်းတွေကို ရွေးပြီးတော့ တည်းဖြတ်ပေးခဲ့ပါတယ်။ သင်တန်းပြီးဆုံးတဲ့နေ့
မှာတော့ စီဒီတစ်ခွေစာ ဗွီဒီိယိုတည်းဖြတ်ပြီး တစ်ယောက်တစ်ခွေစီဝေငှခဲ့ပါတယ်။

ဗုဒ္ဒဘာသာသည် အဆိုးမြင်ဝါဒလား

ဘ၀အားလုံးသည် ဆင်းရဲပင်တည်းဟု ဆိုလိုက်သည့်အတွက် ဗုဒ္ဓဘာသာသည် အဆိုး
မြင်ဝါဒဖြစ်သည်ဟု အချို့က စွပ်စွဲလိုကြဧ။်။ အဆိုးမြင်ဝါဒဟူသည်မှာ အရာအားလုံးကို
အလင်းဘက်အကောင်းဘက်က မကြည့်ဘဲ အမှောင်ဘက်အဆိုးဘက်ကသာ ကြည့်
သောဝါဒဖြစ်ဧ။်။ မည်သည့်အခြေအနေတွင်မဆို ကံဆိုးမိုးမှောင်ကြလိမ့်မည်ဟု အဆိုး
ဆုံးရလာဒ်ကိုသာ မျှော်လင့်ထားတတ်ကြဧ။်။ ဘ၀တစ်သက်တာတွင် အဆိုးတရားက
အကောင်းတရားထက် ပိုအလေးသာပြီး အဆိုးတရားကသာ အမြဲအောင်နိုင်လိမ့်မည် ဟု ယုံကြည်ကြဧ။်။

Because of the statement ''all existences are nothing but suffering'', some
people would like to designate Buddhism as ''Pessimism'. Pessimism is th
e practice of not looking on the bright and good side but on the dark and
bad side of things. It expects misfortune or the worst outcome in any circumstance. It is the belief that the evil in life outweighs the good and
that evil will always triumph over good.

ဗုဒ္ဓဘာသာသည် အဆိုးမြင်ဝါဒလည်းမဟုတ်။ အကောင်းမြင်ဝါဒလည်းမဟုတ်။ ဘဝ
နှင့်လောကတို့ကို ပင်ကိုယ်သဘာဝသဘောအတိုင်း ယထာဘူတကျကျရှုမြင်တတ်
သော အမှန်မြင်ဝါဒဖြစ်ပေဧ။်။ ဗုဒ္ဓ၀ါဒသည် အရာအားလုံးကို ဓမ္မဓိဌာန်ကျကျသုံးသပ်
ဧ။်။ သင့်အား စိတ်ကူးယဉ်လောက၌ မေ့လျော့ပျော်ပါးနေဖို့အတွက် မှားယွင်းသည့်
အယူအဆများနှင့် နှစ်သိမ့်ခြင်းမပြု၊ စိတ်ကူးယဉ်ကြံဆထားသောအပြစ်များ၊ ကြောက်
စရာအမျိုးမျိုးနှင့် ခြောက်လှန့်နှိပ်စက်ခြင်းလည်း မပြု။ သင်ဘာလဲ သင့်ပတ်ဝန်းကျင်
လောကက ဘာလဲ ဟူသည်ကို တိကျမှန်ကန်စွာ သင့်အား ပြောပြပြီးနောက် အပြစ်
ကင်းသည့်လွတ်လပ်မှု၊တည်ကြည်မှု၊ငြိမ်းချမ်းမှုနှင့် ချမ်းသာမှုတို့ကို ခံစားနိုင်ရန် သင့်
အား လမ်းညွှန်ပြပေးသည့်ဝါဒ ဖြစ်ဧ။်။

Buddhism is neither 'Pessimism' nor Optimism'. It is 'Realism' for it takes
a realistic view of life and of the world. It looks at all things objectively.
It does not falsely lull you into living in a fool's paradise, nor does it frighten and torture you with all kinds of imaginary fears and sins. It tells
you exactly and correctly what you are and what the world around you is.
Then,it shows you the way to perfect freedom,tranquility,peace and happ
iness.

လူနာတစ်ဦးဧ။် ရောဂါကို စစ်ဆေးရာ၌ သမားတော်တစ်ဦးက ရောဂါအခြေအနေကို စိုး
ရိမ်ဖွယ်ဖြစ်အောင် ချဲ့ကားပြောဆိုရ်ျ မျှော်လင့်ချက်မရှိတော့ဟု ထင်မြင်စေဧ။်။ အခြား
သမားတော်တစ်ဦးကမူ ရောဂါကို မသိသဖြင့် ရောဂါမရှိဘူး၊ဆေးကုန်ရန်မလိုဟု ပြော
ဆိုရ်ျ လူနာအား လိမ်ညာကာ မှားယွင်းသော နှစ်သိမ့်မှုကို ပေးဧ။်။ ပထမသမားတော်
ကို အဆိုးမြင်သူ၊ ဒုတိယသမားတော်ကို အကောင်းမြင်သူဟု ခေါ်ဆိုနိုင်သော်လည်း
အမှန်တွင် က်ျသမားတော်နှစ်ဦးသည် မသိမနားလည်သူများသာ ဖြစ်ကြဧ။်။

တတိယသမားတော်ကမူ ရောဂါဧ။် လက္ခဏာကို မှန်ကန်စွာ စစ်ဆေးပြီးနောက် ရောဂါ
ဧ။်သဘောနှင့် ဖြစ်ခြင်းအကြောင်းကို အမှန်အတိုင်း ပြောပြဧ။်။ ထို့နောက် ရောဂါနှင့်
သင့်တော်သည့် ဆေးကို ပေးရ်ျ ကုသပေးသဖြင့် ရောဂါပျောက်ကင်းပြီး ချမ်းသာသွား
ဧ။်။ မြတ်စွာဘုရားသည် က်ျတတိယသမားတော်နှင့်တူဧ။်။ ကမ္ဘာလောကကို လွှမ်းမိုး
နေသော ရောဂါဧ။် အမှန်သဘောကို ရောဂါဖြစ်စေသည့်အကြောင်းအရင်းနှင့်တကွ
သိမြင်ပြီး က်ျအကြောင်းအရင်းကို ပယ်သတ်နိုင်သော ဆေးကို ညွှန်ပြပေးနိုင်ဧ။်။
ကမ္ဘာလောကကို ချမ်းသာအစစ်ပေးစွမ်းနိုင်သော သမားတော်ကြီး(ဘိသက္က)ဖြစ်ပေဧ်။
သတ္တ၀ါများကို ချမ်းသာစေလိုသော မေတ္တာရှင်ကရုဏာရှင်အစစ်လည်း ဖြစ်တော်မူဧ။်။

In diagnosing the illness of a patient, one physician exaggerates it to be very serious and gives the impression that there is no hope for curing it.
Another physician, being ignorant of the illness, says ''There is no illness,
no medical treatment is required.'' So he deceives the patient with false consolation. The first physician may be called a pessimist and the second physician, an optimist. But both of them are ignorant.

The third physician diagnoses the symptom of the disease correctly and tells the truth about the disease and its cause. Then he prescribes the
the right medicine and the patient is cured and happy. The Buddha is like
the third physician. He knows the universal disease of the world together
with its cause. He is a wise and scientific doctor (bhisakka) for the ills of
the world. He is truly benevolent and compassionate, and he really wants
beings to be free from suffering.

ဘ၀နှင့်လောကတို့ဧ။် သဘောမှန်ကို သိနားလည်ကြသော ဗုဒ္ဓဘာသာဝင်များသည်
ဘ၀ဧ။် အဆိုးဆုံးအခြေအနေမှန်ကို လက်ခံထားပြီးဖြစ်ရ်ျ ပုံမှန်လောကဓံတရားတို့ဧ။်
ရိုက်ခတ်မှုကို ခံရသောအခါ မတုန်လှုပ်မခြောက်ခြားဘဲ ဘ၀ပြဿနာများကို တည်ငြိမ်
အေးဆေးစွာ ဖြေရှင်းနိုင်ကြဧ။်။ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ချမ်းသာစွာ နေနိုင်ကြဧ။်။

သမုဒ္ဒရာရေပြင်ကျယ်တွင် ရက်၃၀ကျော် အစာရေစာမရှိဘဲ မျောပါနေခဲ့ရသော အမျိုး
သားသည် ဘ၀ဧ။် မည်သည့်အခြေအနေကို မဆို အေးဆေးစွာ ရင်ဆိုင်နိုင်သကဲ့သို့
ဗုဒ္ဓဘာသာဝင်တို့သည်လည်း ဘ၀အနိဌာရုံများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ကြဧ။်။ အရိ
ယာသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးကြသော အရိယာပုဂ္ဂိုလ်များမှာ က်ျကမ္ဘာပေါ်
တွင် အချမ်းသာအပျော်ရွှင်ဆုံးလူသားများ ဖြစ်ကြပေဧ။်

The Buddhists, who understand the true nature of life and of the world, accept the real worst condition of life and, therefore, they are not frightened and shaken by the normal vicissitudes of life. They can serenely and calmly solve the problems of life and live happily without any worry and anxiety.

Just as a man, who has been drifted in the wide ocean for more than thirty days without food and water, can calmly face any situation of life calmly, so too Buddhists can confront bad situations in life serenely. The
noble persons who have fully understood the four Noble Truths are the 
happiest persons in the world.

(ဒေါက်မင်းတင်မွန်ရေးသားသည့် The Noble Liberation and The Noble Truths=
ဘ၀လွတ်မြောက်ရေးနှင့်အရိယာသစ္စာစာအုပ်မှ ကူးယူဖေါ်ပြသည်။)

မျိုးဆက်သစ်တို့ပွင့်လန်းရာမြေ

နွေရာသီပညာဒါနသင်တန်း(၃)

နွေရာသီပညာဒါနသင်တန်း(၂)

အထက်ပါသင်တန်းလေးဖွင့်ဖြစ်တာနဲ့စပ်ပြီး တွေးမိတွေးရာလေးတွေပါ။ သူတို့ကို သင်ကြားပေးရင်းနဲ့ သူတို့ဆီက ဦးဇင်းသင်ခွင့်ရလိုက်တာလဲ အများကြီးလေ။ သူတို့ ဘ၀လေးတွေရဲ့ သနားစရာအဖြစ်အပျက်များစွာကို ပြန်သင်ယူခွင့်ရလိုက်လို့ တသက် စာအမှတ်တရလေး တွေထဲ ဒီအမှတ်တရလေးကလဲ ထိပ်ဆုံးမှာ ပါနေမှာ ပါလေ။ သင်တန်းပို့ချရင်းနဲ့ သူတို့ကို အပျော်တမ်းဗွီဒီယို တည်းဖြတ်နည်းပြချင်လို့ ဗွီဒီယို ရိုက်ဖြစ်ခဲ့တယ်လေ။ အဲဒီဗွီဒီယိုဖိုင်လေးတွေကို ဒီဘလော့မှာ အကုန်ရှယ်ယာ လုပ် မယ်စိတ်ကူးထားတယ်။ အခုလဲ အဲဒီသင်တန်းကာလတုန်းက သူတို့ကို တည်းဖြတ် ပြထားတဲ့ ဗွီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးရင်းနဲ့ စပ်မိစပ်ရာ ပြောမိတာပါ။ ပေး သလောက် မရခဲ့ရှာတဲ့သူတို့လေးတွေကို မပေးရဘဲနဲ့ ရသွားတဲ့သူတို့ဘ၀လေးတွေကို ဦးဇင်းတွေးကြည့်ရင်းနဲ့ဝမ်းသာကြည်နူးမိပါတယ်လေ။ ဖြစ်နိုင်ရင် တတ်သလောက် မှတ်သလောက် အကုန်ပေးချင်ပါတယ်။ ဒါပေမဲ့ ဘ၀အခြေအနေအရ အခုတော့ အဝေးမှာလေ။ သူတို့ကိုလဲ ဦးဇင်း သင်တန်းမစခင်ကတည်းက ပြောခဲ့ပါတယ်လေ။ အခုဖွင့်မှ နှစ်လသင်တန်းက အသုံးလုံးသင်တန်းပါလို့။ င်တာနက်ခေတ်ကြီးမှာ င်္ဂလိပ်စာသင်လို့ခွင့်အလမ်းရှာတဲ့ခေတ်ကြီးမှာ ညီငယ် ညီမငယ်တို့ကို အသုံးလုံး သင်တန်းလာပြပေးတာပါလို့ ပြောပြဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စာကိုလဲ Four skillနဲ့ တတ်သလောက်မှတ် သလောက် သင်ပေးခဲ့ပါတယ်လေ။  အခုဆို ဦးဇင်းသင်ပေးခဲ့ တဲ့ကျောင်းသားတွေထဲကတချို့ဆို နိုင်ငံရပ်ခြားအလုပ်သွား လုပ်ဖို့ကြိုးစားနေကြပြီ ကြားရလို့လဲ အထူးဝမ်းသာမိပါတယ်လေ။ အရင်ကတော့ ကိုယ့်ဇာတိမဟုတ်တဲ့ တခြားနယ်တွေမှာပဲ့ သွားသွားသင်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ဇာတိကိုယ်ကျတော့ အရသာ ပိုထူးတယ်ဗျ။ သူတို့လေးတွေ ဘ၀မှာ ကြယ်တွေစုံတဲ့ညလေးတွေ ဖြစ်လာစေဖို့ ကြိုးစားပေးမိရုံလေးတင်ပါဗျာ။

နွေရာသီပညာဒါနသင်တန်း

မနှစ်က နွေရာသီကျောင်းပိတ်ရက်မှာ အားလပ်နေတာနဲ့ အင်္ဂလိပ်စာနဲ့ကွန်ပျူတာ ပညာသင်တန်းဖွင့်ဖြစ်ပါတယ်။ မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့။ သင်တန်းသူ
သင်တန်းသား ၁၃၀ကျော်လောက် လာတက်ကြပါတယ်။ ကိုးတန်းကနေ တက္ကသိုလ်
ဘွဲ့တွေပါတယ်လေ။ ကျောင်းသားတွေက။ အားလုံးက စိတ်ဝင်တစားနဲ့ သင်ယူကြပါ
တယ်။ ဒါပေမဲ့ တခုခက်တာက အထက်တန်းကျောင်းသားတွေ၊တက္ကသိုလ်ကျောင်းသားဘွဲ့ရတွေဆိုတော့ အင်္ဂလိပ်စာ
ကို အလယ်ခါးဖြတ်ကနေ သင်ရမလားစိတ်ကူးတယ်။ မဟုတ်ဘူးဗျ။ တကယ်ကို အောက်ခြေကနေ ဆင်းသင်ရတာပါ။ အေဘီစီဒီကို သရနဲ့ဗျည်းခွဲတာကနေ စသင်တာ
ကို ပြောတာပါ။ ဦးဇင်းကျက်ခိုင်းတဲ့ဟာမှန်သမျှကို မရအရကို ကျက်ကြတာ
သူတို့လေးတွေက သွေးရင် သွေးသလောက် ထက်လာကြမဲ့ ဓားလေးတွေပါ။

အဲ ကွန်ပျူတာဆိုရင်လဲ ဒါက ကီးဘုတ်၊ဒါက မောင့်စ်၊ဒါက စစ်စတန်ယူနစ်၊ ဒါက မောနီတာနော်၊ တီဗွီပုံးမဟုတ်ဘူး၊ ဒီလိုတောင် ပြောပြရတယ်။ ဘယ်နှယ်လဲဗျာ။ ဘွဲ့
ရပညာတတ်တွေလို့ အမည်ခံထားတဲ့ ကျောင်းသားတွေက ဘယ်လိုဖြစ်ကြတာလဲ။
ဦးဇင်းလဲ တတ်သလောက်မှတ်သလောက်လေးတွေကို အဆင်ပြေသလို သင်ပေးခဲ့ပါ
တယ်လေ။ အခြေခံစာစီစာရိုက်နည်းပေါ့။ နောက်ကွန်ပျူတာရဲ့သဘောတရားတွေ။
လူ၁၃၀လောက်ကို သင်ပေးတဲ့ကွန်ပျူတာက လေးလုံးပဲ့ဆိုတော့ အားတော့မရဘူးပေါ့
ဗျာ။ ဒါပေမဲ့ မှောင်နေတာကို ထိုင်ငိုညည်းနေကြမဲ့အစား တတ်နိုင်တဲ့နေရာကနေ ဖယောင်းတိုင်လေး ထွန်းညှိပေးရုံပါ။ တစ်ကွက်စာလေး လင်းလဲ မဆိုးဘူးပေါ့။ အင်တာနက်သုံးနည်းကအစ သင်ပေးခဲ့တော့ အခုဆို သူတို့လေးတွေ ဦးဇင်းဆီကို
ဂျီတော့ကနေ ဆက်သွယ်ပြီး ကျေးဇူးစကားအကြိမ်ကြိမ်လာပြောကြတော့ ၀မ်းသာ
ကြည်နူးရပါတယ်။ နောက်ဆို ဦးဇင်းလဲ တတ်သလောက် မှတ်သလောက်လေးနဲ့
အဆင်ပြေသလို မန်းမှုတ်ပေးသွားပါ့မယ်လေ။ ကမ္မဿကာပေါ့ မောင်ကျောင်းသားတို့
ရေ။

Tuesday, September 14, 2010

လူသားတိုင်းအတွက်မှန်

နိုးခဲ့ပြန်ပြီ
ဒီသမုဒယမနက်ခင်း
ဒုက္ခတွေနဲ့ စစ်ခင်းရအုံးမယ်။
ငိုရယ်လွမ်းဆွေး
သမုဒယအတွေးတွေကြားမှာ
ဒုက္ခဆိုတာ ဖြေဆေးတပါး
ပုထုဇဉ်လူသားတွေရဲ့
တလွဲအမှားတွေနဲ့
မဂ္ဂင်ဖောင်မစီးသရွေ့
နိရောဓတွေ ပျောက်ဆုံးနေအုံးမယ်။
မာယာရှင်သမုတိတွေရဲ့
လှည့်စားမှုအောက်
ဒုက္ခတွေ တဖြည်းဖြည်းရောက်လို့
လွတ်မြောက်ရေးဆိုတာလဲ
ဘယ်ဆီမှန်းမသိ
ဖြစ်နေအုံးမယ်။
အားတော့ နာပါရဲ့အဖေရယ်
အဖေပေးခဲ့တဲ့ ဆေးညွှန်း
ဆေးအမယ်တွေ ရှာနေတုန်းမှာပဲ့
ဝိပလ္လာသတွေက
ဝင်ဝင်နှောင့်တော့
လာလမ်းကိုပဲ့ ပြန်ပြန်ချင်နေမိတယ်။
ဖောင်ဖွဲ့ဖို့ ကြိုးစားတုန်းမှာပဲ့
ဒီကမ်းကကို မခွါနိုင်ဖြစ်နေတာ
တကယ်ပါအဖေရယ်
အဖေရှိတဲ့ ကမ်းတဖက်ဆီ
တနေ့တော့ သား အရောက်လှမ်းခဲ့ပါ့မယ်အဖေ။
အခုတော့လဲ မုန်တိုင်းမိတုန်း။  ။

Monday, September 13, 2010

မနက်ခင်းတေး

ဒီမနက်နိုးလာတဲ့မနက်ခင်း
လင်းလင်းကျင်းကျင်းကော
ဖြစ်နိုင်ပါ့မလား။
သောကတွေနဲ့ဆူဝေ
တလောကလုံးအပေအတေတွေပါလို့
အဖျက်သဘောမတွေးလိုက်ပါနဲ့။
မျက်နှာသစ်ဖို့ ငါ့လက်ထဲက
ရေတစ်ခွက်
တစ်လောကလုံးကို
ဒီရေခွက်ထဲ ထည့်ပေးချင်လိုက်တာ။
အမေရေ
အမေပေးတဲ့ ဒီမျက်နှာနဲ့
မနက်ခင်းတိုင်း မျက်နှာသစ်ပါတယ်အမေ။
နေ့လည်ရောက်တိုင်း ပြန်မသစ်မိတာက
တော်တော်ဂွတီးဂွကျနိုင်တယ်။
တကယ်ဆို လူသားတိုင်းအတွက်
မျက်နှာသစ်ချိန်ဆိုတာ
အတိအကျမသတ်မှတ်သင့်ဘူး
ထင်တာပါပဲ့။
မနက်ခင်းတိုင်း မျက်နှာသစ်သစ်ပေမဲ့
ကျန်တဲ့အချိန်ညစ်ညစ်သွားတာကို
စိတ်ပိန်တယ်။
တကယ်ဆို
ဗုဒ္ဓပေးတဲ့ စိတ်သစ်နည်း
တချိန်လုံးရေလဲသုံးရမှာ။
ဘုရားပေးတဲ့ သတိပဌာန်ဒေသနာနည်း
ဟောဒီ တလောကလုံးအတွက်
စိတ်စစ်တမ်းကစားပေးချင်ပေးမဲ့
သားကိုယ်တိုင်တောင် မအားချင်ဟန်ဆောင်လို့
မနက်ခင်းမှာ မျက်နှာသစ်ရင်
နိုးထခွင့်ရှိလေပြီလို့
အထင်တစ်လုံးနဲ့
ဝေလေလေ နိုးနေတုန်းပါလား။
စစ် စစ် စိစစ် စိတ်စစ်။   ။

ပိဋကသုံးပုံအကြောင်းသိကောင်းစရာ

လေးဆယ့်ငါးဝါပတ်လုံး မြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူခဲ့သော ဒေသနာများကို စုပေါင်းပြီး ပါဠိဘာသာစကားဖြင့် သုတ်၊၀ိနည်း၊အဘိဓမ္မာဟူရ်ျ ခွဲခြားသတ်မှတ်ပြီး နိကာယ်ငါးရပ်ပိဋကတ်သုံးပုံပြုလုပ်ထားသောအရာကို တိပိဋကဟု ခေါ်ခြင်းဖြစ်သည်။
ဘုရားလက်ထက်တော်အခါက သက်ရှိထင်ရှားဖြစ်တော်မူသော ရဟန္တာအရှင် ကောင်းအရှင်မြတ်များသည် လက်ရှိပုံစံအတိုင်း တိပိဋကခေါ် ပိဋကသုံးပုံကို ပြုစုမှတ်တမ်းတင်ထာခဲ့ကြတယ်။
မြတ်စွာဘုရားကား ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်တယ်။ သို့သော် ထူးကဲမွန်မြတ်လှစွာ ဓမ္မဒေ
သနာတော်များကတော့ လူသားများအကျိုးငှါ မခြွင်းမချန် ဟောတော်မူထားရစ်တဲ့အ
တိုင်း သန့်ရှင်းစင်ကြယ်လှစွာ ယခုထက်တိုင်အောင် ကောင်းစွာတည်ရှိနေပါတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင် လက်ရေးနဲ့ရေးထားတဲ့စာအဖြစ် ထားခဲ့တာမဟုတ်
သော်လည်း ထင်ရှားလှတဲ့ တပည့်သာဝကကြီးများက ဒီတရားဒေသနာတော်များကို
မပျောက်မပျက်ရအောင် ထိန်းသိမ်းဖို့အတွက် ပထမမှာ နှုတ်တိုက်အာဂုံဆောင်ထား
မှတ်သားထားခဲ့ကြတယ်။ တစ်ဆက်ပြီးတစ်ဆက် အာဂုံဆောင်နည်းဖြင့် လက်ဆင့်
ကမ်းသင်ကြားပေးခဲ့ကြတယ်။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားတဲ့အခါ ချက်ချင်းပဲ့ ရဟန္တာအရှင်မြတ်ကြီးငါးရာဟာ စုဝေးပြီး
ပထမသင်္ဂါယနာအမည်တွင်တဲ့ သဘင်ကြီးဆင်နွှဲပြီး သင်္ဂါယနာတင်တော်မူခဲ့ကြတယ်။ မြတ်စွာဘုရားဟောကြားတော်မူသမျှ တရားတော်တွေကို အနီးကပ်ပြုစုခွင့်ရတဲ့ အရှင်
အာနန္ဒာကိုယ်တော်ကြီးက သူကြားဖူးခဲ့သမျှ ဓမ္မဒေသနာတော်များကို ဧ၀ံ မေ သုတံ
ဆို သုတ္တန်ပိုင်းကို ဖတ်ပြတော်မူရတယ်။ ဥပါလိအရှင်မြတ်က ၀ိနည်းဒေသနာတော်
များကို သူမှတ်သားထားခဲ့သမျှ ရွတ်ဖတ်တော်မူရတယ်။
ပထမသင်္ဂါယနာတင်ပြီးနောက် အနှစ်တစ်ရာကြာတဲ့အခါ ကာလာသောကမင်း လက်ထက်မှာ တချို့သာဝကကြီးများက ၀ိနည်းသိက္ခာပုဒ်အငယ်အချို့ကို ပြုပြင်ဖို့
လိုလာတာပြီ ထင်မြင်တော်မူခဲ့ကြတယ်။ ရှေးမထေရ်များရဲ့အလိုကို သဘောကျတော်
မူတဲ့မထေရ်များကတော့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာ
မလိုဘူးဟု ယူဆတော်မူကြတယ်။ နောက်ဆုံးကျတော့ ဒီအချိန်ကစပြီး အယူအဆ
မတူတဲ့ ဂိုဏ်းဂဏကွဲတွေ စတင်ပြီး ပေါ်ပေါက်ဖို့ အစို့အညှောက် ပေါက်လာတော့တာ
ပဲ့။ ဒုတိယသင်္ဂါယနာမှာ ၀ိနည်းသိက္ခာပုဒ်တွေအပေါ်မှာပဲ့ အခြေတည်ပြီး ဆွေးနွေးခဲ့
ကြတယ်။ သုတ္တန်ဒေသနာအပေါ်မှာတော့ အငြင်းပွားတာ မတွေ့ရပါ။
ဘီစီသုံးရာလောက်ကိုရောက်တော့ အသောကဧကရာဇ်ဘုရင်ကြီးလက်ထက်မှာ တတိယသင်္ဂါယနာတင်တော်မူခဲ့ကြတယ်။ သံဃာအစုအဖွဲ့တွေကြားမှာ ပေါ်ပေါက်နေ
တဲ့ အမြင်အယူအဆကွဲပြားမှုတွေကို တတိယသင်္ဂါယနာမှာ ဆွေးနွေးခဲ့ကြတယ်။ ဒီသ
င်္ဂါယနာမှာ ဆွေးနွေးချက်တွေဟာ ၀ိနည်းဒေသနာနဲ့သာ သက်ဆိုင်ကြတာမဟုတ်
တော့ဘဲ သုတ္တန်ဒေသနာတော်တွေနဲ့လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒီသင်္ဂါ
ယနာပွဲကြီးအပြီးမှာ သင်္ဂါယနာရဲ့ဥက္ကဌ(နာယက)ဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿမ
ထေရ်ကြီးက ကထာဝတ္ထုခေါ်တဲ့ အဘိဓမ္မာကျမ်းကို ပြုစုတော်မူတယ်။ ဒီကျမ်းထဲမှာ
အယူလွဲ အယူမှားတွေကို သုတ်သင်ရှင်းလင်းတော်မူတယ်။ ဘီစီ ၈၀၊၀ဋဂါမဏိမင်း
လက်ထက်မှာ ကျင်းပတဲ့ စတုတ္ထသင်္ဂါယနာဟာ သီရိလင်္ကာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။
သီရိလက်ာမှာ ကျင်းပတဲ့ ဒီသင်္ဂါယနာပွဲကျမှ တိပိဋကခေါ် ပိဋကသုံးပုံကို စတင်ပြီး
ပေထက်အက္ခရာတင်တော်မူကြတာဖြစ်တယ်။
ဗုဒ္ဓဒေသနာတော်များကို စုစည်းထားတဲ့ ပိဋကသုံးပုံထဲမှာ သုံးပုံ၊သုံးပိုင်းပါရှိတယ်။ ၀ိနည်းပိဋကက တစ်ပိုင်း၊ သုတ္တန်ပိဋကက တစ်ပိုင်း၊အဘိဓမ္မာပိဋကက တစ်ပိုင်းတို့
ဖြစ်တယ်။
ဝိနည်းပိဋကမှာတော့ ဘိက္ခုသံဃာတော်များ၊ ဘိက္ခုနီမများနဲ့ သက်ဆိုင်တဲ့ ဥပဒေ
စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖေါ်ပြတာဖြစ်တယ်။ ဒီအပိုင်းမှာ သာသနာတ
ဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာပုံကို ခရေစေ့တွင်းကျအသေးစိတ်ဖေါ်ပြထားတယ်။ မြတ်
ဗုဒ္ဓရဲ့ဘ၀နဲ့ သာသနာပြုလုပ်ငန်းများအကြောင်း ဗုဒ္ဓ၀င်ဖြစ်ရပ်များကိုလည်း ၀ိနည်းပိဋ
ကတ်မှာပဲ့ ဖေါ်ပြထားတာဖြစ်တယ်။ သွယ်ဝိုက်သောအားဖြင့် ၀ိနည်းပိုင်းမှာ ရှေးကျတဲ့
အိန္ဒိယနိုင်ငံသမိုင်း၊ ဓလေ့ထုံးစံများ၊ အတတ်ပညာများကိုပါ ဖေါ်ပြထားတယ်။
သဗ္ဗညုတဥာဏ်ကို မဟာဗောဓိမှာ အောင်မြင်တော်မူခဲ့ပြီးနောက် အနှစ်နှစ်ဆယ်တို့
ပတ်လုံး မြတ်စွာဘုရားဟာ သံဃာတော်များအတွက် ၀ိနည်းသိက္ခာပုဒ်တွေကို ပြဌာန်း
သတ်မှတ်တော်မူခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းကျမှ အခါအခွင့်တွေ ပေါ်လာလို့ မြတ်
စွာဘုရားက သာသနာအဓွန့်ရှည်တည်တံ့ဖို့ ဥပဒေစည်းမျဉ်းများကို ပြဌာန်းတော်မူခဲ့
တာဖြစ်တယ်။

ဝိနည်းပိဋကတ်တော်ထဲမှာ အောက်ပါကျမ်းများ ပါဝင်ပါတယ်။
၁။ ပါရာဇိကဏ်       (အပြစ်ကြီးများ)
၂။ပါစိတ်                (အပြစ်ငယ်များ)
၃။မဟာဝဂ္ဂ             (အပိုင်းကြီး)
၎။စူဠ၀ဂ္ဂ                 (အပိုင်းငယ်များ)
၅။ပရိဝါရ                (၀ိနည်းအကျဉ်းသင်္ခေပ)

သုတ္တန်ပိဋက
သုတ္တန်ဒေသနာမှာ မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကို
စုစည်းတင်ပြထားသောအပိုင်း ဖြစ်တယ်။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓဧ။် ထင်ရှားသော
တပည့်သာဝကကြီးများ ဟောကြားတော်မူသောတရားအချို့လည်းပါဝင်ပါတယ်။
အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်စသည့် မထေရ်
တို့ ဟောကြားသော တရားဒေသနာများဖြစ်တယ်။ သုတ္တန်တရားများမှာ အနာနှင့် ဆေးတည့်အောင်ပေးထားသော ကာလ၊ဒေသနှင့်ပုဂ္ဂိုလ်စရိုက်ကို လိုက်ပြီး ဟောထား
သော ဆေးစာညွှန်းနှင့်တူသော ဓမ္မဒေသနာများ ဖြစ်ကြပါတယ်။အခါအခွင့်အားလျော်
စွာပုဂ္ဂိုလ်ရဲ့စရိုက်ကိုလိုက်ပြီး ဟောထားသော ဆေးစာညွှန်းနှင့်တူသည့် တရားများဖြစ်
သည့်အတွက် တချို့တရားနဲ့ တချို့တရားများဟာ ၀ိရောဓိသဘော ဆန့်ကျင်နေသ
ယောင် ဖြစ်နေတာတောင် ပါတတ်ပါတယ်။ ဒါကို တလွဲ အဓိပ္ပါယ် မဖွင့်သင့်ပါဘူး။

သုတ္တန်ပိဋကကို နိကာယ်ငါးရပ်ဖြင့် ခွဲခြားဖေါ်ပြထားပါတယ်။ နိကာယ်ဆိုတာက အစု
အပေါင်းကို ပြောတာပါ။ ပါဝင်တဲ့နိကာယ်တွေက-
၁။ဒီဃနိကာယ်                 (ရှည်လျားတဲ့သုတ္တန်အပေါင်း)
၂။မဇ္ဈိမနိကာယ်                (မတိုမရှည်သုတ္တန်အပေါင်း)
၃။သံယုတ္တနိကာယ်            (သဘောတူရာဆိုသောသုတ္တန်အပေါင်း)
၎။အင်္ဂုတ္တရနိကာယ်             (အရေအတွက်အားဖြင့်ပြသောသုတ္တန်အပေါင်း)
၅။ခုဒ္ဒကနိကာယ်                (ငယ်သောသုတ္တန်အပေါင်း)


နိကာယ်ငါးရပ်ကို ထပ်မံရ်ျ ကျမ်း(၁၅)မျိုး ခွဲပြထားပါတယ်။
၁။ခုဒ္ဒကပါဌ  (Shorter text)
၂။ဓမ္မပဒ       (The way of Truth)
၃။ဥဒါန         (Heartfelt sayings)
၎။ဣတိဝုတ္တက (Thus said Discourse)
၅။သုတ္တနိပါတ (Collected Discourses)
၆။ဝိမာန၀တ္ထု (Stories of Celestial Mansions)
၇။ပေတ၀တ္ထု (Stories of Petas)
၈။ထေရာဂါထာ (Psalms of the Brothers)
၉။ထေရီဂါထာ (Psalms of the Sisters)
၁၀။ဇာတက   (Birth Stories)
၁၁။နိဒ္ဒေသ    (Expositions)
၁၂။ပဋိသမ္ဘိဒါ  (Analytical Knowledge)
၁၃။အပါဒါန   (Lives of Saints)
၁၄။ဗုဒ္ဓ၀ံသ    (History of The Buddha)
၁၅။စရိယာပိဋက (Modes of Conduct)

အဘိဓမ္မပိဋက
လေးနက်စွာ တွေးခေါ်တတ်သူများအဖို့ အဘိဓမ္မာသည် အရေးကြီးဆုံးနှင့် စိတ်ဝင်စား
ဖွယ်အကောင်းဆုံး ပိဋကဖြစ်တယ်။ အဘိဓမ္မာထဲမှာ ပိုရှင်းပြီး နားလည်းလွယ်တဲ့ သုတ္တန်ပိဋကနဲ့ နှိုင်းရင် ပိုပြီးလေးနက်ရ်ျ ပညာသားပါတဲ့ အတွေးအခေါ်ဒဿနများပါ
ဝင်ပါတယ်။
သုတ္တန်ပိဋကထဲမှာတော့ မကြာခဏ လူပုဂ္ဂိုလ်စသည်ကို ရည်ညွှန်းပြီး ဟောကြားတာ
မျိုး မကြာခဏတွေ့မြင်ရပါတယ်။ အဘိဓမ္မာထဲကျတော့ သမုတိသစ္စာကို ဖေါ်ပြတဲ့
စကားလုံးတွေအစား ပရမတ္ထသစ္စာကို ဖေါ်ပြတဲ့ (ပုဂ္ဂိုလ်သတ္တ၀ါကို မဖေါ်ပြဘဲ)ခန္ဓာငါး
ပါး၊ ရုပ်နာမ်နှစ်ပါးဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ကြရတယ်။

သုတ္တန်ပိဋကထဲမှာ ဝေါဟာရဒေသနာလို့ခေါ်တဲ့ သမုတိသစ္စာကိုပြတဲ့ ဟောကြားချက်
တွေကို တွေ့ရတယ်။ အဘိဓမ္မာထဲကျတော့ ပရမတ္ထဒေသနာခေါ်တဲ့ အကြွင်းမဲ့ သစ္စာ
တရားနဲ့ဆိုင်တဲ့ ဟောပြောချက်တွေသာ တွေ့ရပါလိမ့်မယ်။
အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူပါတယ်။ ဒါကြောင့် အဘိဓမ္မာကို ခွဲခြမ်းစိတ်ဖြာတဲ့တရား (၀ိဘဇ္ဇ၀ါဒ)လို့ ခေါ်ကြတာဖြစ်တယ်။
အဘိဓမ္မာထဲမှာ ပရမတ္ထသစ္စာလေးပါးကို ရေတွက်ပြထားတယ်။ အဲဒါတွေကတော့
စိတ်(consciousness)၊ စေတသိက်(mental concomitants)၊ရုပ်(matter)၊နိဗ္ဗာန် (extinction of all Sufferings) ရယ်လို့ ဖြစ်ပါတယ်။
ဒီအဘိဓမ္မာဒေသနာမှာ ပုဂ္ဂိုလ်သတ္တ၀ါလို့ခေါ်တဲ့ ဖြစ်တည်ခြင်း သဘောကို အနုစိတ်ခွဲ
ခြမ်းစိတ်ဖြာပြထားတယ်။ အစိတ်အပိုင်းတစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖေါ်ပြထား
တယ်။ နောက်ဆုံးမှာ ရောက်ရမည့် ဘ၀ပန်းတိုင်သဘောကိုရော၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်းနည်းလမ်းကောင်းကိုရော လိုအပ်တဲ့အသေးစိတ်အချက်အလက်
မှန်သမျှကို ရှင်းလင်းဖေါ်ပြထားတယ်။

အဘိဓမ္မပိဋကမှာ ပါဝင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။
၁။ ဓမ္မသင်္ဂဏီ    (Enumeration of Phenomena)
၂။ဝိဘင်္ဂ            (The Book of Treatises)
၃။ကထာဝတ္ထု    (Points of controversy)
၎။ပုဂ္ဂလပညတ်   (Description of Individuals)
၅။ဓာတုကထာ    (Discourses on Elements)
၆။ယမိုက်           (The Book of Pairs)
၇။ပဌာန်း            (The Book of Relations)


(ဒါတွေကတော့ ပိဋကသုံးပုံနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးတွေပါ။Dr k sridha mmanda ရေးတဲ့ What Buddhist believe. စာအုပ်ကို ဆန်းလွင်ဘာသာပြန်ထားတဲ့
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက ဆိုတဲ့ စာအုပ်ကနေ ကူးယူဖေါ်ပြကြောင်းပါ။ နောက်လဲ သိသင့်သိထိုက်တာလေးတွေကို ဖတ်မှတ်မိသမျှ တင်ပြပေးအုံးမှာပါ။အား
လုံးကို ကျေးဇူးတင်ပါတယ်)

Sunday, September 12, 2010

မြတ်ဗုဒ္ဓသည် ထာဝရဘုရား လူဝင်စားလား

သူသည် ထာဝရဘုရားရဲ့သားတော်ဖြစ်တယ်။ ထာဝရဘုရားရဲ့ တမန်တော်မြတ်
ဖြစ်တယ်လို့ ဘယ်တုန်းကမျှ မတောင်းဆိုခဲ့ပါ။
မြတ်ဗုဒ္ဓသည် ထူးမြတ်ထင်ရှားလှသော လူသားစင်စစ်ဖြစ်တယ်။ ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗောဓိအဖြစ် ပွင့်ထွန်လာသူ ဖြစ်တယ်။ သဗ္ဗညုတဥာဏ်ကြီးရှင် ဘုရားစင်စစ်ဖြစ်တော်မူလာရာဝယ်  က်ျကား ငါ့ဆရာလို့ ညွှန်ပြခြင်းခံထိုက်သူ တစ်စုံတ
စ်ယောက်လည်း မရှိပါ။ မိမိရဲ့ လုံ့လဥဿာဟဖြင့် ကိုယ်တော်တိုင် ပါရမီဆယ်ပါး၊အပြား
သုံးဆယ်ကို ဖြည့်ကျင့်တော်မူခဲ့ရပါတယ်။ ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ၊ပညာပါရမီ၊
ဝီရိယပါရမီ၊ခန္တီပါရမီ၊သစ္စာပါရမီ၊အဓိဌာနပါရမီ၊မေတ္တာပါရမီ၊ဥပေက္ခာပါရမီတို့ကို ဖြည့်
ကျင့်တော်မူခဲ့ခြင်းဖြစ်တယ်။ ဒေါက်တာအရှင်ကေသီရိဓမ္မနန္ဒအရှင်မြတ်ရဲ့ ပါရမီ(၁၀)
ပါးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပုံမှာ ပိုမိုခေတ်ဆန်သော အင်္ဂလိပ်စာအရေး
အသားမျိုးဖြစ်လို့ နှစ်သက်ဖွယ်ကောင်းပါတယ်။ စာဖတ်သူအတွက် စာမြည်းအဖြစ်
တင်ပြချင်ပါတယ်။
He practiced to perfection the ten supreme qualities of generosity(ဒါန) discipline(သီလ)renunciation(နိက္ခမ)wisdom(ပညာ)energy(၀ီရိယ)endurance(ခန္တီ)truthfulness(သစ္စာ)determination(အဓိဌာန)good-will(မေတ္တာ)and equanimity(ဥပေက္ခာ).

မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် စိတ္တ၀ိသုဒ္ဓိဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူပြီး နောက်မှ ဒိဌိဝိသုဒ္ဓိ၊ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ၊ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ၊ဥာဏဒဿန၀ိသုဒ္ဓိစတဲ့ ၀ိသုဒ္ဓိအဆင့်ဆင့်ကို ဖြစ်စေတော်မူလျက် မဂ်ဥာဏ်၊
ဖိုလ်ဥာဏ်တို့ဧ။် တံခါးများအားလုံးကို ဖွင့်လှစ်ပေးတော်မူခဲ့ခြင်း ဖြစ်တယ်။
မြတ်စွာဘုရားသည် သိအပ်သော တရားအားလုံးကိုလည်း သိစပ်မြင်နှံ့တော်မူတယ်။
ပြုကျင့်အပ်သောတရားမှန်သမျှကို ပြုကျင့်တော်မူပြီးလည်း ဖြစ်တယ်။ ဖျက်ဆီးအပ်
သော ကိလေသာတရားအားလုံးကိုလည်း ဖျက်ဆီးပြီးသူဖြစ်တယ်။ စင်စစ် အားထုတ် ပြီး ရရောက်အပ်သော ဥာဏ်တော်အဆင့်သို့ ရောက်ရှိရာမှ သူ့ကို ယှဉ်ပြိုင်နိုင်သူ၊
တခြားသောဘာသာအယူဝါဒမျိုးမပေါ်ပေါက်ခဲ့ဖူးပေ။(ဆက်ရန်)

The Buddha's Daily Routine

The Buddha was a selfless,energetic,active and systematic teacher. His wh ole day was filled with religious duties.
His meditated regularly but He also spent most of His time helping others to be free from suffering. He taught the Dhamma to both monks and lay-pe
ople. At times the heavenly beings also came to ask Him questions. Unlike any other living beings,the Buddha only slept two hours a day.
The Buddha's daily routine was divided into five parts. They were:-
1.The forenoon Session
2.The Afternoon Session
3.The First Watch
4.The Middle Watch
5.The last Watch
မြတ်စွာဘုရားရှင်ဟာ ကိုယ်ကျိုးမငဲ့တဲ့ ဘုရားရှင်တစ်ဆူဖြစ်တယ်။ လုံ့လ၀ီရိယလည်း ကြီးမားတော်မူတယ်။(အလုပ်လုပ်တဲ့နေရာမှာလည်း) တက်တက်ကြွကြွလုပ်တော်မူ တယ်။ နည်းစနစ်ကျစွာ လုပ်ဆောင်တော်မူတဲ့ ဆရာတစ်ဆူလည်း ဖြစ်တယ်။
မြတ်စွာဘုရားရှင်ဟာ ၀ိပဿနာအားထုတ်မှုကို ပုံမှန်လုပ်ဆောင်တော်မူတယ်။ သို့သော်လည်း သူ့ရဲ့အချိန်အများစုကို သတ္တ၀ါတွေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ဖို့ အရေးအတွက်ကူညီရင်း အသုံးချပါတယ်။ သူဟာ ရဟန်းပရိသတ်နဲ့ တကာ၊တကာမပရိသတ်တို့ကိုလည်း တရားဟောကြားပါသေးတယ်။ တခါတရံဆို နတ်ဗြဟ္မာတွေက သူ့ဆီလာရင်း ပြဿနာတွေကို မေးလျှောက်ကြပါတယ်။ အခြား သက်ရှိတွေနဲ့ မတူစွာဘဲ့ မြတ်စွာဘုရားရှင်ဟာ တစ်နေ့မှာ နှစ်နာရီပဲ့ ကျိန်းစက်တော်မူ ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ နေ့စဉ်လုပ်ငန်းနဲ့ပတ်သက်လို့ အပိုင်းငါးပိုင်းခွဲထားပါတယ်။ အဲဒီအပိုင်းငါးပိုင်းကတော့-
၁။မနက်ခင်းအချိန်
၂။နေလည်ပိုင်းအချိန်
၃။ညာဥ့်ရဲ့ပထမယာမ်အချိန်
၎။ညာဥ့်ရဲ့ဒုတိယယာမ်အချိန်
၅။ညာဥ့်ရဲ့ နောက်ဆုံးယာမ်အချိန်တို့ပဲ့ ဖြစ်ပါတယ်။
(အထက်ပါတွေကို ကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်ကမ္ဘာမှာ အလုပ်လုပ်ဆုံးသူအဖြစ် သိသာထင်ရှားပါတယ်)

Saturday, September 11, 2010

The Buddha's Final Words

The Buddha preached the Dhamma for forty-five years for the good and happiness of all beings. When He was eighty years old, He felt that He had done all His work. While He was staying in Capala Cetiya, the Buddha told Venerable Ananda that He would pass away (demise) in three mouth's time. Hearing that Venerable Ananda begged The Buddha to stay on. However, the Buddha reminded Venerable Ananda about the true nature of life, that the Buddha too had to pass away one day.
In front of all the monks, the Buddha spoke these words:
" I have taught the Dhamma to you. Study and practice them well so that this Holy life may last long for the good and happiness of the many.
He then gave His last words.
'' Nothing lasts forever. Continue to work hard. At the end of three months from now the Buddha will pass away.''

ဗုဒ္ဒဧ။်အတ္တနာထ၀ါဒနှင့် အတ္တဆန်မှုကို လေ့လာခြင်း

ဒီဘလော့ကို စတင်တည်ဆောက်တဲ့ မနက်ခင်းလေးမှာပဲ့ အိပ်ယာနိုးနိုးခြင်း တွေးမိတာ
က ဦးဇင်းတို့ ဘုရားဟောထားတဲ့ အတ္တနာထအကြောင်းပါပဲ့။ ကိုယ့်ကိုယ်ကိုသာ အရှင်သခင်အဖြစ်အားကိုးဖို့ ဘုရားက လူသားတွေကို တိုက်တွန်းအာပေးခဲ့တယ်လေ။
ဒီတော့ ဒီဝါဒဟာ ဒီနေ့ခေတ် လူသားတွေ (သက္ကာယမပြုတ်သေးတဲ့လူသားတွေ)တစွဲ
တည်းစွဲနေတဲ့ အတ္တဆန်မှုနဲ့ ဘယ်လိုများကွာခြားပါသလဲ။ တွေးစရာပါပဲ့။ ငါတကော ကောနေကြတဲ့ ဒီနေ့ခေတ်နေထိုင်မှုစနစ်မှာ မျက်လုံးဖွင့်သည်မှ မျက်လုံးပိတ်သည်အ
ထိ ရှာဖွေစုဆောင်းနေကြတာက ငါ့အတွက်ပါပဲ့။ ဒီငါ့အတွက်တွေဟာ အတ္တနာထတွေ
လား။ မိမိကိုယ်ကို အားကိုးကြတာလား။ မဟုတ်ပါဘူး။ ကိုယ့်ကို လောဘမီးလောင်
လောင်တိုက်သွင်းကြတာပါ။ လောဘဆိုတဲ့နေရာမှာလည်း သမလောဘနဲ့ဝိသမလော
ဘဆိုပြီးနှစ်မျိုးရှိပါတယ်။ သမလောဘဆိုတာက ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့
လိုချင်မှုမျိုးပါ။ ၀ိသမလောဘဆိုတာက လူ့လောကကြီးကို အပျက်ဘက်ဦးတည်စေတဲ့
မကောင်းတဲ့တရားတစ်မျိုးပါ။ နေ့စဉ်ဘ၀စားသောက်နေထိုင်မှုအတွက် သမလောဘ
တွေ ရှိတာကို အပြစ်မဆိုသာပေမဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ၀ိသမ လောဘမျိုးကြတော့ လူသားအားလုံးအတွက် အကျိုးမရှိပါဘူး။ ဒီဝိသမလောဘကြော
င့်ပဲ့ ဒီနေ့ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေဖြစ်ကြ၊သေကြေပျက်စီးကြနဲ့ ၀ရုန်းသုန်းကားဖြစ်
နေရတာပေါ့။ ဒီတော့ အတ္တဆန်မှုဆိုတာက ဒီဝိသမလောဘကို အခြေခံပါတယ်။ လောဘဆိုကတည်းက လောဘနဲ့မိတ်ဆွေဖြစ်တဲ့ ဒေါသ၊မောဟတို့လည်း ပါလာပြီ
ပေါ့။ ဒါကြောင့် ဒီအတ္တဆန်မှုဆိုတာဟာ အကုသိုလ်စိတ်(၁၂)ပါးမှာ အခြေခံပါတယ်။
ဦးဇင်းတို့ဘုရားရှင်ရဲ့ အတ္တနာထ၀ါဒဆိုတာက ကိုယ့်ကိုယ်ကို အသလွတ်အထင်ကြီး
ဖို့အတွက် အားပေးအားမြောက်ပြုထားတဲ့ ၀ါဒမဟုတ်ဘူး။ လူသားစွမ်းအင် အရင်းအမြ
စ်ကို ဖေါ်ထုတ်ပေးတာပါ။ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေပြီး ညီညွတ်မျှတစွာ နေထို
င်ပြုမူ ကျင့်သုံးတတ်အောင် သင်ပေးတဲ့ဝါဒပါ။ စိတ်ပျက်အားငယ်လက်လျော့တတ်သူ
တွေကို အားမာန်အပြည့်နဲ့ ဘ၀ခရီးခဲကို လျှောက်လှမ်းတတ်အောင် သင်ပေးတာပါ။ ငါ့အတွက်ဆိုတာထက် သူများအတွက်ဆိုတဲ့အတွေးကို သွတ်သွင်းပေးတဲ့ အတ္တနာထ
ပါ။ ဒီတော့ အတ္တနာထခေါင်းစဉ်အောက်က ပရဟိတလုပ်စေချင်တဲ့ စေတနာပါပဲ့။ ငါတကောကောဖို့အတွက် ဟောကြားခဲ့တဲ့ဒေသနာမဟုတ်ပါဘူး။

Template by : kendhin x-template.blogspot.com