ခြုံငုံသုံးသပ်ချက်
'ပထမမဟာနာမသုတ်တော်ကို လေ့လာသုံးသပ်ခြင်း'ဟူသောခေါင်းစဉ်ဖြင့် ပထမမဟာ နာမသုတ် တော်လာအကြောင်းအရာတို့ကို အခန်း (၅)ခန်းခွဲ၍ တင်ပြခဲ့သည်မှာ ယခုဆိုလျင် ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။ ယင်းပထမမဟာနာမသုတ်တော်တွင် ဘ၀အာမခံချက်တရားများ အနေဖြင့် 'သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ'ဟူသည့် တရားငါးမျိုးနှင့် ပြည့်စုံရမည် ဖြစ်ကြောင်း ဟောပြတော်မူခဲ့၏။ ယင်းသုတ်၏ အဋ္ဌကထာ၊ဋီကာစသည်တို့၌ အကျယ် မဖွင့်ဆိုကြတော့ပေ။ ထိုကြောင့် ဤသုတ်နှင့် နီးစပ်သည့် သုတ်တော်များ၊ အဖွင့်အဋ္ဌကထာ၊ဋီကာများကို ရှာဖွေကြည့်ရှု ကာ လေ့လာသုံးသပ်ခဲ့ပါသည်။
ကျမ်းပြုသူသည် ဤကျမ်းကို ပြုစုရာ၌ အခန်း(၁)တွင် သဒ္ဓါနှင့်စပ်၍ သိမှတ်ဖွယ်ရာ များကိုလည်းကောင်း၊ အခန်း(၂)တွင် သီလနှင့်စပ်၍ ကျင့်သုံးဖွယ်ရာတို့ကိုလည်းကောင်း၊ အခန်း(၃)တွင် သုတနှင့်စပ်၍ လေ့လာဖွယ်ရာတို့ကိုလည်းကောင်း၊ အခန်း(၄)တွင် စာဂနှင့်စပ်၍ လိုက်နာပြုကျင့်ဖွယ်ရာတို့ကိုလည်းကောင်း၊ အခန်း(၅)တွင် ပညာနှင့်စပ်၍ ဗဟုဿုတဖြစ်ဖွယ်ရာ တို့ကိုလည်းကောင်း လက်လှမ်းမှီသမျကျမ်းစာတို့ကို ဖတ်ရှုကာ လေ့လာဖွင့်ဆိုသုံးသပ်ခဲ့ပါသည်။အနှစ်ချုပ်ပြန်လည်တင်ပြရလျင်-
အခန်း(၁)တွင် ဤပထမမဟာနာမသုတ်တော်ပါဝင်သည့် ပိဋက၊ ဤသုတ်တော်ကို ဟောကြားခြင်းခံရသည့် မဟာနာမ်သာကီဝင်မင်းအကြောင်း၊ ဤသုတ်တော်ဖြစ်ပေါ်လာပုံသမိုင်း၊ သုတ်တော်၏အဓိကဆိုလိုရင်းအချက်ဖြစ်သည့် ဘ၀အာမခံချက်ပေးနိုင်သည့်တရား(၅)မျိုးနှင့် ပုထုဇဉ်လောကီသားတို့အတွက် ဘ၀အာမခံချက်ကို အဘယ်ကြောင့် လိုအပ်သည်စသည့် သိမှတ် ဖွယ်ရာတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ယင်းနောက်တွင် ဘ၀အာမခံတရားငါးပါးမှ ပထမဆုံးတရားဖြစ်သည့် သဒ္ဓါတရားနှင့်စပ် သည့် အချက်အလက်တို့ကို တင်ပြခဲ့ပါသည်။ သဒ္ဓါတရားနှင့်စပ်၍ဖွင့်ဆိုရာ၌လည်း သဒ္ဓါဟူသည် မည်သို့သောအရာဖြစ်သနည်း၊ ဗုဒ္ဓဘာသာက သဒ္ဓါတရားနှင့်စပ်၍ မည်သို့ဖွင့်ဆိုလက်ခံထား ပါသနည်း၊ သဒ္ဓါသည် မည်သို့သောလက္ခဏာစသည် ရှိပါသနည်း၊ ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် မည်သည့်ပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်ပါသနည်း၊ သဒ္ဓါစရိုက်ရှိသူနှင့်ရာဂစရိုက်သူတို့၏ ထူးခြား ချက်ကား အဘယ်ပါနည်းစသည့် အချက်အလက်တို့ကို ဖွင့်ဆိုသုံးသပ်ပြခဲ့ပါသည်။
ထို့အပြင် ပကတိသဒ္ဓါနှင့်ဘာဝနာသဒ္ဓါတို့၏ ထူးခြားချက်၊ လောကီသဒ္ဓါနှင့်လောကုတ္တရာ သဒ္ဓါတို့၏အကြောင်း၊ ရတနတ္တယသဒ္ဓါနှင့် ကမ္မဖလသဒ္ဓါတို့၏ ကွာခြားမှု၊ အလောင်းတော်တို့၏ ကမ္မဖလသဒ္ဓါအပေါ်ယုံကြည်မှု၊ မဟာကပ္ပိနမင်း၏ ရတနတ္တယသဒ္ဓါတရားအကြောင်း၊ ပုထုဇဉ် တို့၏ စလသဒ္ဓါနှင့် အရိယာတို့၏ အစလသဒ္ဓါအကြောင်း၊ အာဂမသဒ္ဓါ၊ အဓိဂမနသဒ္ဓါ၊ သြကပ္ပန သဒ္ဓါ၊ ပသာဒသဒ္ဓါတို့နှင့်စပ်သည့် သက်သေသာဓကပုံဝတ္ထုများစသည်တို့ကို ဉာဏ်မှီသမျ ချသွင်း ကာ လေ့လာသုံးသပ်ခဲ့ပါသည်။
