Sunday, August 7, 2011

သြ၀ါဒကထာ









သီလ၊ သမာဓိ၊ ပညာ

ရာဂပါးမှ တရားမြင်သည်။
ဒေါသပါးမှ သနားကြင်သည်
မောဟပါးမှ အမှားမြင်သည်။
ထိုသုံးပါး မနားမနေနှင့်...
(က၀ိဗန္ဓနကထာ)
***************
မလွှတ်ကာမ၊ မရသတိ၊
မရှိဆရာ၊ မပါအင်အား၊
မထားလုံ့လ၊ ဤငါးဝ၊
တရားမရကြောင်းတည်း...
(က၀ိဗန္ဓနကထာ)
***************
သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။
နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ။
အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ...
(လယ်တီ)
***************
အို-နာ-သေ ဤသုံးဝ၊ ပူမီးကြွဖြစ်အင်။
ခန္ဓာစဉ် ဉာဏ်သက်ရောက်၊ ထွက်ပေါက်ကိုတဲ့ ပြင်ဆင်။
အစစမာန်ဝင်၊ တဏှာလျှင် မြစ်ဖျား။
ဇွဲလုံ့လ အမြန်ယှဉ်မှ၊ သံသာပြင် ဖင်မမြုပ်၊
ဆုံးချုပ်တရား...
(က၀ိဗန္ဓနကထာ)
***************
ပုဂ္ဂိုလ်တွင်မည် ခေါ်ကြသည်ကား ဖွေနည်ရင်းမြစ် ရှာ၍စစ်သော် ဖြစ်လျှင်ပျက်ငြား ခန္ဓာငါးတည်း။
တရားထင်မှု မူရင်းရှုက နှစ်ခုဧကန် ရုပ်နှင့်နာမ်တည်း ဖေါက်ပြန်တတ်လှ သင်္ခါရမို့ နိစ္စကြည်ခိုင် မြဲမတည်သည်...
ပျက်မည်မုချ ပါတကား...(လယ်တီ)
***************
ကျွန်လူ့ဘောင်၊ တရားသံဝေဆောင်လို့၊
မီးသုံးရောင် အမြန်ငြိမ်းကာပ၊
ဒုက္ခာကို၊ ဆုတ်ခွာတိမ်းလို့ရယ်၊
သိမ်းစို့ဇာတ်လမ်း...

0 comments:

Template by : kendhin x-template.blogspot.com