လေးဆယ့်ငါးဝါပတ်လုံး မြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူခဲ့သော ဒေသနာများကို စုပေါင်းပြီး ပါဠိဘာသာစကားဖြင့် သုတ်၊၀ိနည်း၊အဘိဓမ္မာဟူရ်ျ ခွဲခြားသတ်မှတ်ပြီး နိကာယ်ငါးရပ်ပိဋကတ်သုံးပုံပြုလုပ်ထားသောအရာကို တိပိဋကဟု ခေါ်ခြင်းဖြစ်သည်။
ဘုရားလက်ထက်တော်အခါက သက်ရှိထင်ရှားဖြစ်တော်မူသော ရဟန္တာအရှင် ကောင်းအရှင်မြတ်များသည် လက်ရှိပုံစံအတိုင်း တိပိဋကခေါ် ပိဋကသုံးပုံကို ပြုစုမှတ်တမ်းတင်ထာခဲ့ကြတယ်။
မြတ်စွာဘုရားကား ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်တယ်။ သို့သော် ထူးကဲမွန်မြတ်လှစွာ ဓမ္မဒေ
သနာတော်များကတော့ လူသားများအကျိုးငှါ မခြွင်းမချန် ဟောတော်မူထားရစ်တဲ့အ
တိုင်း သန့်ရှင်းစင်ကြယ်လှစွာ ယခုထက်တိုင်အောင် ကောင်းစွာတည်ရှိနေပါတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင် လက်ရေးနဲ့ရေးထားတဲ့စာအဖြစ် ထားခဲ့တာမဟုတ်
သော်လည်း ထင်ရှားလှတဲ့ တပည့်သာဝကကြီးများက ဒီတရားဒေသနာတော်များကို
မပျောက်မပျက်ရအောင် ထိန်းသိမ်းဖို့အတွက် ပထမမှာ နှုတ်တိုက်အာဂုံဆောင်ထား
မှတ်သားထားခဲ့ကြတယ်။ တစ်ဆက်ပြီးတစ်ဆက် အာဂုံဆောင်နည်းဖြင့် လက်ဆင့်
ကမ်းသင်ကြားပေးခဲ့ကြတယ်။
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားတဲ့အခါ ချက်ချင်းပဲ့ ရဟန္တာအရှင်မြတ်ကြီးငါးရာဟာ စုဝေးပြီး
ပထမသင်္ဂါယနာအမည်တွင်တဲ့ သဘင်ကြီးဆင်နွှဲပြီး သင်္ဂါယနာတင်တော်မူခဲ့ကြတယ်။ မြတ်စွာဘုရားဟောကြားတော်မူသမျှ တရားတော်တွေကို အနီးကပ်ပြုစုခွင့်ရတဲ့ အရှင်
အာနန္ဒာကိုယ်တော်ကြီးက သူကြားဖူးခဲ့သမျှ ဓမ္မဒေသနာတော်များကို ဧ၀ံ မေ သုတံ
ဆို သုတ္တန်ပိုင်းကို ဖတ်ပြတော်မူရတယ်။ ဥပါလိအရှင်မြတ်က ၀ိနည်းဒေသနာတော်
များကို သူမှတ်သားထားခဲ့သမျှ ရွတ်ဖတ်တော်မူရတယ်။
ပထမသင်္ဂါယနာတင်ပြီးနောက် အနှစ်တစ်ရာကြာတဲ့အခါ ကာလာသောကမင်း လက်ထက်မှာ တချို့သာဝကကြီးများက ၀ိနည်းသိက္ခာပုဒ်အငယ်အချို့ကို ပြုပြင်ဖို့လိုလာတာပြီ ထင်မြင်တော်မူခဲ့ကြတယ်။ ရှေးမထေရ်များရဲ့အလိုကို သဘောကျတော်
မူတဲ့မထေရ်များကတော့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာ
မလိုဘူးဟု ယူဆတော်မူကြတယ်။ နောက်ဆုံးကျတော့ ဒီအချိန်ကစပြီး အယူအဆ
မတူတဲ့ ဂိုဏ်းဂဏကွဲတွေ စတင်ပြီး ပေါ်ပေါက်ဖို့ အစို့အညှောက် ပေါက်လာတော့တာ
ပဲ့။ ဒုတိယသင်္ဂါယနာမှာ ၀ိနည်းသိက္ခာပုဒ်တွေအပေါ်မှာပဲ့ အခြေတည်ပြီး ဆွေးနွေးခဲ့
ကြတယ်။ သုတ္တန်ဒေသနာအပေါ်မှာတော့ အငြင်းပွားတာ မတွေ့ရပါ။
ဘီစီသုံးရာလောက်ကိုရောက်တော့ အသောကဧကရာဇ်ဘုရင်ကြီးလက်ထက်မှာ တတိယသင်္ဂါယနာတင်တော်မူခဲ့ကြတယ်။ သံဃာအစုအဖွဲ့တွေကြားမှာ ပေါ်ပေါက်နေ
တဲ့ အမြင်အယူအဆကွဲပြားမှုတွေကို တတိယသင်္ဂါယနာမှာ ဆွေးနွေးခဲ့ကြတယ်။ ဒီသ
င်္ဂါယနာမှာ ဆွေးနွေးချက်တွေဟာ ၀ိနည်းဒေသနာနဲ့သာ သက်ဆိုင်ကြတာမဟုတ်
တော့ဘဲ သုတ္တန်ဒေသနာတော်တွေနဲ့လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒီသင်္ဂါ
ယနာပွဲကြီးအပြီးမှာ သင်္ဂါယနာရဲ့ဥက္ကဌ(နာယက)ဖြစ်တဲ့ အရှင်မောဂ္ဂလိပုတ္တတိဿမ
ထေရ်ကြီးက ကထာဝတ္ထုခေါ်တဲ့ အဘိဓမ္မာကျမ်းကို ပြုစုတော်မူတယ်။ ဒီကျမ်းထဲမှာ
အယူလွဲ အယူမှားတွေကို သုတ်သင်ရှင်းလင်းတော်မူတယ်။ ဘီစီ ၈၀၊၀ဋဂါမဏိမင်း
လက်ထက်မှာ ကျင်းပတဲ့ စတုတ္ထသင်္ဂါယနာဟာ သီရိလင်္ကာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။
သီရိလက်ာမှာ ကျင်းပတဲ့ ဒီသင်္ဂါယနာပွဲကျမှ တိပိဋကခေါ် ပိဋကသုံးပုံကို စတင်ပြီး
ပေထက်အက္ခရာတင်တော်မူကြတာဖြစ်တယ်။
ဗုဒ္ဓဒေသနာတော်များကို စုစည်းထားတဲ့ ပိဋကသုံးပုံထဲမှာ သုံးပုံ၊သုံးပိုင်းပါရှိတယ်။ ၀ိနည်းပိဋကက တစ်ပိုင်း၊ သုတ္တန်ပိဋကက တစ်ပိုင်း၊အဘိဓမ္မာပိဋကက တစ်ပိုင်းတို့
ဖြစ်တယ်။
ဝိနည်းပိဋကမှာတော့ ဘိက္ခုသံဃာတော်များ၊ ဘိက္ခုနီမများနဲ့ သက်ဆိုင်တဲ့ ဥပဒေ
စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖေါ်ပြတာဖြစ်တယ်။ ဒီအပိုင်းမှာ သာသနာတ
ဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာပုံကို ခရေစေ့တွင်းကျအသေးစိတ်ဖေါ်ပြထားတယ်။ မြတ်
ဗုဒ္ဓရဲ့ဘ၀နဲ့ သာသနာပြုလုပ်ငန်းများအကြောင်း ဗုဒ္ဓ၀င်ဖြစ်ရပ်များကိုလည်း ၀ိနည်းပိဋ
ကတ်မှာပဲ့ ဖေါ်ပြထားတာဖြစ်တယ်။ သွယ်ဝိုက်သောအားဖြင့် ၀ိနည်းပိုင်းမှာ ရှေးကျတဲ့
အိန္ဒိယနိုင်ငံသမိုင်း၊ ဓလေ့ထုံးစံများ၊ အတတ်ပညာများကိုပါ ဖေါ်ပြထားတယ်။
သဗ္ဗညုတဥာဏ်ကို မဟာဗောဓိမှာ အောင်မြင်တော်မူခဲ့ပြီးနောက် အနှစ်နှစ်ဆယ်တို့
ပတ်လုံး မြတ်စွာဘုရားဟာ သံဃာတော်များအတွက် ၀ိနည်းသိက္ခာပုဒ်တွေကို ပြဌာန်း
သတ်မှတ်တော်မူခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းကျမှ အခါအခွင့်တွေ ပေါ်လာလို့ မြတ်
စွာဘုရားက သာသနာအဓွန့်ရှည်တည်တံ့ဖို့ ဥပဒေစည်းမျဉ်းများကို ပြဌာန်းတော်မူခဲ့
တာဖြစ်တယ်။
ဝိနည်းပိဋကတ်တော်ထဲမှာ အောက်ပါကျမ်းများ ပါဝင်ပါတယ်။
၁။ ပါရာဇိကဏ် (အပြစ်ကြီးများ)
၂။ပါစိတ် (အပြစ်ငယ်များ)
၃။မဟာဝဂ္ဂ (အပိုင်းကြီး)
၎။စူဠ၀ဂ္ဂ (အပိုင်းငယ်များ)
၅။ပရိဝါရ (၀ိနည်းအကျဉ်းသင်္ခေပ)
သုတ္တန်ပိဋက
သုတ္တန်ဒေသနာမှာ မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကို
စုစည်းတင်ပြထားသောအပိုင်း ဖြစ်တယ်။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓဧ။် ထင်ရှားသော
တပည့်သာဝကကြီးများ ဟောကြားတော်မူသောတရားအချို့လည်းပါဝင်ပါတယ်။
အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်စသည့် မထေရ်
တို့ ဟောကြားသော တရားဒေသနာများဖြစ်တယ်။ သုတ္တန်တရားများမှာ အနာနှင့် ဆေးတည့်အောင်ပေးထားသော ကာလ၊ဒေသနှင့်ပုဂ္ဂိုလ်စရိုက်ကို လိုက်ပြီး ဟောထား
သော ဆေးစာညွှန်းနှင့်တူသော ဓမ္မဒေသနာများ ဖြစ်ကြပါတယ်။အခါအခွင့်အားလျော်
စွာပုဂ္ဂိုလ်ရဲ့စရိုက်ကိုလိုက်ပြီး ဟောထားသော ဆေးစာညွှန်းနှင့်တူသည့် တရားများဖြစ်
သည့်အတွက် တချို့တရားနဲ့ တချို့တရားများဟာ ၀ိရောဓိသဘော ဆန့်ကျင်နေသ
ယောင် ဖြစ်နေတာတောင် ပါတတ်ပါတယ်။ ဒါကို တလွဲ အဓိပ္ပါယ် မဖွင့်သင့်ပါဘူး။
သုတ္တန်ပိဋကကို နိကာယ်ငါးရပ်ဖြင့် ခွဲခြားဖေါ်ပြထားပါတယ်။ နိကာယ်ဆိုတာက အစု
အပေါင်းကို ပြောတာပါ။ ပါဝင်တဲ့နိကာယ်တွေက-
၁။ဒီဃနိကာယ် (ရှည်လျားတဲ့သုတ္တန်အပေါင်း)
၂။မဇ္ဈိမနိကာယ် (မတိုမရှည်သုတ္တန်အပေါင်း)
၃။သံယုတ္တနိကာယ် (သဘောတူရာဆိုသောသုတ္တန်အပေါင်း)
၎။အင်္ဂုတ္တရနိကာယ် (အရေအတွက်အားဖြင့်ပြသောသုတ္တန်အပေါင်း)
၅။ခုဒ္ဒကနိကာယ် (ငယ်သောသုတ္တန်အပေါင်း)
နိကာယ်ငါးရပ်ကို ထပ်မံရ်ျ ကျမ်း(၁၅)မျိုး ခွဲပြထားပါတယ်။
၁။ခုဒ္ဒကပါဌ (Shorter text)
၂။ဓမ္မပဒ (The way of Truth)
၃။ဥဒါန (Heartfelt sayings)
၎။ဣတိဝုတ္တက (Thus said Discourse)
၅။သုတ္တနိပါတ (Collected Discourses)
၆။ဝိမာန၀တ္ထု (Stories of Celestial Mansions)
၇။ပေတ၀တ္ထု (Stories of Petas)
၈။ထေရာဂါထာ (Psalms of the Brothers)
၉။ထေရီဂါထာ (Psalms of the Sisters)
၁၀။ဇာတက (Birth Stories)
၁၁။နိဒ္ဒေသ (Expositions)
၁၂။ပဋိသမ္ဘိဒါ (Analytical Knowledge)
၁၃။အပါဒါန (Lives of Saints)
၁၄။ဗုဒ္ဓ၀ံသ (History of The Buddha)
၁၅။စရိယာပိဋက (Modes of Conduct)
အဘိဓမ္မပိဋက
လေးနက်စွာ တွေးခေါ်တတ်သူများအဖို့ အဘိဓမ္မာသည် အရေးကြီးဆုံးနှင့် စိတ်ဝင်စား
ဖွယ်အကောင်းဆုံး ပိဋကဖြစ်တယ်။ အဘိဓမ္မာထဲမှာ ပိုရှင်းပြီး နားလည်းလွယ်တဲ့ သုတ္တန်ပိဋကနဲ့ နှိုင်းရင် ပိုပြီးလေးနက်ရ်ျ ပညာသားပါတဲ့ အတွေးအခေါ်ဒဿနများပါ
ဝင်ပါတယ်။
သုတ္တန်ပိဋကထဲမှာတော့ မကြာခဏ လူပုဂ္ဂိုလ်စသည်ကို ရည်ညွှန်းပြီး ဟောကြားတာ
မျိုး မကြာခဏတွေ့မြင်ရပါတယ်။ အဘိဓမ္မာထဲကျတော့ သမုတိသစ္စာကို ဖေါ်ပြတဲ့
စကားလုံးတွေအစား ပရမတ္ထသစ္စာကို ဖေါ်ပြတဲ့ (ပုဂ္ဂိုလ်သတ္တ၀ါကို မဖေါ်ပြဘဲ)ခန္ဓာငါး
ပါး၊ ရုပ်နာမ်နှစ်ပါးဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ကြရတယ်။
သုတ္တန်ပိဋကထဲမှာ ဝေါဟာရဒေသနာလို့ခေါ်တဲ့ သမုတိသစ္စာကိုပြတဲ့ ဟောကြားချက်
တွေကို တွေ့ရတယ်။ အဘိဓမ္မာထဲကျတော့ ပရမတ္ထဒေသနာခေါ်တဲ့ အကြွင်းမဲ့ သစ္စာ
တရားနဲ့ဆိုင်တဲ့ ဟောပြောချက်တွေသာ တွေ့ရပါလိမ့်မယ်။
အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူပါတယ်။ ဒါကြောင့် အဘိဓမ္မာကို ခွဲခြမ်းစိတ်ဖြာတဲ့တရား (၀ိဘဇ္ဇ၀ါဒ)လို့ ခေါ်ကြတာဖြစ်တယ်။
အဘိဓမ္မာထဲမှာ ပရမတ္ထသစ္စာလေးပါးကို ရေတွက်ပြထားတယ်။ အဲဒါတွေကတော့
စိတ်(consciousness)၊ စေတသိက်(mental concomitants)၊ရုပ်(matter)၊နိဗ္ဗာန် (extinction of all Sufferings) ရယ်လို့ ဖြစ်ပါတယ်။
ဒီအဘိဓမ္မာဒေသနာမှာ ပုဂ္ဂိုလ်သတ္တ၀ါလို့ခေါ်တဲ့ ဖြစ်တည်ခြင်း သဘောကို အနုစိတ်ခွဲ
ခြမ်းစိတ်ဖြာပြထားတယ်။ အစိတ်အပိုင်းတစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖေါ်ပြထား
တယ်။ နောက်ဆုံးမှာ ရောက်ရမည့် ဘ၀ပန်းတိုင်သဘောကိုရော၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်းနည်းလမ်းကောင်းကိုရော လိုအပ်တဲ့အသေးစိတ်အချက်အလက်
မှန်သမျှကို ရှင်းလင်းဖေါ်ပြထားတယ်။
အဘိဓမ္မပိဋကမှာ ပါဝင်တဲ့ ကျမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။
၁။ ဓမ္မသင်္ဂဏီ (Enumeration of Phenomena)
၂။ဝိဘင်္ဂ (The Book of Treatises)
၃။ကထာဝတ္ထု (Points of controversy)
၎။ပုဂ္ဂလပညတ် (Description of Individuals)
၅။ဓာတုကထာ (Discourses on Elements)
၆။ယမိုက် (The Book of Pairs)
၇။ပဌာန်း (The Book of Relations)
(ဒါတွေကတော့ ပိဋကသုံးပုံနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာလေးတွေပါ။Dr k sridha mmanda ရေးတဲ့ What Buddhist believe. စာအုပ်ကို ဆန်းလွင်ဘာသာပြန်ထားတဲ့
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက ဆိုတဲ့ စာအုပ်ကနေ ကူးယူဖေါ်ပြကြောင်းပါ။ နောက်လဲ သိသင့်သိထိုက်တာလေးတွေကို ဖတ်မှတ်မိသမျှ တင်ပြပေးအုံးမှာပါ။အား
လုံးကို ကျေးဇူးတင်ပါတယ်)
0 comments:
Post a Comment