Wednesday, June 29, 2011
ဗုဒ္ဓဘာသာဆိုတာ
                                                                                          (ဓမ္မဒူတ အရှင်ပညာဇောတ)+ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား
"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊ အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"
"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"
"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"
"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"
"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"
"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"
"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"
"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"
"ဘာဖြစ်လို့ပါလဲ ဘုရား"
"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။
သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
... တဲ့"
"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"
အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"
"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။
... တဲ့ "
"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"
"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"
သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"
"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"
"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"
"မဟုတ်ပါဘုရား"
"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"
"မှန်ပါဘုရား"
"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"
"မှန်ပါဘုရား"
"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"
"မှန်ပါဘုရား"
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"
"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"
"ရှင်းပါပြီ ဘုရား"
အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊ စာ-၃၀]
Friday, June 24, 2011
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံလိုအပ်ချက်
  • မေး။   ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။  
  • ဖြေ။   ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတ...ယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။   တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-  
  •  ၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
  • ၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
  • ၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး
  •  ၄။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
  • ၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
  • ၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
  • ၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။  
  •  ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။  
  •  (၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
  • (၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
  • (၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
  •  (၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံ များပါသည်။
  •  (၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
  •  (၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။ 
  • (၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ညဏ်ထိုင်းပါသည်။  
  • ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကိုပါပဲ။ အကျယ်ချဲ့ပြီး ထပ်ဆင့်သိသင့်တာက -   မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။ အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓ၀ါဒ။   ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊ အကုသိုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။   စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓါ
  • ၀ါဒ။ စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊ ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။   အလောင်းကိုင်တာချင်းတူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။ အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။   ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်) ဘုရားကို ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။   ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။   လူသေပြီး ခုနှစ်ရက်လည်မှိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။ စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။ အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။ ၀ါ တွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။   လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့် အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့် အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။   ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။  
  •  မှတ်ချက်။            ။လူကြီး လူငယ်မရွေး မိမိတို့ ၏ အစကရှိခဲ့သော ၊ မှားယွင်းနေသော ၊ လွဲမှားနေသော ၊ အသိများ ယုံကြည်မှုများကိုပစ်ပယ်ရွေ့ တစ်ကယ့်အစစ်အမှန်ဖြစ်သော ၊ သန့် ရှင်းသော ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြပါစေလို့  ထူးတင့်နိုင်မှ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။    အရှင်ဇ၀န မေတ္တာရှင် ( ရွှေပြည်သာ ) ဓမ္မအမေးအဖြေများ စာစုမှ ကောက်နုတ်ဖော်ပြပါသည်။ မူရင်း link မှာ >>>> http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:71832 
  • ဒုလ္လဘတရား ငါးပါး
    ဥုးဇင်း မင်္ဂလာပါဘုရား၊ ဒုလ္လဘတရား(၅) ပါးဆိုတာ ဘာလဲသိချင်ပါသည်ဘုရား၊ သူ ငယ်ချင်းတစ်ယောက်ကလည်းသိချင်ပါသည် ဘုရား၊ ဥုးဇင်းစာတွေဖတ်ရတာ အကျိုးရှိ ပါတယ်ဘုရား၊ တစ်ယောက်တည်းဖတ်ရတာ အားမရလို့ သူငယ်ချင်းတွေပါ မျှဝေဖတ်ပါ တယ်ဘုရား။ ဥုးဇင်းလည်း သာသနာ့အကျိုးကို ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေ ကြောင်းဆုတောင်းလိုက်ပါသည် ဘုရား၊
                                                                               ဝင်းသန္တာ(ပုသိမ်)
      မဝင်းသန္တာရေ ဒုလ္လတရား ငါးပါးဆိုတာကတော့
    (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားအဖြစ်ကိုရခဲတာ၊
    (၂) မနုဿတ္တ ဘာဝဒုလ္လဘ= လူအဖြစ်ကို ရခဲတာ
    (၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ=သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့အဖြစ်ကို ရခဲတာ၊
