Friday, May 13, 2011

ဖိုတိုအက်ဆေး


သီရိလင်္ကာနိုင်ငံမှာ ဗုဒနေ့အကြို ညတရားပွဲလေးတပွဲ ကျင်းပနေပုံပါ။ သီရိလင်္ကာရောက်စဉ်ကတည်းက
သတိထားမိတာက သူတို့နိုင်ငံရဲ့ ဘယ်ပွဲတော်အခမ်းအနားမဆို ဘုန်းကြီးကျောင်းဝင်းထဲက ဗောဓိညောင်ပင်မှာ ကျင်းပခြင်းပင်။ ဘာသာရေးကို အကြောင်းပြုပြီး မူးရူးပျော်ပါးနေသည်ကို မတွေ့ရဖူး။
မူးယစ်သေစာများကိုလည်း အခွန်စည်းကျပ်ကာ တော်ရုံလူ ၀ယ်မသောက်နိုင်အောင် လုပ်ထားပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုကလဲ အခမဲ့ပါတဲ့။ ဆေးရုံတက်ဗိုက်ခွဲဖူးသည့် မြန်မာတယောက်က ပြောပြပါတယ်။ အဲ... ချွင်းချက်အနေနဲ့တော့ အရက်ကြောင့်ဖြစ်တဲ့ရောဂါ၊ အရက်သောက်သူတွေကိုတော့ အခကြေးငွေပေးမှ ကုပေးပါသတဲ့။ ကျန်တဲ့လူနာမှန်သမျှ အခမဲ့ကျန်းမာရေး ၀န်ဆောင်မှုစနစ်ပါ။ မည်သည့်အခမ်းအနားပင်ဖြစ်ဖြစ် လက်အုပ်လေးတချီချီနှင့် မြင်တွေ့ရသည်မှာ ကျက်သရေမင်္ဂလာတပါးပင်။ ၀ိသာခပူဇာဒေး နီးကပ်လာသည်နှင့်အမျှ သီရိလင်္ကာနိုင်ငံတ၀ှန်း ရပ်ကွက်တိုင်း၊ ကျောင်းတိုင်းမှာ တရားအသံများဝေစည်နေတာ တွေ့ရတော့ သူတို့ရဲ့ ဘာသာတရားမြတ်နိုးကို အရမ်းလေးစားအားကျမိပါတယ်။ 
ဒီနေရာမှာ နမူနာယူစရာဖြစ်ရပ်လေးတခုကို ပြောပြမယ်။ သူငယ်ချင်းဦးဇင်းတပါး နယ်ဖက် ဘုရားဖူးထွက်တော့ တည်းခိုးခန်းမှာ တည်းရပါတယ်။ တည်းခိုခန်းပိုင်ရှင်က ဗုဒဘာသာပါ။ စကားအတော်အတန်ပြောဆို မိတ်ဆက်ပြီးတော့ သူက မုတ်ဆိတ်မွေးပရဗွနဲ့မို့ ငါတို့နိုင်ငံမှာ မင်းလို မုတ်ဆိတ်မွေး ပရဗွထားရင် တခြားဘာသာဝင်တမျိုးလို့ သတ်မှတ်ကြတယ် ပြောလိုက်တော့ သူက ရှက်ရွံ့တဲ့ဟန်နဲ့ အခန်းအပြင်ထွက်သွားပါသတဲ့။ တအောင့်ကြာ ပြန်ဝင်လာတော့ မုတ်ဆိတ်မွှေးတွေ အကုန်ပြောင်ရှင်းနေတာကို  ပြပါသတဲ့။ ကဲ ဗုဒဘာသာနဲ့ တူပြီလားလို့ မေးပါသတဲ့။ သူတို့က ဗုဒဘာသာနဲ့ မတူရင် အမြတ်တနိုးမွေးထားတဲ့ မုတ်ဆိတ်မွှေးလဲ ချက်ခြင်းဖြတ်ပစ်ရဲပါ
သတဲ့။သူရဲ့ ရယ်စရာဇာတ်လမ်းလေးက ကြားရသူကို အတွေးပွါးစေပါတယ်။

ယခုအခါ မြတ်စွာဘုရား ဖွား၊ပွင့်၊စံခဲ့တဲ့ နေ့ဖြစ်တဲ့ ၀ိသာခပူဇာဒေး နီးကပ်လာတဲ့အတွက် ကိုလံဘိုတမြို့လုံးကို လှည့်ပတ်ကြည့်လိုက်ရင် မြန်မာနိုင်ငံသင်္ကြန်ပွဲတော်နီးလို့ ဆောက်ထားတဲ့မဏ္ဍာပ်တွေ
လို ဘုရားရုပ်ပုံတော်ပါ မဏ္ဍာပ်အကြီးကြီးတွေကို သာသနာ့အလံများ ၀န်းရံလို့ နေရာအနှံ့မှာ တွေ့နေရပါ
တယ်။ ဒေသခံများ ပြောပြတာကတော့ ဒီမဏ္ဍာပ်တွေဟာ ၀ိသာပူဇာနေ့ကျရင် ပြိုင်ပွဲဝင်ဖို့ အပြိုင်အဆိုင်
ဆောက်လုပ်နေကြတာတဲ့။ အဲဒီနေ့ကျရင် မဏ္ဍာပ်တိုင်းက မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ် ဇာတ်တော်တွေကို ကပြဖျော်ဖြေလို့ နိုင်ငံအနှံ့ ပြိုင်ပွဲဝင်ကြပါသတဲ့။ သူတို့တွေရဲ့ ပွဲပျော်ရွှင်ပွဲဆိုပေမဲ့
အနှစ်ရှိအောင် လုပ်တတ်တဲ့အလေ့က အတုယူစရာပါ။ ၀ိသာခပူဇာဒေးနေ့ရောက်မှ ဓာတ်ပုံတွေလှည့်ရိုက်
ပြီး တင်ပေးပါအုံးမယ်။

ဒီပုံလေးကတော့ အပတ်တိုင်း စနေ၊တနင်္ဂနွေနေ့တိုင်း ကျောင်းသားအရွယ်လူငယ်တိုင်း ပုံမှန်တက်ရောက်ရတဲ့ ဆန်းဒေးစကူးမစတင်ခင် လူငယ်လေးများကို သင်တန်းဆရာများမှ သြ၀ါဒခြွေနေပုံပါ
ဒီ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ Sunday School အောင်မြင်ထားတဲ့ လက်မှတ်ရှိမှလဲ အလုပ်ခွင်ဝင်ရောက်တဲ့အခါ အလုပ်အကိုင်ကောင်းများ ပေးတတ်ကြောင်း သိရပါတယ်။ ဒီလက်မှတ်ရရှိဖို့အတွက် ကျောင်းတက်စဉ်မှာ သီရိလင်္ကာကျောင်းသားတိုင်း ကြိုးစားကြရပါတယ်။ လူငယ်များနဲ့ ဘာသာရေးအသိ မဝေးကွာစေဖို့ သီရိလင်္ကာအစိုးရရဲ့ လုပ်ဆောင်ချက်တရပ်ပါ။ နမူနာယူစရာပါပဲ့။ တချို့သော မြန်မာဗုဒဘာသာအမည်ခံများလို အသက်သုံးဆယ်ကျော်သည်အထိ နမော တဿကို မပီတပီရွတ်ဖတ်သည်မျိုးကို မတွေ့ရ။ အသက်ကြီးလာသည့်အခါ ဆန်းဒေးစကူး
က ပေးလိုက်တဲ့ ဘာသာရေးအသိတွေက သူတို့အတွက် ခိုင်မာတဲ့ဗုဒဘာသာအဖြစ် ရပ်တည်ခွင့် ရရှိစေပါတယ်။ တန်ဖိုးဆိုတာ မြတ်နိုးတတ်သူရဲ့ ရင်တွင်းက ပေါက်ဖွားလာတာ မဟုတ်လား။ ဒီတော့ ကိုယ့်
ဘာသာအကြောင်း ကိုယ်ကောင်းကောင်းသိပြီး မြတ်နိုးတတ်အောင် ဗုဒဘာသာတိုင်း ဗုဒစာပေကို အနည်းနဲ့ အများ သင်ယူထားသင့်ပါတယ်။ အနာဂတ်လူကြီးတွေဖြစ်လာမဲ့ မိမိတို့ရဲ့ သားသမီးများကိုလဲ
မိမိတို့လို မဖြစ်ရလေအောင် ငယ်ရွယ်စဉ်ကတည်းက ဗုဒစာပေကို သင်ယူထားစေသင့်ပါတယ်။ ဒါမှလဲ နောင်တချိန် မိဘခေါင်း ရောက်မလာမှာလေ။


(အကြောင်းသိမှ မြတ်နိုးတတ်မယ်။ မြတ်နိုးတတ်မှ တန်ဖိုးထားတတ်လာမယ်)
(ဗုဒဘာသာအကြောင်း ရေရေရာရာဂဃနဏမသိဘဲ ဘာသာပြောင်းမယ်လို့ နောက်သလိုလို ပြောင်သလိုလို ပြောတတ်သော မိသားစုတစုကို ရည်ရွယ်ပါတယ်။)

Tuesday, May 10, 2011

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်
------လင်္ကာဆောင်ပုဒ်------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်ဆယ်ကို။ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။


လင်္ကာဆောင်ပုဒ် အဖြေ
၁။ မူလနှစ်ဖြာ …. …. အ၀ိဇ္ဇာနှင့် တဏှာ။
၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။သုံးပါးအစပ် …. …. သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။ဝဋ်သုံးဝနှင့် …. …. >>ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
၇။ကာလသုံးဖြာ …. …. >>လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
၈။ခြင်းရာနှစ်ဆယ် …. …. >>အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး - ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး ၊မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။
ခန္ခာ (၅ )ပါး
ရုပ်တရား ၁။ရူပက္ခန္ဓာ ... ဖောက်ပြန်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
နာမ်တရား ၂။ဝေဒနက္ခန္ဓာ ... ခံစားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၃။သညာက္ခန္ဓာ ... မှတ်သားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၎။သင်္ခါရက္ခန္ဓာ ... ပြုပြင်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
၅။ဝိညာဏက္ခန္ဓာ ... သိတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

အာယတနာ(၁၂)ပါး
အခံဓာတ်(၆)ပါး
အတိုက်ဓာတ်(၆)ပါး
အပွင့်ဓာတ်(၆)ပါး
ဓာတ်(၁၈)ပါး
၁။မျက်စိအကြည်
၂။နားအကြည်
၃။နှာခေါင်းအကြည်
၎။လျှာအကြည်
၅။ကိုယ်အကြည်
၆ ၊စိတ်(ဘ၀င်စိတ်)
၁။အဆင်း
၂။အသံ
၃။အနံ
၎။အရသာ
၅။တွေ့ထိစရာ
၆။ကြံတွေးစရာ
၁။မြင်စိတ်
၂။ကြားစိတ်
၃။နံစိတ်
၎။စားစိတ်
၅။ယားနာကောင်းစိတ်
၆။တွေးတောစိတ်

သစ္စာ(၄)ပါး ဒုက္ခသစ္စာ
ဆင်းရဲခြင်းအမှန်တရား၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပိုင်းခြားသိရမည့်တရား။
သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ)ပယ်ရမည့်တရား။
နိရောဓသစ္စာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်(နိဗ္ဗာန်)မျက်မှောက်ပြုရမည့်တရာ။
မဂ္ဂသစ္စာ ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း။
နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း
အကျင့်အမှန်တရား(မဂ္ဂင်၈ပါး)ပွားများရမည့်တရား။

လောကီးမဂ္ဂင်(၅)ပါး ရှုညဏ်တရား
သမ္မဒီဋ္ဌိ
သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင် (၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး

လောကုတ္တရာ မဂ္ဂင်(၈)ပါး
သမ္မာဒိဋ္ဌိ
သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင်(၂)ပါး
သမ္မာဝါယာမ
သမ္မာသတိ
သမ္မာသမာဓိ
သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါစာ သမ္မာကမ္မန္တ
သမ္မာအာဇိဝ
သီလမဂ္ဂင်(၃)ပါး

စိတ္တါနုပဿနာရှုပွားနည်း
၁။မြင်စိတ်
အပြင်ဧည်သည်စိတ်(၅)ခု
၁။လောဘစိတ် အတွင်းဧည်သည်စိတ်(၅)ခု
၂။ကြားစိတ် ၂။ဒေါသစိတ်
၃။နံစိတ် ၃။မောဟစိတ်
၎။စားစိတ် ၄။အလောဘစိတ်
၅။ယား၊ နာ၊ ကောင်းစိတ် ၅။အဒေါသစိတ်
၆။တွေးတောစိတ်

၁။လေကိုထုတ်သောစိတ် ရှုပွားပုံရှုနည်းမှာ
၂၊လေကိုသွင်းသောစိတ်
၃။အိမ်သည်စိတ်(၂)ခု
အိမ်သည်စိတ်ကို(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊
ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည်ဖြစ်ပါသည်။

ဝေဒနာနုပဿနာ ရှုပွားနည်း
စိတ်နှင့် ဝေဒနာသည် ဖြစ်အတူ ပျက်အတူသဟဇာတ တရားဖြစ်သည်။

အပြင် ဧည့်သည် ဝေဒနာ(၆)ခု
၁။ ဥပေက္ခာ ဝေဒနာသည်
၂။ ဥပေက္ခာ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
၎။ ဥပေက္ခာ ဝေဒနာသည်
၅။ သုခ ဝေဒနာသည်
၆။ ဒုက္ခ ဝေဒနာသည်
မျက်လုံးမှာ ပေါ်သည်။
နားမှာပေါ်သည်။
နှာခေါင်းမှာပေါ်သည်။
လျှာမှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
အထက်ပါ ဝေဒနာများကို အပြင်ဧည့်သည် (၆)ပါးခု ဟုခေါ်သည်။
အတွင်းဧည့်သည် ဝေဒနာ(၃)ခု

၁။ သောမနှဿ ဝေဒနာသည်
၂။ ဒေါမနဿ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
အထက်ပါ ဝေဒနာများကို အတွင်းဧည့်သည် (၆)ပါးခု ဟုခေါ်သည်။

အိမ်သည် ဝေဒနာ (၃)ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်ပြေနေသောအခါ (၀င်လေ-ထွက်လေကို) သောမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်မပြေနေသောအခါ (၀င်လေ-ထွက်လေကို) ဒေါမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၃။တစ်ခါတစ်ရံ(၀င်လေ-ထွက်လေကို) သောမနာဿလည်းမဟုတ် ၊ ဒေါမနဿလည်း မဟုတ်၊ ဥပေက္ခာဝေဒနာနှင့် အမှတ်မထင်ရှူရှိုက်နေသည်။
အထက်ပါဝေဒနာများကို အိမ်သည် ဟုခေါ်သည်။

ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည် အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည်ဖြစ်သည်။ ဝေဒနာသည် ဒွါရ (၆)ပေါက်၌ အမြဲဖြစ်သည်။ မဖြစ်သည့်အခါ မရှိ၊ ဖဿဖြစ်တိုင်းဝေဒနာဖြစ်သည်။ ဝေဒနာကို ရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ၊ နာမှု ကျင်မှု မခံသာသည့် ဝေဒနာရှိသလို ၊ နာမှု ကျင်မှု ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်၊ အလယ်အလတ် အမှတ်မဲ့ ခံစားမှု ၀ဒနာမျိုးလည်းရှိသည်။ စိတ်နှင့် ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း ဝေဒနာဖြစ်သည်။
ဝေဒနာသည် ပေါ်လည်း ပေါ်သည်၊ ပျက်လည်း ပျက်သည်၊ ဝေဒနာနှင့်ငါ-မရောစေနှင့် ၊ ဝေဒနာခွာ၍ အနိစ္စ မြင်အောင်ကြည့် ၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။
(ဤကား အကျဉ်းချုပ်မျှသာ ဖြစ်သည်။)

Wednesday, May 4, 2011

ဗုဒ္ဓဝင် အကျဉ်းချုပ်

 ရတနာဝါသဘုရားကျောင်းမှ ကူးယူပူဇော်သည်။

ဗုဒ္ဓ၀င် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇ၀င်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓသည်လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က အရှေ့တိုင်း အိန္ဒိယတိုက်တွင် ဗုဒ္ဓ၀ါဒ ကိုစတင်တည်ထောင်ခဲ့သော မဟာလူသားတစ်ဦး အကြောင်း ဖြစ်ပေသည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသော ၀ါဒ ထူထောင်သူများ ဖြစ်သည့် ကွန်ဖြူးရှပ်လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏၀ါဒမှာ ထိုသူများ၏၀ါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။
ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမူ့ ဖွဲ့စည်းပုံတွင်
ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး
(ခတ္တိယ)၊ကုန်သည်မျိုး(၀ဿ) နှင့်ဆင်းရဲသားမျိုး
(သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။
ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်)
ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော
မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမူ့ကိုလိုလားသည်။
ဗုဒ္ဓ၀ါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။
ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု
ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင်
ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ
ဆိုသောဝေါဟာရမှာ ဥာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ
နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။
အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။
ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍
ငါးပိုင်းရှိသည်။

၁။ မင်းပျိုမင်းလွင်ဘဝ


ဖွားတော်မူခန်း
ဗုဒ္ဓဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓ၏ လူဘ၀မှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို
ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုခေတ်က မျိုးရိုးအားဖြင့် အဆင့်မြင့်အသိုင်း
အ၀ိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုအချိန်သည် ခရစ်တော်မပေါ်မှီ နှစ်ပေါင်းငါးရာကျော်ခန့်က ဖြစ်ပါသည်။
ဖခင်မှာ သာကိယမျိုးနွယ်စု၏အကြီးအကဲဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလ၀တ် ဟုခေါ်သည်။
ထိုနေရာသည် ယခုခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံနယ်စပ်တွင်တည်ရှိသည်။ ကပိလ၀တ်ကို အုပ်ချုပ်ရသောကြောင့်
ဘုရင်ဟု ခေါ်နိုင်သော်လည်း ဧကရာဇ်မင်း ဖြစ်နိုင်လောက်သော နယ်ပယ်အကျယ်အ၀န်းမရှိခဲ့ပေ။ ကပိလ၀တ်
နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။
သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။
မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင်
မွေးဖွားတော်မူခဲ့သည်။ ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-
“အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ” ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။
ထိုခေတ်က အမျိုးသမီးများသည် မိမိတို့၏သားဦးအား မိဘရပ်ရွာထံတွင်ပြန်၍ မွေးဖွားရသော ဓလေ့ရှိခဲ့နိုင်သည်။ သိဒ္ဓတ္ထမင်းသားအားဖွားမြင်ပြီး
ခုနစ်ရက်အကြာတွင် မယ်တော်မာယာ နတ်ရွာစံခဲ့သောကြောင့် သိဒ္ဓတ္ထမင်းသားသည်
မိထွေးတော်ဂေါတမီ ၏ ထိန်းကျောင်းမူ့ဖြင့် ကြီးပြင်းလာခဲ့သည်။
သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဓန မင်းသည်
ထိုခေတ်ကအမြင့်ဆုံးနိုင်ငံရေးအာဏာဖြစ်နိုင်သော စကြာမင်းအရာကို ရစေလိုသည်။
သို့သော်ကြိုတင်နိမိတ်များအရ သိဒ္ဓတ္ထမင်းသားသည် လောကီဘုံကိုစွန့်ခွာ၍
ဘုရားဖြစ်မည်ဟု ပြောကြားသဖြင့် လောကီကာမဂုဏ် အာရုံများဖြင့်
မင်းသားကိုဖြားယောင်းထားစေခဲ့သည်။ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင်
ညီမ၀မ်းကွဲတော်သူ ယသော်ဓရာနှင့် လက်ဆက်ခဲ့သည်။ ယောက္ခမလောင်း ဖြစ်သူ
သုပ္ပဗုဒ္ဓက သဘောမတူသောကြောင့် လေးအတတ်အစွမ်းပြ၍ ကြင်ရာတော်ကို
ကိုယ်တိုင်ရွေးယူနိုင်ခဲ့သည်။

