Tuesday, March 8, 2011

အိုင်ဖုန်း အကြောင်းလေးသိသလောက်ရေးလိုက်တယ်။

အိုင်ဖုန်းအကြောင်းလေး မရေးဖြစ်တာကြာပြီဗျာ။ကြာဆို ကျွန်တော်ရဲ့ အိုင်ဖုန်း ၃ဂျီလေးကို ဗားရှင်း(version ) ၄.၀.၂ နောက်ဆုံး version လေးတင်လိုက်မိတယ်လေ။အဲဒီမှာ ပြသနာစတာဘဲဂျေဘရိတ်(jailbreak)လုပ်တယ်။jailbreak က ၄.၀.၂ အတွက် လုံးဝမရသေးဘူး ဆိုတာနဲ့ ဘာမှ လုပ်လို့မရတော့ဘူးလေ။hacker တွေ jailbreak လုပ်နည်းအသစ်တင် တော့မှဘဲ လုပ်ရတော့မှာမို့ စောင့်နေရတယ်လေ။ပထမဦးဆုံးလေး ပြောချင်တာက lock နဲ့ unlock အိုင်ဖုန်းကိုဘာကြောင့် unlock လုပ်ရတာလည်း ဆိုတာလေးတဲ့ unlock ဘယ်လိုလုပ်လည်းဆိုတာလေးပါ။တချို့ သူငယ်ချင်းများ သိပြီးသားဆိုရင် မသိကြသေးတဲ့ သူငယ်ချင်းများ
အတွက် ရည်ရွယ်ပါတယ်။ဘာ့ကြောင့် unlock လုပ်ရတာလည်းဆိုတာကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။(http://arstechnica.com/apple/news/2008/10/jailbreaking-and-unlockin...)

lock နဲ့ unlock
အိုင်ဖုန်း ပရိုဂရမ်စရေးဆွဲ ကတည်းက apple ကခွင့်ပြုထားတဲ့ ဖတ်နိုင်ရေးနိုင်တာတွေကနေရာနည်းနည်းလေးဘဲရှိပါတယ်။ဥပမာ
အင်တာနက်ထဲ ကျွန်တော်တို့ ၀င်မယ်ဆိုပါဆို့ သူတို့ခွင့်ပြုထားတဲ့ safari ထဲမှတဆင့်သာ ၀င်ရောက်နိုင်ပါတယ်။ပြီးတော့ apple နဲ့တရားဝင် သဘောတူညီထားတဲ့ Sim Card company တွေရဲ့ card တွေကိုသာ တရားဝင် အသုံးပြုလို့ရပါတယ်။ဥပမာAT&T for the US, O2 for Great Britain, ကဒ်တွေသာ သုံးလို့ ရပါတယ်။အဲဒီတော့ မြန်မာပြည်မှာသုံးတဲ့ တရုတ်ပြည်က Sim Card တွေအတွက်ကတော့ unlock လုပ်ထားမှသာလျှင် အိုင်ဖုန်းကို မြန်မာပြည်မှာသုံးလို့ရမှာပါ။unlock မလုပ်ဘဲနဲ့ မြန်မာပြည်က Sim Card ကိုထည့်လိုက်မယ်ဆိုရင် Auto Lock ကြပြီး အိုင်ဖုန်းကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။အဲဒီတော့ မြန်မာပြည်မှာသုံးမဲ့ အိုင်ဖုန်းများကို unlock လုပ်ပြီးမှသာလျှင် အသုံးပြုလို့ရမှာဖြစ်ပါတယ်။Unlock လုပ်မယ်ဆိုရင် ပထမဦးဆုံး jailbreak (ထောင်ဖောက်ခြင်း) လုပ်ရပါမယ်။(jailbreak=ထောင်ဖောက်ခြင်း)
jailbreak မလုပ်ဘဲနဲ့ unlock လုပ်နည်း ကျွန်တော် မတွေ့မိသေးပါ။jailbreak မလုပ်ဘဲနဲ့ Unlock လုပ်နည်းများရှိရင် သိတဲ့ သူငယ်ချင်းများမျှဝေကြပါအုံး။jailbreak လုပ်ပြီးသော အိုင်ဖုန်းများတွင် Cydia ထဲဝင်ပါ။ထိုနောက် Manage ထဲမှာSource ထဲဝင်
ပြီးတော့ Edit နောက် Add အဲဒီမှာ http// နောက်မှာ blackra1n.com ဆိုတာလေးကို ရေး ပြီးတော့ Done ပါ။သူဖာသာ Reload လုပ်ပါမယ်။ပြီးရင် Install လုပ်ပါ။ ပြီးရင် Conform ..ဒါဆိုရင် unlock ပြီးပါပြီ။ပြီးရင် Source ထဲမှာ Blackra1n ဆိုတာရောက်နေပါပြီ။ဒါဆိုရင် အိုင်ဖုန်းထဲကို ကြိုက်တဲ့ Sim Card ထည့်ပြီးသုံးလို့ရပါပြီ။နောက်တနည်းက blackra1n အစား repoo666.ultrasn0w နဲ့လည်းရပါတယ်။ အထက်ပါနည်းအတိုင်းပါ။

Jailbreak
version 3.1.2 မှသည် version 4.0.1 အထိ jailbreak ကို အလွယ်တကူ လုပ်လို့ရပါပြီ။Safari ထဲမှနေ www.jailbreakme.com ဆိုတာလေးကို ၀င်ပါ။ပြီးရင် အောက်နားမှာ Slide to Jailbreak ဆိုတာလေးကို Slide လိုက်တာနဲ့ Auto jailbreak ပါပြီ။နောက်ဆုံး version 4.0.2 အတွက်တော့ ဒီနည်းနဲ့ မရသေးပါဘူး။jailbreak တအားလုပ်ချင်နေသူများအတွက် နည်းကတော့ version 4.0.2 မှသည် version 4.0.1 အထိ Downgrade လုပ်ရပါမယ်။

Version Downgrade

Version downgrade လုပ်မယ်ဆိုရင် firstပါတီ အိုင်ကျူးရှိရပါမယ်။Second ပါတီ မိမိလုပ်ချင်တဲ့ version Frame IOS ရှိရပါမယ်။Third ပါတီ redsn0w0.9.5b5-5 zip ဖိုင်ဒေါင်းရပါမယ်။ဒါမှမဟုတ် Tiny umbrella software ဒေါင်းရပါမယ်။ကျွန်တော်ကတော့ Tiny umbrella ကိုသုံးပါတယ်။ရှေ့မှာ tiny Umbrella နဲ့သုံးနည်းနဲ့ ဆက်ရေးသွားပါမယ်။
ကျွန်တော်တို့ Downgrade လုပ်ချငိတဲ့ IOS တွေကို ဒီမှာယူနိုင်ပါတယ်။http://www.felixbruns.de/iPod/firmware/ ရပါပြီ။

Tiny umbrella အတွက်တော့ http://software2tech.com/tag/tiny-umbrella-download/ ဒီမှာပါ။
ကဲစပါ့မယ်။ပထမဦးဆုံး my computer ထဲက local disc C ထဲဝင် window ထဲဝင်system 32ထဲဝင်drivers ထဲဝင်etc ထဲမှ host file ကို apple ip ပေးရပါမယ် 74.208.10.249 gs.apple.com လို့ပေးပါ။ဒီလိုမှမပေးထားရင် recover mode တင်တိုင်း apple server ပျောက်နေတက်ပါတယ်။error 3014 လို့ တက်လာတာ apple server ပျောက်နေတဲ့ အတွက်ပါ။( စကားချပ်..တချို့ အိုင်ဖုန်းတွေ recover mode တင်တိုင်း error 3014 တက်လာခဲ့ ရင် ကျွန်တော်ပြောတဲ့ နည်းအတိုင်း host file ကို apple Ip ပေးလိုက်ပြီးရင် restore ပြန်လုပ်လို့ရပါမယ်။) အိုင်ကျူး နောက်ဆုံး version ကို install လုပ်ထားပါ။ပြီးရင် အိုင်ဖုန်းကို computer နဲ့ ဆက်ပါ။အိုင်ကျူးမှာ အိုင်ဖုန်းနဲ့ ဆက်ပြီးကြောင်းပြတာနဲ့ tiny umbrella ကို run ပါ။tiny umbrella မှာ အိုင်ဖုန်းရဲ့ အချက်အလက်တွေ ဖော်ပြပါလိမ့်မယ်။ အဲဒီအဆင့်ပြီးတာနဲ့ အိုင်ကျူး ထဲမှာ shift key ကို နှိပ်ထားပြီး restore mode ကိုနှိပ်ပါ။
အဲဒါဆိုရင် window တစ်ခုကြလာပြီး ကျွန်တော်တို့ restore လုပ်ချင်တဲ့ ISO ဒေါင်းထားတာလေးကို ညွှန်ပေးလိုက်ပါ။အိုင်ကျူးက သူဖာသာ restore လုပ်နေပါလိမ့်မယ်။အဲဒီမှာ tiny umbrella မှာ အိုင်ဖုန်းနဲ့ မဆက်မိကြောင်းထက်ပေါ်လာလိမ့်မယ်။အိုင်ကျူးက
restore ပြီးတာနဲ့ error 1015 ဆိုပြိးတက်လာလိမ့်မယ်။ok လို့နှိပ်လိုက်ပါ။ပြီးရင် tiny umbrella မှာkick device out of recovery
ဆိုတာလေးကို နှိပ်လိုက်ပါ။ အိုင်ဖုန်းမှာ version တင်ထားတာနဲ့ တက်လာပါပြီ။ကြိုက်တဲ့ version တင်နိုင်ပါပြီ။
အားလုံးဘဲ....အိုင်ဖုန်းကို များများကလိနိုင်ကြပါစေဗျာ။

မှတ်ချက်။ ။ စင်္ကာပူရောက်မြန်မာဘလော့မှ ကူးယူဝေငှသည်။

0 comments:

Template by : kendhin x-template.blogspot.com