အသိတရားတချို့ဝေမျှခဲ့တာ
ဝန်ထုပ်ဝန်ပိုးတွေ တနင့်တပိုးသယ်ဆောင်လို့
ထွက်ဖြစ်ခဲ့တဲ့ဒီခရီး
သူနဲ့နီးတော့မှ သက်သာရာရခဲ့တယ်။
ကမ်းခြေအမြင်က သူဟာ မှုန်ပြပြလေးပါပဲ့။
အနီးရောက်တော့မှ သူ့ရှင်သန်မှုကို
သဘောပေါက်လာတယ်။
မုန်တိုင်းတွေအခါခါကြုံ
လှိုင်းတံပိုးတွေ အကြိမ်ကြိမ်ပုတ်
လောကဓံကို အရုပ်လိုပဲ့ မှတ်ယူခဲ့ပါသတဲ့လား။
သူ့ရှင်သန်ခွင့်အတွက်
သူအတတ်နိုင်ဆုံး ရုန်းကန်ခဲ့မှာပဲ့။
ကွဲအက်ရာတွေ ဗလပွပေမဲ့
ဒီနေ့အထိ သူရပ်တည်နိုင်တာ ဘာကြောင့်ပါလဲ
သူပေးခဲ့တဲ့ခွန်အား
တခုတ်တရသိမ်းလာခဲ့ပါတယ်။
တနေ့နစ်မြုပ်မယ်ဆိုတာ
သူမသိတာမဟုတ်ပါဘူး
မနစ်မြုပ်ခင်လေးမှာ
သူအကောင်းဆုံး ရှင်သန်နိုင်အောင် ကြိုးစားနေဆဲပါ။
ဝိပယောဂဒုက္ခနဲ့သမယောဂဒုက္ခနှစ်ခုကို
ချိန်ညှိုဖို့ကြိုးစားရင်း
သူလွတ်မြောက်သွားတဲ့တနေ့
အရာရာဟာအနတ္တဆိုတာ သဘောပေါက်သွားမှာပါ။
မနစ်မြုပ်ခင်လေးသာ
Boat Safari အတွက် သူအကောင်းဆုံးဝန်ဆောင်မှုပေးနေတာ
သူ့ဆီမှာ အလှတရားအပြည့်ရှိတယ်။
လောကဓံအကွဲအအက်တွေကြားမှာ
သူ့ဘ၀ကို ကျောက်ပန်းတွေနဲ့
အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။
အဲဒီအကွဲအအက်တွေ ကြားမှာပေါ့
အလှငါးလေးတွေ၊ ပင်လယ်လိပ်ကြီးတွေကို
ရင်ခွင်အက်နဲ့ ခိုလှိုခွင့်ပေးနေဆဲပါ။
လှိုင်းတံပိုးဒဏ် အလူးအလှိမ့်ခံရင်းနဲ့ပေါ့
သူငယ်ချင်းတို့ရေ
ဘယ်တော့မှ အရှုံးမပေးပါနဲ့
နေသာလေလာရင် တကျွန်းလုံးပတ်လို့ရပါတယ်။
အင်္ဂလိပ်စကားပုံတခုရှိပါတယ်။
No man is an island.တဲ့။
လူဆိုတာ ကျွန်းတခုလို အထီးတည်းရပ်တည်လို့မရဘူးတဲ့။
Man is social animal.ဆိုတာ
ပင်လယ်နဲ့ကျောက်ဆောင်
မညီမျှမှုနှစ်ခုကြား
ညီမျှခြင်းချဖို့ သူကြိုးစားရင်း
ဒီနေ့ထိ ရပ်တည်လာခဲ့တယ်။
ကျောက်ဆောင်လေးရေ
မင်းကိုငါ လေးစားတယ်။
ဖြစ်နိုင်ရင် မင်းလိုပဲ့ ငါနေချင်တယ်။
ဆုပ်လည်းစူး စားလဲရူးတဲ့ ဒီလောကမှာ
မဆုပ်မစားတဲ့မင်းလို
ငါလဲ လူကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်
ကျောက်ဆောင်လေးရေ
နင့်ပို့ချတဲ့နင့်ဒေသနာ
ငါအပြန်မှာ သယ်လာခဲ့ပါတယ်။ ။
0 comments:
Post a Comment