၂။ တောထွက်တော်မူခြင်း


နိမိတ်ကြီးလေးပါးကိုမြင်တော်မူခန်း

အနော်မာသောင်ကမ်းတွင် ဆံတော်ဖြတ်ခန်း
သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာဒေ၀ီတို့မှ သားတစ်ယောက်ဖွားမြင်၍ အမည်မှာရာဟုလာ ဟုခေါ်သည်။ လကိုရာဟု ဖမ်းသလို ငါလျှောက်မယ့်လမ်းကို သံယောဇဉ်တို့ဖြင့် ချည်နှောင်မည့်သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒ္ဓတ္ထမင်းသား ကိုယ်တိုင်နာမည်ပေးခဲ့ခြင်းဖြစ်သည်။
လောကီအာရုံများဖြင့် ဖျားယောင်းထားခြင်း၊ အနိဌာရုံများကို မမြင်အောင်ဖန်တီးထားခြင်း၊ သားမယား သံယောဇဉ်
များကို တိုးလာစေခြင်းအားဖြင့် ခမည်းတော်မှစီမံထားသော်လည်း သိဒ္ဓတ္ထမင်းသားသည်လက်ရှိဘ၀ ထက်ပိုမိုမြင့်မြတ်
သော ဘ၀အမှန်မွန်ကို ရှာဖွေလိုစိတ်ပြင်းထန်လာသည်။
ထို့ကြောင့်တစ်နေ့တွင် ခါးသီးသောအမှန်တရားကို သိဒ္ဓတ္ထမင်းသား မြင်တွေ့ခဲ့လေသည်။ ထိုသို့တွေ့ရှိခဲ့ရာ လူ့ဘ၀၏
အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖေါ်ပြကြသည်။ ဗုဒ္ဓကျမ်းစာများတွင် နိမိတ်ကြီးလေးပါးဟု ညွှန်းဆိုကြပါသည်။
ဤသည်တို့မှာ
  • သူအို၊
  • သူနာ
  • သူသေနှင့်
  • ရဟန်းတို့ဖြစ်ကြသည်။
ပထမသင်္ကေတသုံးပါးမှာ ဘ၀ကိုကိုယ်စားပြုသည်။ အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ တည်ရာမှီရာဖြစ်သည်။ နောက်ဆုံး သင်္ကေတရဟန်းမှာ ဘ၀ကိုကျော်လွန်သွားပြီး အိုခြင်း၊နာခြင်း၊သေခြင်းကင်းရာလွတ်မြောက်ရေးလမ်းကို ကိုယ်စားပြုသည်။ ထိုသဘောတရားများကို သိရှိလာသော သိဒ္ဓတ္ထမင်းသားသည် မင်းသားဘ၀နှင့်တာရှည်နေရန်မဖြစ်နိုင်သောကြောင့်
တစ်ခုသောညတွင် သားငယ်နှင့် ဇနီးသည်ကို နောက်ဆုံးကြည့်ကာ အမှန်တရားကိုရှာဖွေရန်တောထွက်တော်မူခဲ့လေသည်။
သိဒ္ဓတ္ထမင်းသားသည် ထိုစဉ်က အသက် ၂၉ နှစ်ရှိပြီဖြစ်သောကြောင့် စဉ်းစားဝေဖန်ပိုင်းခြားတတ်သောအရွယ်ရောက်
နေလေပြီဖြစ်သည်။ ထို့ပြင်ကောင်းမွန်သေချာသော အနာဂတ်တစ်ခုရှိသော်လည်း စွန့်လွှတ်ပြီး တောထွက်ခဲ့သည်မှာ
တော်ရုံတန်ရုံ စိတ်ပိုင်းဖြတ်မူ့မျိုးမဟုတ်ဟု သေချာပြောဆိုနိုင်သည်။

၃။ သစ္စာတရားကို ရှာခြင်း


ဒုက္ကယစရိယာကျင့်တော်မူခန်း
ဗုဒ္ဓကျမ်းစာများတွင် ထိုကာလအပိုင်းအခြားကို ဒုက္ကယစရိယာ ကျင့်ခြင်းဟူ၍ဖေါ်ပြကြသည်။ တောထွက်တော်မူပြီးနောက် ဘုရားမဖြစ်ခင်အထိ ခြောက်နှစ်တာမျှသော အချိန်ကိုဆိုလိုသည်။
ပထမဆုံးစမ်းသပ်ခဲ့သောအချက်မှာ ယောဂ(သမထ)ကျင့်စဉ်ဖြစ်သည်။
တင်္ဒဂအားဖြင့်စိတ်တည်ငြိမ်မူ့ရရှိသော်လည်း
ထာဝရစိတ်၏ ငြိမ်းချမ်းသောလွတ်မြောက်ရာလမ်းကိုသာရှာဖွေလိုသည်။ ထို့ကြောင့်
ထို သမထ သက်သက်ကျင့်စဉ်ကို
လည်းစွန့်လွှတ်ခဲ့သည်။
သို့သော်ယောဂအကျင့်မှာ နောင်ဗုဒ္ဓသာသာနာတွင်အရေးကြီးလာမည့်
ကမ္မဌာန်းလုပ်ငန်းအတွက် အခြေခံကောင်းများကို
ပေးနိုင်ခဲ့သည်ဟုဆိုရမည် ဖြစ်သည်။
ယောဂအကျင့်မှ ကမ္မဌာန်းမှာ (Meditation for sake of meditation) သာဖြစ်၍
သိဒ္ဓတ္ထမင်းသားအလိုရှိသော
ကမ္မဌာန်းမှာ ဘ၀ဖြစ်တည်မူ့ကို အနက်ရှိုင်းဆုံးနေရာထိ မျက်မှောက်ပြုနိုင်သော
(Insight Meditation)မျိုးဖြစ်လေသည်။
ဝိပဿနာ ကမ္မဌာန်းမျိုးကိုဆိုလိုသည်။
ဒုတိယစမ်းသပ်ချက်မှာ တပအကျင့်(asceticism)ဖြစ်သည်။ ကောဏ္ဍည အမှူးပြုသော
တပသီငါးဦးနေထိုင်ရာ
ဥရုဝေလတောအုပ်ထဲရှိ တောကျောင်းကလေးတွင်သွားရောက်နေထိုင်ခဲ့သည်။
ထိုနေရာတွင်အလွန်အကျွံခြိုးခြံ
ချွေတာခြင်း၊ မိမိကိုယ်ကိုပင်ပန်းဆင်းရဲစေခြင်းစသည့်
ပြင်းထန်သည့်အကျင့်များကို ကျင့်ခဲ့သော်လည်း ခန္ဓာကိုယ်သာ
အိုမင်းရင့်ရော် ခန်းခြောက်လာခဲ့ကာ
သစ္စာတရားကိုရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
တပသီငါးဦးသည်လည်း သိဒ္ဓတ္ထမင်းသားကို
စိတ်ပျက်ကာစွန့်ခွာသွားကြလေသည်။ထိုကဲ့သို့ ယောဂ၊တပနှင့် အခြားအတတ်များတွင်
ကျင့်ကြံရင်း သစ္စာတရားကိုရှာဖွေရာ ခြောက်နှစ်တာမျှအချိန်ကုန်
လာခဲ့သည်။ ထိုအခါဗုဒ္ဓသည် သစ္စာတရားကိုရှာဖွေသောလမ်းမှာ
အချိုဆုံးလမ်းလည်းမဟုတ်သလို အခါးဆုံးလမ်းလည်း
မဖြစ်နိုင်ဟုဆင်ခြင်မိကာ ထိုအစွန်းနှစ်ပါးကြားမှတတိယ
လမ်းသာဖြစ်ရမည်ဟုတွေးမိလေသည်။
ဤအခိုက်အတန့်မှာပင် ငယ်စဉ်ဘ၀ကအဖြစ်အပျက်တစ်ခုကို
အလောင်းတော်သည်ဆင်ခြင်မိလေသည်။ ခမည်းတော်
လယ်ထွန်မင်္ဂလာပွဲကျင်းပနေချိန် တွင် မင်းသားငယ်အား သပြေပင်ရိပ်တွင်
သိပ်ထားခဲ့လေသည်။ ကလေးငယ်အရွယ်
မျှသာဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဘေးပတ်ဝန်းကျင်မှအသံများကိုလည်းကောင်း
သပြေပင်ရိပ်မှအေးမြမူ့ကိုလည်းကောင်း
သတိမပြုမိဘဲ၊ မိမိခန္ဓာကိုယ်အတွင်းတွင်သာ သိစိတ်ကိုစုစည်းထားမိသည်။
ထိုအချိန်ကရရှိခဲ့သော ချမ်းသာပီတီမျိုးကို
သိဒ္ဓတ္ထမင်းသားသည် ဘ၀တွင်နောက်ထပ်ကြုံတွေ့ခဲ့ရခြင်းမရှိတော့ပေ။
ထိုချမ်းသာပီတိအား ဗုဒ္ဓကျမ်းစာများတွင် ပထမဈာန်ဟု သတ်မှတ်ပါသည်။
ဤအတွေ့အကြုံကိုဆင်ခြင်မိသော
သိဒ္ဓတ္ထမင်းသားသည်၊ သစ္စာတရားကိုရှာဖွေသောလမ်းစမှာ
မိမိကိုယ်အတွင်းတွင်သာရှိမည်ဟု သဘောရလာလေသည်။
ထို့နောက်ယောဂဆရာကြီးများထံမှရလာသော
ကမ္မဌာန်းအကျင့်နှင့်အာရုံတို့ကိုစုစည်းကြည့်လေရာ ရုပ်ခန္ဓာသာမက
သိစိတ်အလျင်၏ မမြဲသောသဘောတရားတို့ကိုပါဆင်ခြင်မိလေသည်။
ထိုမှတဆင့်မမြဲခြင်း၏ မနှစ်မြို့ဖွယ်ရာအဖြစ်များကိုလည်းကောင်း၊
မိမိအလိုသို့မလိုက်သည့်သဘော၊မိမိဆန္ဒနှင့်
မည်သို့မျှမသက်ဆိုင်သည့်သဘော၊ အစိုးမရသည့်သဘောများကို
ပီပီပြင်ပြင်မြင်တွေ့လာလေသည်။
ကျမ်းစာများအရ အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကိုဆိုလိုပါသည်။
ခန္ဓာကိုယ်မှရသော ထိုလမ်းစကိုဆွဲဆန့်ကြည့်လိုက်ရာ လူ့ဖြစ်တည်မူ့တစ်ခုလုံး၏
အခြင်းအရာများမှာတဖြည်းဖြည်း
ပီပြင်လာသည်။ ဘ၀၏တွန်းအားများ၊ ထိုလမ်းမှလွတ်မြောက်ရာလမ်း၊
ထာဝရငြိမ်းအေးမူ့ ထိုသည်တို့ပင်ဗုဒ္ဓ
ရှာဖွေနေသော သစ္စာတရားပင်ဖြစ်လေသည်။ ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊
မဂ္ဂသစ္စာ၊နိရောဓသစ္စာဟူသော သစ္စာလေးပါး
တရားပင်ဖြစ်ပါတော့သည်။
ဗုဒ္ဓဥာဏ်အလင်းရခဲ့ရာ နေရာဉ္ဇာရာအနီးမှ ညောင်ပင်ကြီးအား ဗုဒ္ဓဘာသာဝင်များက
ဗောဓိပင်ဟုခေါ်ကြသည်။
သဘောမှာ ဥာဏ်အလင်းသစ်ပင်(Tree of enlightenment) သို့မဟုတ်ဥာဏ်ပညာသစ်ပင်
(Tree of wisdom)
ဟုအဓိပ္ပာယ်ရပါသည်။
ဤသည်ပင်လျင် နယူတန်၏ ကမ္ဘာ့ဆွဲအား၊ ပတ်စချာ၏ ပိုးမွှားဗေဒ၊ အိုင်းစတိုင်း၏
နှိုင်းရသဘောတရားစသော
ခေတ်သစ်တွေ့ရှိချက်များအားလုံးထက် နှစ်ပေါင်းများစွာစောပြီး၊
အဆပေါင်းများစွာ ကျယ်ပြန့်နက်ရှိုင်းလှသော
မဟာရှာဖွေတွေ့ရှိမူ့ကြီး ဖြစ်ပါသည်။

၎။ သာသနာပြုခရီးရှည်


ပဉ္စဝဂ္ဂီငါးပါးအားတရားဦးဟောခန်း

ဗုဒ္ဓဘုရားရှင် တာဝတိံသာနတ်ပြည်မှ ပြန်လည်ကြွချီတော်မူပုံ
ဗုဒ္ဓဘုရားရှင်သည် ရရှိခဲ့သော ဥာဏ်အလင်းအား တပဿီအကျင့်အားအတူကျင့်ကြံခဲ့သော ရှင်ကောဏ္ဍညအမှုးပြုသော တပသီဟောင်းငါးဦးအားအရင်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့်ရှင်ကောဏ္ဍည ဦးဆောင်သော သံဃာတော်ငါးပါးသည် ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်းတွင် ပထမဆုံးသောသံဃာများဖြစ်လာခဲ့သည်။ ထိုပဉ္စဝဂ္ဂီငါးပါးအား ဟောကြားတောမူခဲ့သော ဓမ္မစက္ကပ၀တ္တနသုတ်တော်သည် ဗုဒ္ဓဟောကြားတော်မူခဲ့သော ပထမဆုံး
တရားဦးဖြစ်ပေသည်။
ထိုအချိန်မှစကာ ဗုဒ္ဓဘုရားရှင်သည် ၄၅ နှစ်တာကာလပတ်လုံး သာသနာပြုခရီးရှည်ကြီးထွက်ကာ သတ္တ၀ါအပေါင်းအား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်တော်မူခဲ့ပါသည်။သမိုင်းဆိုင်ရာအထောက်အထားများနှင့် ဗုဒ္ဓကျမ်းစာများပါအချက်အလက် များအရ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးကို အောက်ပါအတိုင်းမှတ်တမ်းတင်နိုင်သည်။
  1. ဘီစီ ၅၂၈ - က္ကှုသိပတန(ယခု-ဆာရနာတ်)
  2. ဘီစီ ၅၂၇ -ရာဇဂြိုဟ်
  3. ဘီစီ ၅၂၆ -ရာဇဂြိုဟ်
  4. ဘီစီ ၅၂၅ -ရာဇဂြိုဟ်
  5. ဘီစီ ၅၂၄ -ဝေသာလီ
  6. ဘီစီ ၅၂၃ -မကုဋတောင်(ယခု-ဗိဟာရ်)
  7. ဘီစီ ၅၂၂ -တာဝတိံသာနတ်ပြည်(ကျမ်းစာအရ)
  8. ဘီစီ ၅၂၁ -သုသုမာရတောင်(ယခု-ကျုနာရ်)
  9. ဘီစီ ၅၂၀ -ကောသမ္ဗီ(ယခု-က္ကုလဟာဗာ်)
  10. ဘီစီ ၅၁၉ -ပါလိလေယျက(ယခု-မိရ်-ဂျာပူ)
  11. ဘီစီ ၅၁၈ -နာဠာ(ယခု-ဗိဟာရ်)
  12. ဘီစီ ၅၁၇ -ဝေရဉ္ဇာ(ယခု-မထုရာ)
  13. ဘီစီ ၅၁၆ -စာလိယတောင်(ယခု-ဗိဟာရ်)
  14. ဘီစီ ၅၁၅ -သာဝတ္ထိ(ယခု-ဂေါဏ္ဍာ)
  15. ဘီစီ ၅၁၄ -ကပိလ၀တ္ထု
  16. ဘီစီ ၅၁၃ -အာလ၀ီ(ယခု-အာရ်ဝလိ)
  17. ဘီစီ ၅၁၂ -ရာဇဂြိုဟ်
  18. ဘီစီ ၅၁၁ -စာလိယတောင်
  19. ဘီစီ ၅၁၀ -စာလိယတောင်
  20. ဘီစီ ၅၀၉ -ရာဇဂြိုဟ်
  21. ဘီစီ ၅၀၈မှ ၄၈၄ -သာဝတ္ထိ
  22. ဘီစီ ၄၈၃ -ဝေသာလီ
ထိုသာသနာပြုခရီးသည် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတခွင်သို့ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးပင်ဖြစ်သည်။

၅။ ပရိနိဗ္ဗာန်စံတော်မူခြင်း


ပရိနိဗ္ဗာန်စံတော်မူခန်း
လူသတ္ထ၀ါတို့အား ကယ်တင်ရန်အလို့ငှာဘုရားဖြစ်သောမူသော ဂေါတမဗုဒ္ဓသည် ဘီစီ ၄၈၃ ခုနှစ်တွင် ဝေသာလီ ပြည် မလ္လာမင်းများ၏ အင်ကြင်းဥယျာဉ်တစ်ခုတွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးအချိန်တွင် နောက်ဆုံးမှာကြားခဲ့သော စကားမှာ ဗုဒ္ဓဘာသာများအတွက်သာမက၊ လူသားအားလုံးအတွက်ပါ အထူးအဓိပ္ပါယ်
ရှိလှသည်ဟု နှောင်းခေတ်ပညာရှင်များက ဆိုကြသည်။ ထိုအမှာစကားမှာ
"၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ"
ဟူသော ပါဠိဂါထာတို လေးဖြစ်သည်။ မြန်မာဘာသာဖြင့်ဤကဲ့သို့အဓိပ္ပါယ်ယူနိုင်ပါသည်။
"ဘ၀သည် မမြဲ၊မမေ့မလျော့သော ကိုယ်စိတ်နှစ်လုံးရှိကြစေ။"

အကိုးအကား

Buddhism Made plain၊ ဘာသာပြန်သူ ဆရာကျော်ဝင်း၊
မဟာဗုဒ္ဓ၀င်။ တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး။

မစင်ပုပ် ငရဲ


မြတ်စွာဘုရား ဗာရာဏသီပြည် မိဂဒါဝုန်ကျောင်း မှာစံမြန်းကန်းဝပ်တော်မူစဉ် နန္ဒိယ သတို့သားသည် ပေးကမ်းလှူဒါန်းခြင်း ရတနာသုံးပါကို အလေးထားခြင်း၊ သံဃာတော်တို့အား အလုပ်အကျွေးပြု ခြင်း အလေ့ရှိ၏။

ထိုသတို့သား၏ မိဘများက အိမ်နီးချင်း ရေ၀တီ သတို့သမီးနှင့် ပေးစားလိုတယ်။ သို့သော် မိန်းကလေးသည် သဒ္ဒါတရားမရှိ၊ ပေးကမ်းလှူဒါန်းခြင်းအလေ့ မရှိ။ ထို့ကြောင့် နန္ဒိယက ရေ၀တီကို အလိုမရှိပေ။မိခင် ကတော့ သဘောတူတဲ့အတွက် ချစ်သမီး...ရေ၀တီ သံဃာတော်တွေ ကြွလာတဲ့အခါ သံဃာတော်တွေ ကိုရှိခိုး၊ သပိတ်ကိုယူ၊ သောက်ရေကို စစ်ပြီးမှကပ်၊ ဆွမ်းစားပြီးတဲ့ သပိတ်ကိုဆေး၊ အဲဒါမှ ငါ့သားက မင်းကို နှစ်သက်မှာကွဲ့ ...ဟုပြောပြီး သား သဘောကျစေရေး လိမ္မာလာစေရန် ရေ၀တီအား ဆောင်ရွက်စေပါတယ်။ ရေ၀တီကလည်းလိုက်နာဆောင်ရွက်လေတယ်။

ထို့နောက်မိခင်က ကလေးမလေး ရေ၀တီလိမ်မာသွားပါပြီ ဟုပြောပြီး နိန္ဒိယ သတို့သားနှင့် ထိမ်းမြား လက်ထပ် ပေးလိုက်တယ်။ လက်ထပ်ပြီးလျှင် နန္ဒိယက ဇနီးရေ၀တီအား... ရဟန်းသံဃာတော်များနဲ့ မိဘများကို အလုပ်အကျွေးလုပ်ဖို့ မမေ့နဲ့ အလေးအနက်ထားပြီးကူညီရမယ်ဟု ပြောထားပါတယ်။ ရေ၀တီကလည်း ဒီအတွက်စိတ်ချပါမောင်ကြီး ဟု ကတိပေးသည်။ နောက်ရက်အနည်းငယ် ခင်ပွန်းသည်အလိုကျ လုပ်ဆောင် ပေးလေသည်။

သား၂ယောက်မွေးဖွားလာသောအချိန်တွင်ကား မိဘများလည်းကွယ်လွန်သွားကြပြီဖြစ်လို့ အိမ်ဂေဟာမှာ ရေ၀တီ တစ်မိန့်တစ်သံ အာဏာရလာတယ်။ နန္ဒိယကား အလှူဒါနပြုခြင်းအမှု၌သာ နှစ်လိုသူဖြစ်လို့ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ပေးလှူ ဆက်ကပ်လှူဒါန်းမြဲသာရှိခဲ့တယ်။ နန္ဒိယမှာ...ဣသိပနကျောင်းတိုက်က တိုက်ခန်းလေးခန်း တန်ဆာဆင်ပြီး ၀တ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး မြတ်စွာဘုရား၏ လက်တော်၌ အလှူရေစက်ကို သွန်းချအပ်နှင်းလေသည် ။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အနံအလျားတစ်ဆယ် ယုဇနာရှိသော နတ်ဗိမာန်ပြဿဒ်ပေါ်ပေါက်လာလေ၏။

ထိုအခြင်းအရာကို အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားကို လူလောက ၌ အသက်တည်နေစဉ် အချိန်ကာလ မှာပင် နတ်ဘုံ ဗိမာန်ပေါ်ပေါက်နေပါသလား တင်လျောက် ပါတယ်။ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်၌ နန္ဒိယ၏ ဘုံ ပြဿဒ်ကြီးကို သင်မြင်ခဲ့ပြီ မဟုတ်လော့ဟုပြောကြားပြီး...အကျိုးတရားများကို ဆက်လက်ဟောကြားတော်မူပါတယ်။

ချစ်သားရဟန်းတို့ ရပ်ဝေးတစ်နေရာက ပြန်ရောက်လာသော ထိုယောက်ျားကို ဆွေမျိုးမိတ်ဆွေများက အလွန်နှစ်သက်တတ်ကြကုန်၏၊ ထို့နည်းတူပင် လူလောက၌ ကောင်းမှုကုသိုလ်ပြုပြီး သူတို တမလွန်သို့လား သည်ရှိသော ချစ်သော ဆွေမျိုးမိတ်ဆွေများကဲ့သို့သော သူ၏ကောင်းမှုကုသိုလ်တို့က သူ့အား ဆီးကြို၍ခံယူရကုန်၏။

ထိုတရားကို နာရသော နိန္ဒိယသည် အလှူဒါနကို မပြတ်မစဲ ထပ်ခါတလဲလဲ လှူ၍သာနေလေသည်။ တစ်နေ့တော့ ကုန်သွယ်မှုခရီးတစ်ခု သွားရမည်ဖြစ်လို့ ဇနီးရေ၀တီအား.... ငါခရီးသွားနေခိုက် သံဃာတော်များကို မပြတ်ပေးလှူပါ၊ ခိုကိုးရာမဲ့သူတို့ကိုလည်း ထမင်းဟင်း အစပေးကမ်းစွန့်ကြဲပါ။ အလှူဒါန အလုပ်ကို မမေ့မလျော့ပါနဲ့ လို့ မှာကြားခဲ့သည်။

ရေ၀တီသည်ကား ၃၊ ၄ရက် သာသံဃာတော်တို့အား ပေးလှူ၏။ခိုကိုးရာမဲ့ ဆင်းရဲသူတို့အားလည်း ပေးကမ်းစွန်ကြဲခြင်းမပြုတော့ပေ။ မလှူမဖြစ် လှူရလျှင်ကား ရေ၀တီသည် ရဟန်းသံဃာတော်တို့အား ဆန်ကွဲ ထမင်းနှင့် ပုန်းရည်ဟင်းတို့ကို သာ ကပ်လှူ၏။ ရဟန်းသံဃာတော်တို့ စားရာနေရာသို့ သွားကာ ငါးအရိုးအမဲရိုးများနှင့် ထမင်းဖတ်များကို ပြန့်ကြဲစေကာ...လူအများကို ညွန်ပြပြီး အပြစ်ပြပါတယ်။

နိန္ဒိယလည်း ခရီမှပြန်ရောက်လာသောအခါ ရေ၀တီ၏ မဟုတ်မမှန်လုပ်ရပ်များကို သိရလေပြီး အိမ်မှ နှင်ထုတ်လိုက်လေသည်။ ထို့နောက် ဆက်လက်ပြီးလှူဒါန်းမှုများကိုပြုလုပ်ပါတယ်။ ထိုအခါ နန္ဒိယမိတ်ဆွေများ က ရေ၀တီကိုခေါ်ဆောင်လာပြီး တောင်းပန်၍ပြန်အပ်လေသည်။ နန္ဒိယ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ အသင့်ပေါ်ပေါက်နေသော ဘုံဗိမာန်၌ နတ်သားဖြစ်လေတော့တယ်။

ရေ၀တီကတော့ နန္ဒိယကွယ်လွန်တဲ့အခါ ယခင်လှူဒါန်းခဲ့သော အလှူဒါနများကို ဖြတ်တောက်ပစ်လိုက် ပြီး ဒီရဟန်းတွေကြောင့် ငါ့ စီးပွားဥစ္စာတွေ ယုတ်လျော့ရတာ ဟုပြောကာ ဆဲဆိုသည်အထိပြုမှုလာ၏ အချိန်တိုင်း မြည်တွန်တောက်တီးကာ အပြစ်ပြု၍နေရာ ဝေဿ၀ဏ်နတ်မင်းကြီးမှာ မနေသာတော့။ဘီလူးနှစ်ယောက်ကို ဆင့်ခေါ်ကာ ကဲ ဗာရာဏသီပြည်က ရေ၀တီမိန်းမယုတ်ဆီ သွားကြစမ်း ဒီနေ့က စလို့ ၇ရက်မြောက်တဲ့နေ့မှာ အသက်ရှင်လျှက်မှာပဲ ဖမ်းခေါ်ပြီး ငရဲဘုံမှာ ပစ်ချမယ်ဟေ့လို့ ကြွေးကြော်ခိုင်းပါတယ်။

ဘီလူးတို့ကြွေးကြော်သံကို ကြားရသူ လူအပေါင်းတို့မှာ အလွန်တုန်လှုပ်ချောက်ခြားကြကုန်၏။ ရေ၀တီက ပြဿဒ်အထက်သို့တက်၍ တံခါးကိုပိတ်ပြီးနေလေသည်။၇ရက်မြောက်သောနေ့တွင်ကား ဘီလူကြီးနှစ်ယောက် ရောက်ရှိလာပြီး မကောင်းမှုအကုသိုလ်တွေများလွန်းတဲ့ မိန်းမယုတ် ရေ၀တီ၊ နင်ဟာ အပါယ်တံခါးပွင့်နေတဲ့ မိန်းမပဲ၊ ကယ်ပါယူပါ တစာစာအော်နေရတဲ့ ငရဲဘုံကို နင်ရောက်ရမယ်...အခုထလော့ ဟု ဆိုပြီး လူအများအသိတရားရစေခြင်းငှာ ဗာရာဏသီပြည်လမ်းကို ဖြတ်ကာ ဆွဲခေါ်သွားလေသည်။

ထို့နောက် တာဝတိံသာနတ်ပြည် ဘုံဗိမာန်ခြေရင်းမှာချထားလိုက်သည်။ရတနာခုနှစ်ပါး စီခြယ်ထားသော ချောမောလှပသော နတ်သမီးအပေါင်း ၀န်းရံနေသော ဘုံဗိမာန်ဟာဘယ်သူနေရာလည်း ဟု ရေ၀တီ မေးမြန်းလေရာ ဘီလူးကြီးများက... ဒီဘုံဗိမာန်သည် လူပြည်လူ့ရွာမှာ အလှူဒါနတွေ အစဉ်မပြတ်ပြုခဲ့သော နန္ဒိယ ပိုင်ရှုင်ဖြစ်၏ ဟုပြောပြလိုက်လေသည်။

ထိုအခါ ရေ၀တီက ကျွန်မဟာ နန္ဒိယရဲ့ ဇနီးမယားပါ ဒါကြောင့် ဒီ ဘုံဗိမာန်ကြီးမှာနေပါရစေ ငရဲကိုသွားဖို့ နေနေသာသာ မမြင်ဝံ့မကြားဝံ့ပါဘူး ဟုပြောလေသည်။ သင်ဟာ မကောင်းမှုဒုစရိုက်တွေများလွန်းတဲ့ မိန်းမယုတ်ဖြစ်တယ်။ ကုသိုလ်ကောင်းမှုတွေ မပြုဘူး၊ ၀န်တိုစဉ်းလဲတယ်။ ကောက်ကျစ်တယ်၊ သူတစ်ပါးကို ချုပ်ချယ်လွန်းတယ်။ နတ်ပြည်မှာ နေလို့မရဘူး ငရဲပြည်သာနင်နေရာ ဟုပြောကာ ငရဲထိန်းနှစ်ယောက် လက်သို့ ရေ၀တီကိုလွဲပေးလိုက်တယ်။ ထိုငရဲထိန်းတို့က မစင်ကျင်းများဖြင့်ပုပ်စပ်နေသော ဂူတငရဲသို့ ပို့ဆောင်ရန်ခေါ်သွားကြလေတယ်။

ထိုစဉ် ရေ၀တီက...ဂူတမစင်ငရဲကိုမခေါ်ကြပါနဲ့ ခင်ပွန်းဘုံဗိမာန်မှာပဲနေပါရစေတောင်းပန်ပြန်တယ်။ သို့သော်မရပေ။ ငရဲထိန်းတွေ နဲ့ အတူရှိနေတဲ့ ဘီလူကြီး တို့က ဒါဟာ ကျင်ကြီးကျင်ငယ်တွေ အမြဲမပြတ်စီးဆင်းနေတဲ့ ငရဲပဲ။ အသူတရာနက်တယ်၊ သံသာဝက ဂူတငရဲလို့ခေါ်တယ်။ အဲဒီ မစင်ကျင်းထဲမှာ နှစ်ပေါင်းတစ်ထောင်ကျခံရမယ် လို့ ရှင်းပြတယ်။

သို့တိုင်ရေ၀တီက မလျော့သေးဘဲ...ကျွန်မက ဘာတွေလုပ်ခဲ့လို့လဲ၊ ကိုယ်နဲ့နှုတ်နဲ့စိတ်နဲ့ ဘယ်လိုမကောင်းမှုပြုလုပ်ခဲ့သလဲ ၊ သင်တို့ မြင်ခဲ့မိပါသလား ဟုစောဒကတက်ပြန်တယ်။ ထိုအခါ ဘီလူးကြီးတို့က ရေ၀တီပြုခဲ့သော မကောင်းမှုများကိုထောက်ပြ၏။ လိမ်လည်လှည့်စား သည့် မကောင်းမှုများကြောင့် မစင်ကျင်းကြီးများ၌ နစ်မြုပ်ပြီးပြန်ပေါ်လာပြန်လျင် လက်ပေါ်လျှင် လက်၊ ခြေပေါ်လျင်ခြေ၊ နှာခေါင်း၊နား မည်သည့် အစိတ်အပိုင်း ပေါ်လာသည်ဖြစ်စေ ဖြတ်တောက်ခြင်းခံရဦးမည်။ သုံးဂါဝုတ်ရှိ ကျီးမည်းကြီးများ၏ ထိုးဆိတ်ခြင်းကိုခံရမည်ဟုပြော၏ ။

ရေ၀တီသည် ငိုကြွေး၍တောင်းပန်သော်လည်း သင်ပြုခဲ့သော မကောင်းမှုတွေက ဆွဲခေါ်နေလို့ ငါတို့လည်း သင့်ကိုပြန်ပို့လို့မရတော့ဘူး ဟုပြောပြလေသည်။ သူမ၏ မကောင်းမှုများကို သိမြင်ကာ နောင်ကိုကောင်းမှုကုသိုလ်များပြုလုပ်ပါမည်။ လိမ်လည်လှည့်စားမှုများ မပြုတော့ သီလမြဲပါတော့မည်ဟု ပြောနေစဉ်မှာပဲ မစင်ပုပ် ငရဲသို့ ပစ်ချခြင်းခံရလေတော့၏။ ထို ဂူတငရဲမှာ သူမသည် နှစ်ပေါင်း တစ်ထောင်ခံခဲ့ ရလေသည်။ ဂူတငရဲမှ လွတ်၍လာသောလည်း ဥဿဒငရဲ၌ဆက်လက်ခံရပြန်၏ မကောင်းမှုကုသိုလ်ကံများ ကုန်မှ ထိုငရဲမှ လွတ်ရလေ၏။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

မိန်းမယုတ်

ငြင်းခုံတတ် သည့်အလေ့ရှိသော၊

ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော၊


မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊


များစွာချက်ပြုတ်ပြီး စားတတ်သော၊


လင်ယောင်္ကျားမစားမီ အဦးအဖျားစားတတ်သော၊


သူတစ်ပါးအိမ်သို့ သွား တတ်နေတတ်သည့် အလေ့ရှိသော


မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း


လင်ယောင်္ကျားသည် စွန့် ပစ်ရာ၏........။


Friends18.com Orkut MySpace Hi5 Scrap Images


A woman who tends to be quarrelsome,

Slights others


Craves for all she sees


Cooks and eats too much


Has meals ahead of her husband,


And visits others and stays there


long should be abandoned, even


though she could give birth to


a hundred sons.


လောကနီတိ

ညီအကိုတို့သိထားသင့်သော ..မိန်းမများ

ညီအကိုတို့သိထားသင့်သော ..မိန်းမများ

ရေးမယ်လုပ်လိုက်.connection..မကောင်းနဲ့....ရေးပြီးအားလုံးပြီးပြန်တော့
save မလုပ်ခင်မီးကပျက်..သွားရော..ဘာမှမကျန်...
ဒါပေမဲ့.ညီအကိုတို့.ဥသျှစ်တစ်တင်းနှမ်းတစ်တင်းခေတ်မှာ...ရွေးချယ်ရန်နဲ့ရှောင်ရန်
တွေကိုသိစေချင်တဲ့ဆန္ဒ..နဲ့.........ညီအကိုတို့သိထားသင့်သော ..မိန်းမများ
ရေးတင်ဖြစ်ပါတယ်....

မိန်းမကောင်း မိန်းမမြတ်၏
အဆင်းလက္ခဏာများ
၁။ နူးညံ့သော အသားအရေရှိသည်။
၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။
၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။
၎။ မျက်တောင်ကော့သည်။
၅။ မျက်ခုံးနက်သည်။
၆။ ရင်စိုသည်။
ရ။
နှာတံပြေပြစ်သည်။
၈။ နီမြန်းသော နှုတ်ခမ်း ပါးစပ်ရှိသည်။
၉။ ပါး၍၀န်းသော မျက်လုံးရှိသည်။
၁၀။ လည်တိုင်သေးသည်။
၁၁။ လည်ရစ်သုံးတန်ရှိသည်။
၁၂။ နူးညံ့သေးသွယ် ပြည့်တင်းနီမြန်းသော လက်ဖ၀ါးခြေဖ၀ါး ရှိသည်။
၁၃။ ချစ်ဖွယ်သော ပီယ၀ါစာကား ပြောဆိုတတ်သည်။
၁၄။ ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။
၁၅။ အရှက်အကြောက်ကြီးသည်။
၁၆။ စကားတိုးတိုးသက်သာ ပြောဆိုတတ်သည်။

မိန်းမတို့၏အလှဂုဏ်(၆)မျိုး

၁။ အသားမဖြူလွန်းခြင်း
၂။ အသားမညိုလွန်းခြင်း
၃။ အရပ်မနိမ့်လွန်းခြင်း
၎။ အရပ်မမြင့်လွန်းခြင်း
၅။ မ၀လွန်းခြင်း
၆။ မပိန်လွန်းခြင်း

မိန်းမတို့၏အင်အား

၁။ ရုပ်ရည်အဆင်း တင့်တယ်ခြင်း
၂။ ပစ္စည်းဥစ္စာ ပြည့်စုံခြင်း
၃။ ဆွေမျိုးပေါများခြင်း
၎။ သားရတနာမွေးဖွားပေးခြင်း
၅။ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း
chocolate...ညီမ အမများ...ပြည့်စုံပါစေဗျား


မိန်းမယုတ်၏ အင်္ဂါလက္ခဏာများ
၁။ အသားနီကြမ်းသည်။
၂။ နားရွက်ထူသည်။
၃။ လည်တိုင်တိုသည်။
၎။ ရင်ခြောက်သည်။
၅။ ကိုယ်လက်အမွေးအမှင် ထူသည်။
၆။ ဆံပင်ကြမ်းသည်။
ရ။ မျက်ထောင့်နီသည်။
၈။ မျက်လုံးဝန်းသည်။
၉။ ခါးတို ခါးတုတ်သည်။
၁၀။ တင်ဆုံကြီးသည်။ကောက်သည်။တွဲသည်။
၁၁။ အသံကျယ်ကျယ်လောင်လောင် ရယ်မောပြောဆိုတတ်သည်။
၁၂။ ခြေလက်တုတ်ခိုင် ကြမ်းရှသည်။
၁၃။ ယောကျာင်္းများနှင့် အကျွမ်းတ၀င် ပြုမူတတ်သည်။
၁၄။ အလှအပ မဆင်အပြင် အထူးပြုလုပ်တတ်သည်။
၁၅။ လမ်းသွားလျှင်ခြေကို အတွင်းခွင်၍ သွားတတ်သည်။
၁၆။ အပျော်အပါး အလွန်လိုက်စားသည်။
chocolate..ညီအကိုတို့..သတိထားရှောင်ကြင်ရန်

ကျမ်းကိုး
၁ ။ သုသေသန သရုပ်ပြအဘိဓာန် ။
၂ ။ ဟိတောပဒေသ ။
၃ ။ မဟာဝဂ္ဂသံယုတ် ။
၎ ။ ဘိသိက်မင်္ဂလာကျမ်း ။……...

Monday, May 2, 2011

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း


ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါဝင်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သော...ဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။ သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။ တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။ သုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စွဲလမ်းသည့်ဘက်သို့ ဦးတည်သည်။ အသုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စက်ဆုပ်ရွံရှာသည့် ဘက်သို့ ပြောင်းလဲသွားသည်။ မြင်ကွင်း ပြောင်းသည့်အခါ စိတ်ပြောင်းသွားသည်။ မြင်ကွင်း အပြောင်းအလဲကို မည်သူက ဖန်တီးသနည်း။ ပုဂ္ဂိုလ် တစ်ဦးတည်းက ဖန်တီးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား သီရိမာ။ သီရိမာ၏ ခန္ဓာအိမ်နေရာတွင် အခြားသူတစ်ဦး၏ ခန္ဓာအိမ် အသစ်တစ်ခု အစားထိုး ၀င်ရောက်လာခြင်း မဟုတ်ပါ။ နဂိုရှိရင်းစွဲ သီရိမာ၏ ခန္ဓာအိမ်ကြီးကသာ ဖောက်ပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သုံးရက်ခန့်က ကပိုကရို အလှကလေးနှင့်ပင် ကြည့်၍မ၀နိုင် ဖြစ်ခဲ့ရသော သီရိမာ၊ ယခုတော့ ဖရိုဖရဲ၊ ပြိုကွဲ ယိုစီး နံစော်၊ မြင်မကောင်း ရှုမကောင်း၊ ယင်တလောင်းလောင်းနှင့် နှစ်ခါပြန် ကြည့်ချင်စရာ မကောင်းတော့သည့် သီရိမာ။ ဖြစ်နိုင်လျှင် မကြည့်ချင်တော့။ မျက်လုံးစုံမှိတ် ထားလိုက်ချင်တော့သည်။ ဘယ်မှာလဲ ဟိုတစ်နေ့က ဆွမ်းမစားနိုင်လောက်အောင် စွဲလမ်းခဲ့ရတဲ့ သီရိမာရဲ့ အလှပုံရိပ်တွေ။ ကိုယ်တော်လေးသည် အငွေ့အသက်ကို မမေ့ရက်စရာ အဖြစ် သတ်မှတ်သိမ်းဆည်း ထားခဲ့သည်ပဲ။ မျက်စိဖြင့် သီရိမာကို မြင်သည်။ မြင်သိစိတ် ဖြစ်ပေါ်သည်။ မြင်သိစိတ်နောက်က လိုချင်စိတ်ကလေး ကပ်ပါလာသည်။ ကြည့်စမ်း.. မြန်လိုက်သည့်စိတ်။ တပ်မက်မှု တဏှာစိတ်ကလေးက အမြစ်စတွယ်ပေပြီ။ အမြစ်တွေ ပွားလာသည်။ လိုချင်စိတ်သည် ကင်ဆာရောဂါနှင့် တူသည်။ အမြစ်ပွားနှုန်း မြန်လှသည်။ ရှေ့စိတ်သည် နောက်စိတ်ဆီသို့ လောဘ၏ သတ္တိကို အဆင့်ဆင့် လက်ဆင့်ကမ်း ပေးသွားသည်။ လောဘအိုးကြီးသည် တဖြည်းဖြည်း ကြီးထွားလာပေပြီ။ စိတ်နှင့်မဆန့်အောင် ကြီးထွားလာသောအခါ စိတ်သည် ထိုလောဘ၏ ၀န်ထုပ်ကို အလေးအပင် တစ်ခုအနေဖြင့် ပြန်ထမ်းနေရတော့သည်။ စိတ်ကြီးကား လေးလံလှချေပြီ။ လေးလံလာသောအခါ ထိုင်းမှိုင်းလာစမြဲ။ ကိလေသာ ဟူသမျှ ပူရသည်မှာမလွဲ။ ကိလေသာ ခေါင်းဆောင်ဖြစ်သော လောဘသည် အပူဓာတ်တွေကို ယူဆောင်လာသည်။ ထို အပူဓာတ်သည် တည်ငြိမ်အေးချမ်းမှု မရှိတော့။ ဘယ်မှာလာ၍ ငြိမ်းအေးနိုင်ပါတော့ မလဲ။ ထို့ကြောင့်ပင် ကိုယ်တော်လေးသည် သီရိမာ လောင်းလှူလိုက်သော ဆွမ်းကိုပင် မစားနိုင်တော့သည် အထိ ဖြစ်ခဲ့ရသည်။ ကိုယ်တော်လေး၏ စိတ်အတွင်းဝယ် သီရိမာ၏ ပုံရိပ် အငွေ့အသက်တွေသည် သုံးရက်တိတိ ၀င်မွှေ လောင်ကျွမ်းနေခဲ့သည်။ သတိလက်လွတ် ဖြစ်နေသောအခါ၊ သညာသည် တန်ခိုးထွားလာသည်။ ခုနက မှတ်ထားခဲ့သော သီရိမာ၏ ပုံရိပ်ကို သညာက အထပ်ထပ် ပုံဖော်ပေးနေသည်။ ကိုယ်တော်လေးသည် သညာခေါ်ရာသို့ လိုက်သည်။ အငွေ့အသက်ကို တကယ့်အရှိတရားဟု ကိုယ်တော်လေး ယုံကြည်နေသည်။ အမြင်မှားပေပြီ။ ဒိဋ္ဌိဝင်ပြီ။ ကိုယ်တော်လေး၏ အာရုံရိပ်တွင် အငွေ့အသက်အဖြစ် ပုံဖော်နေသော သီရိမာသည် အမှန်တကယ်တွင်မူ သုဿာန်တစပြင်၌ အလောင်းကောင်အဖြစ် ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေချိန် ဖြစ်သည်။ ဤသည်ကို ကိုယ်တော်လေးသည် မသိမမြင်။ ဒီတော့ သညက္ခန္ဓာကြီးက ပုံဖော်ပေးလိုက်၊ ဝေဒနက္ခန္ဓာက ချဲ့ပြီး ခံစားပေးလိုက်၊ ၀ိညာဏက္ခန္ဓာကြီးက လိမ်ပြီးသိနေလိုက်၊ သင်္ခါရက္ခန္ဓာကြီးက အမှားနောက် တကောက်ကောက် လိုက်လံပြုပြင် ပေးနေလိုက်နှင့် ကိုယ်တော်လေး၏ စိတ်သည် အလုပ်များခဲ့ရသည်။ ပင်ပန်းခဲ့ရသည်။ အဆမတန် ပူလောင်ခဲ့ရသည်။ အမြင်မှားမှုကို အခြေခံသော မိစ္ဆာဒိဋ္ဌိ၏ နောက်၌ တန်းလန်း တန်းလန်း ပါလာသော အကျိုးတရားများမှာ အကုသိုလ်သတ္တိတွေသာ ကိန်းအောင်းနေပေသည်။ ကိုယ်တော်လေးခမျာ သုံးရက်လုံးလုံး ဆွမ်းခံမထွက်၊ ဆွမ်းမစား၊ တပိန်ပိန် တလိမ်လိမ်။ သူ့စိတ်ထဲမှာတော့ သီရိမာမှ သီရိမာ။ ထိုသုံးရက် လွန်ပြီးနောက် သီရိမာဆိုသော အသံကို ကြားရမှ သပိတ်ကို ဆေးခဲ့သည့် သူ့အဖြစ်။ ထိုအခါမှ သပိတ်ထဲမှ ပုပ်သိုးနံစော်နေသော ဆွမ်းပုပ်တွေကို တွေ့ရသည်။ မေ့မြောရာမှ သတိလည်လာသူပမာ။ ဒါတောင် ဘုရားရှင်ဆိုသော အသံထက် သီရိမာဆိုသော အသံကိုသာ သူကြားခဲ့ခြင်း ဖြစ်သည်။ သုဿာန်သို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့။ ကဲ.. တွေ့ရပြီ.. သီရိမာ။ အလို.. သူထင်သလို မဟုတ်တော့ပါလား။ သုံးရက်လုံးလုံး သူ့စိတ်ထဲ၌ အချိန်ပြည့် နေရာယူခဲ့သည့် သီရိမာတည်းဟူသော အငွေ့အသက်သည် ဒီပုံမဟုတ်။ သူ နောက်ဆုံးတွေ့ခဲ့သည့် ကပိုကရို အလှကလေးနှင့် သီရိမာသည် ဒီပုံစံမဟုတ်။ လုံးဝမဟုတ်။ သူ ထင်မှတ်မှား နေရော့လား။ သူ ဇဝေဇ၀ါ ဖြစ်နေရော့လား။ စိတ်တွေထွေပြား၍ အမြင်မှားနေခြင်း ပေလား။ ဟော.. ဘုရားရှင်၏ အမေးတွင် ပရိသတ်အပေါင်းက တစ်ခဲနက် ညာသံပေး၍ ဖြေကြပေပြီ။ ဒီရုပ်အလောင်းကြီးသည် သီရိမာတဲ့။ မဖြစ်နိုင်တာ။ သူ့စိတ်ထဲက မည်သို့ ငြင်းပယ် ငြင်းပယ်၊ ဒီရုပ်အလောင်းကြီးသည် သီရိမာ အစစ်ပင်တည်း။ အားလုံး တစ်ခဲနက် ထောက်ခံနေကြပြီ။ ဟော.. အသက်ရှင်စဉ်က တစ်ရက်လျှင် အသပြာတစ်ထောင် တန်သည့် သီရိမာသည် ယခုတော့ အခကြေးငွေ မဆိုထားနှင့်၊ အခမဲ့ ယူမည့်သူပင် မရှိတော့ပြီကော။ ကဲ.. ဘယ်မှာလဲ သီရိမာရဲ့ တန်ဖိုးဆိုတာ..။ သီရိမာရဲ့ တန်ဖိုးတွေသည် သီရိမာရဲ့ ဆံပင်တွေထဲမှာလား။ ဘယ်မှာ ဟုတ်နိုင်ပါတော့မလဲ။ မဖြီးမလိမ်း၊ မပြင်မဆင်ထားတော့ ဘယ်မှာလဲ ဆံပင်ပုံ၊ ဆံထုံးပုံ။ ဖွာလန်ကြဲ မွဲခြောက်နေတဲ့ ဆံပင်တွေမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။ ရုပ်ပျက်လိုက်တာ။ ကိုယ်တော်လေးရဲ့ စိတ်ထဲမှာ အငွေ့အသက်အဖြစ် အရိပ်ခိုခဲ့တဲ့၊ ကိုယ်တော်လေးရဲ့ စိတ်ကို အလွှမ်းမိုးကြီး လွှမ်းမိုးနိုင်ခဲ့တဲ့ သီရိမာရဲ့ မျက်နှာလေးကရော၊ ဘုရား.. ဘုရား.. ကြည့်နေရင်းမှပင် မျက်လုံးကြီးနှစ်ဖက် ထပေါက်တော့မယ့် အတိုင်းပါလား။ ဖူးရောင်ရုန်းကြွ ခုံးထနေတာ.. ဖောက်ခနဲ ပေါက်သွားလိုက်ရင်ဖြင့်..။ နှာခေါင်းကြီးကလည်း ပွထ၊ အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အစုံကလည်း ထူလပျစ်။ ပါးကြီးနှစ်ဖက်ကလည်း ပါးချိတ်ရောင်.. သွားကိုက် ဝေဒနာသည်လို ရောင်ကား ဖောင်းထနေလိုက်တာ။ အလို.. ပါးစပ်ထဲကလည်း အပုပ်ရည်တွေ စီးကျနေလိုက်တာ..။ အခုရနေတဲ့ အပုပ်နံ့တွေဟာ အဲဒီ့ အပုပ်ရည်တွေဆီကလား မသိ။ ကိုယ်တော်လေးသည် စိတ် မသက်သာစွာဖြင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် နေရာယူထားသော သီရိမာ၏ ပုံရိပ် အငွေ့အသက်တို့သည် တဖြည်းဖြည်း လွင့်ပြယ်စ ပြုလေပြီ။ ဒီပုံကြီးဆိုရင်ဖြင့် သီရိမာကို ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ ထည့်သွင်းသိမ်းဆည်း ထားနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ပုံဖော် စိတ်ကူးယဉ်နိုင်ပါတော့ မလဲ။ ခဏတဖြုတ် ကြည့်လိုက်ရတဲ့ အချိန်ကလေး မှာတောင် ဆက်မကြည့်ချင်တော့လို့ မျက်စိကို မှိတ်လိုက်ရတာ။ ကြည့်ပါဦး.. လည်ပင်းကြီးကလည်း အဆမတန် ရောင်ကိုင်းကြီးထွား နေပါပကောလား။ ပခုံးတွေ၊ လက်တွေလည်း ရောင်ကိုင်း ပွထနေလိုက်တာ။ ၀တ်ထားတဲ့ အရှက်လုံအင်္ကျီ ဖျင်စတွေပင်လျှင် အချို့နေရာမှာ ချုပ်ရိုးပြုတ်လိုပြုတ်၊ ကွဲထွက်လို ကွဲထွက် ဖြစ်နေပါရော့လား။ ရင်ဘတ်ကြီး မို့မောက်လိုက်ပုံကလည်း တောင်ကုန်းတစ်ကုန်းလို။ အို.. ဗိုက်ပေါ်က အ၀တ်စတွေမှာလည်း စိုရွှဲ ရိရွဲလို့။ အပုပ်ရည်တွေ စွန်းထင်း ပေကျံနေပါရောလား။ နံလိုက်တာနော်။ ပေါင်မှသည် ခြေသလုံး။ နည်းတဲ့ ရောင်ကိုင်း ပွထမှုကြီးမဟုတ်။ သီရိမာသည် မူလခန္ဓာကိုယ်ထက် နှစ်ဆကျော်ကျော်၊ သုံးဆနီးပါး ရှိနေချေပြီ။ ခြေချောင်းတို့၏ တုတ်ခိုင် ပွထမှုများကတော့ မပြောပါနဲ့တော့။ အ၀လွန်နေသည့် မိန်းမတစ်ယောက်၏ ဖ၀ါးတွေ၊ ခြေချောင်းတွေလို။ အ၀လွန်သည့် မိန်းမကြီးတစ်ယောက် ပိုးစိုးပက်စက် ပစ်စလက်ခတ် အိပ်နေသည့်ပုံကြီးနှင့် တူလွန်းလှသည်။ ဒါဟာ အလှဘုရင်မ တစ်ယောက်ရဲ့ ရုပ်ကလာပ်တဲ့လား..။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့ မှိုင်းဝနေသော မီးပုံးပျံကြီးလို ဖြစ်နေသေည့် သီရိမာ။ ပြုပြင်ပြောင်းလဲ ပေးနေရသော နာမ်ခန္ဓာတစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာကြီး အလုပ်မလုပ်တော့သော အခါ ဒီခန္ဓာအိမ်ကြီးသည် ပိုင်ရှင်မဲ့သူ တစ်ဦးအဖြစ် ကျန်ခဲ့ရသည်။ မှတ်သားခြင်း၊ သိမြင်ခြင်း၊ ခံစားခြင်း၊ ပြုပြင်ခြင်း ကိစ္စများ ဆောင်ရွက်နေသော နာမ်ခန္ဓာလေးပါးသည် သူတို့ အမှီပြု အလုပ်လုပ်ရာ ကာယခန္ဓာကြီးကို ရက်စက်စွာ ထားရစ် စွန့်ပစ်ခဲ့ကြလေပြီ။ ရုပ်ခန္ဓာ တစ်ပါးဖြစ်သော ရူပက္ခန္ဓာကြီးသည်လည်း ညီတော်နောင်တော် ပီသစွာ နာမ်ခန္ဓာ လေးပါးနောက်သို့ တစ်ပါတည်း လိုက်သွားခဲ့ပေပြီ။ သူတို့ငါးပါး အုပ်စုသည် နောက်ခန္ဓာအိမ် အသစ်တစ်ခု၌ အလုပ်တွေ လုပ်နေကြပေပြီ။ သို့သော် သီရိမာ၏ ခန္ဓာအိမ်အဟောင်းတွင် ဖြစ်ခဲ့သော ခန္ဓာငါးပါးတော့ မဟုတ်တော့ပါချေ။ အဟောင်း ချုပ်ငြိမ်း၍ အသစ်အသစ် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့သာ ဖြစ်ပါသည်။ ထိုအခါ မူလက သူတို့ အမှီပြု အလုပ်လုပ်ရာ ဌာနကြီးဖြစ်သော သီရိမာ၏ ခန္ဓာအိမ် အဟောင်းကြီးသည် ယခုမူ ပိုင်ရှင်မဲ့အဖြစ် သုဿာန် တစပြင်၌ ဖြစ်ချင်တိုင်း ဖြစ်နေလေပြီ။ ဤသည်ကို တရားနာ ပရိသတ်အဖြစ် ရောက်ရှိနေသော သီရိမာ နတ်သမီးကိုယ်တိုင် ပြတ်ပြတ်ထင်ထင် သိမြင်နေရသည်။ ယခင်က ရာဇဂြိုဟ်မြို့က ပြည့်တန်ဆာ သီရိမာ။ ယခုတော့ ယာမာနတ်ပြည်က နတ်သမီး သီရိမာ။ သူ့ခန္ဓာအိမ် အဟောင်းကို သူကိုယ်တိုင် အသုဘ ပြန်ရှုနေရသော အဖြစ်။ ဒီခန္ဓာအိမ်ကို အမှီပြု၍ သီရိမာသည် ငါမှငါ ဖြစ်ခဲ့သေးသည်။ ငါ့ခန္ဓာ၊ ငါ့အလှဟူ၍ မာန်တွေ တက်ခဲ့သေးသည်။ ထိုမာန်တွေကြောင့်ပင် ဥတ္တရာကို ဆီပူနှင့် လောင်းချခဲ့သည်အထိ ကျူးလွန်ခဲ့မိသေးသည်။ ဥတ္တရာ၏ ခင်ပွန်းသည် သုမန သူဌေးသားကို ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ခဲ့သေးသည်။ အဲဒီ သီရိမာဆိုတာကြီးကို အခုဘယ်မှာ အသုံးချနိုင် ပါတော့မလဲ။ အခုတော့ သီရိမာဆိုသော အပေါင်းအစု၊ အစုအဝေးကြီးသည် ဘာမျှ တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်တော့ပြီကော။ ဒီအစုအဝေးကြီးကို ကိုင်စွဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ပြောဆို ဆက်ဆံခဲ့တာတွေသည်..။ ကြည့်စမ်း.. ငါတည်းဟူသော သီရိမာ၏ ခန္ဓာကို အစွဲအလမ်းကြီး စွဲလမ်း၍ သောက ပရိဒေ၀မီး တောက်လောင်နေရှာတဲ့ ကိုယ်တော်လေး..၊ သီရိမာရဲ့ ခန္ဓာလို့ ထင်နေတဲ့ ကိုယ်တော်လေးခမျာ မသက်မသာ ပင်ပန်းနေရှာ ပါလား။ ဒီမှာ ကိုယ်တော်လေး..။ တပည့်တော်မဟာ ယာမာ နတ်ဘုံမှာ နတ်သမီး သီရိမာ ဖြစ်နေပါပြီ။ အခု ဘုရားရှင်က တပည့်တော်မ အလောင်းကို ရှုကြည့်ပြီး တရားဟောမယ် ဆိုလို့ တပည့်တော်မ ယာမာနတ်ပြည်ကနေ အပြေးလာခဲ့ရတာ။ တပည့်တော်မရဲ့ ခန္ဓာအိမ် အသစ်ကို ကိုယ်တော်လေး ဘယ်မြင်နိုင်ပါဦး မလဲ။ ကောင်းပါပြီလေ.. ကိုယ်တော်လေး အခုမြင်နေတဲ့ တပည့်တော်မရဲ့ ခန္ဓာအိမ် အဟောင်းဟာ ကိုယ်တော်လေး ရှေ့မှာပဲ ဖောက်ပြန် ပြောင်းလဲနေပုံကို ကိုယ်တော်လေး မြင်ရင်းက သံဝေဂ ရပါစေတော့..။ ကိုယ့်ရုပ်အလောင်းကို ကိုယ်ပြန်ကြည့်ရင်းက ဖြစ်ပျက်တရား၊ ပြုပြင်မှု တရား၊ ဖောက်ပြန်မှု တရားတွေကို ဉာဏ်ဖြင့် အထပ်ထပ် ဆင်ခြင် ရှုပွားလေသော် ဘုရားရှင်၏ ဒေသနာအဆုံး၌ နတ်သမီး သီရိမာသည် အနာဂမ် တည်ခဲ့လေပြီ။ ကိုယ်တော်လေးကား လက်ငင်း မြင်တွေ့နေရသည့် အမှန်တရားကို လက်မလွတ်စတမ်း ဆုပ်ကိုင် ဖမ်းယူရင်းမှ ဖြစ်ပျက်၊ ဖောက်ပြန် ပြုပြင်မှု၊ အနိစ္စ လက္ခဏာတို့ကို ရှုပွား ဆင်ခြင်မိသောအခါ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်လေ တော့သည်။ ကိုယ်တော်လေး၏ အမြင်သည် မိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့ ပြောင်းခဲ့လေပြီ။ တကယ်တော့ သီရိမာဟူသည် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဟူသော ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ၊ အရေပြား စသည့် ၃၂ ကောဋ္ဌာသ အစိတ်အပိုင်းတို့ ပေါင်းစုထားသော အစုအဝေးကို တိုတိုနှင့် လွယ်လွယ် ခေါ်လိုက်ခြင်း မဟုတ်လော..။ ကိုယ်တော်လေး၏ ဉာဏ်အမြင် ပြောင်းသွားလေပြီ။ ကိုယ်တော်လေးသည် သီရိမာ၏ ခန္ဓာအိမ်မှ တစ်ဆင့် သဘာဝ ဓမ္မတစ်ခုကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သည့်အတွက် သီရိမာ၏ ခန္ဓာအိမ်သည် အရင်းအနှီး တစ်ခုအဖြစ် ပေးဆပ်ခဲ့ရသည်။ နတ်သမီး သီရိမာအတွက် ပင်လျှင် သူမ၏ ဘ၀ဟောင်း ခန္ဓာအိမ်သည် သူမ အနာဂမ် ဖြစ်ဖို့အတွက် အရင်းအနှီးတစ်ခု ဖြစ်ခဲ့သည်သာ။ ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာမိခြင်းကြောင့် ရရှိသော အကျိုးကား ကြီးမားလှပေစွ..။ ဆရာမြသန်းစံ ရေးသားသော “ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
 
                                                                                 ချောကလက်မြို့တော်၊နတ်ဆိုးဘလော့

Template by : kendhin x-template.blogspot.com