    (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ=ရဟန်းအဖြစ်ကို ရခဲတာ။
    (၅) သဒ္ဓမ္မသဝန အတိဒုလ္လဘ=သူတော်ကောင်းတရား ကြားနာရဖို့ကို အလွန်ရခဲတာ
    ဒါကတော့ ဒုလ္လဘတရာငါးပါး အကျဉ်းလေးပါ၊ 
    ဒီနေရာမှာ ဒုလ္လဘဆိုတာ ရခဲတာ၊ ဖြစ်ခဲ တာဆိုတဲ့အဓိပ္ပါယ်ပါ၊ ဒါပေမဲ့ လူတော်တော်များများက ဒုလ္လလို့ပြောလိုက်ရင် သင်္ကြန် တွင်းမှာ ခဏခေတ္တသင်္ကန်းဝတ်ကြတဲ့ တောထွက်ဦးဇင်းကြီးတွေကို ပြေးမြင်တတ်ကြပါ တယ်။ အမှန်က ဒုလ္လဆိုတာ အဲဒီအဓိပ္ပါယ်အဟုတ်ပါဘူး၊ အထက်ကပြောပြခဲ့တဲ့ အဓိပ္ပါယ်ပါ၊
    ဒုလ္လဘတရားငါးပါးကို မြတ်စွာဘုရားက ဂန္ဓကုဋီကျောင်းတော်ထဲကို မဝင်ခင်နေ့တိုင်း ရဟန်းတော်တွေကို ဟောကြားသြဝါဒပေးတော်မူပါတယ်၊ ဒီနေ့ရာမှာ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ ကိုအရင်ဆုံးရှင်းအောင်ပြောကြည့်ရအောင်ပါ၊
    ဘုရားအဖြစ်ကိုရခဲတယ်ဆိုတာ ဘုရားဖြစ်ဖို့လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီးတွေဖြည့်ရတာပါ၊ ဒီလောက်နှစ်တွေကြာအောင် ကမ္ဘာတွေကြာအောင်ပါရမီတွေ ဖြည့်ရတဲ့အတွက် ဘုရားဖြစ်ဖို့ဆိုတာမလွယ်ပါဘူး၊ ဒါကြောင့် ဘုရားအဖြစ်ရောက်ဖို့ရဖို့ ဆိုတာ ဒုလ္လဘ =ခဲယဉ်းတယ်လို့ပြောတာပါ၊
    နောက်တစ်ခါ မနုဿတ္တဘာဝ ဒုလ္လဘ=လူအဖြစ်ကိုရခဲတယ်ဆိုတာကလဲ  လူဖြစ်ဖို့ဆို တာအရမ်းခက်ခဲတာပါ၊ မြတ်စွာဘုရားကတော့ နခသိခသုတ်တော်မှာ လူပြည်မှာလူဖြစ် နေတဲ့သူတွေနဲ့ ငရဲရောက်နေတဲ့သူတွေကို လက်သည်းကြားကမြေမှုံလေးတွေနဲ့ ဥပမာ ပေးတော်မူပါတယ်၊ လူပြည်မှာ လူဖြစ်နေတဲ့သူတွေဟာ လက်သည်းကြားက မြေမှုံလေး တွေလောက်သာရှိပြီး၊ ဒုဂ္ဂတိဘုံတွေမှာရောက်နေတဲ့ သူတွေကတော့ မဟာပထဝီမြေ ကြီးပေါ်က မြေမှုံတွေလောက်ကိုများပြားပါတယ်တဲ့၊
    ဒီအဆိုကို ဒီနေ့ခေတ်လူဦးရေတွေများလာကြည့်ပြီး လက်မခံနိုင်စရာရှိပါတယ်။ လက်ခံ နိုင်အောင်ဥပမာလေးပေးပြောပြရမယ်ဆိုရင် စာဖတ်သူများရဲ့ အိမ်မှာရှိတဲ့ လူဦးရေစာ ရင်းနဲ့ ကိုယ့်ရဲ့အိမ်အနီးအနားမှာ မှီးတင်းနေကြတဲ့ တိရစ္ဆာန်တွေ ပြိတ္တာတွေကို ကြည့် လိုက်ရင် အဖြေပေါ်ပါလိမ့်မယ်၊ အဝေးကြီးသွားမကြည့်ပဲ အိမ်ဝင်းတစ်နေရာက ပုရွက် ဆိပ်တွင်းကို သွားရောက်ကြည့်မယ်ဆိုရင် လူနဲ့တိစ္ဆာန် ဘယ်သူကအရေအတွက်များ နေမလဲဆိုတာ မျက်မြင်ကိုယ်တွေ့သိရမှာပါ၊ ဒါကလူအဖြစ်ရဖို့ ခဲယဉ်းတယ်ဆို တဲ့သာဓကလေးတွေပါ၊
    နောက်တစ်ခု သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါယုံကြည်မှုနဲ့ ပြည့်စုံဖို့ခဲယဉ်းပါတယ်။ ဒီနေရာ မှာယုံကြည်တယ်ဆိုတာ ဘုရား၊တရား၊ သံဃာကိုယုံကြည်တာပါ၊ တခြားနတ်တွေ ဝိဇ္ဇာ တွေ ဘိုးတော်တွေကို ယုံကြည်တာမဟုတ်ပါဘူး၊ ခုခေတ်မှာ လူတော်တော်များများက ဘုရားတရားသံဃာကို ယုံတာနည်းနည်း ဘိုးတော်တွေ နတ်တွေကို ယုံတာများလာတာ တွေ့နေရပါတယ်၊ ဒါကြောင့် ဘုရား၊ တရား ၊ သံဃာကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့် စုံဖို့ ခဲယဉ်းတယ်လို့ မြတ်စွာဘုရားက ဟောကြားခဲ့တာပါ၊
    နောက်တစ်ခုက ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်ကို ရခဲတာပါ၊ ရဟန်းဖြစ်ဖို့ဆို တာလွယ်လွယ်နဲ့ဖြစ်တာ မဟုတ်ပါဘူး၊ လူသားစင်စစ်လည်းဖြစ်ရမယ်၊ အသက်နှစ် ဆယ်လည်းပြည့်မြောက်မှ ရဟန်းဖြစ်ခွင့်ရတာပါ၊ ဒီနေ့ခေတ်မှာ မိဘတိုင်းက စစ်ဗိုလ် ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေဖြစ်အောင် မွေးထုတ်ပေးနိုင်ကြပေမဲ့ ရဟန်းတစ်ပါးဖြစ်အောင်တော့ မိဘတိုင်း မွေးမပေးနိုင်ကြပါဘူး၊ ရဟန်းဆိုတာ သာမန် သင်္ကန်းလေးဝတ်ထားတဲ့ ရဟန်းထက် အကျင်သီလနဲ့ပြည့်စုံတဲ့ ပညာတတ်တဲ့ရဟန်း မျိုးကို ဒီနေရာမှာ ပြောမယ်ဆိုရင် ပိုသင့်တော်မယ်ထင်ပါတယ်။
    နောက်ဆုံးတစ်ခုကတော့ သဒ္ဓမ္မသဝန အတိဒုလ္လဘ= သူတော်ကောင်းတရာကို ကြား နာရဖို့ အရမ်းခက်ခဲတာပါတဲ့၊ သူတော်ကောင်းတရားကြားနာရဖို့ဆိုတာ ဘုရားရှင် ပွင့်နေမှ ဒါမမဟုတ်သာသနာတော်ကြီးနဲ့ ကြုံတွေ့ရမှာ နားကြားနိုင်တာပါ၊ ဒါတောင် ကိုယ်က ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်နေဦးမှပါ၊ အဲဒီလိုသာမဟုတ်ခဲ့ရင် သူတော် ကောင်းတရား နာကြာရဖို့ဆိုတာ ဝေးလာဝေးပါ၊  ဒါကြောင့် မြတ်စွာဘုရားက သူတော် ကောင်းတရား နာကြားရဖို့တာ အရမ်းခက်ခဲတာလို့ဟောကြားခဲ့တာပါ၊
    စာဖတ်သူများလည်း ဒုလ္လဘတရားငါးပါးနဲ့ နေ့စဉ်ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါ တယ်၊
    Tuesday, June 21, 2011
    အပါယ်တံခါး ပိတ်ကြရအော​င် - သုဝေ (ဘူမိဗေဒ)
    စာရေးသူသည် အစိုးရဌာနကြီးတစ်ခုတွင် နှစ်ပေါင်း ၃၀ ကျော်မျှ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အငြိမ်းစားယူထားခဲ့သူ ဖြစ်သည်။ အငြိမ်းစားယူလိုက်သည့် အချိန်မှာပင် အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ဇနီး သား သမီးလေးများနှင့် တကွဲတပြားစီ ဖြစ်သွားခဲ့ရသည်။
    ဒဂုံမြို့သစ်မြောက်ပိုင်းမှ ရပ်ကွက်တစ်ခုအတွင်းရှိ အိမ်လေးတစ်လုံးတွင် တစ်ယောက်တည်းနေပြီး ဖြစ်သလို ချက်ပြုတ် စားသောက်နေခဲ့ရပါသည်။
    ထိုကဲ့သို့ အိမ်လေးတစ်လုံးထဲတွင် တစ်ယောက်တည်း အထီးကျန်ဆန်ဆန် နေနေရသောအခါ ယခင်က မိသားစုများနှင့် အတူတကွ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည့် ဘ၀ကို ပြန်လည် တမ်းတနေခဲ့ပြီး များစွာ ပူဆွေးသောက ရောက်နေခဲ့ရပါသည်။
    ထို့ကြောင့်ပင် သားသမီးလေးများ နေထိုင်လျက်ရှိသော ရပ်ကွက်သို့ နေ့စဉ်လိုလို နေပူမိုးရွာမရှောင် သွားရောက်ခဲ့ပြီး သူတို့လေးတွေနှင့် တွေ့ဆုံနေခဲ့ပါသည်။
    စာရေးသူအနေဖြင့် သားသမီးလေးများကို ငွေကြေးအားဖြင့် ထိထိရောက်ရောက် မပံ့ပိုးနိုင်သော်လည်း သူတို့၏ နေရေး ထိုင်ရေး ပညာရေး ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းကာ အားပေးနှစ်သိမ့်နေခဲ့ပါသည်။
    ထိုကဲ့သို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေခဲ့ရာမှ ၁၀ တန်းအောင်ပြီးသော သားက အလုပ်အကိုင် ရရှိသွားပြီး စာရေးသူကို ထောက်ပံ့လာနိုင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော သမီးကလည်း အလုပ်အကိုင် အဆင်ပြေလာပြီး စာရေးသူကို လစဉ်ပုံမှန် ထောက်ပံ့လာနိုင်ခဲ့ပြန်ပါသည်။
    ဤကဲ့သို့ ငွေရေးကြေးရေး အဆင်ပြေလာသောအခါ ၀န်ထမ်းဘ၀က အပေါင်းအသင်းများနှင့် သောက်သုံးခဲ့သော အရက်ကို ညဥ့်အခါ အိပ်မပျော်သည်ကို အကြောင်းပြပြီး ပြန်လည် သောက်သုံးနေမိပြန်ပါသည်။
    အရက်ကို အလွန်အကျွံ သောက်သုံးနေခဲ့မိသဖြင့် စာရေးသူ၏ ဘ၀တွင် အမှားပေါင်းများစွာ ပြုလုပ်ခဲ့မိသည်ကို နောင်တ မရနိုင်သေးဘဲ နေ့စဉ်လိုလို အရက်လေး တမြမြနှင့် ဖြစ်နေခဲ့ရာမှ တစ်နေ့တွင် အိမ်နီးနားချင်း မိတ်ဆွေတစ်ဦးက ၇ ရက် တရားစခန်းတစ်ခုကို သူနှင့်အတူ လိုက်ပါဝင်ရန် ဖိတ်ခေါ်လာပါသည်။
    စာရေးသူလည်း မိတ်ဆွေနှင့်အတူ မဆိုင်းမတွ လိုက်သွားခဲ့ပါသည်။ အရိပ်အာဝါသ ကောင်းမွန်လှပြီး ကျယ်ဝန်းသော ဓမ္မရိပ်သာဝင်းကြီးအတွင်းသို့ ၀င်သွားမိသည်နှင့် တစ်ပြိုင်နက် စာရေးသူ၏ ရင်ထဲတွင် များစွာ အေးချမ်း ကြည်နူးသွားရပါသည်။
    အဆိုပါ တရားရိပ်သာကြီးတွင် ၇ ရက်လုံးလုံး ၀ိပဿနာဘာဝနာများ ပွားများအားထုတ်ရခြင်း၊ ကမ္မဌာနစရိယ ဆရာတော်ကြီးများ၏ နေ့စဉ်ပို့ချသော တရားဒေသနာတော်များကို နာကြားရခြင်းတို့ကြောင့် စာရေးသူ၏ ဆောက်တည်ရာမရ ကစဥ့်ကလျား ဖြစ်နေခဲ့သော စိတ်အစဉ်သည် များစွာ တည်ငြိမ်အေးချမ်းသွားပါတော့သည်။
    ထို့ကြောင့်ပင် အဆိုပါ တရားရိပ်သာကြီးမှ အိမ်သို့ ပြန်ရောက်သောအခါ ၀ိပဿနာဘာဝနာနှင့် ပတ်သက်သော စာပေကျမ်းဂန်များကို လက်လှမ်းမှီသမျှ လိုက်လံ ရှာဖွေစုဆောင်းပြီး လေ့လာမှတ်သားနေခဲ့ပါသည်။ ထို့အပြင် သတင်းစာများတွင် တွေ့ရသော ၇ ရက်တရားစခန်းများသို့လည်း အလျဉ်းသင့်သလို သွားရောက် အားထုတ်နေခဲ့ပါသည်။
    ထိုကဲ့သို့ ၇ ရက်တရားစခန်းများကို ၄ - ၅ - ၁၀ ကြိမ်ခန့် ၀င်ရောက် အားထုတ်ပြီးနောက် စာရေးသူ၏ ရင်ထဲမှ သောက အပူမီးတို့သည် များစွာ အေးငြိမ်းသွားပါသည်။
    စာရေးသူအတွက် အထူးခြားဆုံး ဖြစ်ရပ်မှာ မည်သူမျှ ပိတ်ပင်တားမြစ်မရခဲ့သော အရက်သေစာ သောက်သုံးနေသော အကျင့်ဆိုးသည် အလိုလို ပြတ်တောက်သွားခြင်း ဖြစ်ပါတော့သည်။
    ထို့အပြင် မိမိတို့ ပင်ပန်းကြီးစွာ အားထုတ်ရှာဖွေထားသော လစာငွေထဲမှ ဦးဦးဖျားဖျား ဖခင်ကြီးဖြစ်သူ စာရေးသူအား ထောက်ပံ့နေကြသော သားနှင့်သမီးတို့၏ ကျေးဇူးကို ပြန်လည် တုံ့ပြန်သော အနေဖြင့် စာရေးသူ၏ ကျန်ရှိနေသေးသော ဘ၀တစ်လျှောက်လုံး တရားဘာဝနာကိုသာ ကြိုးစား အားထုတ်သွားပါတော့မည်ဟု သန္နိဌာန် ချနိုင်ခဲ့ပါသည်။
    ယခင်က ဤအိမ်လေးတွင် တစ်ယောက်တည်း အထီးကျန်ဆန်ဆန် နေခဲ့ရသဖြင့် စိတ်အားငယ် နေမိခဲ့သော်လည်း ယခုအခါ သည်အိမ်လေးတွင် တစ်ယောက်တည်း နေနေရသည့် အဖြစ်ကိုပင် လွန်စွာ နှစ်ခြိုက်လာခဲ့ပါသည်။ ထို့ကြောင့်ပင် ဤအိမ်လေးကို ကျောင်းကန်ဇရပ်အသွင် သဘောထားပြီး တရားဘာဝနာများကို စာတွေ လက်တွေ့ ပွားများ အားထုတ်နေခဲ့ပါသည်။
    ထိုကဲ့သို့ နေခဲ့ရမှ တစ်နေ့တွင် မိတ်ဆွေတစ်ဦးက ၇ ရက် တရားစခန်းတစ်ခုကို ညွှန်လာပြန်ပါသည်။ စာရေးသူလည်း မိတ်ဆွေ ညွှန်လာသည့် တရားစခန်းသို့ ၀င်ဖြစ်ခဲ့ပြန်ပါသည်။ ထို တရားစခန်းမှာ အနာဂါမ်ဆရာသက်ကြီး ၀ိပဿနာအဖွဲ့ချုပ်က သန်လျင်မြို့တွင် ဖွင့်လှစ်ထားသော တရားစခန်းဖြစ်ပါသည်။
    အဆိုပါ ၇ ရက်တရားစခန်းတွင် နေ့စဉ် နံနက် ၄း၃၀ နာရီမှ ည ၁၀း၀၀ နာရီအထိ တစ်နေ့ ၁၁ ကြိမ် တရားရှုမှတ်ရပါသည်။ တရားစခန်း အတွေ့အကြုံ အတော်အသင့် ရှိခဲ့ပြီးသူ စာရေးသူပင် ပထမတစ်ရက်နှစ်ရက်တွင် အတော် ကြိုးစားအားထုတ်ရပါသည်။
    စာရေသူတို့သည် ၄ ရက်ခွဲတိတိ မိမိတို့၏ နှာသီးဝတွင်သာ အာရုံပြုပြီး ၀င်လေထွက်လေကို ရှုမှတ်နေခဲ့ရပါသည်။ သမာဓိမှကင်း၍ ၀ိပဿနာမဖြစ်နိုင်ဟု အဆိုရှိသည်နှင့်အညီ စာရေးသူတို့သည် အထက်ဖော်ပြပါ နည်းအတိုင်း သမထဘာဝနာကို ပွားများအားထုတ်ပြီး သမာဓိ စွမ်းအားကို ထူထောင်ရခြင်းဖြစ်ပါသည်။
    ထိုကဲ့သို့ ယောဂီများ ကမ္မဌာန်းဘာဝနာ ပွားများနေချိန်တွင် ကမ္မဌာန်းနည်းပြဆရာ၊ ဆရာမများက အနီးကပ်ညွန်ကြား ပြသပေးနေကြပါသည်။ တရားစခန်းကြီး၏ ၅ ရက်မြောက်သောနေ့တွင်မူ သမထ ဘာဝနာသို့ ကူးပြောင်းရှုမှတ် အားထုတ်စေပါသည်။ ပထမ ၄ ရက်လုံးလုံးယောဂီတို့၏ နှာသီးဝတွင် ၀င်လေထွက်လေကို အနုစိပ် ရှုမှတ်ပွားနေရာမှ ယောဂီတို့၏ ဦးခေါင်း ငယ်ထိပ်နေရာသို့ အာရုံကူးပြောင်း ရှုမှတ်ရပါသည်။
    စာရေးသူလည်း စာရေးသူ၏ နှာသီးဝနေရာမှ ဦးခေါင်း ငယ်ထိပ်နေရာသို့ အာရုံကူးပြောင်း ရှုမှတ်လိုက်ရာ စာရေးသူ၏ ဦးခေါင်း ငယ်ထိပ်နေရာတွင် လှုပ်လှုပ် လှုပ်လှုပ် မွမွရွရွ ဖြစ်နေရုံမျှမက ဦးခေါင်းငယ်ထိပ်အတွင်းသို့ တစ်စုံတစ်ရာနှင့် ထိုးသွင်း ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်ကို ရှုမြင်ခံစားနေရပါသည်။
    ထို့နောက် ယောဂီတို့၏ ဦးခေါင်းငယ်ထိပ်နေရာမှ ခန္ဓာကိုယ်တစ်ခုလုံး ခြေဖျား လက်ဖျားမကျန် ဖြန့်ကျက်ပြီး ရှုမှတ်ရာတွင်လည်း စာရေးသူ၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မှု၊ ရွမှု၊ ပူမှု၊ အေးမှု၊ တောင့်တင်းမှုတို့ကို ခံစားနေရပြန်ပါသည်။
    ယခင်က တည်ငြိမ်ခိုင်မြဲနေသည်ဟု ထင်ရသော ယောဂီတို့၏ ခန္ဓာကိုယ်ကြီးသည် အမှန်စင်စစ် ခဏမစဲ တသဲသဲ ဖောက်ပြန်ပြောင်းလဲနေသည်ကို ယောဂီတို့ကိုယ်တိုင် ခန္ဓာဥာဏ်ရောက် ရှုမြင်နေကြရပြီး ဖြစ်ပါသည်။
    ဤသို့ ရှုမြင်နိုင်ကြခြင်းမှာလည်း ယောဂီတို့ ၄ ရက်လုံးလုံး ကြိုးစားအားထုတ် ထူထောင်ထားခဲ့သော သမာဓိစွမ်းအားကြောင့်ပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခဏမစဲ ဖောက်ပြန်ပြောင်းလဲနေမှုတို့မှာ အနိစ္စလက္ခဏာ၊ ထိုဖောက်ပြန် ပြောင်းလဲနေမှုတို့ကြောင့် မခံသာသည့် ဆင်းရဲခြင်းတို့မှာ ဒုက္ခလက္ခဏာ၊ ထိုမခံသာသည့် ဆင်းရဲဝေဒနာတို့ကို တားဆီး၍မရ အစိုးမရသည့် သဘောမှာ အနတ္တလက္ခဏာပင် ဖြစ်ကြောင်း ကမ္မဌာနာစရိယ ဆရာကြီးများက အကျယ်တ၀င့် ဟောပြောပြပါသည်။
    ဤသို့ဖြင့် ငါ-သူတစ်ပါး-ယောင်္ကျား-မိန်းမ-လူ-နတ်-ဗြဟ္မာ-တောတောင်ရေမြေ ဟူ၍ မရှိပြီ။ အခါမစဲ တသဲသဲ ဖောက်ပြန် ပြောင်းလဲနေသော ရုပ်တရားနှင့် နာမ်တရားသာရှိပုံ၊ ထိုရုပ်တရား နာမ်တရားတို့သည် ခြေကျိုးသူနှင့် မျက်စိမမြင်သည့် လူနှစ်ယောက် အတူတကွ ခရီးသွားသလို အချင်းချင်း ထောက်ပံ့ အကျိုးပြုနေကြပုံ ပမာအလား ရုပ်တရား နာမ်တရားတို့ကို ခွဲခြားသိမြင်ခြင်း၊ သံသရာ တစ်လျှောက်လုံး အရိုးစွဲခံယူခဲ့သော ငါ-သူတစ်ပါး ဟူသော သက္ကာယဒိဌိကို ခွာနိုင်ခြင်းတို့အပြင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးကို သူပြော-ငါပြောမဟုတ်၊ ယောဂီတို့ကိုယ်တိုင် ရှုပွားဆင်ခြင် သိမြင်နေကြရပြီ ဖြစ်ပါတော့သည်။
    ထို့အပြင် ယောဂီတို့သည် ၇ ရက်လုံးလုံး သီလကို ဆောက်တည်ထားခြင်း၊ မိမိတို့ အိုးအိမ်စည်းစိမ်တို့ကို ခေတ္တယာယီ စွန့်ခွာပြီး ယခုလို ဆိတ်ငြိမ်သည့် ဓမ္မရိပ်သာကြီးအတွင်းတွင် လာရောက်ပြီး တရားဘာဝနာများ အားထုတ်နေကြသဖြင့် ပါရမီ ဆယ်ပါးကို တစချိန်တည်း ဖြည့်ဆည်းနေကြသကဲ့သို့ ဖြစ်နေပါ၍ ယခုအချိန်အခါတွင် ယောဂီတို့သည် သာမာန် ပုထုဇဉ်များ မဟုတ်ကြတော့ပဲ အရိယာနွယ်ဝင် သူတော်စင်များ ဖြစ်နေကြပါပြီ။
    ဆက်လက်၍ ကြိုးစားအားထုတ်သွားပါက ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်မှု၊ ပျက်မှုတို့ကို ရှုမြင်လာနိုင်ကြပြီး မဟာ သောတာပန်အဖြစ် ရောက်ရှိနိုင်ရုံမက အပါယ်လေးဘုံသို့ မကျရောက်နိုင်တော့ဘဲ ယခုဘ၀အတွင်းမှာပင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကြောင်းကို ရဲရဲကြီး အာမ ခံဝံ့ပါသည်ဟု ကမ္မဌာနာစရိယ ဆရာကြီးများက မိန့်ကြားပါသည်။
    ထိုကဲ့သို့ ဆရာကြီးများက မိန့်ကြားလိုက်သည့်အခါ အခြားသော ယောဂီများ မည်ကဲ့သို့ ခံစားနေကြရမည်ကို မသိနိုင်သော်လည်း အသက် ၆၀ ကျော် အရွယ်အထိ စိတ်အလိုလိုက် မိုက်မှားနေခဲ့သော စာရေးသူလို ပုဂ္ဂိုလ်က သာမန်ပုထုဇဉ်ဘ၀မှ အရိယာနွယ်ဝင် သူတော်စင်ဘ၀သို့ ခေတ္တယာယီပင် ဖြစ်စေကာမူ ရောက်ရှိနေပြီဟု ကြားသိရသောအခါ ၀မ်းသာကြည်နူးမှု ဖြစ်ရလွန်း၍ မျက်ရည်များပင် စီးကျလာခဲ့မိပါသည်။
    ယခင်ကကဲ့သို့ အလုပ်မရှိ၊ အကိုင်မရှိ၊ အိမ်လေးတစ်လုံးတွင် တစ်ယောက်တည်း နေရသဖြင့် စိတ်အားငယ်နေရန်မလို၊ မိမိတွင် အမွန်မြတ်ဆုံး အလုပ်ဖြစ်သည့် တရားဘာဝနာ ပွားများ အားထုတ်သည့် အလုပ်ရှိနေပါပြီဟူသော အတွေး ၀င်နေမိသည်။
    အဆိုပါ တရားစခန်းကြီးက စီစဉ်ပေးသည် ဘတ်စ်ကားဖြင့် အပြန်လမ်းတွင် သန်လျင်တံတားကြီးပေါ်သို့ ရောက်သောအခါ မြစ်ပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး တိုက်ခတ်လာသော လေနုအေးလေးကို တစ်ဝကြီး ရှုရှိုက်လိုက်မိပြီးနောက် စာရေးသူ၏ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေပါတော့သတည်း။
                                                                                                                သုဝေ (ဘူမိဗေဒ)
    Saturday, June 18, 2011
    ယဉ်ကျေးလိမ်မာသင်တန်း၊ ထားဝယ်မြို့
    Friday, June 17, 2011
    ထိုလင်နှင့်ဤမယား ညားကြရာဝယ်
    အိမ်ထောင်မူ့ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊
    ဤသုံးခု မူမပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့်ဟာမျိုး ဟုစလေဦးပုညကစပ်ဆိုခဲ့တာဖြစ်ပါတယ်။ လူတိုင်းနှင့်လည်းရင်းနှီးသလို အသုံးကလဲတော်တော်လေးဝင်တယ်ဆိုတာ သိကြမှာဖြစ်ပါတယ်။ အိမ်ထောင်မူသည် လူနှင့်မကင်းရာမကင်းကြောင်းဖြစ်ပါတယ်။ အိမ်ရာတည်ထောင်၍နေကြသော လူ့ဘောင်အဆောက်အုံကြီးတွင် အိမ်ထောင်မူသည်လွန်စွာအရေးကြီးလှပါတယ်။  ပျက်စဉ်ပြင်ခဏဆိုပေမဲ့ အိမ်ထောင်ရေးမှာတော့ဖြင့် ဖြစ်နိုင်စရာမဟုတ်ပေ၊ အစကောင်းမှအနှောင်းသေချာသည်သာအမှန်ပင်ဖြစ်ပါတယ်။ အိမ်ထောင်မူသက်တမ်းဆိုတာကတော့ လူသမိုင်းနှင့်အမျှရှည်လျားလွန်းပါတယ်။ လူရှိနေသမျှကာလပတ်လုံး အိမ်ထောင်မူသည် ရှိနေမည်ပင်ဖြစ်ပါတယ်။ ဒါပေမဲ့ သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးရှိသလို သာယာချမ်းမြေ့ခြင်းကိုမပိုင်ဆိုင်နိုင်သော အဆင်မပြေသောအိမ်ထောင်ရေးများကလည်း ဒီခေတ်ကြီးထဲမှာတော့ ဒုနဲဒေးပါပဲ။ လောကလူသားတိုင်း အိမ်ထောင်တစ်ခုပြုပြီးဆိုမှတော့ ပျော်ရွင်ခြင်းကို နစ်သက်လိုလားကြမှာအမှန်ပင်ဖြစ်ပါတယ်။ အိမ်ထောင်ရေးသက်တမ်းကြာလာတာနဲ့အမျှ အဆင်မပြေမူလေးတွေစတင်တွေ့ရှိရတာလေးတွေရှိသလို အဆင်ပြေပြေနဲ့လှုပ်ရှားသွားလာနေတာကိုလဲတွေ့ရှိရပါတယ်။ စာရေးသူကရော ဒါတွေကိုသေသေချာချာ ဃဃနနသိသလားဆိုတော့မသိပါဘူး။ တစ်နေ့က မိသားစုအဆင်ပြေပုံလေးတွေနဲ့ပက်သက်ပြီးတော့ ဘလော့တစ်ခုမှာဖတ်မိလိုက်ရပါတယ်။ အိမ်ထောင်ရေးကို အကျိုးရှိရှိအသုံးပြုသွားပုံလေးပါ၊ ပြီးတော့ ပျော်ရွင်သောမိသားစုလေးကို ပြိုကျမသွားအောင် အမြဲတမ်းထိန်းသိမ်းထားတဲ့နည်းလမ်းလေတွေပါ၊ ဘ၀နှင့်ရင်းပြီးတကယ်ဖြစ်ရပ်လေးတွေတင်ပြထားတာလေးတွေကိုသိရလို့ဝမ်းလဲသာခဲ့မိပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးကတည်းက အိမ်ထောင်ရေးနဲ့ပက်သက်လို မြတ်ဗုဒ္ဓကဘယ်လိုများဟောခဲ့သလဲဆိုတဲ့အတွေးက၀င်လာမိပါတယ်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓက လူသားတို့အတွက် ကောင်းသောအိမ်ထောင်ရေးဖြစ်မူ့ကို ရှေူးရှုတော်မူလျှက် အိမ်ထောင်ရေးတရားဒေသနာတော်များကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။
    မြတ်ဗုဒ္ဓဒေသနာ (အဂုင်္တ္တိုရ်ပါဠိတော်၊ပုညာဘိသန္ဒ၀ဂ်၊ပဌမသံဝါသသုတ်)
    မြတ်စွာဘုရား မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြားခရီးရှည်ကြွတော်မူစဉ် များစွာကုန်သော သူဌေးလင်မယားတို့သည်လည်း ထို့မြို့အကြားခရီးထွက်ခဲ့ကြပါတယ်။ မြတ်စွာဘုရားက ခရီးလမ်းတစ်ဝက်လောက်လဲရောက်ရော အရိပ်ကောင်းသောသစ်ပင်၌ ခေတ္တခဏအနားယူပါတယ်။ ထိုအချိန်မှာပင် သူဌေးလင်မယားတို့ကမြတ်ဗုဒ္ဓထံသို့သွား၍   မြတ်စွာဘုရားအား ရှိခိုးကန်တော့ခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓကလည်း အိမ်ထောင်ရေးတရားတော်နှင့်ပက်သက်၍ ဤသို့မိန့်တော်မူခဲ့ပါတယ်။ ဒါယကာတို့ လင်နှင့်မယားပေါင်းသင်းဆက်ဆံခြင်တို့သည် လေးမျိုးရှိတယ်။
    ဘာတွေလဲဆိုတော့- ၁။သူသေလင်သည် သူသေမယားနှင့် အတူတကွ ပေါင်းသင်းဆက်ဆံတယ်။
    ၂။သူသေလင်သည် နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ်။
    ၃။နတ်သားလင်သည် သူသေမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ်။
    ၄။နတ်သားလင်သည်နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံတယ် ဟုဟောတော်မူခဲ့ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓဟောကြားသောတရားတော်ကို နာမလည်းသဖြင့် အဘယ်သို့သော လင်မယားမျိုးကို သူသေကောင်၊ နတ်သမီး၊ နတ်သားဟုသိလိုသောစိတ်ဖြင့်ဘုရားထံကိုမေးခဲ့ကြပါတယ်။
    ၁။ဒါယကာတို့ လောကကြီး၌ လင်ယောက်ျားသည် ငါးပါးသီလကိုမလုံခြုံ၊ ယုတ်ညံ့သောသဘောတရားရှိခြင်း၊ ၀န်တိုခြင်း၊ သမဏဗြာဟ္မကိုဆဲရေးခြင်းတို့သည် လင်ယောကျာ်း၌သော်လည်းကောင်း၊ မယား၌သော်လည်းကောင်းရှိငြားအံ့။ ထိုသို့သောလင်နှင်မယားကို သူသေလင်သည် သူသေမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
    ၂။ဒါယကာတို့ လင်သည် ငါးပါးသီလကိုမလုံခြုံ၊ ယုတ်ညံ့သောသဘောတရားရှိတယ်၊ ၀န်တိုခြင်းရှိတယ်၊ သမဏဗြာဟ္မဏကိုဆဲရေးခြင်းရှိတယ်၊ ဒါပေမဲ့ မယားမှာ ထိုသို့သောသဘောတရားကိုကမရှိပေ။ ဤသို့သောလင်နှင့်မယားကိုတော့ သူသေလင်သည် နတ်သမီးမယားနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
    ၃။ဒါယကာတို့ လင်သည် ငါးပါးသီလကိုလုံခြုံတယ်၊ ယုတ်ညံ့သောသဘောတရားမရှိ၊
    ၄။ဒါယကာတို့ လင်နှင့်မယားသည် ငါးပါးသီလကိုလုံခြုံတယ်၊ ယုတ်ညံ့သောသဘောတရားမရှိ၊ ၀န်တိုခြင်းမရှိ၊ သမဏဗြာဟ္မကိုဆဲရေးခြင်းမရှိ၊ ထိုသို့သောလင်နှင့်မယားကိုတော့ လင်နတ်သားသည် မယားနတ်သမီးနှင့်အတူတကွပေါင်းသင်းဆက်ဆံနေတယ်လို့ငါဘုရားဟောတော်မူပါတယ်။
    မြတ်ဗုဒ္ဓ၏ဒေသနာအဆုံး၌ သူဌေးလင်မယားတို့သည် မိမိ မိမိတို့၏အိမ်ထောင်ရေးကို ပြန်သုံးသပ်ခဲ့ကြပါတယ်။ငါဟာ သူသေလင်လား၊ နတ်သားလင်လား ဟူ၍လည်းကောင်း၊ ငါဟာ သူသေမယားလား၊ နတ်သမီးမယားလား ဟူ၍လည်းကောင်းသုံးသပ်ကြည့်သော် သူတို့သူဌေးလင်မယားတို့သည်နတ်သားနှင့်တူသောလင်၊ နတ်သမီးနှင့်တူသောမယားမျိုးဖြစ်ပါတယ်။ သို့ဖြစ်၍ ထိုအကြင်လင်မယားတို့သည် လူ့ဘ၀၌ ကောင်းမြတ်သောတရားတို့ကိုကျင့်၍ နတ်လောက၌အလုံးစုံသော ကာမဂုဏ်အာရုံတို့ကိုလိုတိုင်းရကုန်လျှက်နှစ်နှစ်သက်သက်မွေ့လျော်ခဲ့ကြရပါတယ်။ထိုမြတ်ဗုဒ္ဓဒေသနာတော်သည် ဇနီးမောင်နှံတိုင်းနှင့်သက်ဆိုင်သောတရားဖြစ်သည့်အတွက် မိမိကိုယ်ကို နတ်သားနှင့်တူသောလင်၊ နတ်သမီးနှင့်တူသောမယားမျိုးဖြစ်အောင်ကြိုးစားသင့်သည်မဟုတ်ပါလော့။)
    မှတ်ချက်။          ။ဒုတိယသံဝါသသုတ်တော်ကိုရဟန်းတော်တို့ကိုအကြောင်းပြု၍ဟောတော်မူထားပါသည်။
    ဆိုလိုရင်းအဓိပ္ပါယ်မှာအတူတူဖြစ်၍မဖော်ပြတော့ပါ။ရဟန်းတို့နှင့်မဆိုင်သော်လည်း
    ရဟန်းတို့မည်သည်ဒါယကာ၊ဒါယိကာမတို့နှင့်မကင်းသောကြောင့်ရဟန်းတို့အနေဖြင့်သက်ဆိုင်ရာဒါယကာ၊ ဒါယိကာမတို့အားဟောကြားဆုံးမနိုင်စေရန်ဟောကြားတော်မူသည်ဟုယူဆနိုင်ပါတယ်။
    မြတ်ဗုဒ္ဓဒေသနာ(အဂုင်္တ္တိုရ်ပါဠိတော်၊ ပုညာဘိသန္ဒ၀ဂ်၊ပဌမ သမဇီဝီသုတ်)
