တစ်ခါတုန်းက တက္ကသိုလ်ပြည်ကြီးကို အုပ်ချုပ်နေတဲ့ နဂ္ဂဇိဆိုတဲ့မင်းကြီးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရံရွေတော်တစ်ယောက်ဟာ သူ့အနားမှာ သနပ်ခါးသွေးနေတာကို အမှတ်မထင်ကြည့်မိလိုက်ပါတယ်။ ရံရွေတော်ရဲ့လက်မှာက ရွှေလက်ကောက်တစ်ဖက်တစ်ကွင်းစီသာရှိနေပါတယ်။ လက်ကလှုပ်ရှားမှုရှိပေမယ့် အသံမမြည်ပါဘူး။ ရံရွေတော်ကို စူးစူးစိုက်စိုက်ကြည့်နေတာမို့ မိဖုရားငယ်က မနာလိုဖြစ်ပြီး ကိုယ်တိုင်ဝင်ပြီး သနပ်ခါးသွေးပါတယ်။ မိဖုရားငယ်ရဲ့လက်မှာက ရွှေလက်ကောက်တွေနဲ့အပြည့်ပါ။ ဒီတော့ ကျောက်ပျင်ပေါ်မှာ သနပ်ခါးသွေးလိုက်တိုင်း ကိုယ်လက်လှုပ်ရှားသွားချိန်မှာ လက်ကောက်တွေ တစ်ကွင်းနဲ့တစ်ကွင်းထိမိခိုက်မိတော့တချွန်ချွန်နဲ့အသံတွေ ထွက်လာတာကို သတိပြုမိလိုက်ပါတယ်။ မင်းကြီးကတွေးပါတယ်။ “ လက်ထဲမှာ ဝတ်ထားတဲ့လက်ကောက်ဟာ တစ်ကွင်းတည်းသာရှိမယ်ဆိုရင် ဘာအသံမှ မထွက်ဘူး။ လက်ကောက်ဟာ နှစ်ကွင်းထက်မက သုံးလေးကွင်းဝတ်ထားမယ်ဆိုရင် အသံတွေမြည်လာတတ်ပါလား”လို့ ဆင်ခြင်နှလုံးသွင်းမိလာပါတယ်။
ပြီးတော့ လက်ကောက်ချည်းသာမဟုတ်ပါဘူး။ လူလည်းပဲ ဒီအတိုင်းပါပဲ။ တစ်ယောက်တည်းရှိချိန်မှာ ဘာအသံမှ မထွက်ဘူး။ အဖော်မရှိတဲ့အတွက် ပြောစရာမရှိလို့ပါ။ နှစ်ယောက်၊သုံးယောက်ဖြစ်လာပြီဆိုရင်တော့ အသံထွက်လာပါပြီ။ အဆင်ပြေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ပြောကြမယ်။ အဆင်မပြေတဲ့အချိန်မှာ ရန်စကားတွေပြောကြမယ်။ ရန်တွေဖြစ်ကြမယ်။ စကားတွေများကြမယ်။ အသံတွေထွက်လာပြီ။ သဘောကျတဲ့အသံကိုကြားတော့ သာယာတပ်မက်နှစ်သက်မယ်။ ဒီတော့ လောဘတွေဖြစ်လာမယ်။ သဘောမကျတဲ့အသံတွေကိုကြားရချိန်မှာ ဒေါသဖြစ်လာပြန်ရော။ လောဘလည်းမဖြစ်ဘူး။ဒေါသလည်းမဖြစ်ဘူးဆိုရင်တောင် အဲဒီအသံကြောင့် မောဟဖြစ်ပါတယ်။ တရားသံကလွဲရင် အသံကြောင့် ကုသိုလ်ဖြစ်ဖို့ဆိုတာ အလွန်ခဲယဉ်းလှပါတယ်။ ဒါကိုသဘောပေါက်သွားတဲ့မင်းကြီးက ‘ ငါ့မှာ လက်ကောက်တစ်ကွင်းကနေ နှစ်ကွင်း၊သုံးကွင်းမကဖြစ်လာသလို ငါ့မှာပိုင်ဆိုင်မှုတွေက အင်မတန်မှ များလာတယ်။ ဥစ္စာပစ္စည်းတွေ၊ မိဖုရားတွေ၊ တန်ခိုးအာဏာတွေ၊ခြွေရံသင်းပင်းတွေ များစွာရှိနေတယ်။ ဒါတွေကြောင့် အသံတွေမြည်လာမယ်ဆိုရင် ငါဟာ ဒုက္ခရောက်တော့မှာပါလား၊ ဒါတွေကြောင့်ဖြစ်တဲ့
လောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ဒီအတိုင်းသာနေမယ်ဆိုရင် ငါဟာ ဆင်းရဲဒုက္ခတွေ့တော့မှာပါလား" လို့ သံဝေဂ ဝင်လာတော့ မင်းကြီးဟာ တောထွက်သွားပါတယ်။ တရားဓမ္မကျင့်ကြံ ကြိုးစားအားထုတ်လိုက်တော့ ပစ္စေက ဗုဒ္ဓဖြစ်သွားပါတယ်။
မထင်မှတ်လိုက်တဲ့ သနပ်ခါးသွေးတဲ့ဖြစ်ရပ်ကနေပြီး အမြင့်ဆုံးဘဝတစ်ခုကို ပိုင်ဆိုင်သွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ဒီမှာလည်းပဲ ဒီလိုဖြစ်ရပ်မျိုးတွေကို မကြာခဏကြုံဆုံရပါတယ်။ ဒါပေမယ့် ဘာကြောင့်များတရားမသိပါလိမ့်! ပါရမီများနည်းလို့လား။ ကိလေသာပဲ များလို့လား။ အခုလို သိလာပြန်တော့လည်း ဘာကြောင့်များတရားမရပါလိမ့် ! လား! လား! လား! လား! ပေါင်းများစွာနဲ့အလုပ်ရှုတ်နေပေမယ့် တရားနဲ့ဝေးနေဆဲပါလားနော်။
Blog Archive
-
▼
2011
(58)
-
▼
June
(12)
- ဗုဒ္ဓဘာသာဆိုတာ
- စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံလိုအပ်ချက်
- ဒုလ္လဘတရား ငါးပါး
- အပါယ်တံခါး ပိတ်ကြရအောင် - သုဝေ (ဘူမိဗေဒ)
- ယဉ်ကျေးလိမ်မာသင်တန်း၊ ထားဝယ်မြို့
- ထိုလင်နှင့်ဤမယား ညားကြရာဝယ်
- ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ.
- Software မလိုဘဲ English လိုအသံပီပီထွတ်လေ့ကျင့်မယ်။
- Email ကနေ Blog post တင်မယ်။
- တရားနဲ့ ဝေးနေဆဲပါလား
- ရွှေတိဂုံစေတီ
- သတိ ဒီလိုတွေ ရှိသေးသည်။
-
▼
June
(12)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Sunday, June 12, 2011
တရားနဲ့ ဝေးနေဆဲပါလား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment