Blog Archive
-
▼
2010
(47)
-
▼
September
(22)
- လှမ်းခဲ့ထားဝယ်မြေ
- အင်္ဂလိပ်စာသင်တန်းကျောင်း
- အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ
- အလင်းတန်း: ဗြိတိရှလိုင်းကားများပေါ်မှ ဘာသာရေးစစ်ပွဲ
- အလင်းတန်း: အိုင်စတိုင်းရဲ့ဗုဒ္ဓဘာသာအမြင်
- သိမ်ငယ်စိတ်
- Buddhism; in the eyes of intellectuals
- နွေရာသီပညာဒါနသင်တန်း(၅)
- နွေရာသီပညာဒါနသင်တန်း(၄)
- ဗုဒ္ဒဘာသာသည် အဆိုးမြင်ဝါဒလား
- မျိုးဆက်သစ်တို့ပွင့်လန်းရာမြေ
- နွေရာသီပညာဒါနသင်တန်း(၃)
- နွေရာသီပညာဒါနသင်တန်း(၂)
- နွေရာသီပညာဒါနသင်တန်း
- လူသားတိုင်းအတွက်မှန်
- မနက်ခင်းတေး
- ပိဋကသုံးပုံအကြောင်းသိကောင်းစရာ
- မြတ်ဗုဒ္ဓသည် ထာဝရဘုရား လူဝင်စားလား
- The Buddha's Daily Routine
- The Buddha's Final Words
- No title
- ဗုဒ္ဒဧ။်အတ္တနာထ၀ါဒနှင့် အတ္တဆန်မှုကို လေ့လာခြင်း
-
▼
September
(22)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Tuesday, September 21, 2010
Monday, September 20, 2010
သိမ်ငယ်စိတ်
သိမ်ငယ်စိတ်

Posted by
အလင်းနယ်
at
12:07 AM
0
comments
Labels: စိတ်အကြောင်းလေ့လာခြင်း
Friday, September 17, 2010
Buddhism; in the eyes of intellectuals
Neru
-Albert Einstein
-Bertrand Russel
Buddhism and Modern Science
Buddhism copes with Science
(Dr K sri Dhammanandaဧ။် Buddhism;in the eyes of intellectuals စာအုပ်မှ ကူးယူဖေါ်ပြသည်။)
Posted by
အလင်းနယ်
at
3:13 AM
0
comments
Labels: Buddhism
Wednesday, September 15, 2010
နွေရာသီပညာဒါနသင်တန်း(၄)
Posted by
အလင်းနယ်
at
11:25 PM
0
comments
Labels: video
ဗုဒ္ဒဘာသာသည် အဆိုးမြင်ဝါဒလား
Because of the statement ''all existences are nothing but suffering'', some
တတိယသမားတော်ကမူ ရောဂါဧ။် လက္ခဏာကို မှန်ကန်စွာ စစ်ဆေးပြီးနောက် ရောဂါ
ဧ။်သဘောနှင့် ဖြစ်ခြင်းအကြောင်းကို အမှန်အတိုင်း ပြောပြဧ။်။ ထို့နောက် ရောဂါနှင့်
သင့်တော်သည့် ဆေးကို ပေးရ်ျ ကုသပေးသဖြင့် ရောဂါပျောက်ကင်းပြီး ချမ်းသာသွား
ဧ။်။ မြတ်စွာဘုရားသည် က်ျတတိယသမားတော်နှင့်တူဧ။်။ ကမ္ဘာလောကကို လွှမ်းမိုး
နေသော ရောဂါဧ။် အမှန်သဘောကို ရောဂါဖြစ်စေသည့်အကြောင်းအရင်းနှင့်တကွ
သိမြင်ပြီး က်ျအကြောင်းအရင်းကို ပယ်သတ်နိုင်သော ဆေးကို ညွှန်ပြပေးနိုင်ဧ။်။
ကမ္ဘာလောကကို ချမ်းသာအစစ်ပေးစွမ်းနိုင်သော သမားတော်ကြီး(ဘိသက္က)ဖြစ်ပေဧ်။
သတ္တ၀ါများကို ချမ်းသာစေလိုသော မေတ္တာရှင်ကရုဏာရှင်အစစ်လည်း ဖြစ်တော်မူဧ။်။
ဘ၀နှင့်လောကတို့ဧ။် သဘောမှန်ကို သိနားလည်ကြသော ဗုဒ္ဓဘာသာဝင်များသည်
ဘ၀ဧ။် အဆိုးဆုံးအခြေအနေမှန်ကို လက်ခံထားပြီးဖြစ်ရ်ျ ပုံမှန်လောကဓံတရားတို့ဧ။်
ရိုက်ခတ်မှုကို ခံရသောအခါ မတုန်လှုပ်မခြောက်ခြားဘဲ ဘ၀ပြဿနာများကို တည်ငြိမ်
အေးဆေးစွာ ဖြေရှင်းနိုင်ကြဧ။်။ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ချမ်းသာစွာ နေနိုင်ကြဧ။်။
သမုဒ္ဒရာရေပြင်ကျယ်တွင် ရက်၃၀ကျော် အစာရေစာမရှိဘဲ မျောပါနေခဲ့ရသော အမျိုး
သားသည် ဘ၀ဧ။် မည်သည့်အခြေအနေကို မဆို အေးဆေးစွာ ရင်ဆိုင်နိုင်သကဲ့သို့
ဗုဒ္ဓဘာသာဝင်တို့သည်လည်း ဘ၀အနိဌာရုံများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ကြဧ။်။ အရိ
ယာသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးကြသော အရိယာပုဂ္ဂိုလ်များမှာ က်ျကမ္ဘာပေါ်
တွင် အချမ်းသာအပျော်ရွှင်ဆုံးလူသားများ ဖြစ်ကြပေဧ။်
(ဒေါက်မင်းတင်မွန်ရေးသားသည့် The Noble Liberation and The Noble Truths=
ဘ၀လွတ်မြောက်ရေးနှင့်အရိယာသစ္စာစာအုပ်မှ ကူးယူဖေါ်ပြသည်။)
Posted by
အလင်းနယ်
at
10:36 PM
0
comments
Labels: ဆောင်းပါး
နွေရာသီပညာဒါနသင်တန်း(၂)
Posted by
အလင်းနယ်
at
2:10 AM
0
comments
Labels: ပြန်တူးမိသောအတိတ်များ
နွေရာသီပညာဒါနသင်တန်း
Posted by
အလင်းနယ်
at
1:21 AM
0
comments
Labels: video
Tuesday, September 14, 2010
လူသားတိုင်းအတွက်မှန်
နိုးခဲ့ပြန်ပြီ
ဒီသမုဒယမနက်ခင်း
ဒုက္ခတွေနဲ့ စစ်ခင်းရအုံးမယ်။
ငိုရယ်လွမ်းဆွေး
သမုဒယအတွေးတွေကြားမှာ
ဒုက္ခဆိုတာ ဖြေဆေးတပါး
ပုထုဇဉ်လူသားတွေရဲ့
တလွဲအမှားတွေနဲ့
မဂ္ဂင်ဖောင်မစီးသရွေ့
နိရောဓတွေ ပျောက်ဆုံးနေအုံးမယ်။
မာယာရှင်သမုတိတွေရဲ့
လှည့်စားမှုအောက်
ဒုက္ခတွေ တဖြည်းဖြည်းရောက်လို့
လွတ်မြောက်ရေးဆိုတာလဲ
ဘယ်ဆီမှန်းမသိ
ဖြစ်နေအုံးမယ်။
အားတော့ နာပါရဲ့အဖေရယ်
အဖေပေးခဲ့တဲ့ ဆေးညွှန်း
ဆေးအမယ်တွေ ရှာနေတုန်းမှာပဲ့
ဝိပလ္လာသတွေက
ဝင်ဝင်နှောင့်တော့
လာလမ်းကိုပဲ့ ပြန်ပြန်ချင်နေမိတယ်။
ဖောင်ဖွဲ့ဖို့ ကြိုးစားတုန်းမှာပဲ့
ဒီကမ်းကကို မခွါနိုင်ဖြစ်နေတာ
တကယ်ပါအဖေရယ်
အဖေရှိတဲ့ ကမ်းတဖက်ဆီ
တနေ့တော့ သား အရောက်လှမ်းခဲ့ပါ့မယ်အဖေ။
အခုတော့လဲ မုန်တိုင်းမိတုန်း။ ။
Posted by
အလင်းနယ်
at
9:20 PM
0
comments
Labels: ကဗျာမဟုတ် စာမဟုတ်(၂)
Monday, September 13, 2010
မနက်ခင်းတေး
ဒီမနက်နိုးလာတဲ့မနက်ခင်း
လင်းလင်းကျင်းကျင်းကော
ဖြစ်နိုင်ပါ့မလား။
သောကတွေနဲ့ဆူဝေ
တလောကလုံးအပေအတေတွေပါလို့
အဖျက်သဘောမတွေးလိုက်ပါနဲ့။
မျက်နှာသစ်ဖို့ ငါ့လက်ထဲက
ရေတစ်ခွက်
တစ်လောကလုံးကို
ဒီရေခွက်ထဲ ထည့်ပေးချင်လိုက်တာ။
အမေရေ
အမေပေးတဲ့ ဒီမျက်နှာနဲ့
မနက်ခင်းတိုင်း မျက်နှာသစ်ပါတယ်အမေ။
နေ့လည်ရောက်တိုင်း ပြန်မသစ်မိတာက
တော်တော်ဂွတီးဂွကျနိုင်တယ်။
တကယ်ဆို လူသားတိုင်းအတွက်
မျက်နှာသစ်ချိန်ဆိုတာ
အတိအကျမသတ်မှတ်သင့်ဘူး
ထင်တာပါပဲ့။
မနက်ခင်းတိုင်း မျက်နှာသစ်သစ်ပေမဲ့
ကျန်တဲ့အချိန်ညစ်ညစ်သွားတာကို
စိတ်ပိန်တယ်။
တကယ်ဆို
ဗုဒ္ဓပေးတဲ့ စိတ်သစ်နည်း
တချိန်လုံးရေလဲသုံးရမှာ။
ဘုရားပေးတဲ့ သတိပဌာန်ဒေသနာနည်း
ဟောဒီ တလောကလုံးအတွက်
စိတ်စစ်တမ်းကစားပေးချင်ပေးမဲ့
သားကိုယ်တိုင်တောင် မအားချင်ဟန်ဆောင်လို့
မနက်ခင်းမှာ မျက်နှာသစ်ရင်
နိုးထခွင့်ရှိလေပြီလို့
အထင်တစ်လုံးနဲ့
ဝေလေလေ နိုးနေတုန်းပါလား။
စစ် စစ် စိစစ် စိတ်စစ်။ ။
Posted by
အလင်းနယ်
at
10:05 PM
0
comments
Labels: ကဗျာမဟုတ် စာမဟုတ်
ပိဋကသုံးပုံအကြောင်းသိကောင်းစရာ
လိုလာတာပြီ ထင်မြင်တော်မူခဲ့ကြတယ်။ ရှေးမထေရ်များရဲ့အလိုကို သဘောကျတော်
မူတဲ့မထေရ်များကတော့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာ
မလိုဘူးဟု ယူဆတော်မူကြတယ်။ နောက်ဆုံးကျတော့ ဒီအချိန်ကစပြီး အယူအဆ
မတူတဲ့ ဂိုဏ်းဂဏကွဲတွေ စတင်ပြီး ပေါ်ပေါက်ဖို့ အစို့အညှောက် ပေါက်လာတော့တာ
ပဲ့။ ဒုတိယသင်္ဂါယနာမှာ ၀ိနည်းသိက္ခာပုဒ်တွေအပေါ်မှာပဲ့ အခြေတည်ပြီး ဆွေးနွေးခဲ့
ကြတယ်။ သုတ္တန်ဒေသနာအပေါ်မှာတော့ အငြင်းပွားတာ မတွေ့ရပါ။
ဘီစီသုံးရာလောက်ကိုရောက်တော့ အသောကဧကရာဇ်ဘုရင်ကြီးလက်ထက်မှာ တတိယသင်္ဂါယနာတင်တော်မူခဲ့ကြတယ်။ သံဃာအစုအဖွဲ့တွေကြားမှာ ပေါ်ပေါက်နေ
တဲ့ အမြင်အယူအဆကွဲပြားမှုတွေကို တတိယသင်္ဂါယနာမှာ ဆွေးနွေးခဲ့ကြတယ်။ ဒီသ
င်္ဂါယနာမှာ ဆွေးနွေးချက်တွေဟာ ၀ိနည်းဒေသနာနဲ့သာ သက်ဆိုင်ကြတာမဟုတ်
တော့ဘဲ သုတ္တန်ဒေသနာတော်တွေနဲ့လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒီသင်္ဂါ
ယနာပွဲကြီးအပြီးမှာ သင်္ဂါယနာရဲ့ဥက္ကဌ(နာယက)ဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿမ
ထေရ်ကြီးက ကထာဝတ္ထုခေါ်တဲ့ အဘိဓမ္မာကျမ်းကို ပြုစုတော်မူတယ်။ ဒီကျမ်းထဲမှာ
အယူလွဲ အယူမှားတွေကို သုတ်သင်ရှင်းလင်းတော်မူတယ်။ ဘီစီ ၈၀၊၀ဋဂါမဏိမင်း
လက်ထက်မှာ ကျင်းပတဲ့ စတုတ္ထသင်္ဂါယနာဟာ သီရိလင်္ကာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။
သီရိလက်ာမှာ ကျင်းပတဲ့ ဒီသင်္ဂါယနာပွဲကျမှ တိပိဋကခေါ် ပိဋကသုံးပုံကို စတင်ပြီး
ပေထက်အက္ခရာတင်တော်မူကြတာဖြစ်တယ်။
ဗုဒ္ဓဒေသနာတော်များကို စုစည်းထားတဲ့ ပိဋကသုံးပုံထဲမှာ သုံးပုံ၊သုံးပိုင်းပါရှိတယ်။ ၀ိနည်းပိဋကက တစ်ပိုင်း၊ သုတ္တန်ပိဋကက တစ်ပိုင်း၊အဘိဓမ္မာပိဋကက တစ်ပိုင်းတို့
ဖြစ်တယ်။
ဝိနည်းပိဋကမှာတော့ ဘိက္ခုသံဃာတော်များ၊ ဘိက္ခုနီမများနဲ့ သက်ဆိုင်တဲ့ ဥပဒေ
စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖေါ်ပြတာဖြစ်တယ်။ ဒီအပိုင်းမှာ သာသနာတ
ဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာပုံကို ခရေစေ့တွင်းကျအသေးစိတ်ဖေါ်ပြထားတယ်။ မြတ်
ဗုဒ္ဓရဲ့ဘ၀နဲ့ သာသနာပြုလုပ်ငန်းများအကြောင်း ဗုဒ္ဓ၀င်ဖြစ်ရပ်များကိုလည်း ၀ိနည်းပိဋ
ကတ်မှာပဲ့ ဖေါ်ပြထားတာဖြစ်တယ်။ သွယ်ဝိုက်သောအားဖြင့် ၀ိနည်းပိုင်းမှာ ရှေးကျတဲ့
အိန္ဒိယနိုင်ငံသမိုင်း၊ ဓလေ့ထုံးစံများ၊ အတတ်ပညာများကိုပါ ဖေါ်ပြထားတယ်။
သဗ္ဗညုတဥာဏ်ကို မဟာဗောဓိမှာ အောင်မြင်တော်မူခဲ့ပြီးနောက် အနှစ်နှစ်ဆယ်တို့
ပတ်လုံး မြတ်စွာဘုရားဟာ သံဃာတော်များအတွက် ၀ိနည်းသိက္ခာပုဒ်တွေကို ပြဌာန်း
သတ်မှတ်တော်မူခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းကျမှ အခါအခွင့်တွေ ပေါ်လာလို့ မြတ်
စွာဘုရားက သာသနာအဓွန့်ရှည်တည်တံ့ဖို့ ဥပဒေစည်းမျဉ်းများကို ပြဌာန်းတော်မူခဲ့
တာဖြစ်တယ်။
ဝိနည်းပိဋကတ်တော်ထဲမှာ အောက်ပါကျမ်းများ ပါဝင်ပါတယ်။
၁။ ပါရာဇိကဏ် (အပြစ်ကြီးများ)
၂။ပါစိတ် (အပြစ်ငယ်များ)
၃။မဟာဝဂ္ဂ (အပိုင်းကြီး)
၎။စူဠ၀ဂ္ဂ (အပိုင်းငယ်များ)
၅။ပရိဝါရ (၀ိနည်းအကျဉ်းသင်္ခေပ)
သုတ္တန်ပိဋက
သုတ္တန်ဒေသနာမှာ မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကို
စုစည်းတင်ပြထားသောအပိုင်း ဖြစ်တယ်။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓဧ။် ထင်ရှားသော
တပည့်သာဝကကြီးများ ဟောကြားတော်မူသောတရားအချို့လည်းပါဝင်ပါတယ်။
အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်စသည့် မထေရ်
တို့ ဟောကြားသော တရားဒေသနာများဖြစ်တယ်။ သုတ္တန်တရားများမှာ အနာနှင့် ဆေးတည့်အောင်ပေးထားသော ကာလ၊ဒေသနှင့်ပုဂ္ဂိုလ်စရိုက်ကို လိုက်ပြီး ဟောထား
သော ဆေးစာညွှန်းနှင့်တူသော ဓမ္မဒေသနာများ ဖြစ်ကြပါတယ်။အခါအခွင့်အားလျော်
စွာပုဂ္ဂိုလ်ရဲ့စရိုက်ကိုလိုက်ပြီး ဟောထားသော ဆေးစာညွှန်းနှင့်တူသည့် တရားများဖြစ်
သည့်အတွက် တချို့တရားနဲ့ တချို့တရားများဟာ ၀ိရောဓိသဘော ဆန့်ကျင်နေသ
ယောင် ဖြစ်နေတာတောင် ပါတတ်ပါတယ်။ ဒါကို တလွဲ အဓိပ္ပါယ် မဖွင့်သင့်ပါဘူး။
သုတ္တန်ပိဋကကို နိကာယ်ငါးရပ်ဖြင့် ခွဲခြားဖေါ်ပြထားပါတယ်။ နိကာယ်ဆိုတာက အစု
အပေါင်းကို ပြောတာပါ။ ပါဝင်တဲ့နိကာယ်တွေက-
၁။ဒီဃနိကာယ် (ရှည်လျားတဲ့သုတ္တန်အပေါင်း)
၂။မဇ္ဈိမနိကာယ် (မတိုမရှည်သုတ္တန်အပေါင်း)
၃။သံယုတ္တနိကာယ် (သဘောတူရာဆိုသောသုတ္တန်အပေါင်း)
၎။အင်္ဂုတ္တရနိကာယ် (အရေအတွက်အားဖြင့်ပြသောသုတ္တန်အပေါင်း)
၅။ခုဒ္ဒကနိကာယ် (ငယ်သောသုတ္တန်အပေါင်း)
နိကာယ်ငါးရပ်ကို ထပ်မံရ်ျ ကျမ်း(၁၅)မျိုး ခွဲပြထားပါတယ်။
၁။ခုဒ္ဒကပါဌ (Shorter text)
၂။ဓမ္မပဒ (The way of Truth)
၃။ဥဒါန (Heartfelt sayings)
၎။ဣတိဝုတ္တက (Thus said Discourse)
၅။သုတ္တနိပါတ (Collected Discourses)
၆။ဝိမာန၀တ္ထု (Stories of Celestial Mansions)
၇။ပေတ၀တ္ထု (Stories of Petas)
၈။ထေရာဂါထာ (Psalms of the Brothers)
၉။ထေရီဂါထာ (Psalms of the Sisters)
၁၀။ဇာတက (Birth Stories)
၁၁။နိဒ္ဒေသ (Expositions)
၁၂။ပဋိသမ္ဘိဒါ (Analytical Knowledge)
၁၃။အပါဒါန (Lives of Saints)
၁၄။ဗုဒ္ဓ၀ံသ (History of The Buddha)
၁၅။စရိယာပိဋက (Modes of Conduct)
အဘိဓမ္မပိဋက
လေးနက်စွာ တွေးခေါ်တတ်သူများအဖို့ အဘိဓမ္မာသည် အရေးကြီးဆုံးနှင့် စိတ်ဝင်စား
ဖွယ်အကောင်းဆုံး ပိဋကဖြစ်တယ်။ အဘိဓမ္မာထဲမှာ ပိုရှင်းပြီး နားလည်းလွယ်တဲ့ သုတ္တန်ပိဋကနဲ့ နှိုင်းရင် ပိုပြီးလေးနက်ရ်ျ ပညာသားပါတဲ့ အတွေးအခေါ်ဒဿနများပါ
ဝင်ပါတယ်။
သုတ္တန်ပိဋကထဲမှာတော့ မကြာခဏ လူပုဂ္ဂိုလ်စသည်ကို ရည်ညွှန်းပြီး ဟောကြားတာ
မျိုး မကြာခဏတွေ့မြင်ရပါတယ်။ အဘိဓမ္မာထဲကျတော့ သမုတိသစ္စာကို ဖေါ်ပြတဲ့
စကားလုံးတွေအစား ပရမတ္ထသစ္စာကို ဖေါ်ပြတဲ့ (ပုဂ္ဂိုလ်သတ္တ၀ါကို မဖေါ်ပြဘဲ)ခန္ဓာငါး
ပါး၊ ရုပ်နာမ်နှစ်ပါးဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ကြရတယ်။
သုတ္တန်ပိဋကထဲမှာ ဝေါဟာရဒေသနာလို့ခေါ်တဲ့ သမုတိသစ္စာကိုပြတဲ့ ဟောကြားချက်
တွေကို တွေ့ရတယ်။ အဘိဓမ္မာထဲကျတော့ ပရမတ္ထဒေသနာခေါ်တဲ့ အကြွင်းမဲ့ သစ္စာ
တရားနဲ့ဆိုင်တဲ့ ဟောပြောချက်တွေသာ တွေ့ရပါလိမ့်မယ်။
အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူပါတယ်။ ဒါကြောင့် အဘိဓမ္မာကို ခွဲခြမ်းစိတ်ဖြာတဲ့တရား (၀ိဘဇ္ဇ၀ါဒ)လို့ ခေါ်ကြတာဖြစ်တယ်။
အဘိဓမ္မာထဲမှာ ပရမတ္ထသစ္စာလေးပါးကို ရေတွက်ပြထားတယ်။ အဲဒါတွေကတော့
စိတ်(consciousness)၊ စေတသိက်(mental concomitants)၊ရုပ်(matter)၊နိဗ္ဗာန် (extinction of all Sufferings) ရယ်လို့ ဖြစ်ပါတယ်။
ဒီအဘိဓမ္မာဒေသနာမှာ ပုဂ္ဂိုလ်သတ္တ၀ါလို့ခေါ်တဲ့ ဖြစ်တည်ခြင်း သဘောကို အနုစိတ်ခွဲ
ခြမ်းစိတ်ဖြာပြထားတယ်။ အစိတ်အပိုင်းတစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖေါ်ပြထား
တယ်။ နောက်ဆုံးမှာ ရောက်ရမည့် ဘ၀ပန်းတိုင်သဘောကိုရော၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်းနည်းလမ်းကောင်းကိုရော လိုအပ်တဲ့အသေးစိတ်အချက်အလက်
မှန်သမျှကို ရှင်းလင်းဖေါ်ပြထားတယ်။
အဘိဓမ္မပိဋကမှာ ပါဝင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။
၁။ ဓမ္မသင်္ဂဏီ (Enumeration of Phenomena)
၂။ဝိဘင်္ဂ (The Book of Treatises)
၃။ကထာဝတ္ထု (Points of controversy)
၎။ပုဂ္ဂလပညတ် (Description of Individuals)
၅။ဓာတုကထာ (Discourses on Elements)
၆။ယမိုက် (The Book of Pairs)
၇။ပဌာန်း (The Book of Relations)
(ဒါတွေကတော့ ပိဋကသုံးပုံနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးတွေပါ။Dr k sridha mmanda ရေးတဲ့ What Buddhist believe. စာအုပ်ကို ဆန်းလွင်ဘာသာပြန်ထားတဲ့
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက ဆိုတဲ့ စာအုပ်ကနေ ကူးယူဖေါ်ပြကြောင်းပါ။ နောက်လဲ သိသင့်သိထိုက်တာလေးတွေကို ဖတ်မှတ်မိသမျှ တင်ပြပေးအုံးမှာပါ။အား
လုံးကို ကျေးဇူးတင်ပါတယ်)
Posted by
အလင်းနယ်
at
4:34 AM
0
comments
Sunday, September 12, 2010
မြတ်ဗုဒ္ဓသည် ထာဝရဘုရား လူဝင်စားလား
သူသည် ထာဝရဘုရားရဲ့သားတော်ဖြစ်တယ်။ ထာဝရဘုရားရဲ့ တမန်တော်မြတ်
ဖြစ်တယ်လို့ ဘယ်တုန်းကမျှ မတောင်းဆိုခဲ့ပါ။
မြတ်ဗုဒ္ဓသည် ထူးမြတ်ထင်ရှားလှသော လူသားစင်စစ်ဖြစ်တယ်။ ဆရာမကူ သယမ္ဘူ ဥာဏ်ဖြင့် သမ္မာသမ္ဗောဓိအဖြစ် ပွင့်ထွန်လာသူ ဖြစ်တယ်။ သဗ္ဗညုတဥာဏ်ကြီးရှင် ဘုရားစင်စစ်ဖြစ်တော်မူလာရာဝယ် က်ျကား ငါ့ဆရာလို့ ညွှန်ပြခြင်းခံထိုက်သူ တစ်စုံတ
စ်ယောက်လည်း မရှိပါ။ မိမိရဲ့ လုံ့လဥဿာဟဖြင့် ကိုယ်တော်တိုင် ပါရမီဆယ်ပါး၊အပြား
သုံးဆယ်ကို ဖြည့်ကျင့်တော်မူခဲ့ရပါတယ်။ ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ၊ပညာပါရမီ၊
ဝီရိယပါရမီ၊ခန္တီပါရမီ၊သစ္စာပါရမီ၊အဓိဌာနပါရမီ၊မေတ္တာပါရမီ၊ဥပေက္ခာပါရမီတို့ကို ဖြည့်
ကျင့်တော်မူခဲ့ခြင်းဖြစ်တယ်။ ဒေါက်တာအရှင်ကေသီရိဓမ္မနန္ဒအရှင်မြတ်ရဲ့ ပါရမီ(၁၀)
ပါးကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပုံမှာ ပိုမိုခေတ်ဆန်သော အင်္ဂလိပ်စာအရေး
အသားမျိုးဖြစ်လို့ နှစ်သက်ဖွယ်ကောင်းပါတယ်။ စာဖတ်သူအတွက် စာမြည်းအဖြစ်
တင်ပြချင်ပါတယ်။
He practiced to perfection the ten supreme qualities of generosity(ဒါန) discipline(သီလ)renunciation(နိက္ခမ)wisdom(ပညာ)energy(၀ီရိယ)endurance(ခန္တီ)truthfulness(သစ္စာ)determination(အဓိဌာန)good-will(မေတ္တာ)and equanimity(ဥပေက္ခာ).
မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် စိတ္တ၀ိသုဒ္ဓိဖြစ်အောင် ကျင့်ကြံအားထုတ်တော်မူပြီး နောက်မှ ဒိဌိဝိသုဒ္ဓိ၊ကင်္ခါဝိတရဏ၀ိသုဒ္ဓိ၊မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ၊ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ၊ဥာဏဒဿန၀ိသုဒ္ဓိစတဲ့ ၀ိသုဒ္ဓိအဆင့်ဆင့်ကို ဖြစ်စေတော်မူလျက် မဂ်ဥာဏ်၊
ဖိုလ်ဥာဏ်တို့ဧ။် တံခါးများအားလုံးကို ဖွင့်လှစ်ပေးတော်မူခဲ့ခြင်း ဖြစ်တယ်။
မြတ်စွာဘုရားသည် သိအပ်သော တရားအားလုံးကိုလည်း သိစပ်မြင်နှံ့တော်မူတယ်။
ပြုကျင့်အပ်သောတရားမှန်သမျှကို ပြုကျင့်တော်မူပြီးလည်း ဖြစ်တယ်။ ဖျက်ဆီးအပ်
သော ကိလေသာတရားအားလုံးကိုလည်း ဖျက်ဆီးပြီးသူဖြစ်တယ်။ စင်စစ် အားထုတ် ပြီး ရရောက်အပ်သော ဥာဏ်တော်အဆင့်သို့ ရောက်ရှိရာမှ သူ့ကို ယှဉ်ပြိုင်နိုင်သူ၊
တခြားသောဘာသာအယူဝါဒမျိုးမပေါ်ပေါက်ခဲ့ဖူးပေ။(ဆက်ရန်)
Posted by
အလင်းနယ်
at
10:32 PM
0
comments
The Buddha's Daily Routine
The Buddha was a selfless,energetic,active and systematic teacher. His wh ole day was filled with religious duties.
His meditated regularly but He also spent most of His time helping others to be free from suffering. He taught the Dhamma to both monks and lay-pe
ople. At times the heavenly beings also came to ask Him questions. Unlike any other living beings,the Buddha only slept two hours a day.
The Buddha's daily routine was divided into five parts. They were:-
1.The forenoon Session
2.The Afternoon Session
3.The First Watch
4.The Middle Watch
5.The last Watch
မြတ်စွာဘုရားရှင်ဟာ ကိုယ်ကျိုးမငဲ့တဲ့ ဘုရားရှင်တစ်ဆူဖြစ်တယ်။ လုံ့လ၀ီရိယလည်း ကြီးမားတော်မူတယ်။(အလုပ်လုပ်တဲ့နေရာမှာလည်း) တက်တက်ကြွကြွလုပ်တော်မူ တယ်။ နည်းစနစ်ကျစွာ လုပ်ဆောင်တော်မူတဲ့ ဆရာတစ်ဆူလည်း ဖြစ်တယ်။
မြတ်စွာဘုရားရှင်ဟာ ၀ိပဿနာအားထုတ်မှုကို ပုံမှန်လုပ်ဆောင်တော်မူတယ်။ သို့သော်လည်း သူ့ရဲ့အချိန်အများစုကို သတ္တ၀ါတွေ ဆင်းရဲဒုက္ခမှ လွတ်မြောက်ဖို့ အရေးအတွက်ကူညီရင်း အသုံးချပါတယ်။ သူဟာ ရဟန်းပရိသတ်နဲ့ တကာ၊တကာမပရိသတ်တို့ကိုလည်း တရားဟောကြားပါသေးတယ်။ တခါတရံဆို နတ်ဗြဟ္မာတွေက သူ့ဆီလာရင်း ပြဿနာတွေကို မေးလျှောက်ကြပါတယ်။ အခြား သက်ရှိတွေနဲ့ မတူစွာဘဲ့ မြတ်စွာဘုရားရှင်ဟာ တစ်နေ့မှာ နှစ်နာရီပဲ့ ကျိန်းစက်တော်မူ ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ နေ့စဉ်လုပ်ငန်းနဲ့ပတ်သက်လို့ အပိုင်းငါးပိုင်းခွဲထားပါတယ်။ အဲဒီအပိုင်းငါးပိုင်းကတော့-
၁။မနက်ခင်းအချိန်
၂။နေလည်ပိုင်းအချိန်
၃။ညာဥ့်ရဲ့ပထမယာမ်အချိန်
၎။ညာဥ့်ရဲ့ဒုတိယယာမ်အချိန်
၅။ညာဥ့်ရဲ့ နောက်ဆုံးယာမ်အချိန်တို့ပဲ့ ဖြစ်ပါတယ်။
(အထက်ပါတွေကို ကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်ကမ္ဘာမှာ အလုပ်လုပ်ဆုံးသူအဖြစ် သိသာထင်ရှားပါတယ်)
Posted by
အလင်းနယ်
at
6:27 AM
0
comments
Saturday, September 11, 2010
The Buddha's Final Words
In front of all the monks, the Buddha spoke these words:
" I have taught the Dhamma to you. Study and practice them well so that this Holy life may last long for the good and happiness of the many.
He then gave His last words.
'' Nothing lasts forever. Continue to work hard. At the end of three months from now the Buddha will pass away.''
Posted by
အလင်းနယ်
at
10:57 PM
0
comments
ဗုဒ္ဒဧ။်အတ္တနာထ၀ါဒနှင့် အတ္တဆန်မှုကို လေ့လာခြင်း
ဒီဘလော့ကို စတင်တည်ဆောက်တဲ့ မနက်ခင်းလေးမှာပဲ့ အိပ်ယာနိုးနိုးခြင်း တွေးမိတာ
က ဦးဇင်းတို့ ဘုရားဟောထားတဲ့ အတ္တနာထအကြောင်းပါပဲ့။ ကိုယ့်ကိုယ်ကိုသာ အရှင်သခင်အဖြစ်အားကိုးဖို့ ဘုရားက လူသားတွေကို တိုက်တွန်းအာပေးခဲ့တယ်လေ။
ဒီတော့ ဒီဝါဒဟာ ဒီနေ့ခေတ် လူသားတွေ (သက္ကာယမပြုတ်သေးတဲ့လူသားတွေ)တစွဲ
တည်းစွဲနေတဲ့ အတ္တဆန်မှုနဲ့ ဘယ်လိုများကွာခြားပါသလဲ။ တွေးစရာပါပဲ့။ ငါတကော ကောနေကြတဲ့ ဒီနေ့ခေတ်နေထိုင်မှုစနစ်မှာ မျက်လုံးဖွင့်သည်မှ မျက်လုံးပိတ်သည်အ
ထိ ရှာဖွေစုဆောင်းနေကြတာက ငါ့အတွက်ပါပဲ့။ ဒီငါ့အတွက်တွေဟာ အတ္တနာထတွေ
လား။ မိမိကိုယ်ကို အားကိုးကြတာလား။ မဟုတ်ပါဘူး။ ကိုယ့်ကို လောဘမီးလောင်
လောင်တိုက်သွင်းကြတာပါ။ လောဘဆိုတဲ့နေရာမှာလည်း သမလောဘနဲ့ဝိသမလော
ဘဆိုပြီးနှစ်မျိုးရှိပါတယ်။ သမလောဘဆိုတာက ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့
လိုချင်မှုမျိုးပါ။ ၀ိသမလောဘဆိုတာက လူ့လောကကြီးကို အပျက်ဘက်ဦးတည်စေတဲ့
မကောင်းတဲ့တရားတစ်မျိုးပါ။ နေ့စဉ်ဘ၀စားသောက်နေထိုင်မှုအတွက် သမလောဘ
တွေ ရှိတာကို အပြစ်မဆိုသာပေမဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ၀ိသမ လောဘမျိုးကြတော့ လူသားအားလုံးအတွက် အကျိုးမရှိပါဘူး။ ဒီဝိသမလောဘကြော
င့်ပဲ့ ဒီနေ့ကမ္ဘာအရပ်ရပ်မှာ စစ်ပွဲတွေဖြစ်ကြ၊သေကြေပျက်စီးကြနဲ့ ၀ရုန်းသုန်းကားဖြစ်
နေရတာပေါ့။ ဒီတော့ အတ္တဆန်မှုဆိုတာက ဒီဝိသမလောဘကို အခြေခံပါတယ်။ လောဘဆိုကတည်းက လောဘနဲ့မိတ်ဆွေဖြစ်တဲ့ ဒေါသ၊မောဟတို့လည်း ပါလာပြီ
ပေါ့။ ဒါကြောင့် ဒီအတ္တဆန်မှုဆိုတာဟာ အကုသိုလ်စိတ်(၁၂)ပါးမှာ အခြေခံပါတယ်။
ဦးဇင်းတို့ဘုရားရှင်ရဲ့ အတ္တနာထ၀ါဒဆိုတာက ကိုယ့်ကိုယ်ကို အသလွတ်အထင်ကြီး
ဖို့အတွက် အားပေးအားမြောက်ပြုထားတဲ့ ၀ါဒမဟုတ်ဘူး။ လူသားစွမ်းအင် အရင်းအမြ
စ်ကို ဖေါ်ထုတ်ပေးတာပါ။ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေပြီး ညီညွတ်မျှတစွာ နေထို
င်ပြုမူ ကျင့်သုံးတတ်အောင် သင်ပေးတဲ့ဝါဒပါ။ စိတ်ပျက်အားငယ်လက်လျော့တတ်သူ
တွေကို အားမာန်အပြည့်နဲ့ ဘ၀ခရီးခဲကို လျှောက်လှမ်းတတ်အောင် သင်ပေးတာပါ။ ငါ့အတွက်ဆိုတာထက် သူများအတွက်ဆိုတဲ့အတွေးကို သွတ်သွင်းပေးတဲ့ အတ္တနာထ
ပါ။ ဒီတော့ အတ္တနာထခေါင်းစဉ်အောက်က ပရဟိတလုပ်စေချင်တဲ့ စေတနာပါပဲ့။ ငါတကောကောဖို့အတွက် ဟောကြားခဲ့တဲ့ဒေသနာမဟုတ်ပါဘူး။
Posted by
အလင်းနယ်
at
9:01 PM
0
comments