    မြတ်စွာဘုရားရှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ သားတို့ အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးနေတော်မူစဉ် ဒီတရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ တစ်နေ့သော နံနက်ခင်းပိုင်၌ မြတ်စွာဘုရားရှင်သည် သင်္ကန်းကိုပြင်ဝတ် သပိတ်သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ကြွတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် ကြွလာပြီးလဲဆိုရော နကုလပိတာနှင့် နကုလမာတာ လင်မယားနစ်ယောက်စလုံးဟာ ဘုရှားရှင်ကို ရှိခိုးဦးချပါတော့တယ်။ ထို့နောက် နကုလပိတာသည် မြတ်စွာဘုရားအား- အရှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာကို လက်ထပ်ခဲ့ပါတယ်ဘုရား။ တပည့်တော်အိမ်ထောင်ကျပြီဆိုကတည်းက နကုလမာတာမှတစ်ပါး အခြားသော အမျိုးသမီးနှင့်ဖောက်ပြန်ကျုးလွန်ခြင်းမရှိခဲ့ပါ။အယုတ်အားဖြင့် စိတ်ဖြင့်တောင်မပြစ်မှားမိခဲ့ကြောင်းပါဘုရား ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ တပည့်တော်သည် ယခုဘ၀၌လည်း နကုလမာတာကိုပဲ ချစ်ချင်းပါတယ်ဘုရား နောက်တမလွန်ဘ၀၌လည်း သံသရာဝဋ်လည်နေသမျှကာလပတ်လုံး နကုလမာတာနဲ့ပဲ တွေ့ ဆုံပေါင်းသင်းခြင်ပါတယ်ဘုရား လို့ လျောက်တယ်။ ထို့နည်းအတူ နကုလမာတာကလည်း မြတ်စွာဘုရားကို လျောက်ထားခဲ့ပါသည်။
    ဘုရာရှင်က- ဒါယကာတို့လင်မယား ယခုဝဘရော နောင်ဘ၀ပါ အတူတူချစ်ခင်ချင်တယ် ပေါင်းသင်းဆက်ဆံခြင်းတယ်ဆိုရင်
    ၁။တူမျှသော သဒ္ဓါတရားရှိခြင်း
    ၂။တူမျှသော သီလတရားရှိခြင်း
    ၃။ တူမျှသော စာဂတရားရှိခြင်း
    ၄။ တူမျှသော ပညာတရားရှိခြင်း တို့ရှိရပါလိမ့်ဟု မိန့်တော်မူခဲ့သည်။
    နကုလပိတာနှင့် နကုလမာတာတို့သည့် ထိုလေးပါးသောတရားတို့ဖြင့် ပြည့်စုံစွာနေလျက် ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံသွားကုန်သတဲ့။ နောက်ဆုံး လူ့ ဘ၀၌ ထိုသို့တူမျှသော တရားတို့ကိုကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသောကာမဂုဏ်အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက်မွေ့ လျော်ရကုန်သတည်း။
    မှတ်ချက်။   ။ဒုတိယသမဇီဝသုတ်တော်ကို ရဟန်းတော်တို့ကိုအကြောင်းပြု၍ဟောတော်မူခဲ့ပါတယ်။အဓိပ္ပါယ်မှာအတူတူပင်ဖြစ်သော်ကြောင့် မဖော်ပြတော့ပါ။
    သိင်္ဂါလောဝါဒသုတ်၌လည်း အောက်ပါအတိုင်းတွေ့ရှိရပါသေးတယ်။ အိမ်ထောင်တစ်ခုပြုပြီးဆိုရင် လင်ကျင့်ဝတ်နှင့်မယားကျင့်ဝတ်ဆိုပြီတော့ မြတ်ဗုဒ္ဓကဟောကြားထားပါသေးတယ်။
    လင့်ကျင့်ဝတ် (၅)ပါး
    (၁) မြတ်နိုးကြင်နာမှုရှိခြင်း။
    (၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
    (၃) မယားငယ်အနှောင်းမထားခြင်း။
    (၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
    (၅) အ၀တ်တန်ဆာပေးခြင်း။
    ဆောင်ပုဒ်။       ။မထေမဲ့ကင်း အပ်နှင်းဥစ္စာ
                           မိစ္ဆာမမှား ၀တ်စားဆင်ယင်
                            မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။
    မယားကျင့်ဝတ် (၅)ပါး
    (၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။
    (၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
    (၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
    (၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
    (၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။
    ဆောင်ပုဒ်။               ။အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
                                  မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ
                                 ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။
    မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော အိမ်ထောင်ရေးကိစ္စများကို စာရေးသူလက်လှမ်းမီသလောက်တင်ပြလိုက်ရပါတယ်။ အားလုံးသောစာဖတ်သူအားလုံး ပျော်ရွင်သောမိသားစု၊ပျော်ရွင်သောအိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေ..........
    လပြည့်ဝန်း
    မမေ့ သတိ၊ သီလသမာ၊ အစဖြာ၊ သိက္ခာသုံးရပ်၊ ပြည့်စုံကြ၊ ကြိုးစားအားထုတ်ပါ။
    Tuesday, June 14, 2011
    ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ.
    သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
    (မိုးကုတ် ဆရာတော်)
    မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
    လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
    မယုံခဲ့ရင်တောင်
    မိုက်မကြည့်နဲ့ လိမ္မာပါ။
    (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
    ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
    အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
    လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
    (ဓမ္မဘေရီ အရှင်ဝီရိယ)
    ရေကြောင့်ဖြစ်သော အညစ်အကြေးကို
    ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
    စိတ်ကြောင့်ဖြစ်သော
    အညစအကြေးကို
    စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
    (ဗုဒ္ဓ)
    ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
    တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)
    အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
    သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
    ဒါမှ သူတော်ကောင်း။
    သူတော်ကောင်း သူတော်ကောင်း
    သူမတော်လဲ ကိုယ်ကကောင်း
    ဒါမှ သူတော်ကောင်း။
    သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
    သတိယှဉ်တယ် သစ္စာသုံး
    ဒါမှ အမြတ်ဆုံး။
    ကတညတ ကတဝေဒီ
    ကျေးဇူးတရားကိုသိခြင်း
    ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
    (ဗုဒ္ဓ)
    အတိတ်ကိုတွေး မဆွေးနဲ့
    အတိတ်ဆိုတာ ပြန်မလာဘူး။
    အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
    အနာဂတ်ဆိုတာ မသေချာဘူး။
    ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
    ပညာလုံ့လ အသုံးချလျှက်
    ဘ၀တန်ဖိုး အားမာန်ကိုး၍
    မြတ်နိုးကြည်ဖြူ အရယူလော့။
    (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
    သူတစ်ပါးအတွက် ချွတ်ယွင်းချက်
    ကိုယ့်အတွက် သင်ခန်းစာ။
    သူတစ်ဖက်သား မျက်မာန်ပွါးသော် တရားမကွာ ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှချိမ့်နည်း။
    (မင်းကွန်း ဆရာတော်)
    (ရတနာဝါသဘုရားကျောင်းကို အလည်သွားရင်းနဲ့ ကူးယူလာခဲ့တဲ့ မှတ်သားဖွယ်ရာ သြ၀ါဒလေးတွေပါ။)
    Monday, June 13, 2011
    Software မလိုဘဲ English လိုအသံပီပီထွတ်လေ့ကျင့်မယ်။
    Software တွေတကုတကရှာပြီး English လိုအသံထွတ်လေ့ကျင့်စရာမလိုပါဘူး..ကိုယ်ကိုတိုင်သိချင်တဲ့ဟာကို ရိုက်ထည့်ပြီး အသံထွတ်ခိုင်းလိုက်.ဒါကို ကိုယ့်က တူအောင် လိုက်ထွတ်ကျင့်ပေါ့..ဒါက Control panel ထဲမှာရှိတဲ့
    Speech မှာအသုံးပြူလို့ရပါတယ်.။
    "you have selected Microsoft Sam as the computer's default voice" ဆိုတာကိုဖြတ်လိုက်ပြီး ကိုယ်ထွတ်ခိုင်းချင်
    တဲ့ English စာသားကိုရိုက်ထည့်ပြီး Preview voice မှာနှိပ်လိုက်ပါ..တိတိကျကျအသံထွတ်ပေးပါလိမ့်မယ်.တခါနဲ့
    မရရင် အခေါက်ပေါင်းမြောက်မြားစွာ Preview voice ကိုနှိပ်ပြီး နားထောင် လေ့ကျင့်နိုင်ပါတယ်.. ဘာ Software
    ကိုမှာ ခက်ခက်ခဲခဲရှာစရာမလိုဘဲ..လွယ်ကူစွာ အသုံးပြုလို့ရတဲ့ Speech ကိုအကျိုးရှိရှိအသုံးပြုလိုက်ကြပါ။
    Email ကနေ Blog post တင်မယ်။
    sangpi ရယ်အီးမေးလ်ကနေရော အဆင်မပြေဘူးလား။...........
    ဟုတ်ကဲ...သိပ်ပြေပါတယ်...ကျွန်တော်တို့က သတိမထားမိလို့ပါ...တကယ့်ကို လွယ်ပြီး..လုပ်ရတာ
    အဆင်ပြေပါတယ်..ကိုယ်တိုင်မကြုံဘူးတော့..မစဉ်းစားမိလို့မတင်ဖြစ်လိုက်တာပါ..
    Step 1:  အထက်ပါပုံအတိုင်းမှာ Settings ကိုနှိပ်ပါ.
    Step2: မှာ Tab သေးသေးလေးတွေထက်ထွတ်လာပါတယ်. (Basic,Publishing,formatting, Email & mobile)ဆို
               ပြီးတွေတဲ့အထဲမှာ Email &Mobile ကိုနှိပ်ပေးပါ
    Step3:  Posting Options ခေါင်းစဉ်အောက်မှာ
    Step4: Sbsangpi.@blogger.com ဆိုပြီးတော့..Box ထဲမှာ ကိုယ့်ရဲ့
             လျှိ့ဝှက်စကားလုံးကိုရေးရမှာပါ ရေးတဲ့နေရာမှာ နံပါတ်နဲ့အက္ခရာ ကိုတွဲပေးပါ..
           note: sangpi ဆိုပြီးပေးရင်  လုံခြုံမှုမရှိတဲ့အတွက် Sangpi10 ဆိုပြီးရေးပေးမှာသာအဆင်ပြေနိုင်မှာပါ..
    Step5: မှာ Save setting ကိုနှိပ်ပြီး..ကိုယ့် Email ကနေ အထက်က ဥပမာ ကျွန်တော်ရဲ့ Sbsangpi.sangpi10@blogger.com ကိုပို့ရမှာပါ
    Note:ကျွန်တော်ဆိုလိုတာက Sbsangpi.sangpi10@blogger.com ကိုပို့ရမှာမဟုတ်ဘဲ. ကိုယ့်ရဲ့ blogမှာကိုယ့်ဖြည့်ထားတဲ့အတိုင်းကို Email ရဲ့ TO လိပ်စာမှာနေရာမှာထည့်ပေးပြီး Send လုပ်ရမှာဖြစ်ပါတယ်. Subject က  ကိုယ့် blog ရဲ့ Post ခေါင်းစဉ်ဖြစ်ဖြစ်ပါတယ်..
    အဆင်ပြေပါစေ..
    SBSangpi(စံပီး)
    Blogger.com ထဲမ၀င်ဘဲ post တင်မယ်။
    ရွှေလမ်းငွေလမ်းဝင်းကြည်: ကိုစံရေ ဘလော့ဂါထဲ စာဝင်ရေးလို့မရတော့ဘူး။ရေးလို့ရအောင် နည်းပေးပါအုံး။
    ကျွန်တော်လဲ..ဒီနည်းလမ်းလေးကိုပြောပြမယ်ဆိုပြီး.စဉ်းစားထားတာကြာပြီး Post တင်ဖို့လုပ်တိုင်းပြန်ပြန်မေ့နေတာနဲ့  မတင်ဖြစ်ဘူး. အခုမှဘဲတင်ဖြစ်တော့တယ်.အခုတလော blogger တွေအတွက် Post တင်ဖို့က Proxy အခက်ခဲရှိနေတော့ Proxy ဘဲရှာနေရတယ်.Proxy ကလဲတင်လိုက်တိုင်းအပိတ်ခံနေရတော့ ..တော်တော် စိတ်ညစ်ရမှာဘဲ ဒီအတွက်..စိတ်မပှုပါနဲ့တော့ ကျွန်တော် နည်းလမ်းတခုကို မထင်မှတ်ဘဲတွေ့လိုက်ရတယ်..ဒီနည်းလမ်းလေးက  ပြောလိုက်ရင်အားလုံးက  သိပြီးသားဖြစ်မှာပါ ဒီအတွက် Software တခုအသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုရမဲ့ software လေးက ကျွန်တော်တို့ စာရေးတဲ့အခါအသုံးပြုနေကြ Microsoft Word 2007 ဖြစ်ပါတယ်.ဒီမှာ MS word 2007 မှာက ထူးခြားအသုံးပြုလို့ရတဲ့  MS word ကနေတခါတည်း blog, word press, type pad စတဲ့ blog တွေပြီးတော့ Other ဆိုပြီးတော့ options လဲပေးထားတော့  အေးအေး ဆေးဆေးစမ်းသက်ပြီးပျော်ရွှင်စွာအသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်..
    Step(1) Microsoft word 2007 open
    Step(2) New
    Step(3) New blog post
    Step(4) create
    Step(5) အဲဒီမှာ.. ကိုယ့်ကြိုက်သလိုpost ကိုရေးပြင်ဆင်ပြီး
    Step(6) ပြီးတဲ့အခါပေါ်မှာ Publish ကိုနှိပ်ပါ
    Step(7) Register An Account ကိုနှိပ်ပါ။
    Step(8) ဒီမှာကိုယ့်ကရဲ့ blog က blogger ဆိုရင် blogger ရွေးပါ word press ဆိုရင် word press ပေါ့
    Step(9) ကိုယ့်ရဲ့ blogger ID and password ကိုထည့်ပါ (post တင်တိုင်းထည့်နေကြ)
    Step(10) ပြီးရင်အိုကေ..ကိုယ့်တင်ချင်တဲ့ blog name ကိုပြန်ရွေးပေးပြီး ok
                  ဆိုရင် အဆင်ပြေပါပြီး..
    ကြိုးစားလျှက်,
    SBSangpi(စံပီး)
    Sunday, June 12, 2011
    တရားနဲ့ ဝေးနေဆဲပါလား
    တစ်ခါတုန်းက တက္ကသိုလ်ပြည်ကြီးကို အုပ်ချုပ်နေတဲ့ နဂ္ဂဇိဆိုတဲ့မင်းကြီးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရံရွေတော်တစ်ယောက်ဟာ သူ့အနားမှာ သနပ်ခါးသွေးနေတာကို အမှတ်မထင်ကြည့်မိလိုက်ပါတယ်။ ရံရွေတော်ရဲ့လက်မှာက ရွှေလက်ကောက်တစ်ဖက်တစ်ကွင်းစီသာရှိနေပါတယ်။ လက်ကလှုပ်ရှားမှုရှိပေမယ့် အသံမမြည်ပါဘူး။ ရံရွေတော်ကို စူးစူးစိုက်စိုက်ကြည့်နေတာမို့ မိဖုရားငယ်က မနာလိုဖြစ်ပြီး ကိုယ်တိုင်ဝင်ပြီး သနပ်ခါးသွေးပါတယ်။ မိဖုရားငယ်ရဲ့လက်မှာက ရွှေလက်ကောက်တွေနဲ့အပြည့်ပါ။ ဒီတော့ ကျောက်ပျင်ပေါ်မှာ သနပ်ခါးသွေးလိုက်တိုင်း ကိုယ်လက်လှုပ်ရှားသွားချိန်မှာ လက်ကောက်တွေ တစ်ကွင်းနဲ့တစ်ကွင်းထိမိခိုက်မိတော့တချွန်ချွန်နဲ့အသံတွေ ထွက်လာတာကို သတိပြုမိလိုက်ပါတယ်။ မင်းကြီးကတွေးပါတယ်။ “ လက်ထဲမှာ ဝတ်ထားတဲ့လက်ကောက်ဟာ တစ်ကွင်းတည်းသာရှိမယ်ဆိုရင် ဘာအသံမှ မထွက်ဘူး။ လက်ကောက်ဟာ နှစ်ကွင်းထက်မက သုံးလေးကွင်းဝတ်ထားမယ်ဆိုရင် အသံတွေမြည်လာတတ်ပါလား”လို့ ဆင်ခြင်နှလုံးသွင်းမိလာပါတယ်။
    ပြီးတော့ လက်ကောက်ချည်းသာမဟုတ်ပါဘူး။ လူလည်းပဲ ဒီအတိုင်းပါပဲ။ တစ်ယောက်တည်းရှိချိန်မှာ ဘာအသံမှ မထွက်ဘူး။ အဖော်မရှိတဲ့အတွက် ပြောစရာမရှိလို့ပါ။ နှစ်ယောက်၊သုံးယောက်ဖြစ်လာပြီဆိုရင်တော့ အသံထွက်လာပါပြီ။ အဆင်ပြေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပြောကြမယ်။ အဆင်မပြေတဲ့အချိန်မှာ ရန်စကားတွေပြောကြမယ်။ ရန်တွေဖြစ်ကြမယ်။ စကားတွေများကြမယ်။ အသံတွေထွက်လာပြီ။ သဘောကျတဲ့အသံကိုကြားတော့ သာယာတပ်မက်နှစ်သက်မယ်။ ဒီတော့ လောဘတွေဖြစ်လာမယ်။ သဘောမကျတဲ့အသံတွေကိုကြားရချိန်မှာ ဒေါသဖြစ်လာပြန်ရော။ လောဘလည်းမဖြစ်ဘူး။ဒေါသလည်းမဖြစ်ဘူးဆိုရင်တောင် အဲဒီအသံကြောင့် မောဟဖြစ်ပါတယ်။ တရားသံကလွဲရင် အသံကြောင့် ကုသိုလ်ဖြစ်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။ ဒါကိုသဘောပေါက်သွားတဲ့မင်းကြီးက ‘ ငါ့မှာ လက်ကောက်တစ်ကွင်းကနေ နှစ်ကွင်း၊သုံးကွင်းမကဖြစ်လာသလို ငါ့မှာပိုင်ဆိုင်မှုတွေက အင်မတန်မှ များလာတယ်။ ဥစ္စာပစ္စည်းတွေ၊ မိဖုရားတွေ၊ တန်ခိုးအာဏာတွေ၊ခြွေရံသင်းပင်းတွေ များစွာရှိနေတယ်။ ဒါတွေကြောင့် အသံတွေမြည်လာမယ်ဆိုရင် ငါဟာ ဒုက္ခရောက်တော့မှာပါလား၊ ဒါတွေကြောင့်ဖြစ်တဲ့
    လောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ဒီအတိုင်းသာနေမယ်ဆိုရင် ငါဟာ ဆင်းရဲဒုက္ခတွေ့တော့မှာပါလား" လို့ သံဝေဂ ဝင်လာတော့ မင်းကြီးဟာ တောထွက်သွားပါတယ်။ တရားဓမ္မကျင့်ကြံ ကြိုးစားအားထုတ်လိုက်တော့ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။
    မထင်မှတ်လိုက်တဲ့ သနပ်ခါးသွေးတဲ့ဖြစ်ရပ်ကနေပြီး အမြင့်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ဒီမှာလည်းပဲ ဒီလိုဖြစ်ရပ်မျိုးတွေကို မကြာခဏကြုံဆုံရပါတယ်။ ဒါပေမယ့် ဘာကြောင့်များတရားမသိပါလိမ့်! ပါရမီများနည်းလို့လား။ ကိလေသာပဲ များလို့လား။ အခုလို သိလာပြန်တော့လည်း ဘာကြောင့်များတရားမရပါလိမ့် ! လား! လား! လား! လား! ပေါင်းများစွာနဲ့အလုပ်ရှုတ်နေပေမယ့် တရားနဲ့ဝေးနေဆဲပါလားနော်။
    Sunday, June 5, 2011
    ရွှေတိဂုံစေတီ
    ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ
    စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင်
    တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက
    ဟုဆိုကြသည်။   တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
    ဉာဏ်တော...်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
    (၃၂၆) ပေ  ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
     (ကမ္ဘာ့အံ့ဘွယ်)   အမည်ခေါ်တွင်ပုံ   ရန်ကုန်တိုင်းကို
    မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော
    ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။
    မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။
    တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင်
    မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ
    ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။
    နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏
    မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော
    စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော
    စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို
    ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။
    ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ
    ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။   သမိုင်းကြောင်း   သဗ္ဗညု
    မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ
    အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့
    နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့်
    လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။   ကုန်သည်ညီနောင်
    ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော
    အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင်
    တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ
    ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ
    မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့
    ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း
    (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက
    ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့
    မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည်
    ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည်
    ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
    ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊
    ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊
    ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့်
    ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့
    ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ
    ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည်
    အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့
    အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ
    ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား
    အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့
    ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ
    ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့
    အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ်
    အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ
    ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက်
    ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင်
    သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည်
    ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ
    လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊
    ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
    ပထမဆုံး သရဏဂုံတည်သူ   ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား
    မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု
    လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက်
    ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ
    တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့်
    “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည်
    ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ
    ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင်
    ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည်
    ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ
    တည်သူများ ဖြစ်ခဲ့၏။   ဆံတော်ရှစ်ဆူ   ဘုရားရှင်အား ပူဇော်ခွင့်၊
    ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက
    ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊
    တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန်
    ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား”
    ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ
    ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့
    အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည်
    သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက
    ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ
    ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ်
    ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ
    ဖူးမျှော် ကြည်ညိုကြ၏။   နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၈)ဆူအား
    စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား
    “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က
    ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော်
    သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့်
    စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌
    အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု
    အမည်တွင်၏။   ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
    ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား
    ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏
    ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ
    မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန်
    ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄
    တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
    ၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
    ၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန
    မြတ်စွာဘုရားရှင်၏ ရေစစ်တော် ၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ
    နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
    ၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏
    ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌
    ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။
    ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု
    မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား
    ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍
    ဌာပနာတိုက်အား ပိတ်ခဲ့၏။                                                       
                                                                                                     By: Hayman Soe
    Wednesday, June 1, 2011
    သတိ ဒီလိုတွေ ရှိသေးသည်။
    "
    ဘာသာရေးဆိုတာ လူတွေကို ပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့အရာ၊ လူတွေပဋိပက္ခဖြစ်အောင် သွတ်သွင်းနေတဲ့ အရာပါ " တဲ့။ နိုင်ငံရေးသမားအမည်ခံပြီး နိုင်ငံကြီးတစ်ခုမှာ ဒုက္ခသည်အမည်ခံထားတဲ့ အသက်ငါးဆယ်ကျော် ကွန်မြူနစ် သမားတစ်ယောက်ရဲ့ ဘာသာရေးအပေါ်အမြင်လို့ ဆိုပါတယ်။
    တစ်နေ့ ဂျီတော့ခ်မှာ ပြည်ပနိုင်ငံတစ်ခုမှ သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ ဘလော့စပေါ့ လင့်ခ်လေးပေး ရင်း ပြောလာတယ်။ အဲဒါလေး ဖတ်ကြည့်ပါတဲ့။ အဆိုပါလူကြီးနဲ့ သူ ချက်တင်မှာ အပြန်အလှန်ပြောဆိုထား တာကို အခြေခံ ပြီးဆောင်းပါးရေးထားတဲ့ ဘလော့စပေါ့တစ်ခုပေါ့။ အဆိုပါလူကြီးဟာ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာအမည်ခံ လာသူတစ်ယောက်လို့ သိရပါတယ်။ ဒါပေမယ့် ဘာသာရေးအပေါ်အမြင်နဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံယူချက်တွေကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ ကွန်မြူနစ်ဆိုတာကို ကျနော် ထဲထဲဝင်ဝင် မလေ့လာဖူးသေးပါဘူး။ အဲဒီလူကြီးဟာ ကွန်မြူနစ်သမားပီပီ သူ့ခံယူချက်တွေက တကယ့်ကို (ကျနော်တို့ အမြင်နဲ့) တခြားစီပါပဲ။ သူငယ်ချင်းက အဲဒီလူကြီးရဲ့ ထင်မြင်ယူဆချက်တွေ ကို ပြန်လည်ချေပလို့ ဆောင်းပါးတစ်ပုဒ်ရေးတင်ထားတာပါ။ သူငယ်ချင်းက ကျနော့်ကို ဆက်မေးပါတယ်။ ဘာသာရေးဆိုတာ လူ တွေကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့အရာလား… ဆိုတာကို ရှင်းချက်ပေးဦးကွာ။ ကိုယ်ရေးနေတာ သိပ် လက်မ၀င်ဘူးဖြစ်နေတယ်ကွ။
    အရမ်းကို တာဝန်ကြီးလွန်းပါတယ်။ ကျနော်အနေနဲ့ ရေးဖို့လက်တွန့်နေမိတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဘာသာရေးဗဟုသုတနည်းပါးသူတွေကို(အထူးသဖြင့် လူငယ်တွေကို)အဆိုပါလူကြီးက ပြောဟောနေမယ်ဆိုရင် အရမ်းကို ရင်လေးစရာဖြစ်နေမလားလို့ တွေးမိပြီး အတတ်နိုင်ဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့။
    ဘာသာရေးဆိုတာ လူတွေကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့အရာလား .?
    သူပြောတာက ဘာသာရေးလို့ သာမန်ပြောထားတဲ့အတွက်ဘာသာအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဘာသာ တရားအားလုံးဟာ လူသားတွေငြိမ်းချမ်းရေးအတွက် လမ်းပြပေးနေတယ်ဆိုတာကို ကျနော့်အနေနဲ့ အကြမ်း ဖျင်းအားဖြင့် သိထားပါတယ်။ ဒါပေမယ့် တစ်ချို့သောဘာသာရေးတွေမှာတော့ ခရုဇစ်ဆိုတဲ့ ဘာသာရေး စစ်ပွဲတွေ ရှိခဲ့ဖူးတာမို့ အဆိုပါလူကြီးရဲ့ အယူအဆဟာ တစ်စိတ်တစ်ဒေသတော့ မှန်နေပါလိမ့်မယ်။ ဒါဟာ လည်း တချို့သောဘာသာဝင်တွေရဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူတွေက ဘာသာတရားကို ဗန်းပြပြီး (ခုတုံးလုပ်ပြီး) အတ္တအစွဲ၊ မာနအစွဲတွေနဲ့ လိုရာဆွဲသွင်း ထင်ရာလုပ်ကြလို့ပါပဲ။ ဒါကြောင့် ဘာသာတရား အနေနဲ့ လူတွေကို ပဋိပက္ခဖြစ်စေတာမဟုတ်ဘဲ လူတွေကသာ ဘာသာတရားရဲ့အနှစ်သာရကို အလွဲသုံးစား လုပ်ပြီး ငါစွဲတွေနဲ့ ဖန်တီးလို့ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။ ဟုတ်ပါပြီ။ ကျနော့်အနေနဲ့ တခြားဘာသာ အကြောင်းကို အသေးစိတ်မလေ့လာဖူးလို့ သိပ်အများကြီးမပြောတော့ပါဘူး။
    ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ နည်းနည်းတော့ ပြောကြည့်မယ်လေ။ အဆိုပါလူကြီးဟာ ဘာသာရေးစာအုပ်တွေ ကိုလည်း ဖတ်ဖူးခဲ့တယ်၊ လေ့လာခဲ့ဖူးတယ်လို့ ဆိုပြန်တယ်။ (ယုံရတော့ ခပ်ခက်ခက်ပါပဲ။ ဘယ်လိုဘာသာရေး စာအုပ်တွေဖတ်ထားလဲတော့မပြောတတ်ပါဘူး။) မေးခွင့်ရှိရင်တော့တစ်ခုလောက် မေးလိုက်ချင်မိရဲ့။ ခင်ဗျား ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ရှင်တော်ဘုရားဟာ သူများအသက်ကို သတ်ခဲ့ဖူးတယ်လို့ပါရဲ့လား၊ သတ်ဖို့ရော အားပေးအားမြှောက်ပြုခဲ့ဖူးပါသလား။ ဘုရားရှင်ရဲ့ အရိယာနွယ် ၀င်သားတပည့်တွေကရော ဘာသာရေးအတွက်ဆိုပြီး စစ်ပွဲတွေ ဆင်နွှဲတာ၊ သတ်ဖြတ်ညှင်းဆဲတာတွေ ရှိခဲ့ပါ သလား။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် သာသနာဟာ နှစ်ပေါင်း၂၅၀၀ ကျော်အတွင်းမှာရော ဘာသာရေး စစ်ပွဲ တွေရှိခဲ့ပါသလား။ ဘုရားဟော ကျမ်းဂန်တွေထဲမှာရော အဲလိုမျိုးတွေ ပါခဲ့လား။ ဒီလောက်လေးပဲ မေးကြည့် ချင်ပါတယ်။ တကယ့်ဘုရားဟောစစ်စစ်တွေမှာတော့ မပါတာသေချာတယ်။ မဆိုစလောက် ၀ိရောဓိဖြစ်ခဲ့ကြ တာတွေတော့ ရှိမယ်ပေါ့။ ဒါဟာ ဘာသာတရားကြောင့် ပဋိပက္ခဖြစ်စေတာမဟုတ်ပါဘူး။
    လူသားတွေရဲ့ ကြီးပွားရေးချမ်းသာရေးအတွက် (လောကီလောကုတ္တရာအကျိုးအတွက်) " လာပါ.. ကျင့်သုံး ကြည့်ကြပါ၊ စမ်းသပ်ကြည့်ကြပါ " ဆိုပြီး ရဲရဲဝံ့ဝံ့ကြွေးကြော်လို့ အတိအလင်းဖိတ်ခေါ်ထားပါတယ်။ တရားဂုဏ် တော် ပါးထဲက တစ်ပါးပေါ့။ ဒီအချက်ကို ကြည့်သောအားဖြင့် ပေါ်လွင်သွားပါပြီ။ နောက်ငါးပါး သီလကို အသေးစိတ် လေ့လာကြည့်လိုက်ပါ။ ဒီနေ့ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ ဘာကြောင့်လဲ။ ငါးပါးသီလလောက်ကိုတောင်မှ ချုပ်ခြယ်တားမြစ်လွန်းတယ်လို့ ထင်မြင်ယူဆသူတွေအဖို့တော့ ဒီအယူ အတွေပေါ်လာတာ မထူးဆန်းတော့ပါဘူး။ ကိုယ်မကျင့်သုံးနိုင်ရင် မကျင့်သုံးချင်ရင် နေလို့ရပါတယ်။ ဗုဒ္ဓဘုရားရှင် ဟာ သူ့ကို ကိုးကွယ်ဖို့ အတင်းမတိုက်တွန်းခဲ့ပါဘူး။ မြှောက်လည်း မမြှောက်ခဲ့ သလို ခြောက်လည်းမခြောက် လှန့်ခဲ့ပါဘူး။ သို့သော် ယုံကြည်အားထားလို့ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ လူနတ်ဗြဟ္မာ ဘယ်လိုသတ္တ၀ါ မျိုးပဲဖြစ်စေ၊ ဘယ်နိုင်ငံသား၊ ဘယ်လူမျိုးပဲဖြစ်စေ အကျိုးရှိစေမှာ အမှန်ပါပဲ။
    လူသားတွေရဲ့ဘ၀အဆင့်တန်းမြင့်မားစေဖို့ ဗုဒ္ဓဘုရားရှင်က သီလ သမာဓိ ပညာ ဆိုပြီး ချမှတ်ပေးခဲ့တယ်။ သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို ထိန်းသိမ်းတာ၊ သမာဓိကတော့ စိတ်ကို ထိန်းတာပေါ့။ တစ်နည်း အားဖြင့် မျောက်လိုဖြစ်နေတဲ့စိတ်ကို Control လုပ်ပေးတာဟာ သမာဓိပါပဲ။ ပညာကတော့ဘ ၀တွေတောက်ပြောင်စေဖို့ ထဲထဲဝင်ဝင်လေ့လာဆည်းပူးတာပါပဲ။ ဘယ်ဘာသာရပ်မဆို၊ ဘာကိုမဆို အသေးစိတ်လေ့လာတာကို ပညာလို့ ဆိုပါတယ်။ လောကီပညာ လောကုတ္တရာပညာဆိုပြီး ခွဲခြားလို့ ရပါသေးတယ်။ အဲဒီထဲကမှ ကိုယ့်ကျင့် (သီလ)ကောင်းတဲ့လူက Good person တဲ့။ စိတ်ဓာတ် တည်ကြည်ခိုင်မာတဲ့သူကျတော့ Right person ပေါ့။ စိတ်ဓာတ်က တည်ငြိမ်အေးဆေးလို့ အဆင့်မြင့်ပညာတွေ တက်လှမ်းနိုင်ပြီး ဘ၀ကို မှန်မှန်ကန်ကန်သုံးသပ်နိုင်သူကိုတော့ Noble person လို့ ဆိုပါတယ်။ လူတွေမှာ အဲဒီသုံးခု မရှိတော့ဘူးဆိုရင် တိရစ္ဆာန်လောကနဲ့ မထူးခြားတော့ပါဘူး။ အဲဒါဟာ ဘာသာတရားက ချုပ်ခြယ်နေတာမဟုတ်ပါဘူး။ လူသားတစ်ယောက်အဖြစ် ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့ လမ်းစဉ်တွေပါပဲ။ ဗုဒ္ဓဘာသာမှာ အဲဒီသုံးချက်က အဓိကပါပဲ။
    ကျနော်နိုင်ငံရေးဆိုတာကို ၀ါသနာမပါပါဘူး။ ဗိုလ်ချုပ်ကတော့ ပြောခဲ့ဖူးပါတယ်။ နိုင်ငံသားတိုင်းမှာ ကိုယ့်နိုင်ငံအကြောင်း သိအောင်လုပ်ရမယ်၊ သိထားရမယ်တဲ့။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ ဘာတွေဖြစ်နေလဲဆိုတာတော့ သိအောင်တော့ လုပ်ရမယ်ပေါ့။ အခုပြောပြောနေတဲ့ ဒီမိုဆိုတဲ့အထဲမှာ အဲဒီလို ကွန်မြူနစ်တွေ ရောနေတယ်ဆိုတာ ကြားသိရတယ်။ သူ့ဟာသူ သီးခြားရပ်တည်ပြီး ပြည့်စုံနေတဲ့ ဒီမို..... ထဲကို ဘာသော ညာသောဆိုတာတွေ ထည့်ဖြည့်နေစရာမလိုသလို၊ ကိုယ် ဗရမ်းဗတာ နေချင်တိုင်း ဒီမို.... ကို ခုတုံးလုပ် ပြောနေတာကိုလည်း လက်မခံပါဘူး။ ဒါဟာ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ တကယ်ချစ်မြတ်နိုးတယ် တကယ်ပဲ အကျိုးကို လိုလားတယ်ဆိုရင် တကယ့် အမှန်တရားကို ချမှတ်လုပ်ဆောင်ပေးဖို့ လိုပါမယ်။ တစ်ခုတော့ ရှိတယ်။ ပြည်သူလူထုဟာ သူငယ်နှပ်စားလေးတွေ မဟုတ်ဘူး ဆိုတာပါပဲ။ အဲဒါလေး သဘောပေါက်ရင်..... အားလုံးဟာ အိုကေသွားပါလိမ့်မယ်။
    ကဲဗျာ..... တော်သင့်ပြီ ထင်ပါတယ်။
                                                                                                       ရှင်းသန့်
    Template by : kendhin x-template.blogspot.com