အခန်း(၃)
သုတအကြောင်းကိုလေ့လာခြင်း
၃း၁။ သုတအဓိပ္ပါယ်
ပဌမမဟာနာမသုတ်တော်လာ ဘ၀အာမခံချက်ရရှိရေးအတွက် ပြည့်စုံရမည့်တရား(၅)မျိုးတွင်သုံးခု မြောက်ဖြစ်သည့်တရားမှာ သုတနှင့်ပြည့်စုံရေးဖြစ်၏။ သုတဟူသည် အကြားအမြင်များခြင်း၊ အကြားအမြင်ကို ဆောင်ခြင်း၊အကြားအမြင်ကို ဆည်းပူးခြင်း၊ အစ အလယ် အဆုံး သုံးပါးလုံး၌ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံ၍ ထက်ဝန်းကျင်စင်ကြယ်၍ မြတ်သောအကျင့်ကို ဖော်ပြတတ်သည့် တရားတော်များကို များစွာကြားနာ ဖူးခြင်း၊ဆောင်းထားခြင်း၊ နှုတ်ဖြင့်လေ့ကျက်ထားခြင်း၊ စိတ်ဖြင့်မှတ်သားထားခြင်း၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိခြင်းတို့ပင် ဖြစ်သည်။၁
သုတဟူသည် လူသားတို့၏ဘ၀တွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်၏။ ယင်းသုတကို ကြိမ်ဖန်များစွာဆည်းပူးသူကို ဗဟုဿုတရှိသူဟုခေါ်၏။ အကြားအမြင်များသူ ဟုဆိုလို၏။ အကြားအမြင်များ ရုံမျဖြင့်လည်း သုတသည် ဘ၀အား အကျိုးမပြုပေ။မြင်သမျ ကြားသမျကို ဆောင်ယူကျင့်သုံးမှသာ အကျိုး ရှိမည်ဖြစ်၏။ ယင်းသို့သောပုဂ္ဂိုလ်ကို သုတဓရပုဂ္ဂိုလ်ဟုခေါ်၏။ သေတ္တာထဲ၌ လုံခြုံစွာ သိမ်းဆည်း ထားသော ရတနာသည် ကာလကြာမြင့်သော်လည်း မပျက်စီးမပျောက်ပျက်နိုင်သကဲ့သို မြင်သမျ ကြားသမျကိုလည်း စိတ်ဝယ် မပျောက်မပျက်အောင် ထိန်းသိမ်းထားသင့်၏ဟု အဋ္ဌကထာဆရာမိန့်ဆို၏။၂ ဤလောက၌ လူသားတို့သည် ပြဿနာအခက်အခဲ တစ်စုံတရာ ကြုံတွေ့ပါက အတွေ့ အကြုံရင့်ကျက်၍ ဗဟုဿုတနှင့် ပြည့်စုံသူထံချဉ်းကပ်ကြ၏။ ပြဿနာဖြေရှင်းရန် နည်းလမ်းများတောင်းခံကြ၏။ ရရှိလာသောအဖြေဖြင့် ဘ၀ပြဿနာအဖုံဖုံကို ဖြေရှင်းကြ၏။ ထိုအခါ ဘ၀သည် တိုးတက်မှုဆီသို့ဦးတည်၏။ မိမိကိုယ်တိုင် ဗဟုဿုတကို ဆည်းပူး၍ ဖြစ်လာသမျ ပြဿနာအရပ်ရပ်ကို ဖြေရှင်းခြင်းသည်ကား သာလွန်ကောင်းမွန်၏။
လေ့လာဆည်းပူးစရာများသည်ကား ဆိုင်ရာနယ်ပယ်အလိုက်ကျယ်ဝန်းလှ၏။ ဘာသာရေး၊လူမှုရေး၊ စီးပွားရေး၊နိုင်ငံရေးစသည်တို့နှင့်ဆိုင်သည့် အကြောင်းအရာများကား အသီးသီးပင်ရှိကြ၏။ထိုအရေး အားလုံးနှင့်စပ်သည့် ဗဟုဿုတများကို မိမိတို့အစွမ်းရှိသလောက် ဆည်းပူးထားသင့်၏။ သို့သော် ဘာသာရပ်တစ်ခု၌ပင် ကျွမ်းကျင်သူအဆင့်ဖြင့် ရပ်တည်လိုလျင်ကား နှစ်အတန်ကြာ ဆည်းပူးမှသာ ပေါက်မြောက်နိုင်မည်ဖြစ်သည်။ သို့မှသာ မိမိ၏ သုတကိုအမှီပြု၍ ကျွမ်းကျင်မှုကို ဖြစ်စေကာ အသက်မွေး နိုင်၏။ သုတသည် ဤသို့ နေထိုင်မှုဘ၀ပုံစံကိုလည်း မြင့်တင်ပေးနိုင်၏။ ထို့အပြင် ဗဟုဿုတရှိသူသည် သံသရာဝဋ်ဆင်းရဲကိုလည်း လွယ်ကူစွာ ကျော်ဖြတ်နိုင်၏။ သို့ဖြစ်၍ မြတ်စွာဘုရားက သုတကို သူတော် ကောင်း ဥစ္စာဟု ဟောကြားခဲ့၏။ ဗဟုဿုတနှင့် ပြည့်စုံသူအား မင်္ဂလာရှိသူအဖြစ် အမွှန်းတင်ခဲ့၏။
၃း၂။ သုတရှာရန် နည်းလမ်းများ
သုတဟူသော ပါဠိပုဒ်ကို '' အကြားအမြင်'' ဟု မြန်မာဘာသာဖြင့် ဖော်ပြလေ့ရှိကြ၏။ ထိုတွင်
နားဖြင့် ကြားနာသင်ယူမှတ်သားခြင်းဖြင့် ဗဟုဿုတ ရနိုင်စရာဖြစ်၍ 'အကြား' ဟု မြန်မာပြန်ဆိုခြင်းဖြစ်ဟန်
ရှိ၏။ မျက်စိဖြင့် မြင်ရသော အရာများမှ သင်ယူတတ်မြောက်အပ်သည့်အရာဖြစ်သည့်အတွက် ' အမြင်'
ဟု ဘာသာပြန်ဟန်ရှိ၏။
လူသားတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုရေးကိစ္စ၊ လောကီကိစ္စ
အ၀၀တို့နှင့်စပ်လျဉ်း၍ တတ်သိနားလည်သူတို့ထံမှ နည်းခံနာယူမှတ်သားခြင်းဖြင့် အသိပညာဗဟုဿုတ
များကို ရရှိနိုင်၏။ စာအုပ်စာပေ ဖတ်မှတ်လေ့လာခြင်းဖြင့်လည်း အသိပညာဗဟုဿုတများတိုးနိုင်၏။ထိုကြောင် သုတဟူသည် အကြားအမြင်အဖြစ်မှတ်ယူသင့်၏။ မဂ်ဖိုလ်နိဗ္ဗာန်နှင့်စပ်သည့် လောကုတ္တရာ
ကိစ္စတို့၌လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။ တတ်သိနားလည်သည့် သူတော်ကောင်းတို့ထံမှ နာယူ မှတ်သား ကျင့်ကြံခြင်း၊ ပိဋကတ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အသိဥာဏ်ကြွယ်ဝလာ၏။ ထိုအသိ ဥာဏ်အပေါ် အမှီပြု၍ သံသရာလွတ်မြောက်ရေးကို ကြိုးပမ်းအားထုတ်နိုင်၏။ ဤသည်မှာ မြင်ခြင်း၊ ကြား
ခြင်းမှတဆင့် သုတကို ဆည်းပူးသင့်ပုံဖြစ်၏။
ထိုကြောင့် လူသားတို့အနေဖြင့် မိမိတို့၏ မျက်စိ၊နားတို့မှ တဆင့်ဝင်ရောက်လာသည့် မှတ်သား
စရာ အချက်အလက်များကို မပေါ့မဆ သိမ်းဆည်းထားသင့်လှ၏။ အမှတ်မထားဘဲ အမှုမဲ့ အမှတ်မဲ့နေလျင်
ကား 'သတိမမူ ဂူမမြင်' ဟူသကဲ့သို့ အသိပညာသည် တိုးမလာနိုင်ပေ။ အမှတ်ထားပြီး၍ ဂရုတစိုက် ထိန်း သိမ်း စောင့်ရှောက်မှုမရှိလျင်ကား ထိုသုတသည် ကြာရှည်စွာမတည်၊ လျင်မြန်စွာ ပျောက်ပျက်သွားမည် ဖြစ်၏။ ထိုအခါ ထိုသူသည် သုတမရှိသောကြောင့် အရာရာတွင် အောက်ကျနောက်ကျဖြစ်ရ၏။
၃း၃။ ဗဟုဿုတ(၂)မျိုး
ဗဟုဿုတသည် (၂)မျိုးရှိကြောင်း သုတ္တနိပါတ်အဋ္ဌကထာ၌ မိန့်၏။ ယင်းတို့မှာ-
၁။ ပရိယတ္တိဗဟုဿုတ
၂။ ပဋိဝေဒဗဟုဿုတ၁ ဟူ၍ ဖြစ်၏။
ထိုတွင် ပရိယတ္တိဗဟုဿုတဟူသည် ပိဋကတ်သုံးပုံတို့၌ နှံ့စပ်ကျွမ်းကျင်မှုကို ခေါ်ဆိုခြင်းဖြစ်၏။ ပဋိဝေဒဗဟုဿုတဟူသည် မဂ်ဖိုလ် ၀ိဇ္ဇာ အဘိညာဉ် သစ္စာတို့၌ ထိုးထွင်းသိမြင်ခြင်းပင်ဖြစ်၏။ ဤကဲ့သို့ သော ဗဟုဿုတရှိသူမျိုးကိုသာ ပိဋကတ်စာပေ၌ ဗဟုဿုတရှိသူအဖြစ် သတ်မှတ်၏။ အထက်ဖေါ်ပြပါ
ဗဟုဿုတရှိသူမျိုးကို မှီဝဲသင့်ကြောင်း သုတ္တနိပါတ်ပါဠိတော်၌မိန့်၏။၂
၃း၃း၁။ ပရိယတ္တိဗဟုဿုတ(၄)မျိုး
အထက်ပါ ဗဟုဿုတ(၂)မျိုးတွင် ပရိယတ္တိဗဟုဿုတသည်
၁။ နိဿယမုစ္စနကဗဟုဿုတ၊
၂။ ပရိသုပဋ္ဌာကဗဟုဿုတ၊
၃။ ဘိက္ခုနောဝါဒကဗဟုဿတ၊
၎။ သဗ္ဗတ္ထကဗဟုဿုတ ဟူ၍ လေးမျိုးကွဲပြား၏။
ထိုပုဂ္ဂိုလ်လေးမျိုးတွင် နိဿယမုစ္စက=နိဿယည်းမှလွတ်သောဗဟုဿုတပုဂ္ဂိုလ်ဟူသည် ၀ါတော်
အားဖြင့် ၅ ၀ါရှိသည်ဖြစ်၍ ဘိက္ခု၊ဘိက္ခုနီဟူသော ပါတိမောက်နှစ်စောင်ကို ကြေညက်စွာလေ့လာထား
ပြီး နှုတ်တက်အာဂုံဆောင်ထားနိုင်ခြင်း၊ လဆန်းပက္ခ လဆုတ်ပက္ခနေ့တို့၌ တရားဟောခြင်းအကျိုးငှါ သုတ္တန်
မှ လေးဘာဏ၀ါရကိုလည်းကောင်း၊ ရောက်လာသောပရိသတ်တို့အား စပ်ရာစပ်ရာဟောခြင်းအကျိုးငှါအန္ဓ
က၀ိန္ဒသုတ်၊ မဟာရာဟုလောဝါဒသုတ်၊ အမ္ဗဋ္ဌသုတ်တို့နှင့် အလားတူသည့် တစ်ခုသော စကားအစဉ်ကို လည်းကောင်း၊ သံဃာ့ဘတ်၊ မင်္ဂလာ အမင်္ဂလာတို့၌(ဆွမ်းကျွေးကိစ္စ ဒုမင်္ဂလသုမင်္ဂလ ကိစ္စတို့၌) ဆွမ်းတရား စသည်ဟောဖို့ရာ သုံးပုဒ်ကုန်သော အနုမောဒနာတို့ကိုလည်းကောင်း၊ ဥပုသ် ပ၀ါရဏာ အစရှိသော ကိစ္စတို့ကို သိခြင်းအကျိုးငှါ ကံငယ်ကံကြီး အဆုံးအဖြတ်တို့ကိုလည်းကောင်း၊ ရဟန်းတရားကို ပြုခြင်း အကျိုးငှါ သမာဓိနှင့် စပ်သဖြင့်သော်လည်းကောင်း၊ ၀ိပဿနာနှင့် စပ်သဖြင့်သော်လည်းကောင်း၊ အရ ဟတ္တဖိုလ် အဆုံးရှိသောကမ္မဋ္ဌာန်းတစ်မျိုးမျိုးကိုသော်လည်းကောင်း သင်တတ်မြောက်ထားပြီးခြင်းဟူသည့် သုတနှင့်ပြည့်စုံသူကို ခေါ်ဆိုခြင်းဖြစ်၏။ ဤမျလောက်သော သုတရှိသည့်ရဟန်းသည် မည်သည့်အရပ်၌မဆို နိဿယည်းဆရာမရှိဘဲ နေနိုင်၏။၁
ထိုဗဟုဿုတပုဂ္ဂိုလ်မျိုးနှင့်စပ်၍ မှတ်မိလွယ်စေရန် ဘာသာဋီကာဆရာတော်က '' ၅၀ါပြည့်ဘိ၊ ဒွေမာတိကာ၊ သုတ်၎ဘာဏ၀ါရ၊ အမ္ဗဋ္ဌဟု၊ ၀တ္ထုစကား၊ တရားသုံးပုဒ်၊ အားထုတ်ဖို့ရာ၊ ဘာဝနာနှင့်၊ ကမ္မာကမ္မ၊ ခုနစ်ဝ၊ နိဿယမုစ္စက ဗဟုဿုတတည်း။ ''၂ဟု လင်္ကာစပ်ဆိုခဲ့၏။
ပရိသုပဋ္ဌာပက-ပရိသတ်ကို ပြုစုလုပ်ကျွေးစေနိုင်သော (ပရိသတ်၏ပြုစုလုပ်ကျွေးမှုကိုခံနိုင်သော) ဗဟုဿုတပုဂ္ဂိုလ်ဟူသည် ရဟန်းဝါ ၁၀ ၀ါရှိခြင်း၊ ဘိက္ခု ဘက္ခုနီဝိဘင်းနှစ်စောင်ကို အကျယ်ဝေဖန်သိမြင် ခြင်း နှုတ်တက်ရခြင်း ၀ိဘင်းနှစ်စောင်ကိုနှုတ်တက်မရသော်လည်း ယခုခေတ်၌ စာအုပ်ကြည့်၍နားလည် အောင် ပို့ချနိုင်ခြင်း ၀ိဘင်းနှစ်ပါးကို နှုတ်တက်ဆောင်ထားခြင်းငှာ မစွမ်းနိုင်သောရဟန်းသည် ရဟန်း သုံးပါးတို့အတူတွဲ၍စာပြန်နိုင်ခြင်း၊ ကံကြီးကံငယ်ကိုလည်းကောင်း ခန္ဓက၌လာသော ကျင့်ဝတ် ကိုလည်းကောင်း သင်ယူထားခြင်း၊ ပရိသတ်တို့အား ရုပ်နာမ်ဓမ္မတို့နှင့်စပ်၍ သွန်သင်ဆုံးမနိုင်ခြင်းအကျိုး ငှာ မဇ္ဈိမနိကယ်ဆောင်ရဟန်းသည် မူလပဏ္ဏာသကို ဆောင်ထားရခြင်း၊ ဒီဃနိကယ်ဆောင်ရဟန်းသည် သုတ်မဟာဝါကို ဆောင်ထားရခြင်း သံယုတ်ဆောင်ရဟန်းသည် သဂါထာဝဂ္ဂ၊ နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂဟူသည့် နှစ်ဝဂ်သုံးဝဂ်နှင့် မဟာဝဂ္ဂတို့ကိုဆောင်ထားရခြင်း အင်္ဂုတ္ထိုရ်ဆောင်ရဟန်းသည် ထက်ဝက်သောနိကာယ်ကို ဆောင်ထားရခြင်း နိကာယ်တစ်ဝက်ကို မဆောင်နိုင်စွမ်းသောရဟန်းသည် ဧကက၊ ဒုက၊ တိကနိပါတ်တို့ကို ဆောင်ထားရခြင်းဟူသည့် အင်္ဂါတို့နှင့် ရဟန်းမျိုးကိုခေါ်ဆိုခြင်းဖြစ်၏။၃ အထက်ပါ ပရိသတ်၏ ပြုစုလုပ်ကျွေးမှုကိုခံနိုင်သော ဗဟုဿုတပုဂ္ဂိုလ်မျိုးဟူသည် ယခုအခါ၌ ကျောင်းထိုင်ဘုန်းကြီးအင်္ဂါငါးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်မျိုးကို ခေါ်ဆိုခြင်းဖြစ်၏။ ကျောင်းထိုင်ဘုန်းကြီး၏ အင်္ဂါရပ်များမှတ်မိလွယ်စေရန် ဘာသာဋီကာဆရာတော်က '' ဆယ်ဝါပြည့်တင်း၊ ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောပြနိုင်၊ ကျောင်းထိုင်ငါးအင်္ဂါ။''၁ဟု လင်္ကာစပ်ဆိုတော်မူခဲ့၏။
အထက်ပါအင်္ဂါရပ်များတွင်ပါဝင်သည့် ရုပ်နှင့်နာမ်တရားကို ပိုင်ပိုင်နိုင်နိုင်ဟောပြနိုင်ရန် ဘာဏက ပုဂ္ဂိုလ်များ ဆောင်ထားရမည့် ကျမ်းဂန်သတ်မှတ်ချက်နှင့်စပ်၍ မဟာပစ္စရိအဋ္ဌကထာနှင့် ကုရုန္ဒီအဋ္ဌကထာ တို့၌ အဆိုကွဲပြားကြ၏။ ထိုအဆိုတို့သည် စိတ်ဝင်စားဖွယ်ကောင်းလှ၍ တင်ပြလိုပေသေး၏။
ဝါဒန္တရတစ်ပါးဖြစ်သည့် မဟာပစ္စရိအဋ္ဌကထာ၌ တစ်ခုသောနိပါတ်ကို (အင်္ဂုတ္ထိုရ်မှ တစ်ခုသော နိပါတ်ကို) သင်ယူသောရဟန်းသည် စတုက္ကနိပါတ်ကိုသော်လည်းကောင်း၊ ပဉ္စကနိပါတ်ကိုသော်လည်း ကောင်း သင်ယူသင့်၏ဟု ဆို၏။ ဇာတ်ကိုဆောင်သောရဟန်းသည် ဇာတ်တော်ကိုအဋ္ဌကထာနှင့်တကွ သင်ယူသင့်၏။ အဋ္ဌကထာနှင့်တကွဖြစ်သောဇာတ်မှ အတွင်း၌လျော့၍ မသင်ယူသင့်။ ဓမ္မပဒကိုလည်း ၀တ္ထုအကြောင်းအရာနှင့်တကွ သင်ယူသင့်၏။ ဟု မဟာပစ္စရိအဋ္ဌကထာဆို၏။
ထိုထိုသုတ္တန်မှ မူလပဏ္ဏာသမျလောက်သော ပမာဏကို စုပေါင်း၍ မသင်ယူသင့်ဟု ပယ်မြစ်၏။ ရဟန်းတစ်ပါးသည် ၀ိနည်းပိဋကနှင့် အဘိဓမ္မပိဋကတို့ကို အဋ္ဌကထာနှင့်တကွ ကြေညက်စွာလေ့လာပြီးဖြစ် သော်လည်း သုတ္တန္တပိဋက၌ကားဆိုအပ်ပြီးသည့် ပမာဏရှိသည့်ကျမ်းစာတို့ကို မလေ့လာထားအံ့။ သုတ္တန္တပိဋကမှလည်းကောင်း၊ ၀ိနည်းပိဋကမှလည်းကောင်းအထက်ဆိုအပ်ပြီးသည့် ပမာဏရှိသည့် ကျမ်းစာတို့ကို လေ့လာသင်ယူထားမှသာ ပရိသတ်၏ပြုစုလုပ်ကျွေးမှုကို ခံယူနိုင်သည့် ဗဟုဿုတရဟန်း မျိုးဖြစ်၏ဟု ကုရုန္ဒီအဋ္ဌကထာကဆုံးဖြတ်၏။၂ ဆိုလိုရင်းမှာ အဘိဓမ္မပိဋကကို မသင်ယူထားသော ရဟန်းပင် ဖြစ်စေကာမူ သုတ္တန်နှင့်ဝိနည်းမှ အထက်၌ဆိုအပ်ခဲ့သည့် သုတ်တော်တို့ကို လေ့လာထားလျင် နာမ်နှင့်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် ဟောပြနိုင်စွမ်းရှိ၏ဟူ၍ ဖြစ်၏။
တဖန် ပရိယတ္တိဗဟုဿုတ ၄ ပါးတွင်ပါဝင်သည့် တတိယဗဟုဿုတအမျိုးအစားဖြစ်သော ဘိက္ခု နောဝါဒက- ဘိက္ခုနီတို့ကို ဆုံးမတတ်သောဗဟုဿုတရှိသည့်ရဟန်းဟူသည် ပိဋကသုံးပုံတို့ကို အဋ္ဌကထာ နှင့်တကွ မသင်ယူနိုင်သောရဟန်းဖြစ်လျင် နိကာယ်လေးရပ်တို့တွင် နိကာယ်တစ်ခုကို အဋ္ဌကထာနှင့်တကွ ကြေညက်စွာလေ့လာထာ့းရခြင်းဟူသည့် အင်္ဂါတို့နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်မျိုးကို ခေါ်ဆို၏။၃
ထို့အပြင် နိကာယ်အားလုံးကိုအဆောင်နိုင်လျင် နိကာယ်တစ်ရပ်ရပ်ကိုဆောင်ယူခြင်းဖြင့် ကျန် နိကာယ်တို့၌လည်း တတ်သိနားလည်လာကြောင်း ပါစိတျာဒိအဋ္ဌကထာက ဤသို့ မိန့်ဆို၏။
(နိကာယ်တစ်ပါးပါးကိုဆောင်ထားသောသူသည်)တစ်ပါးသောနိကာယ်ဖြင့် ကြွင်းသော နိကာယ်တို့၌ ပြဿနာကို ဖြေဆိုခြင်းငှါ စွမ်းနိုင်ပါလိမ့်မည်။ အဘိဓမ္မာ ၇ ကျမ်းတို့တွင် လေးကျမ်းကို အဋ္ဌကထာနှင့်တကွ လေ့လာထားသူသည် ထိုအဋ္ဌကထာလေးကျမ်းတို့၌ ရအပ်သောနည်းဖြင့် ကြွင်းသောကျမ်းတို့၌ ပြဿနာကို ဖြေဆိုနိုင်ပါလိမ့်မည်။ သို့သော် ၀ိနယပိဋကသည်ကား အမျိုးမျိုးသောအနက်အဓိပ္ပါယ် အမျိုးမျိုးသော အကြောင်းဝတ္ထုရှိသောကြောင့် ပိဋကတစ်ခုလုံးကို အဋ္ဌကထာနှင့်တကွ အ၀ါးဝစွာ လေ့လာသင့်၏။ ဤသို့သော ဘိက္ခုနောဝါဒကမျိုးသာ ဗဟုဿုတရှိသူဖြစ်၏။၁
ပရိယတ္တိဗဟုဿုတ ၄ မျိုးတွင် စတုတ္ထအမျိုးအစားဖြစ်သည့် သဗ္ဗတ္ထကဗဟုဿုတ-အရာရာ တတ်သိ သူဟူသည် အရှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုခေါ်ဆိုခြင်းဖြစ်၏။၂ ထိုပုဂ္ဂိုလ်မျိုးကား အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကဲ့သို့ ပိုင်းခြားသတ်မှတ်၍ တစိတ်တဒေသမျသာ အကြားအမြင်ရှိသူမျိုးမဟုတ်ဘဲ ပိဋကသုံးပုံကို ကျွမ်းကျင်စွာတတ်မြောက်သည့် အကြားအမြင်ဗဟုဿုတရှိသူမျိုးဖြစ်၏။ အရှင်အာနန္ဒာကား မြတ်စွာ ဘုရား၏ စကားတော်များကို သင်ယူနာကြားရာ၌ ဘဏ္ဍာဂါရိကပရိယတ္တိပုဂ္ဂိုလ်အဖြစ်ဖြင့် ဤသာသနာ၌ ဗဟုဿုတအရာဝယ် ဧတဒဂ်ရခဲ့သူဖြစ်၏။၃ ထိုပုဂ္ဂိုလ်မျိုးသည်သာ သဗ္ဗတ္ထက ဗဟုဿုတရှိသူမျိုးဖြစ်နိုင်၏။
၃း၎။ လောကုတ္တရာနယ်မှ ဗဟုဿုတပုဂ္ဂိုလ်
ဤလောက၌ သင်ယူမှတ်သားစရာတို့သည် များပြားစွာပင်ရှိ၏။ သို့သော် ဤသာသနာတော်က သတ်မှတ်ထားသောဗဟုဿုတပုဂ္ဂိုလ်မျိုးကား လောကီပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ထားသူမျိုး မဟုတ်ပေ။ ဗဟုဿုတပုဂ္ဂိုလ်ဟူသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း အင်္ဂုတ္တရနိကာယ်၌ မြတ်စွာဘုရား ရှင်က အတိအလင်းမိန့်ဆိုထား၏။
အခါတပါး၌ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားရှင်အထံတော်သို့ ချဉ်းကပ်၍ ''အရှင်ဘုရား အဘယ်မျသော အတိုင်းအရှည်ဖြင့် များသောအကြားအမြင်ရှိသူ၊ တရားကို ဆောင်သူဖြစ်ပါသနည်း'' ဟု မေးလျောက်၏။ ထိုအခါ မြတ်စွာဘုရားက '' ရဟန်း ငါဘုရားသည် သုတ်၊ ဂေယျ၊ ဝေယျာကရိုဏ်း၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတဓမ္မ၊ ဝေဒလ္လဟုဆိုအပ်သော များစွာသောတရားတို့ကို ဟောအပ်ကုန်၏။ ရဟန်း၊ လေးပိုဒ်ရှိသောဂါထာ၏ ပါဠိအနက်ကိုသိ၍ လောကုတ္တရာတရားကိုးပါးအား လျော်သောအကျင့်ကို ကျင့်သူကို များသောအကြားအမြင်ရှိသူ၊ တရားကိုဆောင်သူ' ဟု ဆိုထိုက်၏ဟု မိန့်တော်မူ၏။၎
ဤဒေသနာတော်ကိုရှုပါက ဗုဒ္ဓဘာသာတွင်သတ်မှတ်ထားသော ဗဟုဿုတရှိသည့်ပုဂ္ဂိုလ်မျိုးဟူ သည် အတတ်ပညာ၊ အသိပညာတို့ကို တတ်မြောက်သိရှိရုံသာမက ထိုတတ်မြောက်ထားသည့် အသိတရား အပေါ်အခြေခံ၍ လက်တွေ့အသုံးချမှုရှိသူမျိုးကိုသာ ဗဟုဿုတရှိသူဟု ဆိုထိုက်ကြောင်းထင်ရှား၏။ တတ်မြောက်သိရှိရမည့် အတတ်ပညာတို့ကား အထက်၌ ဆိုခဲ့သည့် သုတ်၊ ဂေယျစသည့် ကျမ်းစာတို့ပင်ဖြစ် ၏။ သို့သော် ဤဒေသနာကို မြတ်စွာဘုရားဟောကြားခဲ့ရာ၌ လောကမှထွက်မြောက်ရန် ကြိုးစားနေကြသည့် လောကုတ္တရာသားတို့အဖို့ ရည်ရွယ်တော်မူလိုဟန်ရှိ၏။ အဘယ်ကြောင့်ဆိုသော် မင်္ဂလာတရားတော်များ တွင် သမ္မာအာဇီဝကျသည့် အတတ်ပညာများကို ကျွမ်းကျင်စွာတတ်မြောက်မှုသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း ဟောကြားခဲ့မှုကြောင့်ဖြစ်၏။
လောကုတ္တရာသားတို့အဖို့ကား သုတ်၊ဂေယျစသည့် ကျမ်းဂန်များကို လေ့လာကျက်မှတ်၍ လိုက်နာ ကျင့်ကြံရမည်ဖြစ်၏။ လိုက်နာကျင့်ကြံရာ၌လည်း သုတရှိရုံဖြင့်မရပေ။ သီလကိုအဦးထား၍ (လက်ကိုင် ထား၍) ကျင့်ကြံမှသာ အောင်မြင်ပြီးစီးမည်ဖြစ်ကြောင်း အဋ္ဌကထာ၌မိန့်၏။၅ သို့ဖြစ်၍ သီလကို လက်ကိုင်ထား၍ ဗဟုဿုတကို အသုံးချမှ အောင်မြင်နိုင်ကြောင်းကို နောက်မှ တင်ပြပါမည်။ ယခုအခါ၌ကား အထက်၌ဆိုခဲ့သည့် လောကုတ္တရာသားတို့ လေ့လာလိုက်နာသင့်သော သုတ္တ၊ ဂေယျစသည်တို့၏ အဓိပ္ပါယ်ကိုတင်ပြပါဦးမည်။
၃း၎း၁။ သုတ္တ၊ဂေယျ၊ဝေယျာကရဏစသည်တို့၏ အဓိပ္ပါယ်
အထက်၌ ဗဟုဿုတပုဂ္ဂိုလ်ဟု အမည်တပ်နိုင်သည့် လောကုတ္တရာသားများလေ့လာကျက်မှတ်ရမည့် သုတ္တ၊ ဂေယျ စသည့် အင်္ဂါ(၉)ပါးတို့စပ်၍ အ>မတ်မျဖော်ပြခဲ့၏။ ဤနေရာ၌ကား ထိုသုတ္တစသည်တို့၏ အကျယ်ကို ထိုထိုအဋ္ဌကထာတို့မှ ထုတ်နှုတ်၍ အကျယ်တင်ပြပါမည်။
ထိုအင်္ဂါ(၉)ပါးတို့တွင်
၁။ သုတ္တဟူသည်-
(က)ဥဘတောဝိဘင်း(ပါရာဇိကဏ်နှင့်ပါစိတ်)၊ စူဠ၀ါခန္ဓက၊မဟာဝါခန္ဓက၊ ပရိဝါဟူသည့် ၀ိနည်း ငါးကျမ်း၊
(ခ)သုတ္တနိပါတ်၌လာသည့် မင်္ဂလသုတ်၊ ရတနသုတ်၊ နာလကသုတ်၊ တုဝဋ္ဋကသုတ်၊
(ဂ)ထိုကျမ်းတို့နှင့် အခြားဘုရားဟောသုတ်များကို ခေါ်ဆိုခြင်းဖြစ်၏။
၂။ဂေယျဟူသည်-
(က)ဂါထာနှင့်တကွဖြစ်သည့်သုတ်အားလုံး
(ခ)အထူးအားဖြင့် သံယုတ္တနိကာယ်၌ပါဝင်သည့် သဂါထာဝဂ်တို့ကို ခေါ်ဆိုခြင်းဖြစ်၏။
၃။ဝေယျာကရဏဟူသည်-
(က)အဘိဓမ္မပါဋက (အဘိဓမ္မာ ၇ ကျမ်း)
(ခ)ဂါထာမပါသည့်သုတ်
(ဂ)အင်္ဂါရှစ်ပါးတို့ဖြင့် အရေတွက်အပ်သည့် ဘုရားစကားတော်များတို့ကို ခေါ်ဆိုခြင်းဖြစ်၏။
၎။ ဂါထာဟူသည်-
(က)ဓမ္မပဒ
(ခ)ထေရဂါထာ
(ဂ)ထေရီဂါထာ
(ဃ)သုတ္တနိပါတ်၌ပါသည့် သုတ်အမည်မရသော ဂါထာသက်သက်တို့ကိုခေါ်ဆိုခြင်းဖြစ်၏။
၅။ဥဒါနဟူသည် ၀မ်းမြောက်ကြည်နူ ရင်ကျူးတော်မူအပ်သော ဂါထာ ၈၂ ပါး ပါဝင်သည့် ဥဒါန်းကို ခေါ်ဆိုခြင်းဖြစ်၏။
၆။ဣတိဝုတ်ဟူသည် ဤသည့်တရားကို ဘုရားမြတ်စွာသည် ဟောကြားအပ်ပါ၏ဟု ခုဇ္ဇုတ္တရာ သည် သာမာဝတီအမှုးပြုသည့် မောင်းမှုငါးရာတို့အား ñွှန်ပြခဲ့သည့် ၁၁၀ သုတ်ပါသော ဣတိဝုတ်ကို ခေါ်ဆိုခြင်း ဖြစ်၏။
၇။ ဇာတကဟူသည် ငါးရာငါးဆယ်သောဇာတ်တော်တို့ကို ခေါ်ဆိုခြင်းဖြစ်၏။
၈။ အဗ္ဘုတဓမ္မဟူသည် အံ့ဖွယ်ချီးကျူး မဖြစ်ဘူးမြဲ ထူးကဲဖြစ်ပေါ်ဟောကြားတော်မူအပ်သော သုတ္တန်တို့ကို ခေါ်ဆိုခြင်းဖြစ်၏။
၉။ ဝေဒလ္လဟူသည်-
(က)စူဠဝေဒလ္လသုတ်၊
(ခ)မဟာဝေဒလ္လသုတ်
(ဂ)သမ္မာဒိဋ္ဌိသုတ်
(ဃ)သက္ကပဥှသုတ်
(င)သင်္ခါရဘာဇနိယသုတ်
(စ)မဟာပုဏ္ဏမသုတ် အစရှိသည့် ပညာဟူသော ဝေဒ၊ နှစ်သက်ခြင်းတုဋ္ဌိ ရရှိသောအခါတိုင်း မေးကြားဟောပြတော်မူအပ်သော သုတ္တန်တို့ကို ခေါ်ဆိုခြင်းဖြစ်၏။၁
အထက်ပါကျမ်းစာတို့တွင် ဘုရာဟောတစ်ဂါထာမျကိုပင် ကြေညက်စွာသိနားလည်၍ လောကုတ္တ ရာတရား ၉ ပါးအားလျော်စွာ လိုက်နာကျင့်ကြံသူကိုပင် ဗဟုဿုတပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်၏။၂ ကျမ်းဂန်ကို များပြားစွာသင်ယူ၍ လိုက်နာကျင့်ကြံလျင်ကား သာ၍ကောင်းမွန်၏။ ဤနေရာ ၌ ဗဟုဿုတပုဂ္ဂိုလ်၏ အရည်အချင်းကို သတ်မှတ်ရာ၌ များစွာသိမြင်မှုကို အလေးမပေးဘဲ လိုက်နာကျင်ကြံအားထုတ်မှုကို အလေးထားသည်ကိုတွေ့မြင်ရမည်ဖြစ်၏။ ဤသည့်သဘောကို ဓမ္မပဒအဋ္ဌကထာ၌ လာသည့် အောက်ပါ ၀တ္ထုများက သက်သေထူလျက်ရှိ၏။
၃း၎း၂။ ဗဟုဿုတရှိသော်လည်း ပျက်စီးရသည့်ကပိလရဟန်း
ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး အတိတ်တစ်ချိန်၌ သာဂတနှင့် ကပိလအမည်ရှိသည့် ညီအစ်ကို နှစ်ယောက်သည် ရဟန်းပြုကြ၏။ ထိုသူတို့၏ အမိဖြစ်သည့်သာဓိနီနှင့် နှမဖြစ်သည့်တာပနာတို့သည်လည်း ဘိက္ခုနီပြုကြ၏။ ညီအစ်ကိုနှစ်ယောက်တို့တွင် အကြီးဖြစ်သည့် သာဂတသည် ၅ ၀ါပတ်လုံး ဆရာတို့ထံ၌ နည်းခံ၍ တောသို့ဝင်၍ တရားအားထုတ်လတ်သော် ရဟန္တာဖြစ်လေ၏။
ညီအငယ်ဖြစ်သည့် ကပိလရဟန်းကား 'အသက်ကြီးသောအခါမှ တရားအားထုတ်မည်။ ငယ်ရွယ်စဉ် ယခုအခါ၌ စာပေသင်ကြားမည်' ဟုကြံ၍ စာပေကိုသင်ကြားရာ ပိဋကသုံးပုံကို ဆောင်နိုင်လေ၏။ ကပိလရဟန်းကား ဗဟုဿုတပုဂ္ဂိုလ်ဖြစ်လာလေပြီ။ သို့သော် ထိုဗဟုဿုတကို အမှီပြု၍ အခြံအရံ အသင်းအပင်း များလာ၏။ လာဘ်လာဘပေါများလာ၏။ အခြံအရံများ လာဘ်လာဘပေါလာသည် နှင့် ပုထုဇဉ်လူသားတို့၏ သဘာဝအတိုင်း မာန်တက်လာ၏။ ငါနှင့်ငါသာ နှိုင်းစရာဟု အထင်တလုံးရောက် လာ၏။ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်သူတို့၏ သဘာဝအတိုင်း သူတပါးအပေါ် အထင်အမြင်သေးလာ၏။ ၀ိနည်းတော်များ၌ မအပ်စပ်သည်ကို အပ်စပ်၏ဟုပြောလာ၏။ အပ်စပ်သည်ကိုလည်း မအပ်စပ်ဟု ပြောလာ၏။ အပြစ်ရှိသည်ကို အပြစ်မရှိ၊ အပြစ်ရှိသည်ကို အပြစ်မရှိဟု ဆုံးဖြတ်တတ်၏။ သီတင်းသုံးဖော် တို့က ဓမ္မ၊၀ိနယကို ပြ၍ ထိုသို့မလုပ်ဖို့ရန် တားမြစ်ပါသော်လည်း' အချည်းနှီးသောလက်နှင့်တူသည့် သင်တို့ သည် ဘာကိုမျမသိ' ဟု တုန့်ပြန်ခဲ့၏။ သွေးသားရင်းဖြစ်သည့် အစ်ကိုရဟန္တာက ဆုံးမပါသော်လည်း မနာယူတော့။ အစ်ကိုမထေရ်ပင် လက်လျော့လိုက်ရ၏။
ဤကဲ့သို့ လမ်းမှားလိုက်လျက်နေစဉ် ဥပုသ်နေ့တစ်နေ့တွင် မိမိအား စကားအပြန်အလှန်မပြော သည့်(အဖတ်မတန်လုပ်နေသည့်) ရဟန်းတို့အား '' ငါ့ရှင်တို့ သုတ်အ ဘိဓမ္မာ ၀ိနည်းဟူသည်မှာ မရှိ၊ ပါတိမောက် ရွတ်သည်ဖြစ်စေ၊ မရွတ်သည်ဖြစ်စေ အဘယ်အကျိုးရှိအံ့နည်း''ဟု ပြောပြီး ကဿပဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီးလေ၏။ အစ်ကိုရဟန္တာမထေရ်သည်လည်း ထိုနေ့၌ပင် ပရိနိဗ္ဗာန်ပြုလေ၏။ ကပိလရဟန်းသည် သေဆုံးပြီးနောက် အ၀ီစိငရဲ၌ ဖြစ်လေ၏။ သူ၏မိခင်နှင့်နှမတို့သည်လည်း ကပိလ ရဟန်းအားကိုးဖြင့် ရဟန်းကောင်းတို့အပေါ်ဆဲရေးမှုဖြင့် အ၀ီစိငရဲ၌ပင် ဖြစ်လေ၏။
ကပိလရဟန်းသည် တစ်ဆူသောဘုရားရှင်အကြားကာလပတ်လုံးငရဲ၌ဖြစ်၍ ထိုအကုသိုလ်အကျိုး အကြွင်းဖြင့် ဂေါတမဘုရားရှင်လက်ထက်တော်အခါဝယ် အစီရ၀တီမြစ်၌ ရွှေအဆင်းကဲ့သို့ ကိုယ်ရေအဆင်း ရှိသော ခံတွင်းမှအပုပ်နံ့ထွက်သည့်ငါး ဖြစ်လေ၏။၁
ဤ၀တ္ထုကိုရှုပါက ဗဟုဿုတရှိရုံသက်သက်ဖြင့် ဘ၀အာမခံချက်မရှိသည်မှာ ထင်ရှား၏။ ဗဟုဿုတရှိမှုဟူသော အကြောင်းကြောင့် ကပိလရဟန်းအား ငါးဖြစ်သောအခါ၌ ရွှေရောင်အဆင်းရှိခြင်း ဟူသည့် အသေးစားအကျိုးတရားမျသာ ရရှိခဲ့၏။ အကျင့်တရားနှင့်သာ ပေါင်းစပ်ပါက ကပိလရဟန်း၏ ဗဟုဿုတသည် တန်ဖိုးတက်နိုင်ပါ၏။ အဆုံးစွန်သောချမ်းသာဖြစ်သည့် နိဗ္ဗာန်ကိုပင်ပေးစွမ်းနိုင်၏။ သို့သော် ကပိလရဟန်း၏ဗဟုဿုတသည် အကျင့်တရားနှင့်မပေါင်းစပ်ခဲ့မိသောကြောင့် အသုံးမကျဖြစ်ခဲ့ရ၏။ အမှန်တကယ်မှာ သူသည် သံသရာဝဋ်မှလွတ်မြောက်ရန် အသုံးချနိုင်သည့် ဗဟုဿုတမျိုး ပိုင်ဆိုင်ခဲ့သူဖြစ်၏။
၃း၎း၃အသုံးချ၍ အသုံးကျခဲ့သူပေါဋ္ဌိလမထေရ်
အရှင်ပေါဋ္ဌိလမထေရ်သည် ဘုရားခုနစ်ဆူတို့၏ သာသနာ၌ ပိဋကသုံးပုံဆောင်သည့်မထေရ်ဖြစ် ခဲ့ပြီး ရဟန်းငါးရာတို့အား စာပေပို့ချသည့် စာချအကျော်လည်း ဖြစ်၏။ သို့သော် မိမိတတ်မြောက်သိရှိထား သည့် ဗဟုဿုတအပေါ်မှီပြု၍ ဒုက္ခ၏အဆုံးကို ပြုအံ့ဟူသည့် စိတ်ကူးကလေးမျမပေါ်ခဲ့။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်က ထိုမထေရ်အား သံဝေဂရစေလိုသောရည်ရွယ်ချက်တော်ဖြင့် ပေါဋ္ဌိလမထေရ် မိမိထံတော် မှောက်သို့ ကြွရောက်လာသောအချိန်တိုင်း တုစ္ဆ-အချီးနှီး(အလကားလူ) ဟူသောဝေါဟာရကို တွင်တွင် အသုံးပြုကာ ပြောဆိုဆက်ဆံတော်မူခဲ့၏။ '' အချီးနှီးသောပေါဋ္ဌိလ လာပါ၊ ရှိခိုးပါ၊ ထိုင်ပါ၊သွားပါ၊' စသည်ဖြင့် ပြောဆို သုံးနှုန်းတော်မူခဲ့၏။
ထိုအခါ အရှင်ပေါဋ္ဌိလအားစဉ်းစားစရာဖြစ်လာ၏။ မိမိကဲ့သို့ အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံလုံးကို ဆောင်သူ၊ ရဟန်းငါးရာတို့အား စာပေပို့ချသည့် စာချအကျော်ဖြစ်ပါလျက် အဘယ်ကြောင့် မြတ်စွာဘုရားက အချည်းနှီးဟူသော ဝေါဟာရဖြင့် ပြောဆိုရပါသနည်း။ အမှန်စင်စစ် ငါ့အား ဈာန်စသည်တရားထူးများ မရှိ၍ ဤသို့ခေါ်ဆိုခြင်းဖြစ်ပေလိမ့်မည်ဟု အသိတရားပေါ်လာခဲ့၏။
ထိုအခါ ' ရဟန်းတရားအားထုတ်တော့မှ သင့်မည်'ဟု ကြံ၍ ဇေတ၀န်ကျောင်းမှ ယူဇနာ ၁၂၀ ဝေးသော တောကျောင်းကလေးသို့ ကြွလေ၏။ ထိုတောကျောင်း၌လည်း ရဟန်းအပါးသုံးဆယ်တို့ သီတင်းသုံးကြ၏။ ပေါဋ္ဌိလမထေရ်သည် သံဃာ့မထေရ်ထံသို့ သွား၍ ကမ္မဋ္ဌာန်းတောင်း၏။ ထိုအခါ မထေရ်က ' သင်သည် ဓမ္မကထိကဖြစ်၏။ သိစရာရှိလျင် တပည့်တော်တို့ကသာ အရှင်ဘုရားအထံမှ မေးလျောက်ရပေဦးမည်' ဟု မိန့်၏။ ပေါဋ္ဌိလမထေရ်သည် ' အရှင်ဘုရားများအားလုံးသည် ရဟန္တာချည်း ဖြစ်သောကြောင့် တပည့်တော်၏ မှီခိုရာဖြစ်တော်မူကြပါ'ဟု တတွင်တွင်ပြော၏။ ထိုအခါ မဟာထေရ်သည် ' ဤပုဂ္ဂိုလ်အား ပရိယတ္တိကိုအမှီပြု၍ မာနရှိနေသေး၏' ဟု သိသောကြောင့် အနုထေရ်ထံသို့စေလွှတ်၏။ ဤသိုဖြင့် ထေရ်အဆက်ဆက်သို့ စေလွှတ်ခံရရာ နောက်ဆုံးတွင် နေ့သန့်စင်ရာ၌ထိုင်၍ အပ်ချုပ်မှုပြုနေသော ခုနစ်နှစ်အရွယ်သာရှိသေးသည့် သာမဏေလေးထံသို့ ရောက်သွား၏။ မထေရ်များက ယင်းသို့ အဆင့်ဆင့် စေလွှတ်ခြင်းမှာ ပေါဋ္ဌိလမထေရ်၏ မာနကို ချိုးနှိမ်ရန်ဖြစ်၏။
အသိတရားသို့ သတိကပ်နိုင်ခဲ့သူပီပီ အရှင်ပေါဋ္ဌိလမထေရ်သည်လည်း လက်အုပ်ချီ၍ ' မီးသို့ဝင်ပါ' ဆိုလျင် ၀င်ပါ့မည်အကြောင်း လျောက်ကြားကာ သြ၀ါဒတောင်းခံ၏။ သာမဏေငယ်ကလည်း လိုက်နာမနာ သိလို၍ နှစ်ထပ်သင်္ကန်းကြီးဝတ်ရုံထားမှန်းသိပါလျက် ရေအိုင်ငယ်ကလေးသို့ ဆင်းခိုင်းလိုက်၏။ မထေရ်ကလည်း သာမဏေငယ်၏ စကားတစ်ခွန်းဖြင့်ပင် ရေသို့ဆင်းလေ၏။ သင်္ကန်းအနားတို့ စိုစွတ်သော အခါ၌ ရေမှတက်ခိုင်းပြီး 'အရှင်ဘုရား တောင်ပို့တစ်ခု၌ အပေါက်ခြောက်ပေါက်သည်ရှိရာ၏။ ထိုအ ပေါက်တို့တွင် တစ်ခုသောအပေါက်ဖြင့် ဖွတ်သည် ၀င်ထွက်သွားလာ၏။ ထိုဖွတ်ကို ဖမ်းယူလိုသူသည် ကျန်သည့် အပေါက်ငါးပေါက်ကို ပိတ်၍ ၀င်ထွက်သွားလာသည့် အပေါက်မှ ဖမ်းယူမှသာဖွတ်ကို ဖမ်းဆီးနိုင် မည်ဖြစ်၏။ ဤအတူပင် အရှင်ဘုရားတို့သည် စက္ခုအစ ကာယအဆုံးရှိသည့် ဒွါရငါးပေါက်တို့ကို ပိတ်ကာ (စောင့်စည်းကာ) မနောဒွါရ၌ ကမ္မဋ္ဌာန်းအမှုကို ပြုပါလော့' ဟု နည်းပေးလမ်းပြခဲ့၏။
ဤမျလောက်သောသြ၀ါဒစကားသည် ပေါဋ္ဌိလမထေရ်ကဲ့သို့ ဗဟုဿုတနှင့် ပြည့်စုံသူအား ဆီမီးထွန်းပြသကဲ့သို့ဖြစ်သွား၏။ '' သူတော်ကောင်း ဤမျဖြင့် လုံလောက်ပါပြီ'' ဟု ပြောကာ ကရဇကာယ၌ ဉာဏ်သွင်းကာ ကမ္မဋ္ဌာန်းတရားအားထုတ်လေ၏။ မြတ်စွာဘုရားရှင်သည်လည်း ယူဇနာ ၁၂၀ ဝေးသော အရပ်၌ တည်လျက်ပင် ပေါဋ္ဌိလမထေရ်နှင့်အတူထိုင်ကာ စကားပြောသကဲ့သို့ပင် ရောင်ခြည်တော်လွှတ်၍ ' ယောဂါ ဝေ ဇာယတီ ဘူရိ' စသော ဂါထာကိုဟောကာ အားဖြည့်ကူညီတော်မူ၏။ ဒေသနာတော်၏ အဆုံး၌ ပေါဋ္ဌိလမထေရ်သည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာဖြစ်လေ၏။၁
ဤ၀တ္ထုကိုရှုပါက အရှင်ပေါဋ္ဌိလမထေရ်သည် ကပိလရဟန်းကဲ့သို့ မဟုတ်၊ ဗဟုဿုတကြီးမြင့်မှု ကြောင့် ဖြစ်ပေါ်လာသည့် အခြံအရံအကျော်အစော၊ လာဘ်လာဘ ပူဇော်သက္ကာရကို သတိကင်းလွတ်ကာ အမှတ်တမဲ့ သာယာမိသော်လည်း မြတ်စွာဘုရားတည်းဟူသော သူတော်ကောင်းကိုအမှီရ၍ သတိဝင်ခဲ့၏။ ရဟန်းတို့၏ ဘ၀ကို အကြီးမားဆုံးဖျက်ဆီးနိုင်သည့် လာဘသက္ကာရသိလောကဟူသည့် ရန်သူအား ကျော်လွှားအောင်မြင်နိုင်ခဲ့၏။ မိမိတတ်သိသည့် ဗဟုဿုတကို အသုံးချ၍ ထိုဗဟုဿုတကပင် အကျင့်တရား နှင့်ပေါင်းစပ်၍ မိမိအားသံသရာလွတ်မြောက်ရေးအတွက် အသုံးကျစေခဲ့၏။ ဤသည်မှာ နှောင်းခေတ် စာသင်သားရဟန်းတော်များအဖို့ အတုယူသင့်သည့် ပြယုဂ်တစ်ခုပင်ဖြစ်၏။
၃း၎း၄။ စာသင်ခြင်း(၃)မျိုး
ပရိယတ္တိစာပေကိုသင်ယူရာ၌ သင်ပုံသင်နည်း(၃)မျိုးရှိ၏။ ယင်းတို့မှာ-
၁။ အလဂဒ္ဒူပမာပရိယတ္တိ-ေ>မဖမ်းခြင်းနှင့်သူသောသင်ယူခြင်း၊
၂။ နိဿရဏတ္ထပရိယတ္တိ-သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းအကျိုးရှိသောသင်ယူခြင်း၊
၃။ ဘဏ္ဍာဂါရိကပရိယတ္တိ-ဘဏ္ဍာတိုက်စိုးနှင့်တူသော သင်ယူခြင်း၊ ဟူ၍ ဖြစ်၏။
ထိုတွင်ေ>မဖမ်းသောယောက်ျားသည်ေ>မကိုမကောင်းသဖြင့်ဖမ်းလျင်(အဖမ်းမတတ်လျင်) ထိုေ>မကိုက်၍ ဆင်းရဲဒုက္ခရောက်ရသကဲ့သို့ ပရိယတ်တရားတို့ကိုလည်း သူတပါးတို့အယူဝါဒ၌ အပြစ်တင်ခြင်း ကဲ့ရဲ့ခြင်းအကျိုး သူတပါးတို့က မိမိဝါဒ၌ အပြစ်တင်ခဲ့သော် ရှောင်ရှားနိုင်ခြင်း ပြန်လည် ချေပနိုင်ခြင်းအကျိုး၊ လာဘ်ပေါများခြင်း ထင်ရှားကျော်ကြားခြင်းစသော အကျိုးတို့ကိုရည်ရွယ်လျက်သင်ယူလျင် မကောင်းသော စိတ်ထားကြောင့် ဆင်းရဲဒုက္ခရောက်ရလေသည်။ ထို့ကြောင့် ထိုကဲ့သို့မကောင်းသော သင်ယူခြင်းကို အလဂဒ္ဒူပမာပရိယတ္တိ ဟု ခေါ်၏။
သီလ သမာဓိ ပညာ ၀ိပဿနာတရားတို့ကို ဖြည့်ကျင့်ပွားများအားထုတ်ရန်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုမျက် မှောက်ပြုရန် ရည်မှန်း၍ သင်ယူခြင်းသည် နိဿရဏတ္ထပရိယတ္တိမည်၏။ နိဿရဏပရိယတ္တိဟု လည်းခေါ်၏။ အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်၏။
အာသဝေါကုန်ခမ်းပြီးသော ရဟန္တာပုဂ္ဂိုလ်၏ ပရိယတ္တိသင်ယူခြင်းသည် ဘဏ္ဍာတိုက်စိုးနှင့်တူသော ကြောင့် ဘဏ္ဍာဂါရိကပရိယတ္တိမည်၏။ မင်း၏ ဘဏ္ဍာတိုက်စိုးသည် ၀တ်စားတန်ဆာဥစ္စာရတနာတို့ကို ထိန်းသိမ်းစောင့်ရှောက်၍ သင်လျော်သောအချိန်၌ ဘုရင်မင်းမြတ်အား ထုတ်ဆောင်ပေးဆက်သကဲ့သို့ ရဟန္တာအရှင်မြတ်တို့သည်လည်း ပရိယတ်တရားတော်တို့ကို သင်ကြား ထိန်းသိမ်း စောင့်ရှောက်ကြကုန်လျက် ဝေနေယျသတ္တ၀ါတို့နှင့် တွေ့သောအခါ၌ ထုတ်ဖော်ဟောကြားတော်မူကြကုန်၏။ ဤသို့ ရဟန္တာပုဂ္ဂိုလ်တို့ သည် မြတ်စွာဘုရား၏ ပရိယတ်တရားတော်တို့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင်ရှောက်ခြင်းငှာ သင်ယူခြင်းဖြစ်၍ ဘဏ္ဍာတိုက်စိုးနှင့်တူသောကြောင့် ဘဏ္ဍာဂါရိကပရိယတ္တိမည်၏။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ခြင်းငှာ ဆင်းရဲပင်ပန်းစွာ သင်ကြားဆောင်ထားကြကုန်သော်လည်း မိမိတို့ ကိုယ်တိုင် သံသရာဆင်းရဲမှ မလွတ်သေးသည်ဖြစ်၍ ဘဏ္ဍာဂါရိကပရိယတ္တိမဖြစ်ပေ။ နိဿရဏတ္ထပရိယတ္တိ
သာဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သင်ယူခြင်းမှာ အလဂဒ္ဒူပမာသင်နည်းသော်လည်းကောင်း၊ နိဿရ ဏတ္ထ သင်နည်းသော်လည်းကောင်း ဖြစ်နိုင်၏။ ဘဏ္ဍာဂါရိကကား မဖြစ်နိုင်ပေ။ သေကပုဂ္ဂိုလ် (၇)ယောက်တို့၏ သင်ယူခြင်းကား နိသရဏတ္ထဖြစ်၍ ရဟန္တာတို့၏ သင်ယူခြင်းသည် ဘဏ္ဍာဂါရိကသင်နည်းဖြစ်၏။၁
၃း၅။ ဗဟုဿုတကို သီလဖြင့် ထိန်းကွပ်သင့်ပုံ
ဤလောက၌ လူတို့သည် ဗဟုဿုတဖြစ်စေရန်အလို့ငှာ အမျိုးမျိုးသောအတတ်ပညာ၊ အသိပညာတို့ ကို သင်ယူကြကုန်၏။ ထိုတတ်သိလာသည့် အသိပညာအတတ်ပညာတို့ကို အရင်းအနှီးပြု၍ မိမိတို့၏ အသက်မွေးဝမ်းကြောင်းအလုပ်တွင် အသုံးချကြ၏။ မိမိတို့ဆည်းပူးခဲ့သည့် အတွေ့အကြုံအားလျော်စွာ လက်တွေ့အလုပ်ခွင်၌ ကောင်း၊ဆိုးကျိုးများဖြစ်ပေါ်လာ၏။ အချို့သူတို့၏ ဗဟုဿုတက လူ့လောကကောင်း ကျိုးအတွက် ဖြစ်လာ၍ အချို့သူတို့၏ဗဟုဿုတက လူ့လောကပျက်စီးရေးအတွက် ပံ့ပိုး၏။ လျပ်စစ်စွမ်းအင် အတွက် ရှာဖွေဖော်ထုတ်ခဲ့သော အနုမြူသည် လူများအစုလိုက်အပြုံလိုက်သေစေနိုင်သော လူသတ် လက်နက် ဖြစ်သွား၏။ သာမာန်လူတို့၏စိတ်တွင် မည်သို့မှ အသုံးမတည့်တော့သည့် စွန်ပစ်ပစ္စည်း များက လည်း လျပ်စစ် စွမ်းအင်အတွက် အသုံးချနိုင်သည့် ဇီဝလောင်စာဖြစ်လာ၏။ ဤသို့လျင် လောကကြီးသည် ဗဟုဿုတသမားတို့၏လက်ဝယ် ကောင်းတစ်ခါဆိုးတစ်လှည့်ဖြင့် ပြုသမျနုနေရ၏။ ဤသို့ဖြစ်ရသည်မှာ ဗဟုဿုတသမား တို့၏အသိဉာဏ်ဝယ် ကိုယ်ကျင့်တရား(သီလ)ကို အလေးမပြုမှုကြောင့်ဖြစ်၏။ အမှန်အားဖြင့် မိမိတို့ဆည်းပူးထားသည့် ဗဟုဿုတကို ကိုယ်ကျင့်တရားဖြင့်သာ ကွပ်ကဲပေးနိုင်လျင် ဤလောကသည် အချို့ချို့သော ဗဟုဿုတပုဂ္ဂိုလ်တို့လက်၌ ပရမ်းပတာဖြစ်လာစရာအကြောင်းမရှိ။ သူတို့၏ဗဟုဿုတသည် လူ့လောကကောင်းစားရေးအတွက်သာ ဖြစ်လာမည်ဖြစ်၏။ ထို့ကြောင့် သုတ ဟူသည် များမြောင်ရုံမျဖြင့်မပြီး။ ထိုဗဟုဿုတကို ကိုယ်ကျင့်တရား၊ လက်တွေ့လုပ်ဆောင်မှုတို့ဖြင့် ပေါင်းစပ်ကာအသုံးချသင့်၏။ ထိုသို့ မိမိတို့ရရှိထားသည့်ဗဟုဿုတကို သီလနှင့် ပေါင်းစပ်ကာ အသုံးချသင့် ကြောင်းကို မြတ်စွာဘုရားက
'' အကြင်သူသည် အကယ်၍ အကြားအမြင်လည်း နည်း၏။ သီလတို့၌လည်း ကောင်းစွာမတည်ငြား အံ့။ ထိုပုဂ္ဂိုလ်ကို သီလအားဖြင့်လည်းကောင်း၊ အကြားအမြင်အားဖြင့်လည်းကောင်း နှစ်ပါးသောအဖို့အားဖြင့် ကဲ့ရဲ့ကြကုန်၏။''
'' အကြင်သူသည် အကယ်၍ အကြားအမြင်နည်းသော်လည်း သီလတို့၌ ကောင်းစွာတည်ငြားအံ့။ ထိုသူကို သီလအားဖြင့် ချီးမွမ်းကြကုန်၏။ ထိုသူ၏ အကြားအမြင်သည်ကား မပြည့်စုံ။''
'' အကြင်သူသည် အကြားအမြင်များလျက်လည်း သီလတို့၌ ကောင်းစွာမတည်ငြားအံ့။ ထိုသူကို သီလအားဖြင့်ကဲ့ရဲ့ကြကုန်၏။ ထိုသူ၏ အကြားအမြင်သည်ကား ပြည့်စုံ၏။''
''အကြင်သူသည် အကယ်၍ အကြားအမြင်လည်းများ သီလတို့၌လည်း ကောင်းစွာ မတည်ငြားအံ့။ ထိုသူကို သီလအားဖြင့်လည်းကောင်း၊ အကြားအမြင်အားဖြင့်လည်းကောင်း နှစ်ပါးသော အဖို့အားဖြင့် ချီးမွမ်းကြကုန်၏။''
''တစ်နိက္ခရှိသော ဇမ္ဗူရာဇ်ရွှေကဲ့သို့ အကြားအမြင်များသော တရားကိုဆောင်သော ကောင်းသော ပညာရှိသော ထိုမြတ်စွာဘုရား၏ တပည့်သာဝကကို အဘယ်သူသည် ကဲ့ရဲ့ထိုက်ပါသနည်း။ ထိုသူကို နတ်တို့လည်း ချီးမွမ်းကုန်၏ ဗြဟ္မာလည်းချီးမွမ်း၏ ''ဟု ဟောတော်မူခဲ့၏။၁
ဤဒေသနာတော်ကိုရှုလျင် ဗဟုဿုရှိရုံသက်သက်မျဖြင့် မပြီး။ ဗဟုဿုတနှင့် သီလနှစ်ပါး ပြည့်စုံမှ မြတ်စွာဘုရားရှင်နှင့်တကွ နတ်လူဗြဟ္မာသတ္တ၀ါများ ချီးမွမ်းကြကြောင်းထင်ရှား၏။
ထို့အပြင် သုတရှိသူ၊ မရှိသူတို့ကို လက်တွေ့ကျင့်ကြံမှု၊ မကျင့်ကြံမှုတို့နှင့် စပ်၍ စက်လှည့်လျင် ဤလောက၌ ပုဂ္ဂိုလ်လေးမျိုးလေးစားရှိကြောင်း မြတ်စွာဘုရားဟောတော်မူခဲ့သေး၏။ ထိုပုဂ္ဂိုလ်လေး မျိုးလေးစားတို့မှာ-
၁။ အကြားအမြင်နည်း၍ ကြားနာအပ်သောတရားနှင့် မပြည့်စုံသောပုဂ္ဂိုလ်၊
၂။ အကြားအမြင်နည်း၍ ကြားနာအပ်သောတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်၊
၃။ အကြားအမြင်များ၍ ကြားနာအပ်သောတရားနှင့် မပြည့်စုံသောပုဂ္ဂိုလ်၊
၎။ အကြားအမြင်များ၍ ကြားနာအပ်သောတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်၁ ဟူ၍ ဖြစ်သည်။
(၁) ထိုတွင် အကြားအမြင်နည်း၍ ကြားနာအပ်သောတရားနှင့် မပြည့်စုံသောပုဂ္ဂိုလ်ဟူသည် သုတ္တ ဂေယျ ဝေယျာကရဏစသည့် တရားတို့ကို အနည်းငယ်သာ ကြာနာဖူး၍ အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်နှင့်ပါဠိကို သိ၍ လောကုတ္တရာတရားအား လျော်သောအကျင့်ကို မကျင့်သုံးသူကို ခေါ်ဆိုခြင်းဖြစ်၏။ ဤသို့သောပုဂ္ဂိုလ်မျိုးကို အပ္ပဿုတဒုဿီလ=သုတနည်း၍သီလမရှိသူဟု ခေါ်၏။ (အဋ္ဌကထာ၌ သီလကို ရှေ့သွားပြုကာ ထိန်းကွပ်ရမည်ဖြစ်ကြောင်းမိန့်၏။)
(၂) အကြားအမြင်နည်း၍ ကြားနာအပ်သောတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်ဟူသည် သုတ္တ ဂေယျ ဝေယျာကရဏ စသည့်တရားတို့ကို အနည်းငယ်သာ ကြားနာဖူး၍ အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်နှင့်ပါဠိကိုသိ၍ လောကုတ္တရာတရားအားလျော်သော အကျင့်ကို သီလရှေ့သွားပြုကာ ကျင့်သုံးသူကို ခေါ်ဆိုခြင်းဖြစ်၏။
(၃) အကြားအမြင်များ၍ ကြားနာအပ်သောတရားနှင့် မပြည့်စုံသောပုဂ္ဂိုလ်ဟူသည် သုတ္တ ဂေယျ ဝေယျာကရဏ စသည့်တရားတို့ကို များစွာကြားနာဖူး၍ များစွာကြားနာဖူးသော ထိုတရား၏အနက်နှင့် ပါဠိကိုသိ၍ လောကုတ္တရာတရားအားလျော်သောအကျင့်ကို သီလရှေ့သွားပြုကာ မကျင့်သုံးသူကို ခေါ်ဆိုခြင်းဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်မျိုးကို ဗဟုဿုတဒုဿီလ= သုတများသောသီလမရှိသူဟု ခေါ်၏။
(၄) အကြားအမြင်များ၍ ကြားနာအပ်သောတရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်ဟူသည် သုတ္တ ဂေယျ ဝေယျာကရဏ စသည့်တရားတို့ကို များစွာကြားနာဖူး၍ များစွာကြားနာဖူးသော ထိုတရား၏ အနက်နှင့် ပါဠိကိုသိ၍ လောကုတ္တရာတရားအားလျော်သောအကျင့် ကို သီလရှေ့သွားပြုကာ ကျင့်သုံးသူကို ခေါ်၏။ ဤသို့သောပုဂ္ဂိုလ်မျိုးမှာ ဗဟုဿုတခီဏာသ၀= သုတများသည့် ရဟန္တာပုဂ္ဂိုလ်မျိုးဖြစ်၏။
ဤနေရာ၌ မြတ်စွာဘုရားသာသနာတော်ဝယ် ဗဟုဿုနှင့် သီလနှစ်ပါးတွင် မည်သည့်အရာက ပိုမို၍ အရေးပါသနည်းဟု မေးဖွယ်ရှိ၏။ ဤသို့မေးခဲ့သော် သုတလည်း အတန်အသင့်ရှိထား၍ ထိုရှိထား သည့် သုတအတိုင်းကျင့်နေထိုင်မှု (သီလ) သည် ပိုမိုအရေးပါသည်ဟု ဖြေလို၏။ အမှန်စင်စစ်အားဖြင့် သံသရာဝဋ်မှ ကျွတ်လွတ်လိုသူ တစ်ဦးအဖို့ သုတကိုပစ်ပယ်၍ သီလကိုမကျင့်သုံးနိုင်။ အဘယ်ကြောင့် ဆိုသော် သုတကို ပစ်ပယ်လိုက်သည်နှင့် တပြိုင်နက် မည်သည်ကသီလ၊ မည်သည်ကသီလမဟုတ်ဟု သိမြင် နိုင်စရာအကြောင်း မရှိတော့ပေ။ သို့ဖြစ်၍ အခြေခံမျဖြစ်သည့် သုတမျဖြစ်စေ၊ များပြားလှသောသုတမျိုးဖြစ်စေ မရှိမဖြစ်လိုအပ်၏။ သုတအနည်းအများသည် ပဓာနမဟုတ်ဘဲ တစ်လုံးတစ်ပါဒသိနားလည်မှုကိုပင် လိုက်နာ ကျင့်သုံးသင့်ပါ သည်။ မူလပဏ္ဏာသအဋ္ဌကထာ၌ အရှင်မဟာဗုဒ္ဓဃောမထေရ်မြတ်က ဤသို့မိန့်ဆိုခဲ့၏။
'' မြတ်စွာဘုရားဟောကြားတော်မူသည့် တစ်ဂါထာမျကို ဟုတ်တိုင်းမှန်စွာ နားလည်သိရှိသဘော ပေါက်၍ ထိုအားလျော်သောအကျင့်ကို ကျင့်သုံးမှုသာ လိုရင်းပဓာနဖြစ်သည်။'' ၁
သို့ဖြစ်လျင် အကြားအမြင်များလျင် (ဗဟုဿုတဖြစ်လျင်) မကောင်းပါသလောဟု မေးဖွယ်ရှိ၏။ ဤသို့မေးခဲ့သော် ဗဟုဿုတသက်သက်ကား မကောင်းဘဲ ထိုများမြောင်လှသည့် ဗဟုဿုတများကို လက်တွေ့ ကျင့်သုံးမှုသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေဆိုလို၏။ မြတ်စွာဘုရားကလည်း သုတ္တနိပါတပါဠိ တော်၌-
''ဗဟုဿုတံ ဓမ္မဓရံ ဘဇေထ=ဗဟုဿုတရှိ တရားကို ဆောင်၍ ကျင့်သုံးသူကို မှီဝဲကြ''၂ ဟု ဗဟုဿုတ သက်သက်ရှိသူကိုမဟုတ်ဘဲ ထိုအတိုင်းလိုက်နာကျင့်သုံးသူကို မိတ်ဆွေအဖြစ် ပေါင်းသင်းဆက်ဆံရန် လမ်းñွှန်တော်မူခဲ့၏။ တစ်ဖန် အင်္ဂုတ္တိုရ်၌လည်း ဓမ္မာနုဓမ္မပဋိပန္နဖြစ်သည့် ဗဟုဿုတဘိက္ခု၊ဘိက္ခုနီ၊ ဥပါ သကာ၊ ဥပါသိကာတို့သည် သံဃာကို တင့်တယ်စေနိုင်ကြောင်းဟောတော်မူခဲ၏။ ၃ ဤသည်တို့ကို ရှုခြင်းဖြင့် သာသနာတော်၌ ဗဟုဿုတပုဂ္ဂိုလ်တို့၏ အရေးပါမှုသည် သိသာထင်ရှား၏။
၃း၆။ ဗဟုဿုတပုဂ္ဂိုလ်ကြောင့် သာသနာပျက်နိုင်ပုံ
ဗဟုဿုတသည် ကွပ်ကဲမှုတစုံတရာမပါဘဲ သူ့ချည်းသက်သက်လွှတ်ထားလျင် ပရမ်းပတာ ဖြစ်တတ်၏။ သာသနာတော်ကိုပင် ပျက်စီးစေနိုင်လောက်သည့် အစွမ်းရှိ၏။ ဗဟုဿုတရှိပါလျက် ယောနိသောမနသိကာရမရှိသောသူအား ပိဋကတ်တော်များနှင့် ဘာသန္တရများကိုကျွမ်း ကျင်စွာ တတ်မြောက် လာသောအခါ ပိဋကတ်တော်ပါအကြောင်းအရာများကို ''ဤအဆိုသည် သိပ္ပံနည်းဖြင့် မကိုက်ညီ၊ ဤတရား ကား ဘုရားဟေမဟုတ်၊ ဂေါတမဗုဒ္ဓသည် ထိုခေတ်တွင် ပေါ်ထွန်းသည့်ပညာရှင်တစ်ဦးမျသာ ဖြစ်၏'' စသည် ဖြင့် ဝေဖန်ကာ သာသနာတော်ကို ဖျက်လိုဖျက်ဆီးလုပ်တတ်၏။ ထို့ကြောင့် ဗဟုဿုတရှိသူတို့အဖို့ ယောနိသောမနသိကာရထားနိုင်လျင် သာသနာတော်အား ချီးမြှင့်ထောက်ပံ့ရာရောက်သကဲ့သို့ ယောနိသော မနသိကာရမထားနိုင်လျင် သာသနာတော်အား ဖျက်ဆီးသူအဖြစ်သို့လည်း ရောက်သွားနိုင်၏။
မြတ်စွာဘုရားသည် ၀ိပဿီ၊ သိခီ၊ ဝေဿဘူမြတ်စွာဘုရားရှင်တို့၏ သာသနာကြာမြင့်စွာ မတည်ခြင်း အကြောင်းနှင့် ကကုသန်၊ ကောဏဂုံ၊ ကဿပဘုရားရှင်တို့၏ သာသနာကြာမြင့်စွာတည်ခြင်းအကြောင်း တို့ကို အရှင်သာရိပုတ္တရာမထေရ်အား မိန့်ကြားတော်မူသောအခါ အရှင်သာရိပုတ္တရာမထေရ်က သာသနာကြာမြင့်စွာတည်စေရန် သိက္ခာပုဒ်ပညတ်ဖို့ မြတ်စွာဘုရားအားလျောက်၏။ ထိုအခါ မြတ်စွာဘုရား က ဤသာသနာတော်၌ အာသဝေါတရားလျင် တည်ရာရှိသည့် လွန်ကျုးမှုများ (အာသ၀ဋ္ဌာနိယ ဓမ္မများ) သံဃာထုအတွင်း မဖြစ်ပေါ်သေးသရွေ့ ဆိုင်းငံဖို့ရန် မိန့်ဆိုတော်မူ၏။
ထိုအာသ၀ဋ္ဌာနိယဓမ္မတို့ဟူသည်-
၁။ ရတ္တñူမဟတ္တ= ဉာဥ့်အများကိုသိသော(၀ါတော်ကြီးရင့်သည့်)ရဟန်းများပြားသည်၏အဖြစ်၊
၂။ ဝေပုလ္လမဟတ္တ= သံဃာသည် ပြန့်ပြောများသည်၏အဖြစ်၊
၃။ လာဘဂ္ဂမဟတ္တ= သံဃာသည် လာဘ်လာဘ ပေါများသည်၏အဖြစ်၊
၎။ ဗာဟုဿစ္စမဟတ္တ= အကြားအမြင် ဗဟုဿုတများပြားသည်၏အဖြစ် တို့ကိုဆိုလိုခြင်း ဖြစ်၏။ ထိုတရားလေးပါးတို့၌ သံဃာ၌ထင်ရှားဖြစ်ပေါ်မလားသေးသမျ ကာလပတ်လုံး အာဏာပါတိမောက်ပြရန် မလိုခဲ့ပေ။ ထိုတရားတို့ သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသောအခါ၌ကား မြတ်စွာဘုရားသည် အာဏာပါတိ မောက်ကို ပညတ်တော်မူခဲ့ရပါသည်။၁
ဤနေရာ၌ ဗဟုဿုတရှိသူရဟန်းတော်များ ပေါ်ထွက်လာမှုသည် သာသနာတိုးတက်စည်ပင်ရန်
ဖြစ်သည်မဟုတ်ပါလော။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ဗဟုဿုတရဟန်းများပြားလာမှုသည် အဘယ် ကြောင့် သိက္ခာပုဒ်ပညတ်ရန် အင်္ဂါတစ်ခုဖြစ်လာရပါသနည်းဟု စဉ်စားဘွယ်ရှိ၏။ ထိုအရာနှင့်ပတ်သက်၍ အဋ္ဌကထာ ဆရာက-
'' သံဃာသည် ဗဟုဿုတရှိသည်၏အဖြစ်သို့ရောက်လတ်သော် နိကာယ်တစ်ရပ်ကိုလည်းကောင်း၊ နိကာယ်နှစ်ရပ်တို့ကိုလည်းကောင်း၊ နိကာယ်သုံးရပ်တို့ကိုလည်းကောင်း၊ နိကာယ်လေးရပ်တို့ကိုလည်းကောင်း ၊နိကာယ်ငါးရပ်တို့ကိုလည်းကောင်း သင်ယူပြီး၍ မသင့်သောအကြောင်းအားဖြင့် မောက်မာကြလျက် အန၀ဇ္ဇ သဘောနှင့် သာဝဇ္ဇသဘောကို (တစ်နည်း)အပြစ်မရှိသော ဖဲမွေ့ရာအစရှိသည်တို့၏ အတွေ့ကိုသာယာခြင်း နှင့် အပြစ်ရှိသောမာတုဂါမ၏ အတွေ့ကို သာယာခြင်းကို သဘောတူရောနှော၍ မြတ်စွာဘုရားသာသနာ တော်ကို တရားမဲ့စေရန် ပြုကြကုန်၏။ ထိုအခါမျိုးမှသာ မြတ်စွာဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူ၏'' ဟု ဖွင့်ဆိုတော်မူခဲ့၏။၂
သို့ဖြစ်၍ ဗဟုဿုတပုဂ္ဂိုလ်အတွက် သီလအပြင်နှလုံးသွင်းမှန်ကန်ဖို့ရန်လည်း အထူးအရေးပါလှ ကြောင်း သတိချပ်သင့်၏။ သို့မဟုတ်ပါက '၀ိနည်းတတ်ကြက်သတ်' ဟူသကဲသို့ ဗဟုဿုတရှိပါလျက်နှင့် ယောနိသောမနသိ ကာရ မထားနိုင်လျင် ပညတ်ချက်ဖောက်ဖျက်သူ၊ သာသနာဖျက်သူ ဖြစ်သွားနိုင်၏။
၃း၇။ လောကဓံကြုံရာ၌ သုတရှိသူနှင့်သုတမရှိသူတို့၏ကွဲပြားချက်
လူသားများသည် မိမိတို့၏ ဘ၀ရပ်တည်ရှင်သန်နိုင်ရန် အမျိုးမျိုးအဖုံဖုံ လှုပ်ရှားရုန်းကန်ကြိုးစားကြ ရ၏။ ယင်းသို့ ရုန်းကန်ကြိုးစားကြရာဝယ် ကောင်းကျိုးများ ရရှိခံစားရကြသကဲ့သို့ ဆိုးကျိုးများကိုလည်း တွေ့ကြုံ ရင်ဆိုင်ရတတ်၏။ ကောင်းကျိုးများခံစားစဉ်အခါ ယစ်မူးမေ့လျော့ကာ ပေါ့ပေါ့တန်တန်နေတတ်ကြ သော်လည်း ဆိုးကျိုးများတွေ့ကြုံရင်ဆိုင်ရသောအခါ၌ကား ဖြေရှာမရ ၀မ်းနည်းပူဆွေးရတတ်၏။ ဤသည်မှာ သုတမရှိသူတို့ လောကနိယာမသဘာဝဖြစ်စဉ်ကို နားလည်သဘောပေါက်မှုမရှိသောကြောင့်ပင်ဖြစ်၏။
ဤလောက၌ ဒုက္ခမကင်းသည့်ဘ၀ကို ရနေကြသည့် သတ္တ၀ါအားလုံး မလွဲမသွေရင်ဆိုင်ကြရမည့်အ ရာငါးခုရှိ၏။ ထိုအရာငါးခု၏ ဖြစ်စဉ်သဘောတရားကို သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ် ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ၊ မည်သူမဆို တော်လှန်၍ မရစကောင်း။ ထိုတော်လှန်၍မရစကောင်းသည့် အရာငါးခု မှာ-
၁။ အိုခြင်း၊
၂။ နာခြင်း၊
၃။ သေခြင်း၊
၎။ ကုန်ဆုံးခြင်း၊
၅။ ပျက်စီးခြင်း တို့ဖြစ်၏။
ထိုအရာငါးခုတို့ကို မအိုပါစေနှင့်၊ မနာပါစေနှင့်၊ မသေပါစေနှင့်၊ မကုန်ဆုံးပါစေနှင့်၊ မပျက်စီးပါစေနှင့် ဟု ဤလောကရှိ မည်သူတစ်ဦးတစ်ယောက်မျတောင့်တ၍ မရနိုင်ပေ။ အိုချိန်တန်လျင် အိုမည်။ နာချိန်တန် လျင် နာမည်။ သေချိန်တန်လျင် သေမည်။ ကုန်ဆုံးပျက်စီးချိန်တန်လျင် ကုန်ဆုံးပျက်စီးမည်။ ထိုသို့သော သဘောတရားကို မိမိတို့မှာ သုတမရှိလျင်
'' အို၊နာ၊ သေ၊ ကုန်ဆုံး၊ပျက်စီးခြင်းသဘောတရားသည် ငါ့တစ်ယောက်အားသာ ဖြစ်သည်မဟုတ်၊ စင်စစ်မူကား ဤဘုံဘ၀သို့လာခြင်း၊ တပါးသောဘုံဘ၀သို့သွားခြင်း၊ စုတေခြင်း၊ ပဋိသန္ဓေနေခြင်းရှိသည့် သတ္တ၀ါဟူသမျအားလုံးတို့အား ဤသဘောတရားတို့သည် ဖြစ်မြဲပင်ဖြစ်၏။ ထိုသဘောတရားတို့ကြောင့် ငါသည်သာ ၀မ်းနည်းပူဆွေးငိုကြွေးခဲ့ပါမူ ထမင်းမစားနိုင်သည့်အတွက် ခန္ဓာကိုယ်သည်လည်း အဆင်းမလှ ခြင်းသို့ ရောက်ရာ၏။ အလုပ်အကိုင်လည်း ပျက်လေရာ၏။ ရန်သူတို့ ၀မ်းမြောက်၍ မိတ်ဆွေတို့လည်း ၀မ်းနည်းကုန်ရာ၏။ '' ဟု မဆင်ခြင်းမစဉ်းစားနိုင်သည့်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာသကဲ့သို့ ဖြစ်တတ်၏။ ဤသည်မှာ သုတမရှိသူတို့ ဖြစ်တတ်သည့် သဘောတရားဖြစ်၏။ ထိုသို့သောပုထုဇဉ်ပုဂ္ဂိုလ်မျိုး ကို မြတ်စွာ ဘုရားက '' အဆိပ်ရှိသော သောကငြောင့်စူးဝင်ခံရသည့် ကိုယ့်အပူကိုယ်ရှာသူ'' အမည်နာမတတ်ပေး ခဲ့၏။
အကြားအမြင်ရှိသည့်သူတို့အားကား ထိုသို့ရှောင်လွှဲမရနိုင်သည့်သဘောတရားများနှင့် ကြုံလာ သည့်အခါ ဤသဘောတရားများသည် မိမိတစ်ယောက်တည်းအတွက်သာဖြစ်လာသည်မဟုတ်။ သတ္တ၀ါ တိုင်းကြုံတွေ့မည့်သဘောတရားများဖြစ်၏။ ပူဆွေးဝမ်းနည်းနေရုံဖြင့်လည်း အကျိုးမရှိ။ ဆိုးကျိုးများသာ ဖြစ်လာစရာအကြောင်းရှိ၏။ '' စဉ်းစားဝေဖန်သုံးသပ်ကာ အပူမရှာတတ်၊ ထိုသို့သောအရိယာ တပည့်မျိုးကို မြတ်စွာဘုရားက ''အဆိပ်ရှိသော သောကငြောင့်ကိုထုတ်နှုတ်သူ'' ဟု အမည်တပ်တော်မူ၏။၁ သုတရှိသူနှင့် မရှိသူတို့သည် ဤသို့ပင်လောကဓံခံနိုင်ရည်အား ကွာခြားကြ၏။ ထိုသည့် သဘောကို ပိုမိုထင်ရှားစေရန် ပိဋကတ်တော်လာ ၀တ္ထုသာဓကများဖြင့် တင်ပြလိုပါသည်။
၃း၈။ ကိုယ့်ဒုက္ခကိုယ်ရှာသူများ
အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားရှင်၏ အထံတော်သို့ အဖူးအမြော် ရောက်ရှိလာ၏။ ထိုအခိုက် မင်းချင်းတစ်ယောက်က မင်းကြီးထံလိုက်လာပြီး မလ္လိကာမိဖုရားကြီး နတ်ရွာစံသွားကြောင်း လျောက်ထားလေ၏။ ထိုသတင်းကြားကြားချင်း မင်းကြီးသည် ကိုယ်စိတ်ဆင်းရဲကာ ၀မ်းနည်းစွာကြံမှိုင် သွား၏။ မြတ်စွာဘုရားရှေ့တော်၌ စကားမပြောဘဲ ထိုင်မြဲထိုင်နေ၏။ စိတ်ဆင်းရဲစရာကြုံသည့်အခါ သာမန် ပုထုဇဉ်တို့ဖြစ်တတ်သည့်သဘောပင်။ ကြံရာမရ စိတ်ဆင်းရဲတတ်ကြ၏။
ထိုသဘောကိုသိတော်မူသည့် မြတ်စွာဘုရားက လောကတွင် ရှောင်လွှဲ၍မရနိုင်သည့် တရားငါးမျိုးကို ဟောကြားတော်မူသောအခါမှ မင်းကြီးသည် သက်သာရာရလေသည်။၁ ဤ၀တ္ထုကိုရှုပါက ကောသလ မင်းကြီးသည် ဘုရားရှင်၏အနီးအနားတွင် ရှိနေပါလျက် အို နာ သေဘေးကို ကြိုတင်နာယူတွေးတောမှု မရှိခြင်းကြောင့် ဗဟုသုတအားနည်းခဲ့ရသည်။ အမှန်အားဖြင့် ဘုရားနှင့်တွေ့ကြုံရသည့် အခွင့်ထူးကြီးကို ရနေပါလျက် သူသည် ကာမဂုဏ်နောက်သို့သာ ကောက်ကောက်ပါအောင်လိုက်ခဲ့၏။ သုတဆည်းပူး ရကောင်းမှန်းမသိခဲ့ပေ။ သူ၏ဘ၀ကိုလေ့လာကြည့်သောအခါ သူသည်နေ့စဉ်နေ့တိုင်း ဆန်တစ်စိတ်ချက် ထမင်းနှင့် လိုက်ဖက်ညီသောဟင်းလျာတို့ဖြင့် ပွဲတော်တည်လေ့ရှိ၏။ ပွဲတော်တည်ပြီးစ အချိန်တွင် ဘုရားရှင်ထံ ချဉ်းကပ်ကာ တရားနာယူသောအခါ ထမင်းဆီယစ်မှုကြောင့် အနေရအထိုင်ရ ခက်နေသောကြောင့် ဘုရားရှင်က ဘောဇဉ်ကို အတိုင်းအရှည်ပမာဏဖြင့်သာ စားသုံးသင့်ကြောင်း အကြံပေးခဲ့ရ၏။၂ ဤသို့ ကာမဂုဏ်အလွန်အကျုးလိုက်စားမှုကြောင့် သူသည် အသိဉာဏ်ထုံထိုင်းခဲ့ရ၏။ သာမန်ကိစ္စများကိုပင် ဟုတ်/မဟုတ် မဆင်ခြင်မသုံးသပ်နိုင်ခဲ့ပေ။ မလ္လိကာမိဖုရားကြီးသည် ရေချိုးအိမ်အတွင်း၌ ခွေးတစ်ကောင် နှင့်ပြစ်မှားကျူးလွန်နေစဉ် ကောသလမင်းကြီးက တွေ့မြင်သဖြင့် ''အဘယ်ကြောင့် ဤသို့ယုတ်ညံ့သော အမှုကို ပြုရသနည်း''မေး၏။ ထိုအခါ မိဖုရားက ဤနေရာမှကြည့်လျင် ဤသို့မြင်ရတတ်ကြောင်း လိမ်ညာ လှည့်စားခဲ့၏။ မင်းကြီကိုသက်သေပြရန် ရေချိုးအိမ်အတွင်းဝင်စေကာ မင်းကြီးသည်ဆိတ်မတစ်ကောင်နှင့် ဖောက်ပြားနေကြောင်း စွပ်စွဲပြောဆိုလိမ်ညာခံရသည်အထိ အကျိုးအကြောင်းဆင်ခြင်ဉာဏ် အားနည်း၏၃ ဤသည်တို့ကို ရှုခြင်းဖြင့် ကောသလမင်းကြီးသည် သုတရှာဖွေဆည်းပူးမှု အားနည်းခဲ့သည်ကို တွေ့ရှိနိုင်၏။ ထို့ကြောင့် မိမိ၏ဇနီးမယား ကွယ်လွန်ချိန်၌ ဆောက်တည်ရာမရ ဖြစ်သွားသည်ဟု ဆိုနိုင်၏။
ပါဋလိပုတ်ပြည်၏မင်းဖြစ်သည့် မုဏ္ဍမင်းသည် သူ၏ချစ်ခင်မြတ်နိုးလှသော ဘဒ္ဒါမိဖုရားနတ်ရွာ စံသောအခါ တိုင်းရေးပြည်မှုကိစ္စကိုလျစ်လျူရှုလျက် မိဖုရား၏အလောင်းနား၌သာ မှိုင်တွေလျက် နေ၏။ အလောင်းကို ကြာရှည်မြင်တွေ့ခွင့်ရရန်လည်း ဆီထည့်ထားသော ခံခေါင်းတွင် ထည့်စိမ်ထား၏။ နောင်အခါ တွင် ဘဏ္ဍာစိုးပိယက၏ အကြံပေးချက်အရ မုဏ္ဍမင်းသည် ကုက္ကုဋာရုံကျောင်းရှိ အရှင်နာရဒမထေရ်ထံ သွားရောက်သောအခါ အရှင်နာရဒက ထိုမင်းအား လူသားတိုင်းမလွန်ဆန်နိုင်သည် နိယာမတရားငါးပါး အကြောင်းဟောပြောခါ သောကငြိမ်းစေခဲ့ရ၏။ ၄ ဤ၀တ္ထု၌လည်း မုဏ္ဍမင်းသည် မိမိချစ်လှစွာသော မိဖုရား၏ အလောင်းကောင်ကိုပင် မစွန့်ပစ်ရက် တရှိုက်မက်မက် ရှိနေခဲ့၏။ အရှင်နာရဒမထေရ်ဟူသော ထောက်တည် ရာသာ မရှိခဲ့လျင် မည်ကဲ့သို့ ဆက်လက်အရူးထနေဦးမည်ကို မမှန်းဆနိုင်ပေ။
၃း၉။ သုတဖြင့် လောကဓံကိုအန်တုခဲ့သူ/မလ္လိကာ
ဤလောကရှိ အချို့သောလူသားတို့သည်ကား လောကဓံကို လောက၌ ဖြစ်မြဲသဘောတရားအဖြစ် နှလုံးသွင်းနိုင်ကြ၏။ ယင်းတရားများနှင့် ကြုံတွေ့သောအခါလည်း မတုန်မလှုပ်တတ်။ ကြံ့ကြံ့ခံနိုင်ကြ၏။ ကုသိနာရုံပြည်၊ ဗန္ဓုလစစ်သူကြီးနှင့်သား(၃၂)ယောက်တို့အသတ်ခံရကြောင်းစာလွှာကို ရရှိသောအခါ၌ မည်သူ့ကိုမျ အသိမပေးဘဲ စာလွှာကိုရင်ခွင်ကြား၌ထားကာ ရဟန်းငါးရာနှင့်အတူ ကြွလာသည့် အဂ္ဂ သာဝကကြီးနှစ်ပါးတို့အား ဆွမ်းလုပ်ကျွေးမြဲလုပ်ကျွေးခဲ့၏။ ၄င်းဆွမ်းကျွေးပွဲ၌ အပြုအစု အလုပ်အကျွေး သမတို့သည် ရဟန်းတို့အားဆွမ်းကျွေးပြီး ထောပတ်အိုးကိုသယ်ကြရာ၌ မထေရ်တို့၏ ရှေ့တော်၌ပင် ထောပတ်အိုးကျကွဲလေ၏။ ယင်းအဖြစ်အပျက်ကို မြင်သည့် တရားစစ်သူကြီးအရှင်သာရိပုတ္တရာသည်'' ပြိုကွဲ ပျက်စီးခြင်းသဘောတရားတို့သည် ပြိုကွဲပျက်စီးတတ်၏။ စိုးရိမ်ကြောင့်ကြမဖြစ်နှင့်'' ဟု မလ္လိကာအား အားပေး နှစ်သိမ့်၏။ ထိုအခါ မလ္လိကာသည် ရင်ခွင်ကြားမှ စာကိုထုတ်၍ '' အရှင်ဘုရား၊ ဘုရားတပည့်တော်သည် သား(၃၂)ယောက်နှင့်တကွ မိမိလင်ယောက်ျားတို့ ခေါင်းဖြတ်အသတ်ခံရပြီ'' ဟု ကြားသိသော အခါ၌ပင် စိုးရိမ်ဝမ်းနည်းမှုကို ထိန်းနိုင်ခဲ့ပါ၏။ ထောပတ်အိုးကွဲသည်မျနှင့် အဘယ်မှာလျင် စိုးရိမ်ကြောင့်ကြ ဖြစ်ပါလိမ့်မည်နည်း''ဟု ပြန်လည်လျောက်ထား၏။ တစ်ဖန် ချွေးမ(၃၂)ယောက်တို့အား ခေါ်စေ၍ ''သင်တို့၏ လင်ယောက်ျားတို့သည် ရှေးကသူတို့ပြုခဲ့သော မကောင်းမှု၏အကျိုးကိုခံစားရခြင်းသာဖြစ်သည်။ သောက ပူဆွေး မငိုကြွေးကြပါနှင့်၊ (သတ်ဖြတ်သူ) မင်းကြီးအပေါ်၌လည်း ဒေါသအာဃာတမထားကြပါနှင့်'' ဟု နှစ်သိမ့်ဆုံးမခဲ့၏။၁ မလ္လိကာသည် ဤသို့ အရှိကိုအရှိအတိုင်း နားလည်သဘောပေါက်ကာ သဘာဝတရားကို သဘာဝကျကျခုခံနိုင်ခဲ့၏။ ယင်းသို့ခုခံနိုင်ရန် သူဆည်းပူးခဲ့သည့်သုတများက သတ္တိမွေးပေးသည်ဟု ဆိုနိုင်ပါ ၏။ သို့ဖြစ်၍ လောကီလမ်းကိုလျောက်သူဖြစ်စေ၊ လောကုတ္တရာနယ်ကူးသူဖြစ်စေ၊ လူသားတိုင်း၏ဘ၀၌ သုတသည် မရှိမဖြစ်လိုအပ်၏။ ယင်းသုတကိုလည်း များပြားသထက်များပြားအောင် ဆည်းပူးသင့်၏။ သို့မှသာ ဗဟုဿုတပုဂ္ဂိုလ်ဖြစ်လာနိုင်မည်ဖြစ်ပါ၏။
၃း၁၀။ နွားကျောင်းသားနှင့်တူသည့်သူ
သုတဟူသည် များပြားနေရုံမျဖြင့်မပြည့်စုံ၊တစ်လုံးတစ်ပါမျ သိသည်ကိုပင် သိသည့်အတိုင်း လက်တွေ့ ကျင့်ဆောင်ဖို့လိုအပ်၏။ စာပေပရိယတ်မည်မျပင် တတ်ကျွမ်းစေကာမူ ၀ိပဿနာဘာဝနာတရားအားမထုတ် သူ၊ တရားမရသူတို့ကို ဤသာသနာတော်က နွားကျောင်းသားနှင့် တူသောသူအဖြစ်သတ်မှတ်၏။ ဤသည်မှာ အခြားဘာသာ၊အယူဝါဒနယ်ပယ်တို့ထက်ထူးခြားသည့် ဗုဒ္ဓ၀ါဒ၏စံနှုန်းဖြစ်၏။ အခြားဘာသာ နယ်ပယ် တို့တွင် အသိပညာထူးကိုဖော်ထုတ်သူအား ပညာရှင်အဖြစ်သတ်မှတ်ကာ ထိုသူ၏ ကိုယ်ကျင့် တရားနှင့် စပ်၍ အလေးမထားကြပေ။ ထိုသူဘာလုပ်လုပ် ပညာရှင်အဆင့်မှ လျော့ကျမသွားတော့။ ဗုဒ္ဓဘာသာ၌ကား ထိုသို့မဟုတ်။ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏အရည်အသွေးကို ကိုယ်ကျင့်တရားဖြင့် တိုင်းတာ၏။ ကိုယ်ကျင့် တရားမကောင်းလျင် ထိုသူသည် အခြားနယ်ပယ်၌ မည်မျပင်ကြွယ်ဝပြည့်စုံစေကာမူ ထိုသူကို တန်ဖိုးထား မလေးစားကြတော့။ ဤသည်ဖြင့် ဗုဒ္ဓ၀ါဒ၏ ကိုယ်ကျင့်တရားအပေါ် ဗဟိုပြုမှုသည် ထင်ရှား၏။ မြတ်စွာ ဘုရားကလည်း ဘာဝနာမပါဘဲ ဗဟုဿတသက်သက်မျနှင့်ပြည့်စုံသူကို နွား ကျောင်းသားနှင့် တူ၏ဟု ဟောတော်မူခဲ့၏။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတ၀န်ရွှေကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါ၌
သာဝတ္ထိပြည်သား သူငယ်ချင်းနှစ်ယောက်တို့သည် ရဟန်းပြုကြ၏။ ထိုတွင် တစ်ပါးသည် အသက်ကြီး၍ စာပေပရိယတ္တိမသင်ကြားနိုင်တော့သဖြင့် တရားအားထုတ်လေရာ ပဋိသမ္ဘိဒါမဂ်လေးပါးနှင့်တကွ ရဟန္တာ
အဖြစ်သို့ရောက်လေ၏။ တစ်ပါးသော ရဟန်းကား စာပေပရိယတ္တိကို သင်ယူပြီး ရောက်ရာအရပ်တို့၌ စာပေပို့ချ၊ တရားဟောပြခြင်းတို့ဖြင့် အချိန်ကိုကုန်လွန်စေ၏။ ဂိုဏ်းကြီး(၁၈)ဂိုဏ်းတို့၏ အကြီးအကဲလည်း
ဖြစ်လာ၏။
မြတ်စွာဘုရားရှင်၏ထံတော်မှ ကမ္မဋ္ဌာန်းကိုသင်ယူ၍ ၀ိပဿနာဓုရမထေရ်၏ သြ၀ါဒကိုခံယူကာ
တရားအားထုတ်ကြသော ရဟန်းတို့သည် ရဟန္တာအဖြစ်သို့ရောက်လတ်ကြသောအခါ ဘုရားဖူးသွားခွင့်ပြု
ရန် လျောက်ထားကြ၏။ ထိုအခါ ၀ိပဿနာဓုရမထေရ်က ဘုရားရှင်နှင့်ရှစ်ကျိပ်သော သာဝကတို့ကိုလည်း
ကောင်း၊မိမိ၏ သူငယ်ချင်းဖြစ်သည့်မထေရ်အားလည်ကောင်း ရှိခိုးဦးတင်လိုက်ကြောင်း သတင်းစကားပါးကာ
စေလွှတ်လိုက်၏။ ဤသို့ သတင်းစကားပါးကာ အမြဲစေလွှတ်လိုက်သောအခါ ဂန္ထဓူရမထေရ်သည်လည်း
မခံမရပ်နိုင်ဖြစ်လာကာ ''သင်တို့သည် ထိုမထေရ်၏အထံမှ မည်သည့်အရာကို သင်ယူဖူးပါသနည်း။ ဒီဃ နိကာယ်စသည်တို့တွင်မည်သည့်နိကာယ်ကို သင်ယူဖူးပါသနည်း။ ပိဋကသုံးပုံတို့တွင် မည်သည့် ပိဋကကို သင်ယူဖူးပါသနည်း။''ဟုဆို၏။ ထို့အပြင် ဂန္ထဓုရမထေရ်သည်' ဤပုဂ္ဂိုလ်သည် လေးပါဒမျသာရှိသည့် တစ်ဂါထာမျကိုပင်မသိ၊ရဟန်းပြုသောအခါမှစ၍ ပံသုကူသင်္ကန်းကိုဆောင်ကာ တောသို့ဝင်ခဲ့သူဖြစ်၏။တပည့်တပန်းကား များပြားစွာရှိပါသတဲ့။ သူလာမှ ပုစ္ဆာများမေးလိုက်ဦးမည်' ဟု ကြံစည်ကာနေလေ၏။
နောင်တစ်ချိန်တွင် ၀ိပဿနာဓုရရဟန်းသည် ဘုရားရှင်အား ဖူးမြော်ရန် ရောက်ရှိလာခဲ့၏။ဘုရားရှင်
နှင့်ရှစ်ကျိပ်သောမထေရ်ကြီးတို့ကို ရှိခိုးပြီးနောက် သူငယ်ချင်းမထေရ်ထံသွားလေ၏။ ဂန္ထဓုရ ရဟန်းသည်
'ပုစ္ဆာများမေးအံ့'ဟု ကြံကာ တပြေးညီသောနေရာ၌ ထိုင်နေကြလေ၏။
ထိုအခိုက်၌ ဘုရားရှင်သည် ' ဤဂန္ထဓုရရဟန်းသည် ငါ၏သားတော်ကိုñှဉ်းဆဲ၍ ငရဲသို့ရောက်ချေ
တော့မည်'ဟု သနားကရုဏာတော်ရှေးရှုလျက် ကျောင်းစဉ်လှည့်လည်တော်မူဟန်ပြုကာ ထိုမထေရ်တို့အထံ
သို့ ကြွတော်မူ၏။ ထို့နောက် ဘုရားရှင်တို့အတွက်ခင်းထားအပ်သော နေရာတော်၌ ထိုင်တော်မူ၏။(ဘုရားရှင်တို့အတွက်ခင်းထားအပ်သောနေရာတော်ဟူရာ၌ ထိုနေရာတော်ကို ဘုရားရှင်ကြွလာတော်မူမှ အဆောတလျင်ခင်းထားအပ်သည့်နေရာတော်မဟုတ်ပေ။ ထိုခေတ်အခါက မည်သည့်အရပ်၌နေသော ရဟန်းဖြစ်စေ ဘုရားရှင်အတွက်နေရာခင်းပြီးမှသာ မိမိတို့ထိုင်ကြသည့်အလေ့ ရှိပါ၏။)
ထိုင်နေတော်မူပြီး၍ မြတ်စွာဘုရားသည် ဂန္ထဓုရရဟန်းအား ပထမဈာန်နှင့်စပ်လျဉ်းသောပုစ္ဆာကို မေး၏။ ဂန္ထဓုရရဟန်းသည် တစ်လုံးတစ်ပါဒမျ မဖြေနိုင်ဘဲရှိလေသည်။ ဤသို့ဖြင့် ဒုတိယဈာန်မှစ၍ သမာပတ်
ရှစ်ပါး၊ ရူပဈာန်၊ အရုပဈာန်၊ သောတာပတ္တိမဂ်မှစ၍ အရဟတ္တဖိုလ်တိုင်အောင်သောတရားတို့ကို မေး၏။ မဖြေနိုင်သည် ချည်းသာဖြစ်၏။ ၀ိပဿနာဓုရရဟန်းကို မေးသောအခါ၌ အလုံးစုံကို ဖြေကြားနိုင်၏။ မြတ်စွာဘုရားသည် ကောင်းချီးပေးတော်မူ၏။ နတ်၊ဗြဟ္မာ၊နဂါး၊ ဂဠုန်တို့သည်လည်း ကောင်းချီးပေးကြ၏။ ထိုကောင်းချီးပေးသံတို့ကို ကြားသောအခါ ဂန္ထဓုရမထေရ်၏တပည့်တို့သည် 'ဘုရားရှင်သည် မည်သည့်အရာကိုမျမသိသော ရဟန်းကြီးအား ကောင်းချီးပေးတုံဘိ၏။ အလုံးစုံသော ပရိယတ်ကိုဆောင်သည့် ရဟန်းငါးရာတို့၏အကြီးအမှူးဖြစ်သည့် ငါတို့ဆရာကိုကား ချီးမွမ်းမှုမျကိုပင် မပြု' ဟု ဘုရားရှင်အား ကဲ့ရဲ့ကြကုန်၏။ မြတ်စွာ ဘုရားသိတော်မူသည့်အခါ-
'' သင်တို့၏ဆရာဖြစ်တော်မူသည့်ဂန္ထဓုရရဟန်းသည် ငါဘုရား၏သာသနာတော်၌ အဖိုးအခဖြင့် နွားတို့ကို ကျောင်းသူနှင့်တူ၏။ ငါဘုရား၏သားတော်ဖြစ်သည့် ၀ိပဿနာဓုရသည်ကား နွားမှရသည့် အရသာ ငါးမျိုးတို့ကို စိတ်ကြိုက်သုံးဆောင်ရသော နွားပိုင်ရှင်နှင့်တူ၏။ ကောင်းသောစီးပွားရှိရာ သုံးဖြာပိဋကမြတ်ဓမ္မကို သင်ယူပို့ချပါသော်လည်း အနိစ္စဒုက္ခအနတ္တကို မပြုကျင့်တတ်သည့် စာတတ်ပေတော်ပုဂ္ဂိုလ်ကျော်သည် သာသနာမှုမပြုမေ့လျော့ခြင်းကြောင့် တရားကိုမကျင့်၊ ထိုသူသည် သူတစ်ပါးနွားတို့ကို အခစားဖြင့် ထိန်း ကျောင်းရသော နွားကျောင်းသားနှင့်တူ၏။ ထိုသူသည် နွားမှဖြစ်သော အရသာငါးမျိုးတို့ကို မရရှိသကဲ့သို့ သမဏဖြစ်ကြောင်း ကောင်းသောဈာန်မဂ်ဖိုလ်တရားတို့ကိုမရနိုင်။''
'' ကောင်းသောစီးပွားရှိရာ သုံးဖြာပိဋက မြတ်ဓမ္မကို အနည်းငယ်ပင်သင်ယူပါသော်လည်း လောကုတ္တ ရာတရားကိုးပါးအားလျော်သော အကျင့်ကိုကျင့်လေ့ရှိခြင်း၊ ရာဂ ဒေါသ မောဟတို့ကို ပယ်စွန့်၍ သိထိုက်သော ဒုက္ခသစ္စာတရားကို ကောင်းစွာအပြားအားဖြင့်သိခြင်း၊ ကိလေသာတို့မှ ကောင်းစွာလွတ်သော စိတ်ရှိခြင်း၊ ပစ္စုပ္ပန် ခန္ဓာ အာယတန ဓာတ်၌လည်းကောင်း (၀ါ) အဇ္ဈတ္တိက ခန္ဓာ အာယတန ဓာတ်၌ လည်းကောင်း တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလန်းခြင်းမရှိသော ငါဘုရား၏သားတော်သည် နွားမှဖြစ်သော အရသာငါးမျိုးကို ရရှိနိုင်သော နွားပိုင်ရှင်ကဲ့သို့လည်းကောင်း၊ မဂ်မှဖြစ်လာရသည့် လေးပါးသောဖိုလ် ငါးပါးသောဓမ္မက္ခန္ဓာ ရှိ၏။'' ၁ဟု မိန့်ကြားတော်မူခဲ့၏။
ဤဟောကြားချက်ကိုလေ့လာကြည့်လျင် စာပေပရိယတ်သင်ကြားမှု၊ တရားဓမ္မဟောပြမှု သက်သက် တို့သည် ဘ၀အာမခံချက် မသေချာကြောင်း၊ရဟန်းတော်များအဖို့ ထိုမျဖြင့်မရပ်တန့်ဘဲ ၀ိပဿနာတရားများကို ဆက်လက်အားထုတ်ဖို့ တိုက်တွန်းထားသည်ကို တွေ့ရှိနိုင်၏။ အမှန်အားဖြင့် ပြီးပြည့်စုံသောရဟန်းအဖြစ်ဆို သည်မှာ ၀ိပဿနာအားထုတ်ပြီး တရားထူးရသူကိုရည်ñွှန်းကြောင်း ထင်ရှား၏။ ထို့ကြောင့် မိမိတို့ရရှိထား သည့် ဗဟုဿုတအပေါ်အခြေခံ၍ ၀ိပဿနာတရားများကို ကြိုးစားအားထုတ်သင့်၏။
၃း၁၁။ အထမြန်၍ အသွားနှေးခဲ့သူ/အရှင်မဟာသီဝ
ဂိုဏ်းကြီး(၁၈)ဂိုဏ်း၏ ဆရာဖြစ်သော မဟာသီဝမထေရ်သည် မိမိထံ၌ ဆည်းကပ်လာကြကုန်သော တပည့်ရဟန်းသံဃာသုံးသောင်းတို့ကို နံနက်မိုးလင်းသည့် အချိန်မှစ၍ ညနေ နေ၀င်မိုးချုပ်သည့်အချိန်အထိ စာပေသင်ကြားပို့ချပေး၏။ မဟာသီဝမထေရ်၏ အဆုံးအမသြ၀ါဒ၌တည်လျက် ကျင့်ကြံအားထုတ်သော တပည့်ရဟန်းသုံးသောင်းတို့သည် ရဟန္တာဖြစ်သွားကြ၏။ ထိုရဟန်းတို့တွင် တစ်ပါးသောရဟန်းသည် မိမိ၏ ဂုဏ်များကို ဆင်ခြင်ပြီးလျင် '' ငါ၏ဂုဏ်များသည် အတိုင်းမသိများစွာကုန်၏။ ငါ့ဆရာ၏ဂုဏ်များမှာ အဘယ်သို့ရှိလေသနည်း'' ဟု ဆင်ခြင်လတ်သော် ပုထုဇဉ်မျသာဖြစ်ကြောင်းကို မြင်၍ '' သြော် ငါတို့၏ဆရာ တော်ကြီးသည် သူတစ်ပါးတို့၏ ကိုးကွယ်ရာသာဖြစ်၍ သူကိုယ်တိုင်၏ကိုးကွယ်ရာကား မဖြစ်နိုင်ပါတကား။ ဆရာအား သတိပေးဦးမည်'' ဟု ကြံ၍ ချက်ချင်းပင် ကောင်းကင်ခရီးဖြင့်ကြွသွားလေသည်။
ဆရာအထံရောက်သောအခါ အနုမောဒနာတရားတစ်ပုဒ်ကိုသင်ယူလိုသောကြောင့် လာပါသည်ဟု လျောက်ထားလေ၏။ အားလပ်သောအချိန်အရှိဟု ပြောလျက်ငြင်းပယ်လေသည်။ ထိုအခါ ရဟန်းက ဆွမ်းခံသွားရန် စဉ်းစားရာ တန်စောင်းတွင် ရပ်နေခိုက်မေးပါမည်လျောက်ထား၏။ ထိုနေရာတွင် တစ်ပါး သော ရဟန်းတို့မေးလျောက်နေကြသည်ဟုဆိုလျင် ဆွမ်းခံရွာသို့သွားစဉ်လမ်းတွင်လည်းကောင်း သင်္ကန်း ရုံရာ၌ လည်းကောင်း၊ သပိတ်ကို အိပ်ဖြင့် ထုပ်ရာ၌လည်းကောင်း ယာဂုသောက်ပြီးသောအခါ၌လည်းကောင်း မေးပါမည် ဟု လျောက်၏။ ထိုနေရာ၌လည်း အဋ္ဌကထာကိုလေ့လာသောမထေရ်များက မေးနေကြသည် ဟုဆို၏။
ဤသို့သောနည်းဖြင့် အချိန်တောင်းရာ ဆွမ်းခံရွာမှပြန်ထွက်လာစဉ်ကာလ၊ ရွာမှ ကျောင်းသို့ ပြန်စဉ် ကာလ၊ ဆွမ်းစားပြီးကာလ၊ နေ့ခင်းနေရာ၌နေစဉ်ကာလ၊ အိပ်ရာဝင်ခါနီးခြေထောက် ဆေးစဉ်ကာလ၊ နံနက်အိပ်ရာမှထ၍ မျက်နှာသစ်ခါနီးကာလ၊ အခန်းတွင်း၌ ခေတ္တနေထိုင်ရာကာလ စသည်ဖြင့် အဆင့်ဆင့်တောင်းရာ ထိုအချိန်များ၌လည်း မေးမည့်သူများရှိနေသည်ဟူ၍သာဆိုလေ၏။ ထိုအခါ တပည့်ရဟန်းက '' အရှင်ဘုရားမျက်နှာသစ်ပြီးလျင် ကျောင်းခန်းသို့ဝင်၍ နေရာပူနွေးအောင် သုံးလေးခါမျ ထိုင်လျက် တရားနှလုံးသွင်းသောအချိန်ကာလ ရှိသင့်ပါသေးသည်။ ယခုအတိုင်းဆိုလျင် အရှင်ဘုရားမှာ သေဖို့အချိန်သော်မှ ရှိလိမ့်မည်မဟုတ်။ အရှင်ဘုရားသည် နောက်မှီခုံကြီးနှင့် တူပါသည်။ သူတပါး၏ မှီရာသာ ဖြစ်၍ ကိုယ်ကိုယ်တိုင်၏ မှီရာမဖြစ်နိုင်ပါတကား။ အရှင်ဘုရား၏အနုမောဒနာကို မလိုချင်တော့ပါ'' ဟု လျောက်ကာ ကောင်းကင်သို့ ပြန်တက်သွားလေ၏။
ထိုအခါ မထေရ်ကြီးသည် '' ဤရဟန်းသည် စာသင်ရန်လာသည်မဟုတ်။ ငါ့အား သတိပေးရန် လာခြင်းဖြစ်သည်''ဟု သိသွား၏။ နောက်တစ်နေ့ စောစော၌ '' ငါကဲ့သို့သော စာတတ်ပေတတ်ပုဂ္ဂိုလ်မျိုး အတွက် နှစ်ရက်သုံးရက်မျလောက် တရားအားထုတ်လိုက်လျင် မဂ်ဖိုလ်ကိစ္စပြီးနိုင်သည်'' ဟု အထင် ရောက်လျက် မည်သူကိုမျ အကြောင်းမကြားဘဲ ကျောင်းမှထွက်လေ၏။ ရွာအနီး တောင်ချိုင့်၌ နေ၍ ၀ါဆိုလဆန်း(၂)ရက်နေ့မှစ၍ အားထုတ်ရာ လပြည့်နေ့၌ တရားထူးမရနိုင်သေးသောကြောင့် '' ငါသည် နှစ်ရက် သုံးရက်မျနှင့် ရဟန္တာဖြစ်ပြီးလျင် ပြန်လာရမည်ဟု ထင်မိသောကြောင့် တပည့်များကိုလည်း မပြော ကြားခဲ့ချေ။ သို့သော် ယခုအထိမရသေးပါတကား ။ သို့ဖြစ်လျင် ဤ၀ါတွင်းသုံးလကို သုံးရက်မျသဘော ထား၍ အားထုတ်မည်။ ၀ါကျွတ်လျင် တရားထူးရရမည်' ဟု နှလုံးသွင်း၍ အားထုတ်ပြန်၏။
ဝါကျွတ်သော်လည်း မဂ်ဖိုလ်မရသေးသောကြောင့် ဤသို့ကြံပြန်၏။' နှစ်ရက်သုံးရက်ဖြင့်တရားထူး
ရမည်ထင်လျက် အားထုတ်ခဲ့သည်မှာ သုံးလကြာမြင့်သော်လည်း ကိစ္စမပြီးသေးပါတကား၊ ငါ၏ သီတင်း
သုံးဖော်တို့သည် ရဟန္တာဖြစ်ပြီး ၀ိသုဒ္ဓိပ၀ါရဏာပြုကြလိမ့်မည်' ဟု စဉ်းစားစဉ် မထေရ်သည် ၀မ်းနည်း၍
မျက်ရည်ကျလေ၏။ ထို့နောက် အရဟတ္တဖိုလ်မရသေးသမျ ညောင်စောင်း၌ ကျောမခင်းတော့အံ့၊ခြေမဆေး
တော့အံ့'ဟု ကြံကာ ညောင်စောင်းကို သိမ်းဆည်းလေ၏။ ထိုအခါမှစ၍ ထိုင်ခြင်း၊ရပ်ခြင်း၊သွားခြင်းဟူသော
ဣရိယာပုတ်သုံးပါးဖြင့်သာ တရားအားထုတ်လေ၏။ နှစ်ဆယ့်ကိုးနှစ်ကြာသော်လည်း တရားထူးမရဘဲရှိ
လေ၏။ ထိုနှစ်ဆယ့်ကိုးနှစ်တို့ပတ်လုံး ပ၀ါရဏာနေ့ညသို့ရောက်တိုင်း မထေရ်အား မျက်ရည်မဆည်နိုင်
ဖြစ်လေ၏။ ရွာသူငယ်တို့သည် မထေရ်၏ ခြေကွဲရာတို့ကို ချုပ်ပေးကြကုန်၏။ အချင်းချင်းနောက်ပြောင်ကြ သောအခါ၌လည်း ''အရှင်မဟာသီဝ၏ ခြေကဲ့သို့ဖြစ်ပါစေ''ဟု စနောက်ကြလေသည်။
အနှစ်သုံးဆယ်မြောက် ပ၀ါရဏာနေ့သို့ရောက်လတ်သော် တရားထူးမရသေးသောကြောင့် 'ငါ့အား ဤဘ၀၌ မဂ်ဖိုလ်ရတော့မည်မဟုတ်။ သီတင်းသုံးဖော်တို့နှင့်အတူ ၀ိသုဒ္ဓိပ၀ါရဏာပြုခွင့်မရှိတော့'ဟု တွေးမိကာ စိတ်ဆင်းရဲ၍ မျက်ရည်ကျလေ၏။ ထိုအခါ မနီးမဝေးရှိ နတ်သမီးတစ်ယောက်သည်လည်း ငိုယိုနေလေ၏။ မထေရ်က' အဘယ်ကြောင့် ငိုနေသနည်း'ဟု မေးသောအခါ 'ငိုလျင်မဂ်ဖိုလ်ရမည်ထင်၍ မဂ်ဖိုလ်တစ်ခုနှစ်ခုကို ဖြစ်စေမည်'ဟု ကြံ၍ ငိုနေကြောင်းလျောက်ထား၏။ မဟာသီဝမထေရ်သည် နတ်သမီး၏ အပြောင်အလှောင်ခံရသဖြင့် သတိသံဝေဂရကာ ၀မ်းနည်းမှုကို ပယ်ဖျောက်၍ ၀ိပဿနာ ပွားများအားထုတ်လေသောကြောင့် ပဋိသမ္ဘိဒါမဂ်လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ရောက်လေ၏။၁
ဤ၀တ္ထုကိုရှုလျင် အရှင်မဟာသီဝသည် တဖက်ကမ်းခတ်တတ်မြောက်သည့် ဗဟုဿုတပုဂ္ဂိုလ် တစ်ပါးပင်ဖြစ်သော်လည်း ထိုဗဟုဿုတသက်သက်မျက သူ့ဘ၀ကို အာမခံချက်အပြည့်အ၀မပေးနိုင်ကြောင်း လေ့လာနိုင်၏။ ဗဟုဿုတအားကိုးဖြင့် ပါရမီကို မျက်ကွယ်ပြုခဲ့သော်လည်း အနှစ်သုံးဆယ်ကာလက လက်တွေ့ကျင့်ကြံမှု၏ အရေးပါပုံကို သူ့အားမီးမောင်းထိုးပြခဲ့၏။ အသိနှင့်အကျင့် တသားတည်းကျအောင် ပေါင်းစပ်နိုင်သောအခါ၌သာ လိုရင်းရောက်ခဲ့၏။
၃း၁၂။ သုံးတတ်လျင်ဆေး
အထက်၌ပြဆိုခဲ့သည်တို့ကို ဖတ်ရှုသုံးသပ်လျင် ဗဟုဿုတသည် အရေးမပါသကဲ့သို့ အထင် ရောက်ဖွယ်ရှိ၏။ ယင်းသို့ မဟုတ်ပါချေ။ ဗဟုဿုတသည် သုံးတတ်လျင်ဆေးဖြစ်၍ မသုံးတတ်လျင် ဘေးဖြစ်တတ်ကြောင်းကိုသာ ဆိုလိုရင်းဖြစ်၏။ မကျန်းမမာဖြစ်သည့်အခါ သောက်သုံးရသည့်ဆေးသည် ညွန်ကြားချက်အတိုင်း သောက်သုံးသည့်လျင် ရောဂါပျောက်နိုင်သည့် ဆေးတစ်ပါးဖြစ်သော်လည်း ရောဂါပျောက်လိုဇောဖြင့် ပိုလွန်စားသုံးသည့်အခါ ရောဂါပျောက်ကင်းရန် ရည်ရွယ်သည့်ဆေးသည် ထိုသူ အတွက် ဘေးဖြစ်သွား၏။ ထို့အတူ ပရိယတ်သည်လည်း အသုံးမချတတ်က ဘေးဖြစ်၍ အသုံးချတတ်က သံသရာလွတ်မြောက်ရေးအတွက် အကြီးမားဆုံးသော အထောက်အကူပင်ဖြစ်၏။
ရည်ရွယ်ရာအရပ်သို့ အချိန်ကုန်လူပန်းသက်သာစွာ ရောက်ရှိလိုသော ခရီးသွားသည် ရှေးဦးစွာ မြေပုံဖတ်ထားနှင့်ရန် လိုအပ်၏။ မြေပုံအñွှန်းအတိုင်း ခရီးသွားသူက စမ်းတ၀ါးဝါး လျောက်သူထက် ပန်းတိုင် အရင်ရောက်နိုင်၏။ လောကုတ္တရာနယ်၌လည်း လမ်းñွှန်မြေပုံဖြစ်သည့် ပရိယတ်စာပေသည် မရှိမဖြစ်လိုအပ်၏။ ပရိယတ်မြေပုံဖြင့် ပဋိပတ်လမ်းကို လျောက်ကာ ပဋိဝေဓပန်းတိုင်သို့ ဧကန်ရောက်နိုင်၏။ '၀ိပဿနာတရား များအားထုတ်ရာ၌ အခြေခံစာပေဗဟုဿုတများ ရှိဖို့မလို၊ ကမ္မဋ္ဌာန်းဆရာ၏ ñွှန်ကြားချက်အတိုင်း လိုက်နာ ပြုလုပ်အားထုတ်ဖို့သာ လိုရင်းဖြစ်သည်'ဟု ပြောဆိုနေကြ၏။ ကျမ်းဂန်လေ့လာမှု ဗဟုဿုတလည်းမရှိ အတွေ့အကြုံလည်းနည်းပါးနေသေးသော ယောဂီအတွက် ဆရာဘက်၌ အလွန်ယုံကြည်စိတ်ချရ၍ အားကိုးလောက်ပါမူ ထိုစကားသည် မှန်ကောင်းမှန်ပါလိမ့်မည်။ သို့ရာတွင် ကမ္မဋ္ဌာန်းလောက၌ သူတစ်မျိုး ငါတစ်ဖုံ နည်းမျိုးစုံဖြင့် ဗုဒ္ဓနည်းကျမဟုတ်သော ကမ္မဋ္ဌာန်းနည်း များလည်း ပေါ်ပေါက်လျက်ရှိရာ အမှားအမှန်ခွဲခြား ရွေးချယ်ရန် ခဲယဉ်းလှ၏။ သို့ဖြစ်၍ စာပေဗဟုဿုတများ ကို လေ့လာထားသင့်၏။ စာပေဗဟုဿုတခေါင်းပါးမှုကြောင့် တရားရှာသူတို့မှာ ဆရာပြောသမျ ခေါင်းညိတ် ရ၏။ ထိုအခါ ဆင်ခြင် တုံတရားကင်းမဲ့ကာ တွန့်ဆုတ်တွေဝေ၍ လမ်းမှားရောက်နိုင်၏။ ကုန်ရှုံး လျင်တစ်ခေါက်၊ ဆရာရှုံးလျင် တစ်သံသရာလုံးမှောက်နိုင်သည်ကို သတိပြုသင့်လှ၏။ ပါရမီအရင့်အမာ ပုဂ္ဂိုလ်ကြီးများသော်မှလည်း ကိုးကွယ်မှုမှားယွင်းခဲ့၍ ဒုက္ခပင်လယ်ကြော မျောခဲ့ကြရ၏။ ယခုခေတ်ကာလတွင် ၀ိဇ္ဇာဉာဏ်ကင်းမဲ့၍ မဂ်အတု ဖိုလ်အတုများနှင့် တမ်းတ၀ါးဝါးလမ်းမှားနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်၏။ သူတစ်ပါးကို မှီခိုအားထားနေရခြင်းထက် ကိုယ်တိုင်သိမြင်ခြင်းက ပို၍လက်တွေ့ဆန်လှ၏။ စာတတ်လျင် စာခံသည်။ ထို့ကြောင့် စာမလိုဟု အချို့ကဆိုကြ၏။ သို့ဆိုပါလျင် ဗုဒ္ဓ၏လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရသည့် ပါရမီတော်များနှင့် ၄၅ ၀ါအတွင်း ဟောကြားခဲ့သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့အား စော်ကားရာရောက်၏။ အမှန်အားဖြင့် ပရိယတ်သည် နည်းလမ်းဖြစ်၏။ ပဋိပတ်သည် လုပ်ငန်းဖြစ်၏။ နည်းလမ်းနှင့်လုပ်ငန်းကို ပေါင်းစပ်မှ အောင်မြင်မှုရနိုင်၏။ ပရိယတ်နှင့် ပဋိပတ်ကို ပူးပေါင်းမှ ပဋိဝေဓဉာဏ်ရနိုင်သည်ကို သတိထားသင့်၏။ စာတတ်၍ဗဟုဿုတရှိသော်လည်း ဗုဒ္ဓနည်းကျကမ္မဋ္ဌာန်းပြသူဆရာ၏ စကားကို တစ်စုံတစ်ရာ စဉ်းစားကြံစည်ဝေဖန်တွေးတောခြင်းမပြုဘဲ တစ်သဝေမတိမ်းလိုက်နာနိုင်ပါမူ သာလွန်ကောင်းမွန်လှ၏။
အားထုတ်စဉ်အခါတွင်လည်း စာအုပ်စာပေဖတ်ရှုကာ ကိုယ်တိုင်လေ့လာ၍ဖြစ်စေ၊ ဆရာသမား အထံတွင်ဖြစ်စေ တရားအားထုတ်စဉ်တွေ့ကြုံရတတ်သော အခက်အခဲများ၊ ဖြစ်ရပ်ဆန်းများကို သိထား သင့်၏။ ပရိယတ်စာပေသည် လက်တွေ့ကျင့်ကြံအားထုတ်၍ အောင်မြင်သွားကြသော အရိယာပုဂ္ဂိုလ်တို့၏ မှတ်တမ်းများ၊ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်သည်နှင့်အညီ ပီတိစသော ၀ိပဿနာညစ်ñူးကြောင်းများကို သာယာ မိသောအခါ မိမိတို့လေ့လာထားသည့် ဗဟုဿုတအသိဉာဏ်အပေါ် အခြေခံ၍ အမှားအမှန်ဆုံးဖြတ်နိုင် မည်ဖြစ်၏။ ပရိယတ်လမ်းñွှန်မှုမပါဘဲ အားထုတ်မှုသည် ဆင်ကန်းတောတိုးမှုမျိုးသာ ဖြစ်၏။ ဘုရားရှင်လက် ထက်တော်အခါက ပရိယတ်အားမထုတ်နိုင်တော့သည့် ရဟန်းကြီးများသည် ၀ါမဆိုမီကာလ၌ ဘုရားရှင်အထံ တော်၌ ကမ္မဋ္ဌာန်းနည်းခံပြီးမှ ၀ါတွင်းသုံးလ အားထုတ်ကြသည့် အလေ့ရှိ၏။ ဤသာဓကဖြင့် ပဋိပတ်နယ် ကူးမည့်သူအတွက် ပရိယတ္တိအရေးပါအရာရောက်မှုသည် သိသာထင်ရှား၏။
ဝိရိယအရာ၌ ဧတဒဂ်ရသောအရှင်သောဏသည် ဖ၀ါးတော်နုနုသွေးခြေဥ၍ သွေးအလိမ်းလိမ်းကျ အောင် တရားအားထုတ်ပါသော်လည်း တရားထူးမရနိုင်၍ စိတ်ဓာတ်ကျလာ၏။ လူထွက်ရန် ကြံစည်သည် အထိဖြစ်ခဲ့၏။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ '' သင်သည် ၀ီရိယလွန်ကဲနေ၏။ ဣနြေ္ဒငါးပါးညီမျ အောင် အားထုတ်ရမည်'ဟု စောင်းဖြင့်ဥပမာပေး၍ လမ်းñွှန်ခဲ့ရဖူး၏။၁ ဤသည်မှာ ဘုရားရှင်၏ ပရိယတ်လမ်းñွှန်မှုကို ရရှိခဲ့သောကြောင့် ရဟန္တာဖြစ်ခဲ့ရခြင်း ဖြစ်၏။ လမ်းñွှန်မှုကိုသာ မရခဲ့လျင် ရဟန္တာ ဖြစ်လာနိုင်တော့မည်မဟုတ်။ ထို့ကြောင့် သံသရာရေပြင်ကို ကူးသူတို့အတွက် ပရိယတ်လမ်းñွှန်မှုသည် အမှန်တကယ်လိုအပ်ပါ၏။
၃း၁၃။ ဗဟုဿုတမှီက အကျိုးရ
လောကတွင် မသိသင့်မသိထိုက်သောအရာဟူ၍မရှိ၊ သိပြီးသည့်နောက် မလုပ်သင့်မလုပ်ထိုက်သော အရာဟူသာ ရှိသည်ဟု လူကြီးသူမတို့ ဆိုဆုံးမကြ၏။ ၀င်ထွက်ရာတံခါးပေါက်မရှိသည့် လှိုင်ဂူကြီးအတွင်း၌ အမှောင်အတိဖြစ်နေစဉ် မည်သည့်အရာကိုမျမမြင်ရသကဲ့သို့ ဗဟုဿုတဆည်းပူးမှုမရှိခဲ့သောသူအား လောက၊ဓမ္မနှစ်ဌာနတို့၌ ပညာမျက်စိမရှိ အမှောင်အတိဖုံးနေမည်သာဖြစ်၏။ ဗဟုဿုတဆည်းပူးသူအားကား ဘ၀တွင် ဆောင်သင့်၊ ရှောင်သင့်သည့်အရာများကို သတိပြုဆောင်ထား၊ ရှောင်ရှားနိုင်၏။ ထိုကဲ့သို့ ဆောင်ရန် ရှောင်ရန်တို့ကို သိထားခြင်းဖြင့် မိမိကိုယ်ကိုလည်း စောင့်ရှောက်နိုင်၏။ သူတပါးကိုလည်း လမ်းñွှန်ပြသ ဆုံးမနိုင်၏။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားအလောင်းသည် လှည်းကုန်သည်မျိုး၌ဖြစ်၍ အရွယ်ရောက်ချိန်တွင် လှည်းငါးရာတို့ဖြင့် ကုန်သွယ်ခြင်းကိုပြုလေသည်။ အခါတပါး၌ ဘုရားအလောင်းဦး ဆောင်သည့် ကုန်သည်ငါးရာတို့သည် တောအုပ်ကြီးတစ်ခုသို့ရောက်လာကြ၏။ ထိုတောအုပ်အ၀င်အ၀နား တွင် ရွာငယ်တစ်ရွာလည်းရှိ၏။ ထိုရွာ၏ တံခါးဝ၌ ထူးဆန်းသည့် ကðဖလအမည်ရှိ သစ်ပင်တစ်ပင်လည်း ရှိ၏။ ထိုအပင်သည် သရက်ပင်နှင့်တူသည်သာမက အသီး၏အနံ့အရသာသည်လည်း သရက်သီးအတိုင်းပင် ဖြစ်၏။ ထူးခြားသည်မှာ စားမိသူတို့အား လတ်တလောသေစေတတ်သည့် ဂုဏ်သတ္တိနှင့် ယှဉ်နှောနေခြင်း ဖြစ်၏။
တောဝရှိ ရွာငယ်မှ ရွာသားများသည် ထိုအပင်ကိုမှီ၍ စီးပွားဖြစ်နေကြသည်။ ယခင်က လှည်းအဖွဲ့ သားများသည် ထိုအသီးကိုစားမိကြ၍ မကြာခဏအဖွဲ့လိုက် သေဆုံးခဲ့ကြဖူး၏။ ကျန်ရှိသည့် လှည်း၊ နွား၊ ကုန်စသောဥစ္စာပစ္စည်းများကို ရွာသားများက ရရှိနေကျဖြစ်၏။ ယခုလှည်းအဖွဲ့ရောက်လာသောအခါ၌လည်း ထိုနည်းအတိုင်းပင် တွက်ဆကြ၏။ နံနက်အာရုဏ်တက်သည်နှင့် ဥစ္စာပစ္စည်းများကို ကောက်ယူရန် ရောက်လာကြ၏။ သို့ရာတွင် ဤအခါ သူတို့ထင်သည့်အတိုင်း မဟုတ်တော့ချေ။ အားလုံးကျန်းကျန်းမာမာပင် ရှိနေကြ၏။ ဤတွင် ရွာသားများက ဤအပင်သည် အဆိပ်ပင်ဖြစ်သည်ကို မည်သို့သိပါသနည်းဟု မေးကြ၏။ ထိုအခါ ဘုရားအလောင်းလှည်းမှူးကြီးက '' ငါသည် အဆိပ်ပင်ဖြစ်ကြောင်းကို အကြောင်းနှစ်ခုကြောင့် သိသည်။ ပထမအကြောင်းမှာ ဤအပင်သည် နိမ့်သော်လည်း ခူးဆွတ်သူမရှိ။ ဒုတိယအကြောင်းမှာ ရွာနှင့် နီးသော်လည်း အသီးများပြွတ်သိပ်နေသည်ဟု အဖြေပေး၏။၁
ဤသည်မှာ ဗဟုဿုတကို အခြေခံသည့်ပညာ၏ သရုပ်သကန်ဖြစ်၏။ အကယ်၍ အကြောင်း အကျိုးကို ဆင်ခြင်စဉ်းစားနိုင်သည့် ပညာလည်းမရှိ။ ထိုအကြောင်းအကျိုးကို ဖော်ထုတ်နိုင်သည့် အခြေခံ အချက်အလက် ဗဟုဿုတလည်းမရှိပါမူ ဘုရားအလောင်းသည် မိမိကိုယ်တိုင်အတွက်သာမက နောက်လိုက် တပည့်များအတွက်လည်း တွေးဝံ့ဖွယ်မရှိပေ။ အားလုံးသေဆုံးကြရမည်မှာ ဧကန်ပင်ဖြစ်၏။ ထို့ကြောင့် ဗဟုဿုတရှိသူကို အစဉ်အမြဲ မှီဝဲအပ်သည်ဟု မှတ်အပ်၏။
၃း၁၄။ ဗဟုဿုတမရှိ၍အောက်ကျနောက်ကျဖြစ်ရပုံများ
သိသင့်သိထိုက် တတ်သင့်တတ်ထိုက်သည့် အကြားအမြင် ဗဟုဿုတများရှိမှသာ မိမိတို့၏နိုင်ငံ၊ အသင်းအဖွဲ့စသည်တို့သည် ရှေ့တန်းရောက်မည်ဖြစ်သည်။ အကြားအမြင်နည်းလျင် သူ့ကျွန်ဘ၀ပင် ရောက် နိုင်၏။ ဤအဆိုကို သီပေါမင်းခေတ် မြန်မာ့ရာဇ၀င်က ထောက်ခံလျက်ရှိ၏။
သီပေါမင်းနှင့် စုဖုရားလတ်တို့သည် မင်းညီမင်းသားတို့အား သတ်ဖြတ်ခဲ့သည့်အတွက် တိုင်းသူ ပြည်သားတို့က မုန်းနေခိုက် အင်္ဂလိပ်အစိုးရနှင့် မင်းကြီးဦးကောင်းတို့ပူးပေါင်းကြံစည်၍ ညောင်ရမ်းမင်းသား အား နန်းတင်ပေးမည်ဟု သတင်းလွှင့်လိုက်၏။ မော်လမြိုင်သားဦးဘသန်းကို မင်းညီမင်းသား ဟန်ဝတ်ဆင်စေ ကာ စစ်သင်္ဘောဦး၌ ရုပ်ပြတင်ဆောင်လာကာ အင်္ဂလိပ်အစိုးရက ပြည်သူတို့အား လှည့်စားခဲ့၏။ မင်းကြီးဦးကောင်း ဦးဆောင်သည့် မြန်မာဘုရင့်လွှတ်တော်အဖွဲ့ကလည်း အင်္ဂလိပ်အစိုးရအား မခုခံရန် အမိန့်ထုတ်၏။ ထို့ကြောင့် အင်္ဂလိပ်စစ်သင်္ဘောများသည် မင်းလှနှင့်ဂွေးချောင်းခံတပ်တို့၏ ခုခံတိုက်ခိုက်ခြင်းမှ တစ်ပါး အခြားတစုံတရာအန္တရာယ်မရှိဘဲ မန္တလေးနေပြည်တော်သို့ ခရီးနှင့်နိုင်ခဲ့၏။ သီပေါမင်းကိုလည်း သေနတ်တစ်ချက်မှ မဖောက်ဘဲ ကြက်ကလေးငှက်ကလေးပမာလွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့၏။ မြန်မာပြည်သူ တို့ကား ညောင်ရမ်းမင်းသားကို နန်းတင်ပေးလိမ့်မည်အထင်ဖြင့် ငြိမ်ခံလိုက်ကြ၏။ ဘုရင်ခံချုပ်မှ ၀ိတိုရိယ ဘုရင်မကြီးအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် မြန်မာနိုင်ငံကို ဆက်သလိုက်ကြောင်းကြေငြာတော့မှ သူကျွန်ဖြစ်သွားပြီမှန်း သိကြရ၏။ ထိုအချိန်ရောက်မှ ပြည်သူတို့က အင်အားစုဆောင်းကာ တိုက်ခိုက်ကြ သော်လည်း အချိန်ကား နှောင်းလေပြီ။ ဤသည်မှာ မြန်မာနိုင်ငံသားတို့၏ ဗဟုဿုတနည်းပါးမှုအတွက် အဆမတန်ပေးဆပ်ခဲ့ရသော သင်ခန်းစာတစ်ခုဖြစ်၏။ ထိုကြောင့် သုတဟူသည် ကိုရနိုင်သမျ ဆည်းပူးထား သင့်၏။
၃း၁၅။ သုတများခြင်းသည် မင်္ဂလာတစ်ပါး
အကြားအမြင်ဗဟုဿုတများခြင်းသည် မင်္ဂလာမည်၏။ စာဖတ်လေ့ရှိသောသူ၊ ဗဟုဿုတဆည်းပူး သောသူများသည် အသိဉာဏ်တိုး၍ အခြားသူများမသိသော အရာများကို သိသဖြင့် နောင်တချိန်တွင် ကြီး ပွားချမ်းသာရ၏။ ထို့ကြောင့် အကြားအမြင်ဗဟုဿုတများခြင်းကို မင်္ဂလာဟု ဆိုခြင်းဖြစ်၏။
ဝန်ဇင်းရွာသား စာတိုငñိုသည် စာပေဗဟုဿုတ၊ရှေးလူကြီးများ၏ရှေးဟောင်းဗဟုဿုတ၊ကျမ်းဂန် ဗဟုဿုတတို့ကို လေ့လာဆည်းပူးလေ့ရှိ၏။ စာတိုငñိုသည် မိရိုးဖလာတောင်သူလုပ်ငန်းထက် စာပေ ဆွေးနွေးခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိ၏။ ယောက္ခမဖြစ်သည့် ၀န်ဇင်းရွာသူကြီးက ကြည့်မရသည့်အတွက် သမီးနှင့်သမက်ကို အိမ်ပေါ်မှ နှင်ချလေသည်။ တစ်နေ့သ၌ အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် မိတ္ထိလာ ကန်ဘောင်ကျိုးပေါက်သဖြင့် လာရောက်ဆည်ဖို့သောအခါ ကန်ဘောင်ပေါ်၌ နတ်သမီးရုပ်နှင့် နတ်ကွန်းငယ် ကို တွေ့ရလေသည်။ ထိုနတ်ကွန်းအကြောင်းကို မှူးမတ်များနှင့် လူကြီးသူမများအား မေးမြန်းသောအခါ မည်သူမျတိကျစွာမပြောနိုင်ချေ။ ထိုအချိန်တွင် ၀န်ဇင်းရွာသားစာတိုငñိုက ''ဤအရုပ်သည် အလောင်း စည်သူမင်းကြီး မိတ္ထိလာကန်တော်လာရောက်ဆည်ဖို့စဉ်က အလွန်ချစ်မြတ်နိုးသောမိဖုရားငယ် ကွယ်လွန်ခဲ့ သည်ကို ရွှေဖြင့် ပုံတူထုလုပ် မြှုတ်နှံထားခဲပြီး မြေပေါ်၌ အမှတ်အသားအဖြစ် ဤနတ်ကွန်းငယ်ကို တည် ဆောက်ခဲ့ကြောင်း'' ရှင်းလင်းရှောက်ထားနိုင်ခဲ့၏။ ထိုအချိန်မှစ၍ စာတိုငñိုသည် စည်းတပြစ်အမတ်အဖြစ် ခန့်ထားခြင်းကို ခံခဲ့ရသည်။ နောင်တွင် ရာဇာဘွဲ့ခံ ပညာရှိဝန်ဇင်းမင်းရာဇာဟု ကျော်ကြားသော ပညာရှင် တစ်ဆူဖြစ်ခဲ့သည်။ မင်းအဆက်ဆက်၏ ကိုးကွယ်ဆည်းကပ်ခြင်းကိုလည်း ခံခဲ့ရသည်။၁ ဤသည်ကား အကြားအမြင်ဟူသည်ကို နည်းများမဟူ စုဆောင်းသင့်ကြောင်း နည်းယူသင့်သည့် သာဓကဖြစ်၏။ ထို့ကြောင့် ရှေးပညာရှိတို့က
'' သိပ္ပကိုမူ နည်းသည်ဟူ၍ မအောက်မေ့နှင့်
တွေ့ရာမှတ်သား မိုးပေါက်များသော်
အင်းနားချောင်းကန် ပြည့်သောဟန်တည့်'' ၂ ဟူ၍ ရေးဖွဲ့ဆုံးမခဲ့ပေသည်။
၃း၁၆။ သုတဗုဒ္ဓ
ဤသာသနာတော်၌ ဗုဒ္ဓသည် လေးမျိုးရှိ၏။ ယင်းတို့မှာ-
၁။ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ပြီး သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်း၍ သိမြင်သော အလုံးစုံကို သိသည့် သဗ္ဗñူဗုဒ္ဓ၊
၂။ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီး သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်း၍ သိသော ပစ္စေက ဗုဒ္ဓ၊
၃။ ကိလေသာအာသဝေါ ကုန်ခမ်းပြီး သစ္စာလေးပါးကိုသိသော စတုသစ္စဗုဒ္ဓ၊
၎။ ပရိယတ္တိစာပေ၌ အကြားအမြင်သုတနှင့်ပြည့်စုံသော သုတဗုဒ္ဓတို့ဖြစ်၏။၁
ဤ၌ ဘုရားရှင်သည် ပရိယတ္တိဗဟုဿုတပုဂ္ဂိုလ်ကို သုတဗုဒ္ဓအဖြစ် ချီးကျူးတော်မူခဲ့၏။ ထို့အပြင် အရှင်စုန္ဒအား''ချစ်သား စုန္ဒ၊ ပရိယတ္တိဗဟုဿုတနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့သည် သင်တို့ကဲ့သို့ ရိုးရိုးသာဝကများ မဟုတ်ကြပေ။ ဗုဒ္ဓအမည်ရကြကုန်၏။ ထို့ကြောင့် ဤသုတဗုဒ္ဓအရှင်မြတ်တို့ကို ချီးမွေမ်းပူဇော်ကြကုန်လော့'' ဟုမိန့်တော်မူကာ မိမိနှင့်တန်းတူ ဗုဒ္ဓရာထူး၌ထားတော်မူခဲ့၏။၂ ဤသည်ဖြင့် ဗဟုဿုတပုဂ္ဂိုလ်၏ ဤသာသနာတော်၌ အရေးပါမှုသည် သိသာ၏။ တစ်ဖန် ဘုရားနှင့်သံဃာရတနာတို့သည် ထင်ရှားရှိ၍ ပူဇော်ရန်လွယ်ကူသော်လည်း တရားရတနာကိုပူဇော်ရန် အခက်တွေ့နေသည့် ပုဏ္ဏားတစ်ယောက်အား ဘုရားရှင်က ''ဗဟုဿုတပုဂ္ဂိုလ်ကိုပူဇော်ပါ'' ဟု မိန့်တော်မူဖူး၏။ ''သို့ဖြစ်လျင် ဗဟုဿုတရှိသူအား ñွှန်တော် မူပါ'' ဟု လျောက်ထားသောအခါ ဘုရားရှင်က သံဃာအား လျောက်ထားရန် မိန့်ဆိုတော်မူ၏။ ပုဏ္ဏားသည် သံဃာတို့ñွှန်ပြသည့် ပရိယတ္တိဗဟုဿုတနှင့်ပြည့်စုံသည့် အရှင်အာနန္ဒာအား တစ်ထောင်တန်သင်္ကန်းဖြင့် ပူဇော်ခဲ့၏။၃ သို့ဖြစ်၍ တရားတော်ကို ပူဇော်လိုသူတို့အနေနှင့် ပရိယတ္တိစာပေကို သင်အံပို့ချနေသည့် အကြား အမြင်သုတနှင့် ပြည့်စုံသောရဟန်းသာမဏေတို့အား ပူဇော်ရမည်ဖြစ်ကြောင်း မှတ်အပ်၏။
၃း၁၇။ ဗဟုဿုတဧတဒဂ်ရပုဂ္ဂိုလ်နှစ်ဦး
ဤနေရာ၌ မြတ်စွာဘုရားရှင်လက်ထက်က ဗဟုဿုတအရာတွင် ဧတဒဂ်ရခဲ့သည့် ရဟန်းတစ်ပါးနှင့် လူဥပါသိကာမတစ်ဦးအကြောင်းတို့ကို ဖော်ပြလိုပေသေးသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးတွင် ရဟန်းပုဂ္ဂိုလ်မှာ အရှင်အာနန္ဒာဖြစ်၏။ အရှင်အာနန္ဒာဟု ဆိုလိုက်လျင် သာသနာရပ်ဝန်းတစ်ခုလုံး မသိသူမရှိလောက်အောင် ပင် ဖြစ်၏။ ဘုရားရှင်၏အလုပ်အကျွေးဖြစ်သော အရှင်အာနန္ဒာ သည် ဘုရားရှင်ကြွတော်မူသောအရပ်သို့ လိုက်ပါ၍ တရားတော်ကို နာကြားခွင့်ရခဲ့၏။ အရှင်အာနန္ဒာ မလိုက်ပါနိုင်လျင်လည်း ဘုရားရှင်သည် ကျောင်းသို့ရောက်သောအခါ အရှင်အာနန္ဒာအား ပြန်လည်ဟောပြပေ၏။ အရှင်အာနန္ဒာသည် ဘုရားရှင် ထံတော်မှ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းနှစ်ထောင်၊ အရှင်သာရိ ပုတ္တရာ၏ထံတော်မှ ဓမ္မက္ခန္ဓာနှစ်ထောင်တို့ကို နာယူကာ အာဂုံဆောင်ထားခဲ့၏။ ထိုသို့ အရှင်အာနန္ဒာ၏ ပိဋကတ်တော်များမပျောက်ပျက်အောင် အာဂုံ ဆောင်ထိန်းသိမ်းမှုကြောင့် ဗဟုဿုတအရာတွင်ဧတဒဂ်ရ သည့်အပြင် ပထမသံဂါယနာ၌ မပါမဖြစ် ရဟန်း တစ်ပါး ဖြစ်လာခဲ့ရ၏။ ပုထုဇဉ်အဆင့်ဖြင့် ဗဟုဿုတကိုမြတ်နိုးတတ်သည့် အရှင်အာနန္ဒာ၏ စိတ်တော်ကား အံ့သြမကုန်နိုင်ဖွယ်ပင်ဖြစ်၏။ ယနေ့ပရိယတ္တိစာပေထွန်းကားနိုင်မှုသည် အရှင်အာနန္ဒာ၏ ကျေးဇူးနှင့် မကင်းပေ။ ထို့အပြင် ဗဟုဿုတအရာဧတဒဂ်ရသည့် ဥပါသိကာမတစ်ဦးမှာ သာမာဝတီမိဖုရား၏ အစေခံကျွန်မဖြစ်သည့် ခုဇ္ဇုတ္တရာဖြစ်သည်။ သူသည် သုမနပန်းသည်၏ အိမ်၌ တရားနာယူကာ သောတာပန်ဖြစ်သွား၏။ ထိုတရားကို မိဖုရားနှင့်မောင်းမငါးရာတို့အား ပြန်လည်ဟောပြ၏။ ထိုသူတို့လည်း သောတာပန်ဖြစ်သွားကြ၏။ ခုဇ္ဇုတ္တရာသည်လည်း ကျွန်အဖြစ်မှ အလွှတ်ခံရ၍ မိဘဆရာသမားအရာ၌ အထားခံရ၏။ နေ့စဉ်ဘုရားရှင်ထံမှ တရားနာကာ မိဖုရားနှင့် မောင်းမတို့အားပြန်လည်ဟောပြရ၏။ ထိုတရားများသည် ယခုအခါ 'ဣတိဝုတ္တက'အမည်ဖြင့် သမိုင်းဝင် သံဂါယနာကျမ်းစာတစ်စောင်ဖြစ်လာ၏။ ခုဇ္ဇုတ္တရာသည် ကာလကြာသောအခါ ပိဋကသုံးပုံဆောင် ဥပါသိကာမဖြစ်လာ၏။ ဗဟုဿုတအရာတွင် ဧတဒဂ်လည်းရခဲ့၏။
၃း၁၈။ လောကီသုတနှင့်လောကုတ္တရာသုတတို့၏ ထူးခြားချက်
ဤလောက၌ သုတဆည်းပူးမှုကို စာသင်ကျောင်းစသည်တို့၌သာ ဆည်းပူးနိုင်၏ဟု အချို့က ထင်မှတ်တတ်ကြ၏။ ယင်းသို့မဟုတ်ပါချေ။ ဆည်းပူးလေ့လာလိုသည့် အလိုဆန္ဒ၊ ပညာတရားတို့သာ လိုရင်း ဖြစ်၏။ သုတဟူသည်ကို အရွယ်၊ အခြေအနေအဆင့်အတန်း၊ နေရာဒေသ ကာလမရွေး ဆည်းပူးနိုင်၏။ ကမ္ဘာအရပ်ရပ်ကို ရှုကြည့်လျင် ကျောင်းပညာရေးမတောက်တခေါက်မျသာ ရှိသူများကလည်း ပညာရှင် ဖြစ်လာကြသည်ကိုတွေ့နိုင်ကြ၏။ ဘွဲ့ဒီဂရီများ တန်းစီရထားသူကလည်း လူပုံအလယ်အရှက်တကွဲ အကျိုး နည်းဖြစ်နိုင်၏။ အသက်ကြီးမှ စာသင်သော်လည်းလူအများယုံကြည်အားကိုးရသည့် ပညာရှင်တစ်ဦး ဖြစ်နိုင်၏။ ပုဂံခေတ်တွင် ပေါ်ထွန်းခဲ့သည့် ဦးကျည်ပွေ့က ထိုအဆိုကို သက်သေခံလျက်ရှိ၏။
သင်ယူစရာပညာရပ်ဟူရာ၌လည်း ဆည်းပူးစရာပညာရပ်၏နယ်ပယ်သည် ကျယ်ဝန်းလှ၏။ ဘာသာရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်ဖြင့် နယ်ပယ်အလိုက် သိမှတ်စရာသည် များပြားစွာပင် ဖြစ်၏။ မည်သို့ပင်များပြားသည်ပင်ဖြစ်စေ ထိုသုတများကို အမျိုးအစားခွဲလိုက်လျင် လောကီသုတနှင့် လောကုတ္တရာသုတဟု နှစ်မျိုးသာရှိမည် ဖြစ်၏။ လောကီသုတဟူရာ၌လည်း စကြာဝဠာနှင့်စပ်၍ သိသင့်သိ ထိုက်သည့်အရာများကို ခေါ်ဆိုခြင်းဖြစ်၏။ ထိုအရာများသည် ငါးပါးအာရုံကာမဂုဏ်အပေါ် အခြေခံ၍ သိသောအသိဖြစ်၏။ ထိုအသိမျိုးကို လောကီသုတဟု သတ်မှတ်၏။ ဆင်းရဲအပေါင်းမှလွတ်မြောက်ကြောင်း တရားကိုသိသောအသိမျိုး၊ ပရမတ္ထသစ္စာကိုသိသောအသိမျိုးကား လောကုတ္တရာသုတပင်ဖြစ်၏။
ယခုခေတ်ကာလ၌ လူ့လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာအမျိုးမျိုးကို ဆည်းပူးကြ၏။ ထိုပညာများတို့၏ အကျိုးများကိုလည်း သင်လျင်သင်သလောက် များစွာပင် အကျိုးခံစားကြရ၏။ သို့သော် ထိုအကျိုးများသည် လောကီဘ၀ကောင်းစားမှုအတွက်သာဖြစ်၏။ သံသရာမှလွတ်မြောက်နိုင်သည့် အကျိုး ကျေးဇူးကိုကား မပေးနိုင်။ တစ်ဘ၀တစ်ခန္ဓာ အတွင်း၌ပင် အမျိုးမျိုးပြောင်းလဲနိုင်၏။ တည်မြဲသည့် သဘောမရှိ။ ယင်းမှာ လောကီသုတ၏ မခိုင်မြဲပုံဖြစ်၏။ လူသားတို့အား ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွင် အများဆုံး အကျိုးပြုနိုင်သည့် သိပ္ပံပညာရပ်တွင်လည်း ရှေးပေါ်သီအိုရီ တို့သည် ထိုစဉ်အခါက အမှန်တရား ဖြစ်ခဲ့သော်လည်း နောက်နောက်၌ပေါ်ပေါက်လာသည့် သီအိုရီတို့၏ သက်သေပြမှုဖြင့် အမှားဖြစ်သွားကြ၏။ ဤသည်မှာ သမုတိနယ်မှ လူသားတို့၏ ခေတ္တခဏသစ္စာတရားသာဖြစ်ကြောင်း သိသာ၏။ သမုတိသစ္စာ ဟူသည်ကား ကာလဒေသ နေရာဌာနကို လိုက်၍ အရောင်ပြောင်းတတ် ၏။ ထို့ကြောင့် လောကီသုတ ဟူသည် မတည်မမြဲ ပြိုကွဲနေ၏။
လောကုတ္တရာသုတသည်ကား ယင်းသို့မဟုတ်။ မည်သည့်အရာဖြင့်မဆို အစမ်းသပ်ခံနိုင်၏။ မည်သို့သော အခြေအနေနှင့် တွေ့ကြုံသော်လည်း မှန်တရားအဖြစ်မှ မရွေ့လျော။ လှုပ်ရှားယိမ်းယိုင်ခြင်း မရှိ။ ယင်းသို့သော လောကုတ္တရာသုတမျိုးသည် ပရမတ္ထသစ္စာဖြစ်၏။ သံသရာဝဋ်မှ လွတ်မြောက်ရာလွတ် မြောက်ကြောင်းကို ဧကန်လမ်းñွှန်ပေးနိုင်၏။ ထို့ကြောင့်သုတရှာမှီးရာ၌ လောကုတ္တရာသုတကို ပဓာနထား ရှာမှီသင့်ကြောင်း မှတ်သားအပ်၏။
၃း၁၉။ သုတရကြောင်း နည်းလမ်းကောင်း
သုတကို ဆည်းပူးလိုသူတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် ဆည်းပူးလေ့လာနိုင်ကြ၏။ လောကကြီး သည် သတ္တ၀ါတို့အား သင်ကြားပြသသည့် ဆရာတစ်ဆူဖြစ်သည့်နှင့်အညီ မိမိပတ်ဝန်းကျင်၌ မြင်ကြားထိတွေ့ ရှူရှိုက်ရသမျ အရာအားလုံးသည် သင်ယူစရာများချည်းသာ ဖြစ်၏။ သတိဖြင့် စောင့်ကြည့်မှတ်သားတတ် ဖို့သာလို၏။ လောကုတ္တရာသုတကို ရှာမှီးသူတစ်ဦးအဖို့ကား
၁။ သူတော်ကောင်းတို့နှင့် ဆက်ဆံပေါင်းသင်းမှု၊
၂။ ထိုသူတော်ကောင်းတို့အထံမှ သူတော်ကောင်းတရားကြားနာမှတ်သားမှု၊
၃။ ကြားနာရသည့် သူတော်ကောင်းတရားတို့၌ ယောနိသောမနသိကာရထားတတ်မှုတို့သည် အရေး ပါလှ၏။၁ထိုလမ်းစဉ်အတိုင်းသာလိုက်နာကျင့်သုံးလျင် မိမိတို့မျော်မှန်းထားသည့် သံသရာလွတ်မြောက်ရေးကို ဗဟုဿုတတရားက အာမခံပေးနိုင်၏။
၃း၂၀။ သုတမယပညာနှင့်လောကလွတ်မြောက်ရေး
ဗုဒ္ဓဘာသာ၌ ဆည်းပူးစရာပညာရပ်၏ နယ်ပယ်ကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထား၏။ ယင်းသုံး ဆင့်တွင် ပထမအဆင့်ကို သုတမယပညာဟု အမည်တပ်၏။ ဒုတိယအဆင့်ကို စိန္တာမယပညာဟု အမည်တပ်၏။ တတိယအဆင့်ကို ဘာဝနာမယပညာဟု အမည်တပ်၏။ ပညာရှိတို့ထံမှ ကြားနာရ၍ ဖြစ်ပေါ်လာသောသုတများကို သုတမယပညာဟု ခေါ်၏။ သူတပါးအထံမှ ကြားနာရခြင်းအလျဉ်းမရှိဘဲ မိမိဉာဏ်စွမ်းအလျောက် ကြံစည်သိမြင်သမျကို စိန္တာမယပညာဟု သတ်မှတ်၏။ ပွားများအားထုတ်၍သိသော ဉာဏ်ပညာကို ဘာဝနာမယပညာဟု ခေါ်၏။ သုတမယပညာ၊ ဘာဝနာမယပညာတို့ကို အခြေခံလျက် နှလုံးသွင်းဆင်ခြင်သူအား ဒဿနဘူမိ၊ဘာဝနာဘူမိ၌ ဉာဏ်ပညာဖြစ်ပေါ်ခြင်းမျိုးကို ဘာဝနာ ဖြင့်ပြီးသည်ဟု ဆိုလို၏။ တစ်နည်းအားဖြင့် သင်ထားသမျ ကြံစည်ထားသမျကို လက်တွေ့ကျင့်ကြံရှုပွားမှုဖြင့် သံသရာဝဋ်မှ ကျွတ်လွတ်ခြင်းဟု ဆိုနိုင်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာက သတ်မှတ်ထားသော သုတဟူသည် သုတမယ၊ စိန္တာမယအဆင့်မျကို ဆိုလိုခြင်းမဟုတ်။ သင်ယူဆည်းပူးလေ့လာကြံစည်ထားသည့် အရာများကို လက်တွေ့ ကျင့်ကြံမှုဘာဝနာမယပညာအပိုင်းသို့ ပို့ဆောင်သူသာ ဘ၀အာမခံချက်ရှိ၏ဟု မုချမှတ်သင့်၏။ သုတမယ ပညာသက်သက်ကား လောကလွတ်မြောက်မှုကို မပေးနိုင်ပေ။ ။
အခန်း ( ၃ ) ပြီး၏။
Blog Archive
-
▼
2010
(47)
-
▼
December
(14)
- ခြုံငုံသုံးသပ်ချက်နှင့်ကျမ်းကိုး
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၅)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၄)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၃)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၂)
- ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်း အခန်း(၁)
- မဟာသတိပဋ္ဌာန် ၄ ပါးနှင့် အကျိုး
- သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်
- သက်ရှည်ကျန်းမာ လေးဂါထာ
- ဗြဟ္ကစိုရ်တရားလေးပါး
- သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
- ဗုဒ္ဓ၏ အဆုံးအမ
- ကြီးပွါးကြောင်းတရား
- No title
-
▼
December
(14)
Labels
- article (33)
- Buddhism (1)
- computer (3)
- English Learning Sample(1) (1)
- interview (1)
- photo (2)
- The Buddhist Series (1)
- video (11)
- ကဗျာ (1)
- ကဗျာမဟုတ် စာမဟုတ် (1)
- ကဗျာမဟုတ် စာမဟုတ်(၂) (1)
- ကွန်ပျူတာအခြေခံ (1)
- ဂါထာ (2)
- စိတ်အကြောင်းလေ့လာခြင်း (1)
- နစ်သစ်ကူးလက်ဆောင် (1)
- ဘွဲ့ယူကျမ်းစာ (7)
- ဘာသာပြန် (1)
- ပြန်တူးမိသောအတိတ်များ (1)
- မြန်မာပြန် (1)
- အင်္ဂလိပ်ဝါကျသီကုံးခြင်း (1)
- အင်္ဂလိပ်စကားပြော (2)
- အမှတ်တရစာစု (1)
- အရှင်ဝိစိတ္တ(ကိုးရီးယား) (1)
- ဆောင်းပါး (3)
-ှုဆရာဦးမြကြိုင် (1)
Followers
Powered by Blogger.
Thursday, December 23, 2010
ပထမမဟာနာမသုတ်ကို လေ့လာသုံးသပ်ခြင်းအခန်း(၃)
Posted by အလင်းနယ် at 3:07 AM
Labels: ဘွဲ့ယူကျမ်းစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment