Saturday, December 18, 2010

သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊

ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊

နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

 

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊

အနန္တာ နိဗ္ဗုတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊

အာဒရေနံ နမာမဟံ။

ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကို လည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း၊ အကျွန်ုပ်ရိုသေစွာ ရှိခိုးပါ၏။

 

နမက္ကာရာ နုဘာဝေန၊

ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။

အနေက အန္တရာယာဝိ၊

ဝိနဿန္တု အသေသတော။

ဤသို့ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာကြောင့် ခပ်သိမ်းသောရန်တို့ကို ပယ်ပျောက်ပြီး တစ်ပါးမက များပြားလှသည့် အန္တရာယ်ဟူမျှတို့ အကြွေးကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။

0 comments:

Template by : kendhin x-template.blogspot.com