Sunday, September 12, 2010

မြတ်ဗုဒ္ဓသည် ထာဝရဘုရား လူဝင်စားလား

သူသည် ထာဝရဘုရားရဲ့သားတော်ဖြစ်တယ်။ ထာဝရဘုရားရဲ့ တမန်တော်မြတ်
ဖြစ်တယ်လို့ ဘယ်တုန်းကမျှ မတောင်းဆိုခဲ့ပါ။
မြတ်ဗုဒ္ဓသည် ထူးမြတ်ထင်ရှားလှသော လူသားစင်စစ်ဖြစ်တယ်။ ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗောဓိအဖြစ် ပွင့်ထွန်လာသူ ဖြစ်တယ်။ သဗ္ဗညုတဥာဏ်ကြီးရှင် ဘုရားစင်စစ်ဖြစ်တော်မူလာရာဝယ်  က်ျကား ငါ့ဆရာလို့ ညွှန်ပြခြင်းခံထိုက်သူ တစ်စုံတ
စ်ယောက်လည်း မရှိပါ။ မိမိရဲ့ လုံ့လဥဿာဟဖြင့် ကိုယ်တော်တိုင် ပါရမီဆယ်ပါး၊အပြား
သုံးဆယ်ကို ဖြည့်ကျင့်တော်မူခဲ့ရပါတယ်။ ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ၊ပညာပါရမီ၊
ဝီရိယပါရမီ၊ခန္တီပါရမီ၊သစ္စာပါရမီ၊အဓိဌာနပါရမီ၊မေတ္တာပါရမီ၊ဥပေက္ခာပါရမီတို့ကို ဖြည့်
ကျင့်တော်မူခဲ့ခြင်းဖြစ်တယ်။ ဒေါက်တာအရှင်ကေသီရိဓမ္မနန္ဒအရှင်မြတ်ရဲ့ ပါရမီ(၁၀)
ပါးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပုံမှာ ပိုမိုခေတ်ဆန်သော အင်္ဂလိပ်စာအရေး
အသားမျိုးဖြစ်လို့ နှစ်သက်ဖွယ်ကောင်းပါတယ်။ စာဖတ်သူအတွက် စာမြည်းအဖြစ်
တင်ပြချင်ပါတယ်။
He practiced to perfection the ten supreme qualities of generosity(ဒါန) discipline(သီလ)renunciation(နိက္ခမ)wisdom(ပညာ)energy(၀ီရိယ)endurance(ခန္တီ)truthfulness(သစ္စာ)determination(အဓိဌာန)good-will(မေတ္တာ)and equanimity(ဥပေက္ခာ).

မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် စိတ္တ၀ိသုဒ္ဓိဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူပြီး နောက်မှ ဒိဌိဝိသုဒ္ဓိ၊ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ၊ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ၊ဥာဏဒဿန၀ိသုဒ္ဓိစတဲ့ ၀ိသုဒ္ဓိအဆင့်ဆင့်ကို ဖြစ်စေတော်မူလျက် မဂ်ဥာဏ်၊
ဖိုလ်ဥာဏ်တို့ဧ။် တံခါးများအားလုံးကို ဖွင့်လှစ်ပေးတော်မူခဲ့ခြင်း ဖြစ်တယ်။
မြတ်စွာဘုရားသည် သိအပ်သော တရားအားလုံးကိုလည်း သိစပ်မြင်နှံ့တော်မူတယ်။
ပြုကျင့်အပ်သောတရားမှန်သမျှကို ပြုကျင့်တော်မူပြီးလည်း ဖြစ်တယ်။ ဖျက်ဆီးအပ်
သော ကိလေသာတရားအားလုံးကိုလည်း ဖျက်ဆီးပြီးသူဖြစ်တယ်။ စင်စစ် အားထုတ် ပြီး ရရောက်အပ်သော ဥာဏ်တော်အဆင့်သို့ ရောက်ရှိရာမှ သူ့ကို ယှဉ်ပြိုင်နိုင်သူ၊
တခြားသောဘာသာအယူဝါဒမျိုးမပေါ်ပေါက်ခဲ့ဖူးပေ။(ဆက်ရန်)

0 comments:

Template by : kendhin x-template.blogspot.com