ထို့အပြင် သဒ္ဓါတရားရှိသူဟူရာ၌ မည်သို့သောလက္ခဏာများနှင့်ပြည့်စုံက သဒ္ဓါတရားရှိသူ ဟုခေါ်ဆိုနိုင်ကြောင်း၊သာဓက၀တ္ထုများ၊ ပိဋကတ်တော်လာ သဒ္ဓါတရားနှင့်စပ်၍ ခိုင်းနှိုင်းထားသည့် ဥပမာများ၊ သဒ္ဓါတရားဟူသည်ကို နတ်တို့ပင် လိုလားသည့်အကြောင်းများ၊ ဒါနပြုရာ၌ သဒ္ဓါတရား ၏ အရေးပါအရာရောက်မှုစသည်တို့ကိုလည်း လေ့လာဖွင့်ဆိုသုံးသပ်ခဲ့ပါသည်။
ထို့အပြင် ယင်းသဒ္ဓါတရားကို ရရှိတိုးပွားအောင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ သဒ္ဓါတရားရှိလျင် ရရှိနိုင်သည့် အကျိုးတရားများ၊ သဒ္ဓါကိုမှီ၍ သံသရာကူးမြောက်နိုင်ပုံများတို့ကို လေ့လာဖွင့်ဆိုသုံးသပ်ခဲ့ပါသည်။
ဤသည်တို့ကို ဖတ်ရှုခြင်းဖြင့် ဗုဒ္ဓဘာသာက လမ်းညွှန်ထားသည့် ဘ၀အာမခံချက်တို့ အနက် သဒ္ဓါတရားနှင့်ပြည့်စုံရေး၊ ယင်းသဒ္ဓါတရားနှင့်ပြည့်စုံရန်အတွက် ဖြည့်ဆည်းအားထုတ်ရ
မည့် လုပ်ငန်းစဉ်စသည်တို့ကို ပြည့်စုံစွာ လေ့လာသိရှိနိုင်မည်ဖြစ်သည်။
အခန်း(၂)တွင် ဘ၀အာမခံချက်ပေးနိုင်သည့်တရား(၅)မျိုးအနက် နှစ်ခုမြောက်တရားဖြစ် သည့် သီလတရားနှင့်စပ်သည့် သိမှတ်ဖွယ်ရာတို့ကို လေ့လာဖွင့်ဆိုသုံးသပ်ခဲ့ပါသည်။ သီလဟူသည် မည်သို့သော အရာဖြစ်သနည်း၊ ကုသိုလ်တရားတိုင်းတွင် သီလ၏အရေးပါမှု၊ သီလ၏လက္ခဏာ စသည်၊ သီလအမျိုးအစားများ၊ ဤသုတ်တော်၌ ယူသင့်သည့်သီလဖြစ်သည့် ငါးပါးသီလအကြောင်း သီလပျက်စီးခြင်း၏အပြစ်၊ သီလရှိက ဘ၀အာမခံချက်ရှိပုံအကြောင်းစသည်တို့ကို လက်လှမ်းမှီသမျ ရှာဖွေသုံးသပ်တင်ပြခဲ့ပါသည်။
ဤသည်တို့ကို ဖတ်ရှုခြင်းဖြင့် ဗုဒ္ဓဘာသာတို့၏ လုပ်ငန်းစဉ်သုံးမျိုးဖြစ်သည့် ဒါန၊သီလ၊ ဘာဝနာတိုအနက် သီလအကြောင်းကို ထိုက်သင့်သလောက် သိရှိလာနိုင်ကာ မှန်ကန်တည့်မတ်စွာ
ကျင့်သုံးဆောက်တည်လာနိုင်မည် ဖြစ်သည်။
အခန်း(၃)တွင် ဘ၀အာမခံချက်ပေးနိုင်သည့်တရား(၅)မျိုးအနက် သုံးခုမြောက်တရား ဖြစ်သည့်တရား(၅)မျိုးအနက် သုံးခုမြောက်တရားဖြစ်သည့် သုတအကြောင်းကို ထိုထိုအဖွင့်များနှင့် တိုက်ဆိုင်ညှိနှိုင်းကာ လေ့လာဖွင့်ဆိုခဲ့ပါသည်။ သုတကို မည်သို့မည်ပုံရှာဖွေသင့်ပုံ၊သာသနာတော်
သတ်မှတ်ထားသည့် သုတအမျိုးအစားများ၊ သုတသက်သက်ဖြင့် သံသရာမှ မလွတ်နိုင်ပုံ၊ သုတကို သီလ၊ယောနိသောမနသိကာရတို့ဖြင့် ထိန်းကွပ်သင့်ပုံ၊ သုတဖြင့် လောကဓံကို အန်တုနိုင်ပုံ၊ သုတမရှိလျင် အောက်ကျနောက်ကျဖြစ်တတ်ပုံ၊ ဗုဒ္ဓဘာသာက ဗဟုဿတပုဂ္ဂိုလ်ကို ဗုဒ္ဓတစ်ပါးအဖြစ် သတ်မှတ်ထားပုံ၊ လောကီသုတနှင့်လောကုတ္တရာသုတတို့၏ ထူးခြားပုံ၊ သုတမယ ပညာသည် ဘာဝနာမယပညာဖြင့် ပေါင်းစည်းနိုင်မှ သံသရာလွတ်မြောက်နိုင်ပုံတို့ကို လေ့လာတင်ပြခဲ့ပါသည်။
ဤသည်တို့ကို ဖတ်ရှုခြင်းဖြင့် သုတနှင့်ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းစွာ နားလည်သဘောပေါက်စေနိုင်ခြင်း၊ လောကုတ္တရာသုတဖြင့်သာ သံသရာနယ်ကို ကူးမြောက်စေနိုင်
သည်ဟူသော အသိတရားများဝင်ရောက်စေနိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါ သည်။
အခန်း(၄)တွင် ဘ၀အာမခံချက်ပေးနိုင်သည့်တရား (၅)မျိုးအနက် လေးခုမြောက်တရား ဖြစ်သည့် စာဂအကြောင်းကို ဖွင့်ဆိုလေ့လာသုံးသပ်ခဲ့ပါသည်။ စာဂဟူသည် မည်သို့သော တရားဖြစ်သနည်း၊ စာဂနှင့်ဒါန တူ/မတူ၊စာဂ၏လက္ခဏာစသည်၊ စွန့်ကြဲပေးကမ်းလှူ
ဒါန်းရခြင်း၏ အကြောင်း(၈)မျိုး၊ အာမိသစာဂနှင့်ဓမ္မစာဂနှစ်မျိုးအကြောင်း၊ စာဂသည် စေတနာနှင့်
အလှူခံပုဂ္ဂိုလ်အပေါ်လိုက်၍ အကျိုးပေးပုံ၊ အလောင်းတော်တို့၏ စွန့်ခြင်းကြီးငါးပါး၊ သပ္ပုရိသဒါန (၅)ပါး၊ လူတို့က အလှူဒါနပြုသည်ဟု ထင်တတ်ကြသောအပယ်ချမည့်ဒါန (၁၀)မျိုး၊ သာသနာတွင်းဒါနနှင့် သာသနာပဒါနတို့၏ ထူးခြားချက်၊ စစ်ပွဲနှင့်တူသည့်ဒါန၊ ဒါနအကျိုး အမျိုးမျိုး၊ စာဂ(ဒါန)ဖြင့် ဘ၀အာမခံချက်ရရှိနိုင်ပုံစသည်တို့ကို လေ့လာသုံးသပ်တင်ပြခဲ့ပါသည်။
ဤသည်တို့ကို ဖတ်ရှုခြင်းဖြင့် ဒါနနှင့်စာဂတို့၏ သဘောသွားကို ရှင်းလင်းစွာ နားလည် သဘောပေါက်နိုင်ခြင်း၊ စွန့်ကြဲပေးကမ်းလှူဒါန်းမှုပြုရာ၌ နည်းမှန်လမ်းမှန်ဖြင့် ပြုလုပ်ဆောင်ရွက် နိုင်ကာ ဘ၀အာမခံချက်ရရှိနိုင်ခြင်းစသည့်အကျိုးတို့ကို ရရှိစေနိုင်ပါသည်။
အခန်း(၅)တွင် ဘ၀အာမခံချက်ပေးနိုင်သည့် တရားငါးမျိုးအနက် ငါးခုမြောက်တရားဖြစ်သည့် ပညာအကြောင်းကို လေ့လာတင်ပြခဲ့ပါသည်။ လောကီပညာနှင့် လောကုတ္တရာပညာတို့၏ ထူးခြားမှု၊ ပညာအစစ်နှင့်ပညာအတုတို့၏သဘော၊ ပညာ၏ လက္ခဏာစသည်၊ ပညာတိုးပွားကြောင်းနှင့် ပညာဆုတ်ယုတ်ကြောင်းတရားများ၊ ပညာနှင့် ယှဉ်တွဲ ဘက်တရားများ၊ ပညာအမျိုးအစားများ၊ ဤသုတ်၌ယူသင့်သည့် ၀ိပဿနာပညာ၊မဂ်ပညာ တို့အကြောင်းတို့ကို လေ့လာတင်ပြခဲ့ပါသည်။
ထို့အပြင် ၀ိပဿနာပညာနှင့်မဂ်ပညာတို့၏ ဆက်စပ်မှုအကြောင်း၊ ၀ိပဿနာသုံးမျိုးနှင့် ပုထုဇဉ်တို့ အားထုတ်ရမည့် ၀ိပဿနာကို အားထုတ်ပုံ အားထုတ်နည်းနှင့်တကွ တင်ပြခဲ့ပါသည်။
ထို့အပြင် ၀ိပဿနာအားထုတ်၍ ဉာဏ်စဉ်အဆင်ဆင့်တက်ကာ ၀ိပဿနာပညာကိုရရှိသဖြင့် ထာဝရဘ၀အာမခံရှိသွားတော့သည့် သောတာပန်အရိယာအဆင့်သို့တက်လှမ်းပုံတို့ကို တင်ပြခဲ့ ပါသည်။
ဤသည်တို့ကို ဖတ်ရှုခြင်းဖြင့် ပညာနှင့်ပတ်သက်သည့် ဗဟုဿတများရရှိနိုင်ခြင်း၊ပညာ၏
သဘောတရားတို့ကို ကွဲပြားရှင်းလင်းစွာ သဘောပေါက်လာနိုင်ခြင်း၊လောကုတ္တရာပညာကို ရယူ လိုသူတို့အနေဖြင့် ၀ိပဿနာတရားများ ပွားများအားထုတ်ကာ ဘ၀လွတ်မြောက်မှုကို ရှာဖွေတွေ့ ရှိနိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါလိမ့်မည်ဖြစ်သည်။
ဤမျလောက်သောအစဉ်ဖြင့် ကျမ်းပြုသူ၏ သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ အတွက်တင်သွင်းသောကျမ်းစာသည် အပြီးဆုံးသို့ ရောက်ပေပြီဆိုနိုင်ပါ၏။
သို့သော် သုတေသန ၏ သဘောသည် ပြီးဆုံးသည်ဟူ၍ မရှိ။ ထပ်မံကာရှာဖွေစုဆောင်း သုတေသနပြုနေရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ကျမ်းပြုသူ၏ ဤကျမ်းစာကို ပိဋကတ်တော်မှ အချက်အလက်များ အပြည့်အစုံပါဝင်သည်ဟု မဆိုဝံ့ပါ။ လက်လှမ်းမှီသမျသော ကျမ်းစာများကို ရှာဖွေဖတ်ရှုကာ မိမိဉာဏ်စွမ်းရှိသလောက် အားသွန်ခွန်စိုက်ပြုစုခဲ့ပါသည်။ နောင်သုတေသီတို့ ပြုစုကြမည့်ကျမ်းစာအတွက် အထောက်အကူပြုသည်ဟု ဆိုလျင်ပင် ကျမ်းပြုသူအနေဖြင့် ရှာဖွေ စုဆောင်းဖတ်မှတ်ရေးသားရကျိုးနပ်ပြီဟု ခံယူပါသည်။ကျမ်းစာရေးသားခြင်းကို ယခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရသည့် မိမိအတွက် ကျွမ်းကျင်မှုနည်းပါးသည့်အလျောက် အမှားကား ကင်းနိုင်မည် မဟုတ်ပါ။ အမှားများတွေ့ရှိခဲ့ပါက ပြင်ဆင်ဖြည့်စွက်ကာ နားလည်ဖတ်ရှု ပေးကြပါရန် တောင်းပန် ရင်း အောက်ပါနိဂုံးနှင့်ဆုတောင်းဂါထာတို့ဖြင့် နိဂုံးချုပ်အပ်ပါသတည်း။
နိဂမပတ္ထနာဂါထာ
ဂဝေသီနံ ဟိတတ္ထာယ၊ဂတိနိစ္စပကာသကော။
ရစိတော မေ အယံ ဂန္ထော၊အနာယာသေန နိဋ္ဌိတော။(ပထျာဝတ္တဂါထာ)
ဣမိနာ ပုညကမ္မေန၊ သီဃံ ပပ္ပေါမိ အစ္စုတံ။
ဘ၀ါဘဝေ သံသရန္တော၊ ဘ၀ါမိ တိက္ခပည၀ါ။(တတိယရကာရ၀ိပုလာဂါထာ)
ဂဝေသီနံ၊ ပိဋကတ်တော်လာ သုဂတိရောက်ကြောင်းနည်းလမ်းကောင်း ဗဟုဿုတကို ရှာမှီးလိုသောပုဂ္ဂိုလ်တို့၏။ ဟိတတ္ထာယ၊ အကျိုးစီးပွားအလို့ငှါ။ မေ-မယာ၊ သုန္ဒရသိရီဟု နာမသမုတ် အကျွန်ုပ်သည်။ ရစိတော၊ ရေးသားစီရင်အပ်သော။ ဂတိနိစ္စပကာသကော၊ ဘ၀အာမခံ သုဂတိ ရကြောင်း နည်းလမ်းကောင်းကို ပြပေးတတ်သော။ အယံ ဂန္ထော၊ ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းဟု အမည်ရသည့် ဤကျမ်းစာသည်။ အနာယာသေန၊ ဆင်းရဲ မှုကင်း ပင်ပန်းခြင်းမရှိဘဲ။ နိဋ္ဌိတော၊ပြီးဆုံးခြင်းသို့ ရောက်ပေပြီ။
အဟံ၊ နာမသမုတ် အကျွန်ုပ်သည်။ ဣမိနာ ပုညကမ္မေန၊ပထမမဟာနာမ သုတ်ကို လေ့လာသုံးသပ်ခြင်း အမည်ရသည့်ဤကျမ်းစာကို ရေးသားပြုစုရသောကုသိုလ်ကောင်းမှု ကြောင့်။ အစ္စုတံ၊စုတေရခြင်းမရှိသော မြတ်နိဗ္ဗာန်သို့။ သီဃံ၊ လျင်မြန်စွာ။ ပပ္ပေါမိ၊ ရောက်ရ လိုပါ၏။ဘ၀ါဘဝေ၊ နိဗ္ဗာန်မရောက်ခင်သံသရာတစ်ခွင်၌။ သံသရန္တော၊ မဖြစ်မနေ ကျင်လည်ရ သေးသည်ရှိသော်။ တိက္ခပည၀ါ၊ ထက်မြက်လျင်မြန် ဉာဏ်ပညာပဋိဘာန်နှင့် ပြည့်စုံ သောပုဂ္ဂိုလ်သည်။ ဘ၀ါမိ၊ စင်စစ်မသွေ ဖြစ်လိုပေလှ၏။ ။
ကျမ်းကိုးစာရင်း
ပါဠိတော်ကျမ်းများ
စဉ် ကျမ်းအမည် ပုံနှိပ်တိုက်၊ ခုနှစ်
၁။ ပါရာဇိကပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၂-ခုနှစ်။ ၂။ ပရိဝါပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
၃။ သီလက္ခန္ဓ၀ဂ္ဂပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
၎။ မဟာဝဂ္ဂပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၂-ခုနှစ်၊
၅။ ပါထိက၀ဂ္ဂပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊ ၆။ မူလပဏ္ဏာသပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၈-ခုနှစ်၊
၇။ မဇ္ဈိမပဏ္ဏာသပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၈-ခုနှစ်၊
၈။ ဥပရိပဏ္ဏာသပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၈-ခုနှစ်၊
၉။ သဂါထာဝဂ္ဂ၊နိဒါန၀ဂ္ဂသံယုတ္တပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊
၁၀။ ခန္ဓ၀ဂ္ဂ၊သဠာယတန၀ဂ္ဂသံယုတ္တပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊
၁၁။ မဟာဝဂ္ဂသံယုတ္တပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊
၁၂။ အင်္ဂုတ္တရပါဠိ (ပထမတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၅-ခုနှစ်၊
၁၃။ အင်္ဂုတ္တရပါဠိ (ဒုတိယတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၀-ခုနှစ်၊
၁၄။ အင်္ဂုတ္တရပါဠိ (တတိယတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၇-ခုနှစ်၊
၁၅။ ပဋ္ဌာနပါဠိ (ပထမတွဲ) သိန်းထွန်းအော့ဖ်ဆက်၊ကျောက်
မြောင်း၊ရန်ကုန်။၁၉၉၃။
၁၆။ ဓမ္မသင်္ဂဏီပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ရန်ကုန်။၂၀၀၁။
၁၇။ ၀ိဘင်္ဂပါဠိ ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊
ရန်ကုန်၊၁၉၅၈။
၁၈။ ခုဒ္ဒကပါဌçဓမ္မပဒçဥဒါနçဣတိဝုတ္တကçသုတ္တနိပါတပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
၂၉။ အပဒါနပါဠိ (ဒုတိယတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၇-ခုနှစ်၊
၂၀။ ပဋိသမ္ဘိဒါမဂ္ဂပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၀-ခုနှစ်၊
၂၁။ ဇာတကပါဠိ (ပထမတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊
၂၂။ ဇာတကပါဠိ (ဒုတိယတွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၉-ခုနှစ်၊
၂၃။ မိလိန္ဒပဥှပါဠိ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊၁၉၉၇-ခုနှစ်၊
အဋ္ဌကထာကျမ်းများ
၁။ မဟာဗုဒ္ဓဃောသ၊ ဘဒ္ဒန္တ ပါရာဇိကဏ္ဍအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၀-ခုနှစ်၊
၂။ ။ ပါရာဇိကဏ္ဍအဋ္ဌကထာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ကမ္ဘာအေး၊ ရန်ကုန်၊၁၉၉၅-ခုနှစ်၊
၃။ ။ ပါစိတျာဒိအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ကမ္ဘာအေး၊ ရန်ကုန်၊၁၉၈၆-ခုနှစ်၊
၎။ ။ သီလက္ခ၀ဂ္ဂအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၅။ ။ မဟာဝဂ္ဂအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၃-ခုနှစ်၊
၆။ ။ ပါထိက၀ဂ္ဂအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၃-ခုနှစ်၊
၇။ ။ မူလပဏ္ဏာသအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
(ပထမတွဲ) ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၇-ခုနှစ်၊
၈။ ။ မူလပဏ္ဏာသအဋ္ဌကထာ ။
(ဒုတိယတွဲ)
၉။ ။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉ -ခုနှစ်၊
၁၀။ ။ ဥပရိပဏ္ဏာသအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၇၀-ခုနှစ်၊
၁၁။ ။ သံယုတ္တဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ပထမတွဲ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၇-ခုနှစ်၊
၁၂။ ။ သံယုတ္တဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ဒုတိယတွဲ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၇-ခုနှစ်၊
၁၃။ ။ သံယုတ္တဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ တတိယတွဲ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၇-ခုနှစ်၊
၁၄။ ။ အင်္ဂုတ္တရအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၈-ခုနှစ်၊
၁၅။ ။ အင်္ဂုတ္တရအဋ္ဌကထာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၇၀-ခုနှစ်၊
၁၈။ ။ အင်္ဂုတ္တရအဋ္ဌကထာ(တ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၇၈-ခုနှစ်၊
၁၉။ ။ အဋ္ဌသာလိနီအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
၂၀။ ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာ ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်။၁၉၆၈ခုနှစ်။
၂၁။ ။ ပဉ္စပကရဏအဋ္ဌကထာ သာသနာရေးဦးစီဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ရန်ကုန်။၁၉၉၁။
၂၂။ ။ ခုဒ္ဒကပါဌအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၂၃။ ။ ဓမ္မပဒအဋ္ဌကထာ(ပ-တွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၂-ခုနှစ်၊
၂၄။ ။ ဓမ္မပဒအဋ္ဌကထာ(ဒု-တွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၂-ခုနှစ်၊
၂၅။ အာစရိယဓမ္မပါလ၊ ဘဒန္တ ဥဒါနအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၂၆။ အာစရိယဓမ္မပါလ၊ ဘဒန္တ ဣတိဝုတ္တကအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၂၇။ မဟာဗုဒ္ဓဃောသ၊ ဘဒန္တ သုတ္တနိပါတအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၂၈။ ကေနစိထေရ အပဒါနအဋ္ဌကထာ(ပ-တွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၂၉။ မဟာနာမ၊ ဘဒန္တ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
(ပထမတွဲ) ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၈-ခုနှစ်၊
၃၀။ မဟာဗုဒ္ဓဃောသ၊ ဘဒန္တ ဇာတကအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
၃၁။ ။ ဇာတကအဋ္ဌကထာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၂။ ။ ဇာတကအဋ္ဌကထာ(တ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၃။ ။ ဇာတကအဋ္ဌကထာ(မ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၄။ ။ ဇာတကအဋ္ဌကထာ(သ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၅။ အာစရိယဓမ္မပါလ၊ ဘဒန္တ ထေရဂါထာအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၆။ ။ ထေရဂါထာအဋ္ဌကထာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၇။ အာစရိယဓမ္မပါလ၊ ဘဒန္တ ထေရီအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၅။ ဥပသေန၊ ဘဒန္တ စူဠနိဒ္ဒေသအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၆။ အာစရိယဓမ္မပါလ၊ ဘဒန္တ စာရိယပိဋကအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၉-ခုနှစ်၊
၃၇။ အာစရိယဗုဒ္ဓဒတ္တ၊ ဘဒန္တ ဗုဒ္ဓ၀ံသအဋ္ဌကထာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၅-ခုနှစ်၊
၃၈။ မဟာဗုဒ္ဓဃောသ၊ ဘဒန္တ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၇-ခုနှစ်၊
၃၉။ မဟာဗုဒ္ဓဃောသ၊ ဘဒန္တ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၅၇-ခုနှစ်၊
ဋီကာကျမ်းများ
၁။အာစရိယဓမ္မပါလ၊ ဘဒန္တ မဟာဝဂ္ဂဋီကာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၁၊
၂။ သာရိပုတ္တထေရ၊ ဘဒန္တ သာရတ္ထဒီပနီဋီကာ(တ-တွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၀၊
၃။ အာစရိယဓမ္မပါလ၊ ဘဒန္တ သံယုတ္တဋီကာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၁၊ ၄။ အာစရိယဓမ္မပါလ၊ ဘဒန္တ သံယုတ္တဋီကာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၁၊
၅။သာရိပုတ္တထေရ၊ ဘဒ္ဒန္တ အင်္ဂုတ္တရဋီကာ(တ-တွဲ) ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်၊၁၉၆၁ခု၊
၆။သာရိပုတ္တထေရ၊ ဘဒ္ဒန္တ အင်္ဂုတ္တရဋီကာ(တ-တွဲ) ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်၊၁၉၆၁ခု၊
၇၊ အာစရိယဓမ္မပါလ၊ ဘဒန္တ မူလပဏ္ဏာသဋီကာ(ပ-တွဲ) ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊ ရန်ကုန်၊၁၉၆၁ခု၊
၈။ ဉာဏာဘိဝံသ၊ ဘဒန္တ သီလက္ခန္ဓ၀ဂ္ဂအဘိန၀ဋီကာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
(ပ) ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၁၊
၉။ သုမင်္ဂလသာမိ၊ ဘဒန္တ အဘိဓမ္မတ္ထ၀ိဘာဝိနီဋီကာ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၀၊
၁၀။ အာစရိယဓမ္မပါလ၊ ဘဒန္တ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ(ပ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၀၊
၁၁။ အာစရိယဓမ္မပါလ၊ ဘဒန္တ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာ(ဒု) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၆၀၊
၁၂။ လယ်တီဆရာတော် ပရမတ္ထဒီပနီ ဣစ္ဆာသယပုံနှိပ်တိုက်၊ ၁၃၁၈၊
(သင်္ဂဟမဟာဋီကာ)
အထွေထွေကျမ်းစာများ
၁။ သံဃရက္ခိတမဟာသာမိထေရ၊ အဘိဓာနပ္ပဒီပိကာပါဌ် သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
အရှင်။ ကမ္ဘာအေး၊ ရန်ကုန်၊ ၁၉၉၁-ခုနှစ်၊
၂။ ၀ိစိတ္တသာရာဘိဝံသ၊ အရှင်။ မဟာဗုဒ္ဓ၀င်(ပ-တွဲ၊ ဒု-ပိုင်း) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၄-ခုနှစ်၊
၃။ ၀ိစိတ္တသာရာဘိဝံသ၊ အရှင်။ မဟာဗုဒ္ဓ၀င်(အနု၊ပ၊ပ၊ဆူ၊) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၄-ခုနှစ်၊
၎။ ၀ိစိတ္တသာရာဘိဝံသ၊ အရှင်။ မဟာဗုဒ္ဓ၀င်(အနု၊ပ၊ပ၊ဗူ၊) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၄-ခုနှစ်၊
၅။ မန်လည်ဆရာတော် မဟာသုတကာရီမဃဒေ၀ ဇေယျသုခပုံနှိပ်တိုက်၊ ဒဂုံမြို့သစ်
လင်္ကာသစ် တောင်ပိုင်း၊ ၂၀၀၃-ခုနှစ်၊
၆။ ဇနကာဘိဝံသ၊ အရှင်။ ကိုယ်ကျင့်အဘိဓမ္မာ စွယ်တော်ပုံနှိပ်တိုက်၊ ၂၀၀၄-ခုနှစ်၊
၇။ ဇနကာဘိဝံသ၊ အရှင်။ ရတနာ့ဂုဏ်ရည် စွယ်တော်ပုံနှိပ်တိုက်၊ ၂၀၀၄-ခုနှစ်၊
၈။ ဇနကာဘိဝံသ၊ အရှင်။ သဂြုင်္ိဟ်ဘာသာဋီကာ နယူးဘားမားအော့ဖ်ဆက်ပိဋက
ပုံနှိပ်တိုက်၊ ၂၀၀၂-ခုနှစ်၊
၉။ မြင့်ဆွေ၊ ဦး။ ပါဠိသက်ဝေါဟာရအဘိဓာန် စာပေလောကပုံနှိပ်တိုက်၊၃၃လမ်း
၂၀၀၄-ခုနှစ်
၁၀။ဇနကာဘိဝံသ၊ အရှင်။ ပါစိတ်ဘာသာဋီကာ နယူးဘားမားအော့ဖ်ဆက်ပိဋက ပုံနှိပ်တိုက်၊ ၂၀၀၂-ခုနှစ်၊
၁၁။လယ်တီဆရာတော် လယ်တီဒီပနီပေါင်းချုပ်၊အတွဲ(၁)
၁၂။မဟာစည်ဆရာတော် ၀ိဿနာရှုနည်းကျမ်း(ပ-တွဲ) သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၈-ခုနှစ်၊
၁၃။ဘကြီးတော်ဘုရားခန့်အပ်သူများ မှန်နန်းရာဇ၀င်(ပ-တွဲ) ပြန်ကြားရေးဝန်ကြီးဌာန၊သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း၊
၂၀၀၃ခုနှစ်၊
၁၄။မဟာဝိသုဒ္ဓါရုံဂဏ၀ါစကအဖွဲ့ တိပိဋကပါဠိမြန်မာအဘိဓာန် ဗုဒ္ဓသာသနာ့အဖွဲ့ပုံနှိပ်တိုက်၊၁၉၇၀ခု၊
(အတွဲ၊၇)
၁၅။မဟာဝိသုဒ္ဓါရုံဂဏ၀ါစကအဖွဲ့ တိပိဋကပါဠိမြန်မာအဘိဓာန် သာသရေးဦးစီးဌာနပုံနှိပ်တိုက်၊၁၃၄၀၊
(အတွဲ၊၁၃)
၁၆။ ဖားအောက်တောရဆရာတော် နိဗ္ဗာနဂါမိနီပဋိပဒါ ၁၉၉၈-ခုနှစ်။
၁၇။ မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ) လောကနီတိအဖွင့်ကျမ်း သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်၊
ကမ္ဘာအေး၊ ရန်ကုန်၊ ၂၀၀၁-ခုနှစ်၊
Blog Archive
-
▼
2010
(47)
-
▼
December
(14)
- ခြုံငုံသုံးသပ်ချက်နှင့်ကျမ်းကိုး
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၅)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၄)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၃)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၂)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း အခန်း(၁)
- မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး
- သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်
- သက်ရှည်ကျန်းမာ လေးဂါထာ
- ဗြဟ္ကစိုရ်တရားလေးပါး
- သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
- ဗုဒ္ဓ၏ အဆုံးအမ
- ကြီးပွါးကြောင်းတရား
- No title
-
▼
December
(14)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Thursday, December 23, 2010
ခြုံငုံသုံးသပ်ချက်နှင့်ကျမ်းကိုး
Posted by အလင်းနယ် at 3:19 AM
Labels: ဘွဲ့ယူကျမ်းစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment