Wednesday, September 15, 2010

နွေရာသီပညာဒါနသင်တန်း

မနှစ်က နွေရာသီကျောင်းပိတ်ရက်မှာ အားလပ်နေတာနဲ့ အင်္ဂလိပ်စာနဲ့ကွန်ပျူတာ ပညာသင်တန်းဖွင့်ဖြစ်ပါတယ်။ မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ပေါ့။ သင်တန်းသူ
သင်တန်းသား ၁၃၀ကျော်လောက် လာတက်ကြပါတယ်။ ကိုးတန်းကနေ တက္ကသိုလ်
ဘွဲ့တွေပါတယ်လေ။ ကျောင်းသားတွေက။ အားလုံးက စိတ်ဝင်တစားနဲ့ သင်ယူကြပါ
တယ်။ ဒါပေမဲ့ တခုခက်တာက အထက်တန်းကျောင်းသားတွေ၊တက္ကသိုလ်ကျောင်းသားဘွဲ့ရတွေဆိုတော့ အင်္ဂလိပ်စာ
ကို အလယ်ခါးဖြတ်ကနေ သင်ရမလားစိတ်ကူးတယ်။ မဟုတ်ဘူးဗျ။ တကယ်ကို အောက်ခြေကနေ ဆင်းသင်ရတာပါ။ အေဘီစီဒီကို သရနဲ့ဗျည်းခွဲတာကနေ စသင်တာ
ကို ပြောတာပါ။ ဦးဇင်းကျက်ခိုင်းတဲ့ဟာမှန်သမျှကို မရအရကို ကျက်ကြတာ
သူတို့လေးတွေက သွေးရင် သွေးသလောက် ထက်လာကြမဲ့ ဓားလေးတွေပါ။

အဲ ကွန်ပျူတာဆိုရင်လဲ ဒါက ကီးဘုတ်၊ဒါက မောင့်စ်၊ဒါက စစ်စတန်ယူနစ်၊ ဒါက မောနီတာနော်၊ တီဗွီပုံးမဟုတ်ဘူး၊ ဒီလိုတောင် ပြောပြရတယ်။ ဘယ်နှယ်လဲဗျာ။ ဘွဲ့
ရပညာတတ်တွေလို့ အမည်ခံထားတဲ့ ကျောင်းသားတွေက ဘယ်လိုဖြစ်ကြတာလဲ။
ဦးဇင်းလဲ တတ်သလောက်မှတ်သလောက်လေးတွေကို အဆင်ပြေသလို သင်ပေးခဲ့ပါ
တယ်လေ။ အခြေခံစာစီစာရိုက်နည်းပေါ့။ နောက်ကွန်ပျူတာရဲ့သဘောတရားတွေ။
လူ၁၃၀လောက်ကို သင်ပေးတဲ့ကွန်ပျူတာက လေးလုံးပဲ့ဆိုတော့ အားတော့မရဘူးပေါ့
ဗျာ။ ဒါပေမဲ့ မှောင်နေတာကို ထိုင်ငိုညည်းနေကြမဲ့အစား တတ်နိုင်တဲ့နေရာကနေ ဖယောင်းတိုင်လေး ထွန်းညှိပေးရုံပါ။ တစ်ကွက်စာလေး လင်းလဲ မဆိုးဘူးပေါ့။ အင်တာနက်သုံးနည်းကအစ သင်ပေးခဲ့တော့ အခုဆို သူတို့လေးတွေ ဦးဇင်းဆီကို
ဂျီတော့ကနေ ဆက်သွယ်ပြီး ကျေးဇူးစကားအကြိမ်ကြိမ်လာပြောကြတော့ ၀မ်းသာ
ကြည်နူးရပါတယ်။ နောက်ဆို ဦးဇင်းလဲ တတ်သလောက် မှတ်သလောက်လေးနဲ့
အဆင်ပြေသလို မန်းမှုတ်ပေးသွားပါ့မယ်လေ။ ကမ္မဿကာပေါ့ မောင်ကျောင်းသားတို့
ရေ။

0 comments:

Template by : kendhin x-template.blogspot.com