Wednesday, July 13, 2011

အဲဒီနေ့က အမေငိုတာကို စိမ်ပြေနပြေ ထိုင်ကြည့်ပစ်လိုက်တယ်။

အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့တာ မဟုတ်ပေမဲ့
အသိအမှတ်ပြုလာတဲ့အခါ 
ပုထုဇဉ်သဘာဝကြည်နူးမိတဲ့ အတိတ်တချိန်က....
ယနေ့အတွက် လွမ်းမောစရာ အပိုင်းအစလေးတခုပါ။
ပြန်ဆွဲထုတ်ကြည့်မိတော့လဲ မနေ့ကလိုပါပဲ့လား။
ပြန်လိုချင်သေးတယ် ဒီချိုမြိန်မှုလေးတွေကို။
ဒီအချိန်လေးထက်
ဒီအခွေလေးကို အမေ့ကို ပြန်ပြခွင့်ရတဲ့အချိန်လေးက
ပိုကြည်နူးစရာကောင်းတယ်ဗျာ။
အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့နေတဲ့မြင်ကွင်းကို
အခုအချိန်ထိ မမေ့နိုင်သေးဘူး။
အဲဒီနေ့က အမေငိုနေတာကို စိမ်ပြေနပြေ ထိုင်ကြည့်ပစ်လိုက်တယ်။

ဒီတခါပြန်ရင်ရော အမေဘာကြောင့် ငိုအုံးမယ်ဆိုတာ
သားသိနေတယ်အမေ။
ဒီတခါတော့ သားလဲ အတူလိုက်ငိုမယ်လေ
ဘ၀ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရမယ်ဆို
ဘယ် သင်္ခါရလို့ အမည်တပ်ပါအုံးမလဲ
အကောင်းဆုံးကြိုးပမ်းခြင်းက
အနာဂတ်သစ်တွေ့နိုင်တယ်တဲ့
လဲရာက ထ၊ ကျရာက တက်နိုင်ခဲ့သေးရင်....
ရပ်နားလို့ မဖြစ်သေးတဲ့ ဒီပြေးလမ်းမှာ
ခလုတ်ရှိရင် ချော်လဲမယ်။
အင်အားရှိသေးရင် ပြန်ထနိုင်မယ်။
ဒီလိုနဲ့ ဒီကမ္ဘာကြီး 
အခုချိန် အသက်ရှိနေသေးတာ မဟုတ်လားအမေ။

0 comments:

Template by : kendhin x-template.blogspot.com